← Chapters

ဘဲဘုရင်တိုက်ပွဲ! ဂင်းနစ်စံချိန်မှတ်တမ်းက ဒီလိုဖြစ်သွားပြီ!

Vol. 20 Ch. 299

ဘဲဘုရင်တိုက်ပွဲ! ဂင်းနစ်စံချိန်မှတ်တမ်းက ဒီလိုဖြစ်သွားပြီ!

Vol. 20 Ch. 299

ညပိုင်း၌_

ရန်သုံ့ကသူ့ဖုန်းနှင့် ချင်လင်ရုံးခန်းထဲပြေးလာပြီး စိတ်လှုပ်ရှားစွာ ဗီဒီယိုတစ်ပုဒ်ကိုပြလာသည်_ ''သူဌေး... ဒီဗီဒီယိုကိုကြည့်ပါဦး... ကျွန်တော်တို့ရဲ့ရေပေါ်တံတားကြည့်နေရာနာမည်ကြီးနေပြီ''

''ဘာတွေဖြစ်နေတာလဲ?'' ချင်လင်က ဗီဒီယိုကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။

ရေပေါ်တံတားရှုခင်းနေရာက ကြော်တောင်မကြော်ငြာရသေး။ ဘာလို့နာမည်ကြီးနေတာလဲ?

ဗီဒီယိုကို 'ရှောင်ရွှယ်'ဟုခေါ်သော ID တစ်ခုမှရိုက်ထားခြင်းဖြစ်သည်။ ထိုဗီဒီယိုမှာ like ၁၅၀၀၀၀ ရထားပြီး ရေပန်းစားရှာဖွေစာရင်းထဲဝင်နေပြီ။

ခေါင်းစဉ်က: ''လှပတဲ့နေဝင်ဆည်းဆာ၊ ကြည်လင်တဲ့ဘဲစားမှော်ရေကန်!''

ဗီဒီယိုမှာ မိန်းကလေးတစ်ဦးအသံနှင့်_ ''ဒီနေ့ လှပတဲ့မြင်ကွင်းလေးတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်... တစ်ခေါက်လောက်မှလာမကြည့်ရင် နောင်တရမှာသေချာတယ်''

စကားပြောပြီးသည်နှင့် ဗီဒီယိုထဲတွင်လှပသောမြင်ကွင်းတစ်ခုပေါ်လာသည်။ မျောနေသောဘဲစားမှော်ပင်၊ ရေပေါ်တံတား၊ ဘဲဖြူ၊ ငါးကြီးများနှင့်နေဝင်ဆည်းဆာမှာ ပန်းချီကားတစ်ချပ်လိုရောယှက်နေသည်။





ဒါသူတို့စံအိမ်ရဲ့ရေပေါ်တံတားရှုခင်းနေရာကို ဗီဒီယိုရိုက်ထားတာမလား?

ရန်သုံ့ကရှင်းပြလိုက်သည်_ ''ကြီးကြပ်ချန်ဆီကကျွန်တော်ကြားတာတော့ လုံခြုံရေးအစောင့်တွေက နေ့လယ်ပိုင်းဝင်ပေါက်ကိုမကြည့်မိဘူးတဲ့... မိန်းကလေးတစ်ယောက်ကဝင်လာတယ်... ဗီဒီယိုတင်တာ အဲဒီမိန်းကလေးပဲဖြစ်မယ်... နာမည်တောင်ကြီးနေပြီ''

''အလုပ်ဖြစ်တယ်လား?'' ချင်လင်အံ့သြသွားသည်။

သို့သော် ပြန်တွေးကြည့်သောအခါ ချင်းလင်စံအိမ်မှာအစကတည်းကနာမည်ရပြီးသား။ ဂိမ်းထုတ်ကုန်ဘဲစားမှော်ပင်ကလည်း ဓာတ်ပုံစားသောအရည်အသွေးရှိသည်။ ဓာတ်ပုံရိုက်လျှင် သဘာဝအတိုင်းကြည့်ကောင်းနေမည်။ နောက်ပြီး ရေပေါ်တံတားရှုခင်းမှာ ပထမဆုံးထွက်လာခြင်းဖြစ်၏။ ဒီလိုအရည်အသွေးမြင့်ဗီဒီယိုကို ပထမဆုံးထွက်ထွက်ချင်း Tiktok က အားပေးမည်ဖြစ်သည်။ နာမည်ကြီးလာတာ မထူးဆန်းတော့။

ဗီဒီယိုအဆုံးတွင် မိန်းကလေးကနေရာကိုလည်း ကြော်ငြာထားသည်_ ''ဒါဘယ်နေရာလဲဆိုတာ အားလုံးသိချင်နေကြပြီမလား? ဒါကလည်း ရုံချန်းစီရင်စုရဲ့ချင်းလင်စံအိမ်မှာပါပဲ''

ထိုအချိန်တွင်…

ဗီဒီယို၏မှတ်ချက်နေရာမှာ အလွန်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

''ဒီရှုခင်းလှလှလေးကဘယ်မှာလဲ? ချင်းလင်စံအိမ်ထက်တော့မညံ့ဘူး''

''ဗီဒီယိုအဆုံးမှာမတွေ့ဘူးလား? ချင်းလင်စံအိမ်မှာရိုက်ထားတာလေ''

''အံ့သြမိတယ်... နိုင်ငံထဲမှာ ရေလှောင်တမံတွေမှအများကြီး... ဒါပေမဲ့ ဒီလောက်အဓိပ္ပါယ်ရှိပြီးလှတဲ့ရေလှောင်တမံမျိုး ဒီတစ်ခါပဲမြင်ဖူးတယ်''

''ဒါကြောင့် ချင်းလင်စံအိမ်ရဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နာမည်ကျော်လာတာကိုး... ရှုမျှော်ခင်းနေရာအတော်များများက အဲလိုလိုက်လုပ်ချင်ကြတာ... ဒါပေမဲ့ အဆင်မပြေဘူး... ဖန်တီးသူရဲ့လုပ်နိုင်စွမ်းချင်းက လုံးဝမတူဘူးလေ... နောက်ကျရင် ရေလှောင်တမံတွေဒီလိုလိုက်တုမှာ မြင်ယောင်သေးတယ်''

''ညီအစ်ကိုတို့... ငါချင်းလင်စံအိမ်မှာ သတို့သမီးခန်းယူထားပြီ... မင်းတို့ကောင်မလေးဒီဗီဒီယိုကိုမြင်မှ ဘာလုပ်ပါလို့သတိမပေးဘူးလို့မပြောနဲ့နော်''

''သတိပေးတဲ့အတွက် ကျေးဇူးပါ!''

''ကျေးဇူးမတင်နဲ့... အခန်းယူလို့မရတော့ဘူး''

''အခန်းမရှိတော့ဘူး''

ချင်လင်က ဖုန်းကိုရန်သုံ့လက်ထဲပြန်ပေးပြီး စလိုက်သည်_ ''တကယ်ထင်မထားတာပဲ... အဆင်သင့်ပြင်ထားပါ... မနက်ဖြန် ဒီရေပေါ်တံတားရှုခင်းကိုလာကြည့်တဲ့သူတွေအများကြီးရှိလိမ့်မယ်... မင်းနဲ့အတူပူးပေါင်းလုပ်ဆောင်ဖို့ ကောင်းယောင်ယောင်ကိုလူစီစဉ်ခိုင်းလိုက်ပါ... ဘာမှမဖြစ်စေနဲ့''





''ကောင်းပါပြီ သူဌေး!'' ရန်သုံ့ကချက်ချင်းခေါင်းညိမ့်လိုက်သည်။

ချင်လင်ရော ကျောင်မိုချင်းပါ ရေပေါ်တံတားရှုခင်းနေရာကိုရုတ်တရက်နာမည်ကြီးလာမည်ဟုထင်မထားပေ။ ဖြစ်ချင်တော့ သူမမှာ စံအိမ်တရားဝင်အကောင့်ကိုစီမံရာတွင်အတွေ့အကြုံအများကြီးရှိထားသည်။ သူမကချက်ချင်း 'ကျွန်မနာမည်ရှောင်ရွှယ်'ဟူသော ဗီဒီယိုကိုဆွဲယူပြီး ထပ်မံတည်းဖြတ်လိုက်သည်။ ထို့နောက် တရားဝင်အကောင့်တွင်တင်ပြီး ခေါင်းစဉ်တပ်ပေးလိုက်၏_ ''ရေပေါ်တံတားရှုခင်းနေရာနှင့် အားလုံးပထမဆုံးဆုံတွေ့ခြင်း''

ဒါအလကားကြော်ငြာရခြင်းပင်။ ဒါကိုကောင်းကောင်းအသုံးချရမည်။

စံအိမ်တရားဝင်အကောင့်တွင် ထိုဗီဒီယိုတင်လိုက်သောအခါ ပိုပြီးနာမည်ကြီးသွားသည်။ အရင်ဆုံး စံအိမ်ကိုစောင့်ကြည့်နေသောပရိသတ်များမြင်သွား၏။

ထို့နောက်တစ်ညလွန်ပြီး နောက်တစ်နေ့တွင် ရေပေါ်တံတားရှုခင်းကြည့်နေရာမှာ ရေပန်းစားခေါင်းစဉ်ဖြစ်လာသည်။ လူများပိုတွေ့သွားကြ၏။ ရှုခင်းဘလော့ဂါများလည်း ပေါ်ပင်လိုက်ပြီး ဗီဒီယိုကိုတစ်ယောက်ပြီးတစ်ယောက်ပြန်တင်ကြသဖြင့် နာမည်ပိုကြီးလာသည်။

ချင်းလင်စံအိမ်ကလွှမ်းမိုးသွားပြန်၏။

မရေမတွက်နိုင်သောရှုမျှော်ခင်းနေရာတာဝန်ခံများက အားကျနေကြသည်။ ရေပန်းစားရှာဖွေမှုထဲပါဖို့ ဘာလို့သူတို့အတွက်အရမ်းခက်ခဲပြီး ချင်းလင်စံအိမ်အတွက်ကျအရမ်းလွယ်နေမှန်း နားမလည်နိုင်ချေ။

အထူးသဖြင့် ရှုမျှော်ခင်း 5A နေရာများဖြစ်သည်။ နည်းလမ်းတကျဆိုရရင် သူတို့ကချင်းလင်စံအိမ်ထက် ပိုအားကောင်းသင့်သည်။ သူတို့ဘယ်နေရာလိုနေမှန်း သူတို့မသိ။

မင်စီရင်စု၌_

ဇိမ်ခံဧည့်ခန်းတစ်ခုတွင် ဝမ်ရန်ကစုကျွမ်နှင့်အတူ ဗီဒီယိုအတိုတစ်ပုဒ်ကြည့်နေသည်။ စုကျွမ်ကသူ့လက်မောင်းကိုမှီပြီး စိုးရိမ်စွာနှင့်မေးလာ၏_ ''ယောက်ျား... ကျွန်မတို့အရင်ကအရမ်းသောက်ခဲ့လို့ ကလေးကိုထိခိုက်နိုင်လားမသိဘူးနော်?''

''ဘေဘီ မစိုးရိမ်ပါနဲ့... မနေ့ကစစ်ကြည့်တော့ ကောင်းနေတာပဲမလား?'' ဝမ်ရန်က စုကျွမ်ကိုနှစ်သိမ့်လိုက်သည်။ သူအဖေတစ်ယောက်ဖြစ်လာမည်ဟုမထင်မိ။

ချင်းလင်စံအိမ်မှပြန်လာပြီးနောက် နှစ်သစ်မတိုင်ခင်က ကတိပေးထားထည့်အတိုင်း စုကျွမ်နှင့်လက်ထပ်ခဲ့သည်။ သူတို့မင်္ဂလာဆောင်သောညတွင် အကာအကွယ်မသုံးခဲ့။ ချက်ချင်းကြီးကလေးရသွားမယ်လို့ ဘယ်ထင်ထားပါ့မလဲ? သူ့ကိုယ်သူအရမ်းစွမ်းသည်ဟု ခံစားလိုက်ရသည်။

''အင်းလေ'' ဝမ်ရန်၏နှစ်သိမ့်စကားကြောင့် စုကျွမ်ကစိတ်သက်သာရာရသွားပြီး ဗီဒီယိုပြန်ကြည့်လိုက်သည်။ သူမပျင်းသောအခါ ဝတ္ထုများဖတ်ခြင်း၊ ဗီဒီယိုအတိုလေးများကြည့်ခြင်းက အချိန်ဖြုန်းသည့်နည်းလမ်းကောင်းပင်။

''ဟမ်?'' စုကျွမ်က သူမဖုန်းထဲမှ နေဝင်ချိန်ရေပေါ်တံတားနှင့်ဘဲစားမှော်ပင်ဗီဒီယိုကိုကြည့်ရင်း အံ့သြသံနှင့်_ ''ယောက်ျား... ဒီရှုခင်းက အရမ်းလှတာပဲ... ချင်းလင်စံအိမ်က သိပ်မလှဘူး ဟုတ်တယ်မလား?... အာ.. ဒါချင်းလင်စံအိမ်ပဲ''

စုကျွမ်က ဗီဒီယိုအဆုံးထိကြည့်ပြီးမှ ပိုအံ့ဩသွားသည်_ ''အရင်တစ်ခေါက်က ဒီနေရာကိုမသွားခဲ့ဘူးမလား?''

''အသစ်ဖွင့်တဲ့နေရာဖြစ်မယ်'' ဝမ်ရန်လည်း သူ့ဖုန်းယူပြီး သူစောင့်ကြည့်ထားသောချင်းလင်စံအိမ်ကိုဖွင့်လိုက်သည်။ ထင်ထားသည့်အတိုင်း ထိုနေရာမှာလည်း ဒီဗီဒီယိုရှိနေသည်။ သူကလှိုက်လှိုက်လှဲလှဲလေးစားသံနှင့်_ ''ချင်းလင်စံအိမ်သူဌေးက တကယ်အံ့ဩဖို့ကောင်းတာပဲ... နောက်ထပ်နာမည်ကျော်ဆွဲဆောင်မှုရှိတဲ့နေရာလုပ်လိုက်ပြန်ပြီ''

သို့ရာတွင် ဝမ်ရန်ကိုပိုအံ့ဩမိစေသည်က ဘဲများနှင့်သဘာဝငါးအုပ်စုကြီးပင်။

ဒီဘဲတွေက ငန်းထက်တောင်ကြီးနေသည်။ ကြည့်ရတာ ကတ်တီ ၄၀ ကျော်ရှိလောက်တယ်မလား?

ဒီလောက်ကြီးတဲ့ဘဲမျိုး သူ့ဘဝမှာမတွေ့ခဲ့ဖူးပေ။

ချင်းလင်စံအိမ်၏ထုံးစံအရ ဒီလိုအပြင်လောကတွင်ရှားပါးသောပစ္စည်းများမှာ သေချာပေါက်အရသာရှိရင်ရှိ မရှိရင်လည်း အလွန်အားဖြစ်စေတတ်သည်။





All Chapters