တုလင်၏ ပါရမီ
Vol. 75 Ch. 1044
“ကျွန်... ကျွန်တော်လား...”
တုလင်က ကိုယ့်ကိုယ်ကို လက်ညိုးထိုးရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က အသာအယာပင် ခေါင်းညိတ်ရင်း တုပင်းလေးကို သူ့အကို တုမင် လက်ထဲသို့ ထည့်ပေးလိုက်သည်။ တုမင်မှာ အသက် နှစ်ဆယ်ကျော် ရှိကာ ဝေ့ဝူယင် နေသွေးနီနီးဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် မကြာခင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
“သွားကြမယ်...”
ဝေ့ဝူယင်က တုလင်၏ အင်္ကျီလက်ကို ဆုပ်ကိုင်ရင်း တုပင်းလေးကို လှမ်းကြည့်လိုက်၏။
“ဒီဦးလေးက မင်းဖေဖေကို ခဏ ခေါ်သွားဦးမယ်.. မစိုးရိမ်နဲ့... တစ်လတစ်ခါ ဦးလေးတို့ လာလည်လှည့်မယ်... ကောင်းကောင်းကျင့်ကြံနေ”
ခရက်...
ရုတ်တရက် ပတ်ဝန်းကျင်က ပြောင်းလဲသွားသလို တုလင် ခံစားလိုက်ရ၏။ ဘေးပတ်လည်ကို ကြည့်လိုက်တော့ နောက်မှီ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အဘွားအို တစ်ယောက်ကို သူ တွေ့လိုက်ရသည်။ သူက ဝေ့ဝူယင် ရွေးချယ်ထားသည့် လမ်းညွှန်သူပင် ဖြစ်လေသည်။
တုလင်မှာ ယခုတိုင် မယုံကြည်နိုင်သလို ခံစားနေရဆဲ ဖြစ်သည်။ ဝေ့ဝူယင်က ယခုလို အရေးကြီးသည့် ပြိုင်ပွဲမျိုး အတွက် သူ့ကို အမှန်တကယ် ရွေးချယ်တော့မည်လော။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဝေ့ဝူယင်ကို အသက် အန္တရာယ် ကျရောက်လုဆဲဆဲ ဖြစ်စေခဲ့သည့် အမှား တစ်ခုကို တုလင် ပြန်လည် မြင်ယောင် လိုက်မိ၏။ သူက တကယ်ပဲ သင့်တော်ပါ၏လော။ တုလင် တစ်ယောက် အတွေးများနေစဉ်မှာပင် စန်းလော့ယန်ထံမှ ကြေညာချက် ထွက်ပေါ်လာခဲ့၏။
“သတ်မှတ်ချိန် ခုနစ်ရက် တိတိ ပြည့်သွားခဲ့ပါပြီ... အားလုံး မြင်ရတဲ့ အတိုင်းပဲ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ချင်းစီဟာ ရွေးချယ်ခံ သူရဲကောင်းတွေကို ရွေးချယ် ပြီးစီးသွားကြပါပြီ... ဆိုတော့ကာ ကျုပ်တို့ အားလုံး စောင့်မျှော်နေတဲ့ မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲကြီးရဲ့ ပထမ အဆင့် ဖြစ်တဲ့ ဖွံဖြိုးခြင်း အဆင့်ကို စတင်လိုက်ကြတာပေါ့”
“အားလုံး မျှမျှတတ ဖြစ်သွားအောက်လို့ ရွေးချယ်ခံ သူရဲကောင်းတွေ မစားသုံးခင် အဂ္ဂိရတ် ထုတ်ကုန်တွေ အားလုံးကို ကျုပ်တို့ စစ်ဆေးရပါလိမ့်မယ်... နောက်ပြီး ထာဝရ အစည်းအရုံးက ပေးအပ်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကိုပဲ ဆေးဖော်စပ်တဲ့ နေရာမှာ သုံးခွင့် ရှိပါတယ်... လိုအပ်တဲ့ ရင်းမြစ်ကို ဝိညာဉ် ကျောက်ပြားမှာ ရေးပြီး ဆက်သွယ်လိုက်ရုံပါပဲ... အများဆုံး သုံးရက် အတွင်း ခင်ဗျားတို့ အဲဒါကို ရရှိပါလိမ့်မယ်”
စန်းလော့ယန် စည်းမျဉ်းများကို ကြေညာပြီးနောက် များလှစွာသော သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူတို့၏ လျှို့ဝှက် စွမ်းအင်များဖြင့် ကောင်းကင် နန်းတော်များ ဖန်တီးကာ သူတို့၏ လမ်းညွှန်သူနှင့် ရွေးချယ်ခံ သူရဲကောင်းများကို အတွင်းသို့ ခေါ်ဆောင်လိုက်ကြသည်။ မကြာခင် ကောင်းကင် တစ်ခုလုံးမှာ အလွန် လှပသည့် နတ်ဘုံနတ်နန်းများနှင့် ပြည့်နှက် သွားခဲ့၏။
ဝေ့ဝူယင်ကတော့ ထိုကဲ့သို့ လိုအပ်သည်ဟု မခံစားရချေ။ ဝူယုကသာ လှုပ်ရှားလာာ လျှို့ဝှက် စွမ်းအင် အမိုးခုံး တစ်ခုကို ဖန်တီး၍ သူတို့ သုံးယောက်ကို လွှမ်းခြုံလိုက်၏။ အမိုးခုံးမှာ သိပ်မကျယ်လှသည့်တိုင် ပုံမှန် ကျင့်ကြံဖို့တော့ လုံလောက်ပေသည်။
မဟာစက်ဝန်း ရှန့်ထို အဂ္ဂိရတ် တိုက်ပွဲကြီးကား တရားဝင် စတင်ခဲ့ချေပြီ ဖြစ်လေသည်။
...
“မင်းသားလေး...ကျွန်မ ဘာလုပ်ပေးရမလဲ... ဒါပေမဲ့ ဒီအရိုးအိုကြီးတွေက အရင်တုန်းကလောက် မမြန်တော့ဘူး ဆိုတာတော့ သခင်လေးကို အသိပေးထားချင်တယ်”
လော့နင်က ကုလားထိုင်မှ တက်ကြွစွာ ထလိုက်ရင်း ပြောလိုက်၏။ သူမ ဝေ့ဝူယင်ကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့သည်။ မျှော်လင့်ချက် မရှိတာနှင့် စာလျှင် ဘယ်လိုပဲ ဖြစ်ဖြစ်... တစ်ခုခုကို ဆုပ်ကိုင်ထားရတာက ပိုမို ကောင်းမွန်သည်။ လိုဏ်ခေါင်း အဆုံးမှ အလင်းရောင် အတွက် သူမ အကောင်းဆုံး ကြိုးစားလုပ်မည် ဖြစ်သည်။
အခြားတစ်ဖက်၌ တုလင်ကတော့ စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ သူက တိုက်ခိုက်ရေးသမား တစ်ယောက် မဟုတ်သလို ပါရမီပါသည့် ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ချေ။ သူ၏ အကောင်းဆုံး အရည်အသွေးက ဘဏ္ဍာထိန်းခြင်းနှင့် အောက်ခြေသိမ်း ကိစ္စများ ဆောင်ရွက်ခြင်း ဖြစ်သည်။ အတိတ်မှ ဆက်ဆံရေးများကြောင့် သခင်ဖြစ်သူက ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
အမှန်တကယ်အားဖြင့် သားများ ပင်လျှင် သူ့ထက် ပိုမို သင့်တော်သည်ဟု တုလင် ယူဆမိသည်။ သို့သော်လည်း ဝေ့ဝူယင်ကို သူ ယုံကြည်ပေသည်။ နေသွေးနီနီဂိုဏ်းတွင် အတူ နေထိုင်စဉ် အခါက သခင်ဖြစ်သူ၏ အစီအစဉ်များမှာ တစ်ခါမှ မလွဲချော် ဖူးပါချေ။
ဝေ့ဝူယင်ကတော့ အလေးအနက်ပင် စဉ်းစား နေခဲ့၏။ ဤတိုက်ပွဲနှင့် ပတ်သက်၍ သူ့ထံတွင် ရည်ရွယ်ချက် သုံးခု ရှိပေသည်။
နံပတ်တစ်... အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားသည့် သူ့ လျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းထားဖို့ ဖြစ်သည်။ သူ့ အစွမ်းအစ အကုန်ကို ထုတ်ပြလိုက်ပါက မျှော်လင့်မထားသည့် သက်ရောက်မှုများ ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုအရာကို ဝှက်ဖဲ အဖြစ် ထိန်းသိမ်းထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။
နံပတ်နှစ်... အဂ္ဂိရတ် ဧဒင် အင်အား၏ စိတ်စွမ်းအင်ပိုင်း သက်ရောက်မှုများကို စမ်းသပ်မှုများ ပြုလုပ်ရန် ဖြစ်သည်။ ငယ်ရွယ်စဉ် အခါက ဉာဏ်အလင်းနှင့် ဗဟုသုများ ပါဝင်နေသည့် စိတ်စွမ်းအင်များကို စုမေ့ထံ လွှဲပြောင်းပေးဖို့ သူ စမ်းသပ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုကတည်းက အသိပညာနှင့် ကျင့်ကြံခြင်း အခြေခံ နိမ့်ပါးမှုတို့ကြောင့် ထပ်မံ မစမ်းသပ်ရန် သူ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင်... ထိုနည်းလမ်း၏ အာနည်းချက်နှင့် အကန့်အသတ်များ အကြောင်းလည်း သူ မသိချေ။
နံပတ်သုံး... တုလင်ကို တိုက်ပွဲတွင် အနိုင်ရရှိအောင် ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်။ ၎င်းက သူ၏ ရည်ရွယ်ချက် သုံးခုထဲတွင် စိန်ခေါ်မှု အကြီးမားဆုံး ဖြစ်သည်။ အဘယ်ကြောင့်နည်း။ တုလင်ကို ပြုစုပျိုးထောင် ပေးမည့်လူက သူကိုယ်တိုင် မဟုတ်သောကြောင့် ဖြစ်သည်။ လော့နင်မှာ သူ့ ကိုယ်စား ဆောင်ရွက်ပေးလိမ့်မည် ဖြစ်သည်။ လော့နင်မှာ တုလင်ကို အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား သန့်စင်နိုင်သည့် အဆင့် တစ်ခု အထိ ဆောင်ကျဉ်းပေးနိုင်မည်လား သူလည်း မသေချာချေ။
အစီအစဉ် အပိုင်းအစများကို အချိန် ကြာမြင့်စွာဆက်ပြီး နောက်တွင်မှ ဝေ့ဝူယင်က စတင်ကာ စကားပြောလိုက်လေ၏။
“မင်းတို့ နှစ်ယောက် ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တာမျိုး ကျုပ် မြင်ချင်တယ်”
“သင့်တော်တဲ့ လမ်ညွှန်သူ မရှိပဲနဲ့ ရှင့်ရဲ့ ဒီရွေးချယ်ခံ သူရဲကောင်းက သူ့ပြိုင်ဘက်တွေကို ယှဉ်နိုင်ပါ့ မလား”
လော့နင်မှာ သံသယ အပြည့်ဖြင့် တည်ရှိနေဆဲ ဖြစ်သည်။ သူမ အနေဖြင့် တုလင်ကို ကောင်းမွန်သည့် ကျင့်ကြံခြင်း အခြေခံမျိုး တည်ဆောက်ကောင်း တည်ဆောက် ပေးနိုင်ပေသည်။ သို့သော်လည်း... ထူးချွန်သည့် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာအောင်တော့ မြေတောင်မြှောက်ပေးနိုင်လိမ့်မည် မဟုတ်ပါချေ။ သူမထံတွက် တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် ဘာအတွေ့အကြုံမှ မရှိချေ။ သို့ဖြစ်လေရာ... တုလင်ကို မည်ကဲ့သို့ သင်ကြားပေးနိုင်ပါမည်နည်း။
“သင့်တော်တဲ့ လမ်းညွှန်သူ မလိုပါဘူး... တုလင်ကို ကျုပ် ကိုယ်တိုင် သင်ပေးမှာ”
ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာပင် ကြေညာလိုက်သည်။ လော့နင်က အံ့အားသင့်ဟန်ဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သို့သော်လည်း တုလင်ကတော့ အံ့အားသင့်ဟန် မရချေ။ သခင်လေးမှာ ငယ်ငယ်ကတည်းက တိုက်ခိုက်ရေးဘက်၌ အလွန် ထူးချွန်သူ ဖြစ်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ရှင် နောက်နေတာတော့ မဟုတ်ပါဘူးနော်... ရှင်က လောကသခင် အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်သေးတာ မဟုတ်ဘူး... အခြား လမ်းညွှန်သူတွေ အားလုံးက လျှို့ဝှက် ကြယ်တာရာ အဆင့်တွေချည်းပဲ... လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းဖို့ ကျရှုံးခဲ့တယ် ဆိုရင်တောင် အဆင့်နိမ့် အလွှာတွေ အတွက် သူတို့ နားလည်မှုက အံ့မခန်း အဆင့်ကို ရောက်နေပြီ... ရှင်က ခုမှ ဉာဏ်အလင်း ဖမ်းဆုပ်ဆဲ အဆင့်မှာပဲ ရှိသေးတာ”
လော့နင်က ထောက်ပြလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က နည်းနည်းလေးမျှ တုန်လှုပ်ပုံ မရချေ။ သူက တုလင်ဘက်ကိုသာ လှည့်ကာ မေးလိုက်၏။
“တုလင်... မင်း ဘယ်လမ်းစဉ်ကို ကျင့်ကြံချင်လဲ”
ထို့နောက် သူက ညာဘက် လက်ကို ဆန့်ထုတ်ကာ လက်ဖဝါးကို ဖြန့်လိုက်သည်။
ဂျစ်... ဂျစ်... ဂျစ်...
ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ မတူကွဲပြားသည့် စက်ဝိုင်း ကိုးခုမှာ သူ့ လက်ဝါးထက်၌ ဖြစ်ပေါ်လာသည်။ ၎င်းတို့ တစ်ခုချင်းစီက မြေကြီး၊ ရေ၊ လေ၊ မီး၊ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူနှင့် ရေခဲ တည်းဟူသော ဒြပ်စင်ကိုးမျိုးကို ကိုယ်စားပြုနေပေသည်။
“ဒြပ်စင် လမ်းစဉ်လား...”
သူက တစ်ဆက်တည်းပင် ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်၏။
ရွှင်း...
ထက်ရှသည့် အလင်းတန်း တစ်ခုက သူ့လက်ဝါးထက်၌ ပေါ်လာကာ ကမ္ဘာကြီးကို ဖြတ်တောက်ရန် ခြိမ်းခြောက်လာ၏။ ၎င်းတို့က ဓား၊ ဆေဘာ၊ လှံ၊ ပုဆိန် တို့ အပါအဝင် လက်နက်အမျိုးအစား အမျိုးမျိုး အဖြစ် တစ်လှည့်စီ ပြောင်းလဲ သွားကြသည်။ ၎င်းတို့ကို သွေး၊ စစ်ပွဲနှင့်၊ သတ်ဖြတ်ခြင်းတို့က တင်းကြပ်စွာဖြင့် ချည်နှောင်ထား၏။
“စစ်လမ်းစဉ်လား”
လော့နင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ တုလင်၏ မျက်လုံးများကတော့ ဝေ့ဝူယင်၏ လက်ဖဝါး နှစ်ဖက်ကို စိုက်ကြည့် နေခဲ့သည်။
ရား...
ဝေ့ဝူယင်၏ ရင်ဘတ်မှ ကျယ်လောင်သည့် ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ ဖိအားက ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားလေရာ လျှို့ဝှက် အကာအကွယ်မှာ တဖျပ်ဖျပ် တုန်ရီသွားခဲ့သည်။
“သိုင်းလမ်းစဉ်လား... ဒါမှမဟုတ်...”
ဝေ့ဝူယင်က နောက်ထပ် လမ်းစဉ် တစ်ခုကို ပုံဖော်ဖို့ ပြင်လိုက်၏။ သို့သော်လည်း... ထိုအခိုက်တွင်ပင် တုလင်က ကြားဖြတ်ကာ အာခေါင်များ ခြောက်ကပ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
“ချော်ရည်ပူ...”
စကားလုံး တစ်လုံးတည်း ဖြစ်သည့်တိုင် ၎င်းမှာ သူ၏ အစစ်မှန်ဆုံးသော စိတ်နှင့် ဝိညာဉ်တို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။
“ကောင်းတယ်...”
ဝေ့ဝူယင်က ပြုံးကာ လက်ခုပ်တီးလိုက်၏။ ပုံရိပ်များက လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။
“အခု ငါတို့မှာ ဦးတည်ချက် ရှိပြီ... ဦးတည်ချက် ရှိရင် ရည်ရွယ်ချက်လည်း ရှိပြီ”
တုလင် အနှစ်သက်ဆုံး လမ်းစဉ်က ဒြပ်စင် ဖြစ်လေရာ အခက်ခဲဆုံးသော ရည်ရွယ်ချက်မှာ ဆယ်ဆ ပိုမို၍ လွယ်ကူ သွားခဲ့ပြီ ဖြစ်လေသည်။
***