← Chapters

ဘဲဘုရင်တိုက်ပွဲ! ဂင်းနစ်စံချိန်မှတ်တမ်းက ဒီလိုဖြစ်သွားပြီ! ၂

Vol. 20 Ch. 300

ဘဲဘုရင်တိုက်ပွဲ! ဂင်းနစ်စံချိန်မှတ်တမ်းက ဒီလိုဖြစ်သွားပြီ! ၂

Vol. 20 Ch. 300

ဒီလိုသဘာဝငါးမျိုးလည်းရှိသည်။ အရင်တစ်ခါအကြီးအကဲစားပွဲကိုစားဖူးသဖြင့် ဘယ်လောက်အရသာရှိလဲသူသိသည်။

မင်စီရင်စုပြန်ရောက်သောအခါ ဒီလိုသဘာဝငါးမျိုးအကြောင်းစုံစမ်းခဲ့သော်လည်း အဝယ်တော်လုံးဝမရှိပေ။ ဒီလိုပစ္စည်းတွေဘယ်လောက်ရှားကြောင်းသိသာသည်။

အခုတော့ ချင်းလင်စံအိမ်မှာ အုပ်လိုက်သင်းလိုက်ကြီး။ တကယ်ကိုချင်းလင်စံအိမ်ပါပဲ။

သူကသဘာဝငါးအုပ်ကြီးကိုကြည့်ရင်း နည်းနည်းလောဘတက်လာပြီး စုကျွမ်အား_ ''ဘေဘီ... ကိုယ်တို့ဟန်းနီးမွန်းအနေနဲ့ ချင်းလင်စံအိမ်ကိုအရင်ဆုံးသွားမလား?''

စုကျွမ်ကအသာအယာခေါင်းညိမ့်လိုက်ရင်း_ ''အင်း... ယောက်ျားသဘော''

ဝမ်ရန်က ဗီဒီယိုဆက်ကြည့်လိုက်သည်။ သို့သော် လေးငါးပုဒ်ကြည့်အပြီးတွင် စိတ်ဝင်စားစရာကောင်းသောဗီဒီယိုတစ်ပုဒ်တွေ့လိုက်ရသည်။

ဗီဒီယိုခေါင်းစဉ်က: ''ဟား ဟား... နှစ်ချီပြုစုပျိုးထောင်လာခဲ့ပြီး နောက်ဆုံးတော့ငါ့ရဲ့ဘဲပေါက်လေးက ဒီနေ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပြီ''

ထိုဗီဒီယိုမှာ ဘဲဘုရင်ဝူဆိုသော ဘဲပိုင်ရှင်၏ဗီဒီယိုဖြစ်သည်။ (အခန်း ၁၆၆)

ဘဲဘုရင်ဝူမွေးသောဘဲက ၃၈ ကတ်တီအချိန်စီးသည်။ ကမ္ဘာ့အကြီးဆုံးဘဲဂင်းနစ်စံချိန်မှတ်တမ်းကိုကျော်ခဲ့ခြင်းဖြစ်၏။ ချက်ချင်းပင် တရားဝင်ဂင်းနစ်ဌာနမှတစ်​ယောက်လာပြီး မှန်ကန်ခြင်းရှိမရှိဘဲကိုလာစစ်ဆေးသည်။

အချိန်ကျရင် သူ့ဘဲက ဂင်းနစ်စံချိန်ဝင်ကမ္ဘာ့အကြီးဆုံးဘဲဖြစ်လာလိမ့်မည်။

ထို့ကြောင့် ဘဲဘုရင်ဝူကထိုဗီဒီယိုကိုတင်ပြီး အောင်ပွဲခံရန် live တောင်လွှင့်လိုက်သည်။

သို့သော် သူဗီဒီယိုကိုကြည့်လိုက်သောအခါ တစ်ခုခုမှားနေသလိုခံစားရ၏။

အကြောင်းမှာ ဘဲဘုရင်ဝူမှတ်တမ်းတင်ထားသောဘဲများက ချင်းလင်စံအိမ်ကဘဲများလောက်မကြီးကြောင်းတွေ့လိုက်ရသောကြောင့်ပင်။

''ဒါကအလုပ်ဖြစ်လား?'' ဝမ်ရန်ကချက်ချင်း ချင်းလင်စံအိမ်၏ရေပေါ်တံတားဗီဒီယိုကိုရှာလိုက်သည်။

သေသေချာချာနှိုင်းယှဉ်ကြည့်သောအခါ အမှန်ပင် ၃၈ ကတ်တီရှိသောဘဲက ချင်းလင်စံအိမ်၏ဘဲသုံးကောင်လောက်မကြီးချေ။





ဒီဂင်းနစ်စံချိန်က တဖြည်းဖြည်းနဲ့မယုံရတော့ဘူး ဟုတ်တယ်မလား?

ဒါကြောင့်လည်း တစ်ကြိမ်ထက်မက ဂင်းနစ်စံချိန်လျှောက်လို့ရလားမေးသူရှိနေခြင်းပင်။

ချင်းလင်စံအိမ်ကဘဲများကိုတွေ့ပြီးမှ ဘဲဘုရင်ဝူရဲ့ဗီဒီယိုကိုကြည့်လိုက်တော့ ဒီဂင်းနစ်လျှောက်လွှာဆိုတာကြီးက သူများ IQ ကိုစော်ကားနေသလိုပဲ ဟုတ်တယ်မလား?

ဝမ်ရန်ကချက်ချင်း သူ့အကောင့်နှင့်ဆဲလ်ဖီရိုက်ယူလိုက်သည်_ ''ဒီနေ့... ချင်းလင်စံအိမ်ရဲ့ရေပေါ်တံတားရှုခင်းက အရမ်းလှပြီးနာမည်ကြီးနေပါတယ်... ဒါပေမဲ့ ရှုခင်းထက် အရမ်းအရေးကြီးတာတစ်ခုကို မင်းတို့သတိမထားမိတာရှိတယ်... အဲဒါ ဘဲသုံးကောင်ရဲ့အလေးချိန်ပဲ... နောက်ပြီး သူ့ထက်အကောင်သေးတဲ့ဘဲက ဂင်းနစ်စံချိန်ဝင်ဖို့လျှောက်ထားတယ်''

သူက ဘဲဘုရင်ဝူကိုတောင်တွဲထည့်လိုက်သည်။

ဗီဒီယိုတင်ပြီးနောက် ပိုတောင်နာမည်ကြီးသွားလေသည်။ သူက ယွမ် ၂၀၀၀၀ သုံးပြီးကြော်ငြာလိုက်၏။ ဒီငွေက မပြောပလောက်။ သူ့ IQ ကို ဂင်းနစ်စံချိန်မှတ်တမ်းဆိုတာကြီးက နှောင့်ယှက်နေတာကိုသူမပျော်။

တခြားနေရာမှာဆိုရင်တော့ ရှောင်ချင်ရှောင်သွားမှာပေါ့။ ဒါပေမဲ့ ဒီကောင်က ချင်းလင်စံအိမ်ရဲ့ဘဲတွေကိုလာထိခိုက်တာမလား?

ဒါကလည်း သူ့အတွက်အရမ်းထူးဆန်းတဲ့ဆိုက်ကိုတစ်မျိုး။

အစားကောင်းတွေစား၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်တွေခံစားပြီး သူ့ကိုယ်သူချင်းလင်စံအိမ်၏ပရိသတ်ဟုခံစားရသည်။

ဖြစ်ချင်တော့ ချင်လင်စံအိမ်မှာသုံးချင်ဖြုန်းချင်သော်လည်း ချင်းလင်စံအိမ်ကအခွင့်အရေးမပေး။ သူ့အကြီးအကဲစားပွဲထဲမှ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကကုန်ပြီ။ သူနောက်ထပ်တစ်ပုလင်းဝယ်ချင်သည်။

ဒီဝိုင်သောက်ပြီးမှ ယောက်ျားတစ်ယောက်ကကောင်းလာနိုင်၏။

Dou+ မှာ ယွမ် ၂၀၀၀၀ သုံးလိုက်တဲ့အစွမ်းကဘယ်လိုဖြစ်မလဲ? ဗီဒီယိုက လျင်လျင်မြန်မြန်နာမည်ကျော်လာမည်။ အထူးဗီဒီယိုက ချင်းလင်စံအိမ်၊ ဂင်းနစ်စံချိန် ဒါတွေနှင့်လည်းဆက်စပ်နေသည်။

ဝမ်ရန်အကောင့်မှတင်သောဗီဒီယိုက မြန်မြန်ဆန်ဆန်ပွက်လောထသွား၏။ ချင်းလင်စံအိမ်၏ရေပေါ်တံတားရှုခင်းဗီဒီယိုကိုကြည့်ပြီးသူများမှာ စာတစ်ကြောင်းတည်းနှင့်လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။

''သောက်... စောစောကတစ်ခါကြည့်တော့ ရှုခင်းကိုစိတ်ဝင်စားနေတာ... ဘဲကိုတကယ်သတိမထားမိဘူး''

''ဘဲတွေကမယုံနိုင်အောင်ကြီးမှန်း အခုမှသိတယ်... ငါ့ဘဝမှာတစ်ခါမှမတွေ့ဖူးဘူး''

''ငါလည်း ဘဲဘုရင်ဝူရဲ့ဗီဒီယိုကိုတွေ့တယ်... ယှဉ်ကြည့်တော့ ချင်းလင်စံအိမ်ရဲ့ဘဲတွေက ပိုကြီးတယ်ထင်တာပဲ''

''ဒီဘဲဘုရင်ဝူက တောက်လျှောက်သူ့ဘဲတွေကိုကြော်ငြာလာတာ ဂင်းနစ်စံချိန်ကိုမျှားဖို့ပဲ... အခုတော့...''

''ဘဲဘုရင်ဝူက ဂင်းနစ်ကြောင့် live လွှင့်တာထင်တယ်... ရုတ်တရက်ကြီး သူ့ကိုသနားလိုက်တာ''

“…”

တချို့က ထိန်းမနိုင်သိမ်းမရနှင့် ဘဲဘုရင်ဝူကိုတောင်တွဲတင်ထားကြသည်။

ထိုအချိန်၌…

တစ်ဖက်တွင် လူငယ်တစ်ဦးမှာလည်း သူ့ရှေ့ကဖုန်းကိုကြည့်ရင်းပြုံးနေသည်။ သူ့လက်ထဲတွင် အလွန်ကြီးသောဘဲတစ်ကောင်ပိုက်ထားပြီး ဘဲခေါင်းကို တန်ဖိုးကြီးရတနာတစ်ခုသဖွယ် အသာအယာပွတ်သပ်နေ၏။

ဘဲကလည်းဇိမ်ခံနေသည်။ သူကလူငယ်အပေါ်သံယောဇဉ်ရှိပုံရပြီး သူ့ခေါင်းနှင့်လူငယ်ကိုလိုက်တိုးဝှေ့နေသည်။

ထိုလူငယ်မှာ ဘဲဘုရင်ဝူပင်။





သူ့ကြည့်ရတာ စိတ်ချမ်းသာနေပုံရ၏။ တရားဝင်ဂင်းနစ်စံချိန်မှတ်တမ်းက ရက်ပိုင်းအတွင်း ဒီရောက်လာတော့မည်။

အဲဒီအချိန်ကျရင် သူ့လက်ထဲကဘဲမှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာလိမ့်မည်။ ဒီအထောက်အထားနှင့် အကျိုးအမြတ်တွေပတ်သိမ်းနိုင်မည်။ ဘဲကိုရောင်းရင်တောင် တခြားဘဲတွေထက်ပိုပြီးစျေးကောင်းရမည်။

''ဘဲမွေးတဲ့အခါမှာ သတိထားစရာတွေအများကြီးရှိပါတယ်... အထူးသဖြင့် ကျွန်တော့်ဘဲလိုစပ်မျိုးနဲ့ဘဲကြီးတွေပေါ့... ဒီကောင်တွေက ပိုပြီးတင်းကြပ်တဲ့နည်းစနစ်တွေလိုအပ်ပါတယ်'' ဘဲဘုရင်ဝူက ယုံကြည်မှုအပြည့်နှင့်ဆိုလိုက်သည်_ ''နောက်ပြီး ကမ္ဘာမှာဘယ်သူမှ ကျွန်တော့်ထက်ပိုကောင်းတဲ့ဘဲမမွေးနိုင်တာ အသေအချာပါပဲ... ကျွန်တော့်ဘဲကို ဘယ်ဘဲမှကျော်မတက်နိုင်ဘူး''

သူ့ဘဲကိုဂင်းနစ်စံချိန်ဝင်စေရန် နှစ်ဝက်လောက်ကြော်ငြာနေခဲ့သည်။

လွန်ခဲ့သော ၆ လအတွင်း ကမ္ဘာတစ်ဝန်းလုံးပတ်ပြီးစုံစမ်းထားသေးသည်။ သူ့ဘဲထက်ပိုကြီးသောဘဲမရှိ။

သို့သော် ဘဲဘုရင်ဝူပြောအပြီးတွင် live ထဲရှိမှတ်ချက်များမှာ ရုတ်တရက်ထူးဆန်းလာသည်။ live ကြည့်သူအရေအတွက် မြန်မြန်ဆန်ဆန်တက်လာ၏။ မှတ်ချက်များထဲတွင် စာလုံးလေးလုံးကိုတွေ့နေရသည်: ''ချင်းလင်စံအိမ်!''

'ချင်းလင်စံအိမ်'ချည်း အထပ်ထပ်ရိုက်နေသည်။

နောက်ဆုံး ''ချင်းလင်စံအိမ်''ဟူသောစကားလုံးကိုသာ ဖန်သားပြင်ပေါ်တွင်တွေ့ရတော့၏။

ဤသည်က ဘဲဘုရင်ဝူကို ရွစိရွစိဖြစ်စေသည်။

ချင်းလင်စံအိမ်ကို သူသိသည်။ ဒါပေမဲ့လည်း သူသေချာပြင်ဆင်ထားတဲ့ live မှာ ဒီလူတွေကအနှောင့်အယှက်တွေမဟုတ်လား?

ဘဲဘုရင်ဝူကနားမလည်ဘဲ စိတ်ပျက်လက်ပျက်ဆိုလိုက်သည်_ ''ရှုမျှော်ခင်းနေရာတစ်ခုအနေနဲ့ ချင်းလင်စံအိမ်အတွက်အဓိကအရေးကြီးဆုံးက အရည်အချင်းပဲ... ချင်းလင်စံအိမ်ရဲ့ပရိသတ်တွေက ယဉ်ကျေးမှုမရှိဘူးလား? သူများ live ထဲမှာ ဒီလိုပဲအနှောင့်အယှက်လိုက်ပေးတာလား?''

ထိုအချိန်၌_

သူ့လက်ထောက်က အလျင်စလိုပြေးလာပြီး သူ့နားထဲကပ်ပြောလိုက်သည်_ ''အင်တာနက်ပေါ်မှာ ခင်ဗျားကိုပစ်မှတ်ထားတဲ့သူရှိတယ်... ခင်ဗျားရဲ့ဘဲက ကမ္ဘာ့နံပါတ်တစ်မဟုတ်ဘူးတဲ့... ချင်းလင်စံအိမ်မှာ အဲဒီထက်သာတဲ့ဘဲသုံးကောင်ရှိတယ်တဲ့''

ဘဲဘုရင်ဝူက ထိုသတင်းကြားလျှင် live လွှင့်လိုစိတ်မရှိတော့။ live ကိုတန်းပိတ်ပြီး သူ့လက်ထောက်ကိုမေးလိုက်သည်_ ''ဘာတွေဖြစ်နေတာလဲ? ဘယ်မှာလဲ အဲဒီဗီဒီယို?''

လက်ထောက်က ချက်ချင်းဗီဒီယိုဖွင့်ပြီး ဘဲဘုရင်ဝူလက်ထဲထည့်ပေးလိုက်ကာ_ '''လူခုတ်ဓား'ဆိုတဲ့ ID တစ်ခုက တင်ထားတဲ့ဗီဒီယိုပဲ''

ဘဲဘုရင်ဝူက ထိုဗီဒီယိုကြည့်ပြီး ချက်ချင်းဒေါသထွက်သွား၏_ ''ဒီကောင်က ဘယ်လိုလုပ်သိလဲ? ချင်းလင်စံအိမ်ရဲ့ဘဲသုံးကောင်က ဘယ်လိုဖြစ်ပြီး ငါ့ဒက်ကီထက်ကြီးမှာလဲ? ချင်းလင်စံအိမ်မှာတကယ်ရှိတယ်ဆိုရင် ဘာလို့စောစောစီးစီးမကြော်ငြာရတာတဲ့လဲ? ဒါဘယ်လောက်တောင်နာမည်ကြီးမယ့်ကိစ္စလဲ?''

လက်ထောက်ကမျက်မှောင်ကြုတ်လိုက်ပြီး_ ''ဒီနေ့ချင်းလင်စံအိမ်ရဲ့ဗီဒီယိုထဲမှာ တကယ်ဘဲတွေရှိတယ်... သေးသေးတော့မဟုတ်ဘူး''

ဘဲဘုရင်ဝူက မယုံနိုင်သေး။ သူကချက်ချင်း ချင်းလင်စံအိမ်ဗီဒီယိုရှာပြီး ဘဲသုံးကောင်ကိုကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ သူ့လက်ထောက်ကိုမေးလိုက်၏_ ''ဒီဘဲသုံးကောင်က ဒက်ကီထက်ပိုပြီးအချိန်စီးမယ်ထင်လား?''

လက်ထောက်က အောင့်သက်သက်နှင့်_ ''သူဌေး... ဗီဒီယိုထဲကအရွယ်အစားအရ အဲဒီဘဲသုံးကောင်က ဒက်ကီထက်နည်းနည်းလေးပိုကြီးမယ်လို့ထင်ရပါတယ်''

ဘဲဘုရင်ဝူမှာ ပိုပြီးမျက်မှောင်ကြုတ်သွားကာ_ ''မဟုတ်သေးဘူး... ဒါလုံးဝမဖြစ်နိုင်ဘူး... ချင်းလင်စံအိမ်မှာ ဒီလောက်ကြီးတဲ့ဘဲတယ်ရှိတယ်ဆိုရင် ကြော်ငြာပြီးတာကြာပေါ့... ကမ္ဘာ့အကြီးဆုံးဘဲဆိုတဲ့ဂုဏ်ပုဒ်က ဘယ်လောက်တောင်ကြီးကျယ်လိုက်လဲ?''

လုံးဝပှံမှန်မဟုတ်၍ သူမယုံနိုင်။

ဘဲဘုရင်ဝူမှာ ထိုပုံစံဖြစ်နေသဖြင့် လက်ထောက်ကနှစ်သိမ့်လိုက်သည်_ ''ချင်းလင်စံအိမ်ရဲ့ဘဲက သူ့အတောင်ဖြန့်လိုက်ရင် အမွေးတွေကအရမ်းရှည်ပုံရတယ်... အဲဒါကြောင့် ကြီးတယ်လို့အထင်ခံရတာဖြစ်မလားပဲ?''

ဘဲဘုရင်ဝူက ထိုစကားကြားလျှင် အသက်ကယ်ကောက်ရိုးတစ်မျှင်ကိုဖမ်းဆုပ်လိုက်ရသလိုလို_ ''ဟုတ်တယ်... မင်းမှန်တယ်... ဒါဘာ့ကြောင့်ဂင်းနစ်စံချိန်မှတ်တမ်းမလျှောက်တာလဲဆိုတဲ့ ရှင်းပြချက်လည်းဖြစ်နိုင်တယ်... ပြီးခဲ့တဲ့ ၆ လမှာ ဒက်ကီက ၃၈ ကတ်တီအချိန်စီးတယ်လို့ ငါတို့ထုတ်ပြန်လာခဲ့တာ... သူတို့တစ်ခါမှမတုံ့ပြန်ခဲ့ဘူး''

ထို့နောက် သူ့ဖုန်းကောက်ကိုင်ပြီး တုံ့ပြန်ချက်ဗီဒီယိုရိုက်လိုက်သည်_ ''ပထမဆုံး ဒီ'လူခုတ်ဓား'ဆိုတဲ့တစ်ယောက်ကို အပြင်းအထန်ရှုတ်ချပါတယ်... ကျွန်တော့်ဘဲက ဂင်းနစ်စံချိန်မှတ်တမ်းဝင်ဖို့ပြင်ဆင်လာခဲ့တာ ၆ လရှိပါပြီ... ဒီ ၆ လလုံးလုံး ဒီအကြောင်းကို ချင်းလင်စံအိမ်ကမသိလို့လား? ဘာလို့ရှေ့ထွက်ပြီး ကျွန်တော့်ဘဲအပေါ် သူတို့ရဲ့အမြင်ကိုထုတ်မပြတာလဲ?''

''ဘာလို့လဲဆိုတော့ ချင်းလင်စံအိမ်ရဲ့ဘဲတွေက အမွေးပိုရှည်တာနဲ့ပဲ ပိုကြီးပုံပေါက်နေလို့ပါ... သူတို့ဘဲက ကျွန်တော့်ဘဲထက်တကယ်သာတယ်ဆိုရင် ဘာလို့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ဖို့မလျှောက်တာလဲ? ဒါဆိုရင် ကျွန်တော်ကလျှောက်နေပါ့မလား?''

ဗီဒီယိုရိုက်ပြီးသည်နှင့် သူကချက်ချင်းတင်လိုက်သည်။ သူက လူခုတ်ဓားနှင့်ချင်းလင်စံအိမ်ကိုတောင် တွဲတင်လိုက်၏။

ချင်းလင်စံအိမ်ရဲ့ဘဲတွေက ပိုကြီးတယ်ဆိုတာ သူလုံးဝမယုံ။ မဟုတ်ရင် ဂင်းနစ်စံချိန်လျှောက်ပြီး ၃၈ ကတ်တီရှိတဲ့သူ့ဘဲကို ကျော်တက်ပြီးပြီပေါ့။





All Chapters