← Chapters

နောက်လိုက်ဟောင်း

Vol. 75 Ch. 1042

နောက်လိုက်ဟောင်း

Vol. 75 Ch. 1042

“ကျုပ် ခင်ဗျားကို သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်အောင် လုပ်ပေးမယ် လို့ ပြေတာ”

ဝေ့ဝူယင်က အယာအယာ ပြုံးလိုက်ရင်း သူ့ ရည်ရွယ်ချက်ကို ထပ်ပြောလိုက်သည်။ လော့နင်ကတော့ ယခုအချိန်ထိ နားကြားလွဲနေသလို ခံစားနေရဆဲ ဖြစ်သည်။ သူမက မျက်လုံး အပြူးသား အကြောင်သားဖြင့် ဝေ့ဝူယင်ကို စိုက်ကြည့်နေ၏။ ထိုအခိုက်၌ အဘွားအိုမှာ ဟာသပင် မလုပ်နိုင်တော့ချေ။

သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်...

၎င်းက သေမျိုး တာအို၏ အထွတ်အထိပ် ဖြစ်သည်။ အဂ္ဂိရတ် ရှန့်ထို အဆင့်ကို မတက်လှမ်းခင် နောက်ဆုံးသော ခြေလှမ်း ဖြစ်သည်။ ထိုအဆင့်ကို မရောက်ချင်သည့် အဂ္ဂိရတ် ပညာရှင် အဘယ်မှာ ရှိပါမည်နည်း။

ဝေ့ဝူယင်က ပြူးကြောင်ကြောင် ဖြစ်နေသည့် အဘွားအိုကို စိုက်ကြည့်လိုက်၏။

“သိပ်လည်း အံ့သြ မနေနဲ့... ဒါက စမ်းသပ်ပွဲ တစ်ခုပဲနော်... နောက်ပြီး ကျုပ် ခင်ဗျားကို တပည့် အဖြစ် လက်ခံမှာ မဟုတ်ဘူး... ဒီအတော အတွင်းတော့ ကျုပ်က ဆရာ ခင်ဗျားက ကျောင်းသားပဲပေါ့... ဒါပြီးတာနဲ့ ကျုပ်ဆီမှာ ခင်ဗျား အတွက် တာဝန် မရှိတော့ဘူး... နားလည်ရဲ့လား”

“...”

လော့နင်မှာ လူငယ်၏ ငွေရောင် မျက်လုံးများကို အချိန် အတန်ကြာ တိတ်ဆိတ်စွာ ငေးကြည့် နေခဲ့မိသည်။ ထို့နောက်တွင်မှ သူမက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

“ဘာလို့လဲ...”

သူမက သာမန် မထင်မရှား ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ ထို့အပြင်... သက်တမ်း ကုန်ခါနီး ဖြစ်နေသည့် အဘွားအို တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက် အပေါ် လူငယ်က အဘယ်ကြောင့် ရင်းနှီးမြှုပ်နှံ လိုသနည်း။ ကျိုး‌ကြောင်း ဆီလျော်သည့် အဖြေတစ်ခု သူမ ရှာမတွေ့ပါချေ။

ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မပြုချေ။ သူက အထက် ကောင်းကင်ရှိ ပလ္လင်များကို မော့ကြည့်ရင်း တိုက်ရိုက်သာ အဖြေပေးလိုက်၏။

“အကြွေးဆပ်ဖို့...”

ဝေ့ဝူယင်၏ စကားလုံးများက ရိုးရိုးရှင်းရှင်းသာ ဖြစ်သည့်တိုင် ထိုအတွင်း၌ ရက်စက် ယုတ်မာသည့် အစီအစဉ် တစ်ခု ပါဝင်နေသလို လော့နင်မှာ ကြက်သီးထသည် အထိ ခံစားလိုက်ရသည်။

“ဘယ်လိုလဲ...”

သူမ၏ မျက်ဝန်းများက ပိုမို၍ လေးနက်ကာ နက်မှောင်လာ၏။ ထိုအခိုက်၌ သူမ၏ စိတ်သဘောထား တစ်ခုလုံးက လုံးဝ ပြောင်းလဲသွားဟန် ရလေသည်။ ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်၏။

“ဘယ်လိုရမှာလဲ... အားစိုက်ထုတ်မှုနဲ့ပေါ့”

ထိုကဲ့သို့ ပြောလိုက်ပြီးနောက် သူက ကျောက်ဖြာထက်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ထိုအခါ ဟယ်ယန်းလဲ့မှာ ပတ်ဝန်းကျင်ကို ချိပ်ပိတ်ကာ သူ့ကိုယ်သူ ဖုံးကွယ်ထားကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးများမှ တစ်ဆင့် ထိုလူငယ်၏ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာကို ဝေ့ဝူယင် ကောင်းစွာ မြင်နိုင်ပေသည်။ အချိန်နှင့် အမျှ သူ့ မျက်လုံးများက ဆေဘာ အလင်းများနှင့် နာကျင် ခံစားနေရဟန် ရလေ၏။

ထိုဆေဘာအလင်းမှာ အလင်းမှာ သူ့အပိုင် မဟုတ်ချေ။ သေလုမြောပါး တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး နောက်တွင် သူ့စိတ် အတွင်း ကျန်ရစ်သည့် စိတ်ဒဏ်ရာ ဖြစ်သည်။ အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားဖြင့် အသက်ရှင်ခဲ့သည့်တိုင် ဆေဘာဓားချက်မှာ သူ့ဝိညာဉ်တွင် စွဲထင်နေဆဲ ဖြစ်သည်။ အကယ်၍ စိတ်ဒဏ်ရာကိုသာ ကျော်လွှားနိုင်ပါက... ကပ်ဘေးအား ဖြတ်‌ကျော်ကာ ဆေဘာ ရည်ရွယ်ချက်ကို ထိုးထွင်း သိမြင်နိုင်လိမ့်မည် ဖြစ်သည်။

ပလ္လင်များထက်တွင်တော့ အဂ္ဂိရတ် ပညာရှင်များမှာ သူတို့၏ လမ်းညွှန်သူများနှင့် အတူ ထိပ်တန်း ကျင့်ကြံခြင်း နည်းလမ်းများ၊ အဆင့် တစ်ခုချင်းစီ အတွက် အဂ္ဂိရတ် ထုတ်ကုန်များ အကြောင်းဆွေးနွေး နေကြသည်။

ရုတ်တရက်.... ဝေ့ဝူယင် အကြံတစ်ခု ရလိုက်၏။ သူက ချက်ချင်းပင် ငြိမ်သက်စွာ ထိုင်နေသည့် လော့နင်ဘက်သို့ လှည့်လိုက်သည်။

“အဂ္ဂိရတ် အင်ပါယာကျိုး... ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို အသုံးချဖို့ အပြီးပြည့်စုံဆုံး နည်းလမ်း တစ်ခု ကျုပ် စဉ်းစားရပြီ”

“ဘာလဲ...”

လော့နင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာဖြင့် ပြုံးရင်း အထက်ကို မသိမသာ မော့ကြည့်လိုက်သည်။

“ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင် ပစ်မယ်... ခင်ဗျား ကျုပ်ရဲ့ ရွေးချယ်ခံ အတွက် အဂ္ဂိရတ် ထုတ်ကုန်တွေ ဖော်စပ် ပေးရမယ်”

ထို့နောက် သူက မျက်လုံး အပြူးသား ဖြစ်နေသည့် လော့နင်ကို လျစ်လျူကာ သန်းနှင့်ချီသည့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ မရေမတွက်နိုင်သည့် မျက်နှာများကို ဖြတ်သန်းပြီးနောက် တစ်စုံတစ်ယောက်ဆီသို့ အရောက်တွင် ရပ်တန့်သွား၏။

ဝေ့ဝူယင်၏ မျက်လုံးများက ခံစားချက်များနှင့် တောက်ပသွား၏။ အတိတ်မှ မှတ်ဉာဏ်များက သူ့ အသိစိတ် ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံ သွား၏။ ကလေး တစ်ယောက် အနေဖြင့်... ဘဝထံ စွန့်စားခန်း ထွက်ခဲ့သည့် ရက်များ...။ ကြာခဲ့လေပြီ။ အချိန် အရမ်းကို ကြာခဲ့လေပြီ။

သူ၏ ငွေရောင် မျက်လုံးများက လွမ်းဆွတ်ခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း... မကြာမီမှာပင် ထိုမျက်လုံးများက အနည်းငယ် မှေးမှိန်သွားကာ အပြုံးမှာလည်း အသက်မဲ့သွား၏။ ကောင်းမွန် ငြိမ်းချမ်းသည့် မှတ်ဉာဏ်များမှာ မကြာခဏ ဆိုသလို ဆိုးရွားကာ ကြောက်မက်ဖွယ် ကောင်းသည့် အမှန်တရားများနှင့် ဒွန်တွဲ နေ‌လေ့ ရှိသည်။

ဝေ့ဝူယင် အမှတ်တရများကို လျှင်မြန်စွာ ရုတ်သိမ်းလိုက်ကာ စန်းလော့ယန် ပြောသည့် စည်းမျဉ်းများကို ပြန်လည် စဉ်းစားလိုက်သည်။ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာရန် အခြေခံ အကျဆုံး စည်းမျဉ်းက အသက် ၅၀၀ အောက် ငယ်ရန် ဖြစ်သည်။ ပြိုင်ပွဲက နောက်ထပ် သုံးနှစ်ခွဲ အကြာတွင် ကျင်းပမည် ဖြစ်လေရာ ၄၉၆ နှစ်ခွဲထက် ကြီး၍ မရပါချေ။ ထို့အပြင်... ရွေးချယ်ခံရမည့် လူမှာ ချီပျစ်ခဲခြင်း အဆင့်ခြောက် မှားသော အမှန် အဆင့်အောက်တွင်သာ ရှိရမည် ဖြစ်သည်။

ထိုသတ်မှတ်ချက်နှစ်ခု အတွင်း ဝင်သူ များများစားစား သိပ်မရှိလှပါချေ။ အားလုံးနီးပါးက ကလေးများ၊ အစေခံနှင့် အလုပ်သမားများ ဖြစ်ကြပေသည်။ အများစုက မှားသော အမှန် အဆင့်ထက် ကျော်လွန်ကြပြီး ဖြစ်သည်။

ထိုအရာများ ဖြစ်ပျက်နေစဉ်တွင် ထျန်းမူယန်မှာ အဝေးမှ ဝေ့ဝူယင်ကို တိတ်တဆိတ် ငေးကြည့် နေခဲ့၏။ ထိုလူငယ်လေးမှာ သာမန် မဟုတ်ကြောင်း သူ ဟွမ်ရီကောင်းကို အကြိမ်ကြိမ် အခါခါ အရိပ်အမြွက်ပြခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ဟွမ်ရီကောင်း၏ အပြုအမူများက ဆိုးသထက် ပိုမို၍သာ ဆိုးလာနေခဲ့သည်။

သူ့သဘောထားနှင့် မနာလိုစိတ်က လယ်ပြင်ဆင်သွားသလို ထင်ရှားလှပေသည်။ အကယ်၍ ဝေ့ဝူယင်သာ အင်ပါယာ မျိုးနွယ်နှင့် ပူးပေါင်းလိုက်ပါက ကလန် အတွင်း သူ့ ရာထူးနှင့် အဆင့်အတန်းမှာ ခြိမ်းခြောက် ခံလာရလိမ့်မည် ဖြစ်သည်။ ထိုဖြစ်နိုင်ချေကို ဖယ်ရှားရန် သူ အရာအားလုံးကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေခဲ့ခြင်း ဖြစ်သည်။

ဧကရီ ရှောင်ချန်း ပင်လျှင် အကူအညီ ကင်းမဲ့သလို ခံစားနေရ၏။ သူမ၏ အဆင့်အတန်းက မျိုးနွယ် အတွင်း ပြိုင်စံရှားသည့်တိုင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်း အတွင်း အင်ပါယာ ကလန် အပေါ် အကျိုးပြုမှုများကြောင့် ဟွမ်ရီကောင်းကို ဆုံးမဖို့ ခက်ခဲလှပေသည်။

ယန်ချောင်ယွီကဲ့သို့ ကောင်းကင် ဧကရာဇ်များများကတော့ ကလန် အဂ္ဂိရတ် အာဏာရှင် တစ်ယောက်နှင့် ထိုအကြောင်း ဆွေးနွေးနိုင်လောက်သည့် အဆင့်အတန်း သူတို့ထံတွင် မရှိကြပါချေ။ ယန်ချောင်ယွီကတော့ ဟွမ်ရီကောင်း၏ စော်ကားမှုများ အတွက် ဝေ့ဝူယင်ကို ပြန်လည် နှစ်သိမ့်ရန် အစီအစဉ်များကို စိတ်ထဲမှ စဉ်းစားနေခဲ့မိ၏။

မကြာခင်မှာပင်... သေမျိုး အဂ္ဂိရတ် အာဏာရှင် ၁၈၈ ယောက်လုံးမှာ ရွေးချယ်ခံ အသီးသီးကို ရွေးချယ် ပြီးမြောက် သွားကြပြီ ဖြစ်သည်။ မရွေးချယ်ရသေးသည့် တစ်ယောက်တည်းသော အဂ္ဂိရတ် အာဏာရှင်က ဝေ့ဝူယင် ဖြစ်ပေသည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

စန်းလော့ယန်က သတိပေးလိုက်၏။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း သိရှိပြီး နောက်တွင် သူ့လေသံမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်ကို ကြည့်လိုက်သည့် အခါတိုင်း လှပသည့် ငွေရောင် မျက်ဝန်းများက တစ်ခေတ်တစ်ခါက ထာဝရ ဧကရာဇ်အား သတိရစေသည်။ အဂ္ဂိရတ် ပညာရှင်များ အနေဖြင့် သူတို့ နှစ်ယောက်မှာ ခွဲခြားဖို့ ခက်လွန်းသည်။

သို့သော်လည်း... ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် ဝိညာဉ် မရှိကြောင်း ပြန်ပြောင်း သတိရလိုက်မိချိန်တွင်တော့ စန်းလော့ယန် သက်ပြင်းချလိုက်မိသည်။ ထိုအချက်က... ဝေ့ဝူယင် ဘယ်လောက်ပဲ ထူးချွန်၊ ထူးချွန် အဂ္ဂိရတ် နယ်ပယ်တွင် စန်းလော့ယန်ကို မမှီနိုင်ကြောင်း သက်သေပြနေပေသည်။ သူက မကြာခင် အကန့်အသတ်ကို ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ဟူး... ဟူး...

စန်းလော့ယန်ထံမှ သတိပေးမှုကို ရရှိပြီးနောက် ဝေ့ဝူယင်က ဖြည်းညင်းစွာပင် မတ်တပ်ရပ်ကာ ချီပျစ်ခဲခြင်း အဆင့် ရှစ်ထောင် နီပါး စုစည်းနေသည့် နေရာသို့ ပျံသန်း သွားလိုက်သည်။

လမ်း၌... အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ရွေးချယ်ခံများကို လှမ်းကြည့်ရင်း သူ ခေါင်းခါ လိုက်မိသည်။ အားလုံးက လူငယ်လေးများ ဖြစ်ကြပေသည်။ အသက် နှစ်ဆယ်ပင် ကျော်သေးပုံ မပေါ်ချေ။ ထို့အပြင်... အားလုံးမှာ စိတ်လှုပ်ရှားနေကြပုံ ရလေ၏။

သူတို့က ရွေးချယ်ခံ သူရဲကောင်းများ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထိုအခွင့်အရေးနှင့် အတူ သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းတို့မှာ များစွာ တိုးတက် လာတော့မည် ဖြစ်သည်။ သူတို့၏ ဘဝလမ်းကြောင်းများကား ပြောင်းလဲ သွားပေတော့မည်။

ဝေ့ဝူယင်က သူ့အကြည့်များကို ကျောက်ဖြာထက်သို့ ပြန်လည် ပို့လွှတ်လိုက်၏။ ထိုနေရာတွင်တော့ မျက်ဝန်း တစ်ခုလုံး မျက်ရည်များနှင့် ပြည့်လျှံနေသည့် ပါးဖောင်းဖောင်း ဝတုတ်တုတ် ချစ်စရာ ယောက်ျားကြီး တစ်ယောက် ရှိနေခဲ့ပေသည်။ သူက သူနှင့် ဆင်တူသည့် ကလေးငယ်လေး တစ်ယောက်ကို ချီပိုးထား၏။

ဝေ့ဝူယင်က ဖြည်းညင်းစွာပင် မြောပါရင်း လူငယ် အကြား၌ ဆင်းသက်လိုက်သည်။ သူ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ လူများမှာ နောက်ဆုတ်ကာ နေရာလွတ် တစ်ခု ဖန်တီး ပေးလိုက်၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ဆက်လက် လျှောက်လာကာ မလှုပ်မယှက် ရပ်နေသည့် ပုဂ္ဂိုလ်၏ အရှေ့၌ ရပ်လိုက်သည်။

ယောက်ျားကြီးမှာ သေမျိုး သူဌေးများ ဝတ်လေ့ဝတ်ထ ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ ၎င်းက ဝူတိုင်းပြည်ရှိ လူများ ဝတ်ဆင်လေ့ ရှိသည့် ရိုးရာ ဝတ်စုံနှင့် အတော်လေး ဆင်တူလှပေသည်။ သူ့လက်ထဲရှိ ကလေးငယ်လေးကတော့ ကြီးမား ဝိုင်းစက်သည့် မျက်လုံးကြီးများဖြင့် ဝေ့ဝူယင်ကို အကြောက်အလန့် ကင်းမဲ့စွာ အကဲခတ် နေခဲ့၏။

“ဖေဖေ... ဖေဖေ... သူ ရောက်လာပြီ...”

သူက ဖခင်ဖြစ်သူ၏ အင်္ကျီ လက်ကို ဆွဲရင်း နားနားကပ်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။ သို့သော်လည်း... ယောက်ျားကြီးကတော့ ခံစားချက်များ အတွင်း နစ်မြုပ်နေဆဲ ဖြစ်ကာကာ မျက်ဝန်း တစ်ခုလုံး မျက်ရည်များနှင့် ပြည့်လျှံနေသည်။ သူက နှပ်ချေးများပင် ထွက်နေ၏။

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် သွားကြ၏။ အားနည်းသည့် ကျင့်ကြံခြင်း အခြေခံနှင့် ထိုဖက်တီးက ဝေ့ဝူယင်နှင့် သိနေသည်လား။ မည်ကဲ့သို့နည်း။

ယောက်ျားကြီးက နှပ်ချေးနှင့် မျက်ရည်များကို အင်္ကျီ လက်အိုးနှင့် သုတ်လိုက်ရင်း မဝံ့မရဲ လေသံဖြင့်...

“သ... သခင် လား...”

ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်ရင်း လတ်ဆတ် မွှေးကြိုင်နေသည့် အနီရောင်ရဲရဲ ပန်းသီးကလေး တစ်လုံးကို ထုတ်လိုက်၏။ ၎င်းက မကြာသေးခင်ကမှ ဆွတ်ခူးထားဟန် ရကာ အလွန် အရသာ ရှိပုံ ပေါ်လေသည်။

ထိုပန်းသီးလေးကို မြင်လိုက်ရသော အခိုက်၌ ယောက်ျားကြီး၏ မျက်လုံးများက လွမ်းဆွတ်မှုများနှင့် ပြည့်နှက် သွားခဲ့၏။ အချိန် ကြာခဲ့ပြီ...။ အချိန် အရမ်းကို ကြာခဲ့ပြီ ဖြစ်သည်။

***

All Chapters