တကယ်ချင်းလင်စံအိမ်ပဲ! ယောက်ျားတွေမကောင်းဘူး?
Vol. 20 Ch. 297
ချန်ရွှယ်မှာ သူမဖုန်းနှင့်ရိုက်ထားသောဗီဒီယိုကိုအံ့သြပြီး ဒီအလှမြင်ကွင်းကိုမျှဝေရန် သူမ၏တက္ကသိုလ်အဆောင်အဖွဲ့ထဲပို့လိုက်သည်။ ထို့နောက်မနေနိုင်တော့ဘဲ ရေပေါ်တံတားလျှောက်လိုက်၏။
ရေပေါ်တံတားက ခေတ်ဟောင်းပုံစံနှင့်အနုပညာဆန်သည်။ မျောနေသောဘဲစားမှော်ပင်များနှင့်အလွန်လိုက်ဖက်၏။ အထူးသဖြင့် အပေါ်ကမျှော်စင်ကြီးများပင်။ အထဲမှာဝင်ထိုင်ပြီး ဆဲလ်ဖီဓာတ်ပုံရိုက်လျှင် အနောက်ကလှပသောဘဲစားမှော်ပင်များနှင့် သေချာပေါက်ကြည့်ကောင်းမည်။
ချန်ရွှယ်ကထိုစိတ်ကူးနှင့် မျှော်စင်ဆီလျှောက်သွားလိုက်၏။ နောက်ဆုံးတွင် 'လက်ရန်းပေါ်မတက်ရ' ဟူသောဆိုင်းဘုတ်ကိုင်ထားသည့် ချန်တပေနှင့်လုံခြုံရေးအစောင့်တစ်ဦးကိုဝင်တိုက်မိတော့သည်။
''မင်းကဘယ်သူလဲ? မဖွင့်သေးဘူးလေ... ဘာလို့ခိုးဝင်လာတာလဲ?'' လုံခြုံရေးအစောင့်က ချန်ရွှယ်ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။
ချန်ရွှယ်ကနည်းနည်းရှက်သွားပြီး_ ''အားနာပါတယ်... ကျွန်မဘယ်သူမှမတွေ့လို့ လာမိတာပါ''
ချန်တပေကချက်ချင်းပြုံးလိုက်ကာ_ ''ရပါတယ်... ရောက်လာမှတော့ ကောင်းကောင်းကြည့်ပါ... မကြာခင် ကျွန်တော်တို့ဝင်ကြေးကောက်တော့မယ်... ဘဲတွေကိုအစာမကျွေးရဘူးနော်''
သည်လိုနှင့် သူ့ဘေးကလုံခြုံရေးအစောင့်ခေါင်းကိုသပ်ပေးဖို့လည်း သူမမေ့_ ''ဟိုသွားပြီး ဆိုင်းဘုတ်ချိတ်လိုက်... ပြီးရင် ဆရာမာကိုဝါယာတွေဆက်ကူပြီး မီးတွေဆင်လိုက်ပါ''
ဒီကောင့်ကို သင်ခန်းစာပေးဖို့လိုနေတာမလား?
ခရီးသည်ကို ခိုးဝင်တယ်ဆိုတာ ဘာစကားလဲ?
တစ်ဖက်လူဝင်လာနိုင်တယ်ဆိုကတည်းက သူတို့ရဲ့လိုအပ်ချက်ဖြစ်နေပြီ။
သူတို့လုံခြုံရေးအစောင့်တွေဆိုတာ လူတွေကိုဝန်ဆောင်မှုပေးဖို့လေ။
ဒီပြဿနာကိုလည်းအာရုံစိုက်ရမည်ဟု သူခံစားမိသည်။ မနက်ဖြန်မနက်ပိုင်းအစည်းအဝေးမှာ ဒါကိုတင်ပြမည်။ လုံခြုံရေးဌာနက ရှုမျှော်ခင်းနေရာရဲ့အရည်အချင်းပိုင်းကိုအရှက်ရအောင်လုပ်ခွင့်မပေးနိုင်။ မဟုတ်ရင် သူ့သူဌေးကိုသူဘယ်လိုမျက်နှာပြရမလဲ?
ချန်ရွှယ်မှာ လုံခြုံအစောင့်နှစ်ဦးထွက်သွားတော့မှ သက်ပြင်းအရှည်ကြီးချမိသည်။


သူမတကယ်ခိုးဝင်ခဲ့တာ။ တော်သေးလို့၊ ချင်းလင်စံအိမ်လုံခြုံရေးအစောင့်က သူမကိုအပြစ်မတင်ခဲ့။
“ဂတ်!”
ဘဲအော်သံက ချန်ရွှယ်၏အာရုံကိုဖမ်းစားလိုက်သည်။
သူမကချက်ချင်းလက်ရန်းနားသွားကြည့်လိုက်ရာ ဘဲစားမှော်ပင်များအကြား လှည့်ပတ်နေသောဘဲဖြူကြီးကိုတွေ့လိုက်ရသည်။
ဒီတစ်ခါတော့ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရပြီ။ သူမမြင်နေရသောဘဲက တကယ်အကြီးကြီး။ ကတ်တီ ၄၀ ကျော်လောက်တယ်မလား?
နောက်ပြီး သူ့အမွေးတွေက ထူးထူးခြားခြားနှင်းလိုဖြူဆွတ်နေကာ အပြစ်ဆိုစရာမရှိချေ။ သူ့ပါးစပ်နှင့်လည်တိုင်က ငန်းနှင့်ဆင်တူပြီး ကောက်ကြောင်းလှသည်။
တက္ကသိုလ်တက်တုန်းက တက္ကသိုလ်ရေကန်ထဲတွင်ငန်းတချို့မွေးထားသဖြင့် ငန်းတွေမြင်ခဲ့ဖူးသည်။ သို့သော်ဒီဘဲက အရွယ်အစားအားဖြင့်ရော ပုံစံအနေအထားပါ ငန်းတွေထက်သာ၏။
ငန်းတွေမှာမရှိတဲ့ဝံ့ကြွားမှုမျိုးတောင် ဒီဘဲမှာမြင်နေရသည်။
ကိုယ့်မျက်စိရှေ့ကကောင်ကိုဘဲဆိုတာ ဘယ်သူမှယုံမှာမဟုတ်...
“ဂတ်”
ဟုတ်ပြီလေ! ဒီဘဲက သူဘဲဆိုတာ နောက်ထပ်အော်ပြီးသက်သေပြနေပြန်ပြီ။
ချန်ရွှယ်ကတဖန်သူမဖုန်းထုတ်ပြီး ဘဲဖြူကြီးကိုဗီဒီယိုရိုက်ယူလိုက်သည်။ လှပသောဘဲဖြူကြီးမှာ ဘဲစားမှော်အပြည့်ရေကန်နှင့် အလွန်လှနေ၏။
သူမကတက္ကသိုလ်အဆောင်အဖွဲ့ထဲထပ်ဝင်ပြီး ထိုဗီဒီယိုကိုအဖွဲ့ထဲပို့ရန်ပြင်လိုက်သည်။ သူမသူငယ်ချင်းတွေက ဒီလိုဘဲကြီးမျိုးလုံးဝတွေ့ဖူးမှာမဟုတ်ဘူး ဟုတ်တယ်မလား?
အဖွဲ့လိုက်စကားပြောကိုဖွင့်လိုက်သည်တွင် အတင်းတုပ်ထားသောစာများပြည့်နှက်နေသည်ကိုတွေ့လိုက်ရ၏:
''လှလိုက်တဲ့နေရာပါလား? ဒီနေရာက ချင်းလင်စံအိမ်ရဲ့ပန်းပင်လယ်ထက်တော့မလျော့ဘူး''
''ရွှယ်ရွှယ်... ဘယ်နေရာကိုတိတ်တိတ်လေးသွားလည်ပြန်ပြီလဲ?''
''ရွှယ်ရွှယ်က အသဲနှလုံးမရှိဘူး... နေရာကောင်းတွေဆို တစ်ယောက်တည်းခိုးပြီးသွားတယ်... ပြီးရင်ဗီဒီယိုရိုက်ပြီး တို့ကိုကလိကလိဖြစ်အောင်လုပ်တယ်''
''ဟုတ်ပါ့... အရင်က ချင်းလင်စံအိမ်မှာလုပ်ပြီးပြီ... အခုဒါမျိုးထပ်လုပ်ပြန်ပြီ''
''ရွှယ်ရွှယ်... နင့်ကိုအခွင့်အရေးပေးမယ်... ဒီနေရာအကြောင်းပြောပြပြီး အခန်းငှားပေး... မဟုတ်ရင် ကျောင်းပြန်ဖွင့်တဲ့အခါ အဆောင်မှာနင့်အတွက်နေရာမရှိဘူး''
ချန်ရွှယ်က ထိုစကားများကိုမြင်လျှင် ပြုံးပြီးစာရိုက်လိုက်သည်_ ''ဒါချင်းလင်စံအိမ်လေ''
အဖွဲ့မှာတဖန်အသက်ဝင်သွားပြန်သည်။
''မယုံဘူး!''


''ငါလည်းမယုံဘူး... ငါတို့အရင်က ချင်းလင်စံအိမ်ကိုမရောက်ဖူးတာကျနေတာပဲ''
''ဟုတ်ပါ့... ရွှယ်ရွှယ်... လုပ်.. အမှန်အတိုင်းပြော''
ချန်ရွှယ်ကပြုံးပြီး နောက်ထပ်စာပို့လိုက်သည်_ ''တကယ်ချင်းလင်စံအိမ်ပါဆို... နောက်ထပ်ဗီဒီယိုတစ်ပုဒ်ပို့ပေးမယ်... ဒီလောက်လှတဲ့ဘဲမျိုးတွေ့ဖူးလား?''
သည်လိုနှင့် လှပသောဘဲဖြူကြီး၏ဗီဒီယိုကို အဖွဲ့ထဲပို့လိုက်သည်။
အဖွဲ့ထဲမှမိန်းကလေးများက ဗီဒီယိုကိုဖွင့်ကြည့်ပြီး ချန်ရွှယ်ကသူတို့ကိုအရူးလုပ်နေသည်ဟုခံစားလိုက်ရသည်။
ဒါဘဲလား?
ဘဲကဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမှာလဲ?
ငန်းမဟုတ်ဘူးလား?
“ဂတ်!”
ဘဲအော်သံကြောင့် အဖွဲ့ထဲမှမိန်းကလေးများငြိမ်ကျသွားသည်။
''တကယ်ဘဲလား?''
''တကယ်လား? ဒီလောက်ကြီးတဲ့ဘဲရှိလား?''
''ဘာလို့ငန်းထက်တောင်လှနေသလို ခံစားရတာလဲ?''
''နာနာ... နင်ထင်တာမမှားဘူး''
“ငါလည်း အဲလိုထင်တယ်”
“…”
ချန်ရွှယ်ကဖုန်းကိုပြန်သိမ်းပြီး ရေပေါ်တံတားပေါ်တွင်လျှောက်သွားနေလိုက်သည်။ အလှမြင်ကွင်းရှုထောင့်အရဆိုလျှင် ဒီရေပေါ်တံတားရှုခင်းကြည့်နေရာမှာ သုံးပွင့်ဆိုင်ပန်းပင်လယ်၏အလယ်နေရာကိုမမီ။
သို့သော် ရေ၊ တံတား၊ ဘဲနှင့် နေရောင်ထိုးနေပုံပေါင်းစပ်ထားသော ဤထူးခြားသည့်ပတ်ဝန်းကျင်မှာ ထိုထက်မလျော့ပေ။ ကဗျာဆန်သောခံစားချက်မျိုးတောင်ပေးစွမ်းနိုင်သည်။
ဒီလိုဘဲကြီးမျိုးတစ်ကောင်မကရှိကြောင်း သူမတွေ့လိုက်ရသည်။ နှစ်ကောင်သားက ကြားလေသွေးမှာစိုးသည့်အလား ဘေးချင်းယှဉ်လျှက်ကူးခတ်လာ၏။ သူတို့နောက်တွင် ဘဲပေါက်တစ်အုပ်လည်းပါလာပြီး အလွန်အတွဲအဖက်ညီနေသည်။
နေရာအနှံ့လည်း ဘဲဖြူအုပ်စုများရှိ၏။ သူတို့ကအကောင်ပိုသေးသော်လည်း အလွန်လှနေဆဲပင်။
ချန်ရွှယ်က ရေပေါ်တံတားအတိုင်းဖြည်းဖြည်းချင်းလျှောက်ပြီး တစ်ယောက်တည်းအေးအေးဆေးဆေးနှင့် လှပသောမြင်ကွင်းကိုရှုစားရင်း ဓာတ်ပုံများ၊ ဗီဒီယိုများရိုက်ယူ၏။ လုံးဝကြည်နူးစရာကောင်းသည်ဟုလည်းခံစားရသည်။
ဒီနှစ် ကောင်လေးရခဲ့ရင် သေချာပေါက်သူ့ကိုဒီခေါ်လာပြီး လက်ချင်းတွဲထားမည်။
ချန်ရွှယ်ကလျှောက်လာရင်း ရုတ်တရက်အသစ်အဆန်းတစ်ခုရှာဖွေတွေ့ရှိသွားပြန်၏။ ငါးတွေအများကြီးတွေ့ရသည်။ ဒါစံအိမ်ကမွေးထားတဲ့ငါးတွေဖြစ်မယ် ဟုတ်တယ်မလား?
ငါးကအံ့သြစရာတော့မဟုတ်ဘူးပေါ့။ အရင်ကငါးမမြင်ဖူးတာမှမဟုတ်ဘဲ။ သို့သော်လည်း ကတ်တီ ၃၀ ကျော်အချိန်စီးမည်ထင်ရသောငါးကြင်းနက်က ဘဲစားမှော်ပင်များကိုဖြတ်ကူးလာသောအခါ တစ်မျိုးဖြစ်သွားမည်။
ချက်ချင်းပင် စံအိမ်ထဲကသဘာဝငါးအကြောင်း ကောလာဟလများကိုတွေးမိသွားသည်။ ဒီသဘာဝငါးများကို သူမမစားဖူး။ သို့သော် မြင်ဖူးသည်။ လုံးဝတစ်ထပ်တည်းပင်။