← Chapters

ရလဒ်

Vol. 75 Ch. 1047

ရလဒ်

Vol. 75 Ch. 1047

အဓိက ခန်းမ အတွင်း၌ အချိန်ကာလ ဆိုသော ယန္တရားမှာ ငြိမ်းချမ်းစွာပင် ဖြတ်ကျော် နေခဲ့လေသည်။ ဝန်းကျင် တစ်ခုလုံးကား လူသန်းနှင့်ချီ တည်ရှိနေသည်ဟု မထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက် နေ၏။ ထာဝရ အစည်းအရုံး၏ ဧည့်ခံမှုများ အဆုံးသတ် သွားပြီးနောက် အကြမ်းဖျဉ်း နှစ်လခန့် အကြာတွင် ဝိညာဉ် ရှန့်ထို ဧကရာဇ် ရောက်ရှိလာခြင်းမှ တစ်ပါး ထူးထူးခြားခြား ဖြစ်ရပ် မရှိသလောက်ပင်။

မဟာစက်ဝန်း ရှန့်ထို ညီလာခံ စတင်သည့် အချိန်ကတည်းက စ၍... ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ ဝိညာဉ် ဧကရာဇ် တိုင်းမှာ ဖြစ်စဉ် တစ်ခုလုံးတွင် ပျောက်ကွယ် နေခဲ့လေသည်။ သင်္ဘောများ ရောက်ရှိလာခဲ့သည့်တိုင် သူတို့က လူသိရှင်ကြားပင် လစ်ဟာနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ ထူးထူးဆန်းဆန်း အပြုအမူကြောင့်ပင် မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များ ကြား၌ မှန်းဆချက်နှင့် သံသယ အချို့ကို ဖြစ်ပေါ်စေခဲ့သည်။

အားလုံး သိထားကြသည်က... အစ ပထမ၌ မဟာစက်ဝန်း အဂ္ဂိရတ် ရှန့်ထို ညီလာခံကို ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူ အချိန်မှီ ရောက်မလာခဲ့မှုကြောင့်ပင် ပုပ်ရဟန်း မင်းကြီးက ဝင်ရောက် ဖွင့်လှစ် ပေးခဲ့ရခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော်... ပုပ်ရဟန်းမင်းကြီးမှာ အစားထိုး ပုဂ္ဂိုလ်ပင်။ သို့သော်လည်း... သူက ထိုနေရာကို လွယ်လင့်တကူ ရထားခဲ့သည်တော့ မဟုတ်သေးချေ။

ထာဝရ အစည်းအရုံးမှာ ထိုအခွင့်အရေး အတွက် အဆုံးမဲ့ သိုင်းဂိုဏ်း၏ အဆုံးမဲ့ သိုင်းဧကရာဇ်ကို ကမ်းလှမ်းခဲ့သေးသည့်တိုင် ထိုပုဂ္ဂိုလ်ကြီးက ပယ်ချခဲ့သည်။ မည်သို့ပင် ဆိုစေ... သူက ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် တန်းတူ ကျော်ကြားသူ ဖြစ်သည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ် ရောက်မလာမှသာ သူ့ကို အစားထိုး ကမ်းလှမ်းခဲ့ခြင်းက စော်ကားရာ ကျပေသည်။

ထို့အပြင်... အဓိက ခန်းမ အတွင်း ရောက်ရှိချိန်တွင်လည်း အဆုံးမဲ့ သိုင်းဧကရာဇ်မှာ သူ့အတွက် ရည်ရွယ်ထားသည့် ပလ္လင်ကို ‌ဒေါသတကြီးဖြင့် အစိတ်စိတ် ဖျက်ဆီးကာ ထာဝရ နတ်ဘုရားတို့ ရှိနေသည့် သီးသန့် ဟင်းလင်းပြင် ဝင်ရောက် သွားခဲ့သည်။ ထိုအချိန်မှ စ၍ သူ့ကို မတွေ့ရသလို၊ သူ့အသံကိုလည်း မကြားရတော့ချေ။

သို့သော်လည်း... ထိုပုဂ္ဂိုလ်ကြီးမှာ ထာဝရ နတ်ဘုရား၊ ပန်းပဲ နတ်ဘုရား အင်ပါယာ၊ တော်ဝင် မျိုးနွယ် အကြံပေး၊ ရွှေ‌ရောင် ဂိတ်တံခါး နန်းတော်၏ ပု‌ရောဟိတ်၊ အာကာသ ဝေဟင်ဂိုဏ်း အကြီးအကဲတို့နှင့် အတူ ညီလာခံကို သီးသန့် ဟင်းလင်းပြင်ထဲမှ စောင့်ကြည့်နေမည် ဖြစ်ကြောင်း အားလုံး သိကြပေသည်။

ရွှေရောင် အသက်နန်းတော်နှင့် အဆုံးမဲ့သိုင်းဂိုဏ်းတို့၏ ခေါင်းဆောင်များကို အဓိက ခန်းမထဲတွင်သာ နေရာ ချထားရန် ပြင်ဆင်ထားခြင်းကို ထောက်ချင့်ရပါက ထာဝရ အစည်းအရုံးမှာ မာ့ကျန်းနှင့် အဆုံးမဲ့ သိုင်းဧကရာဇ်တို့ကို သီးသန့် ဟင်းလင်းပြင်နှင့် မထိုက်တန်ဟု ယူဆ ထားခဲ့ပုံ ရသည်။ ထိုအရာကပင် အဆုံးမဲ့ သိုင်းဧကရာဇ်ကို ‌ဒေါသထွက် စေခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ် အကြောင်းအား ပြန်သွားရပါက... ထိုပုဂ္ဂိုလ်ကြီးမှာ ဝိညာဉ် ဧကရာဇ် ခုနစ်ယောက်နှင့် ဘယ်သူမှ မျှော်လင့် မထားသည့် ဇာတ်ကောင် နှစ်ယောက်ကို ခေါ်ဆောင်ကာ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

ပထမ တစ်ယောက်ကတော့ ကြယ်ကွင်းပြင် တစ်ခုလုံး မမေ့နိုင်သည့် ယွီစွန်းလီပင် ဖြစ်သည်။ သူမက တစ်ခေတ်တစ်ခါက နတ်မိမယ် စာရင်း နံပတ်တစ် ဖြစ်ကာ ကာလ ရှည်ကြာ ပျောက်ဆုံး နေခဲ့သည့် မင်းသမီးလေး အဖြစ် ထင်ရှားသည်။ သူမ ပေါ်လာခဲ့သော အခိုက်၌ ပြိုင်စံရှားသည့် ရုပ်ရည် သွင်ပြင်နှင့် အရောင် အသွေး စုံလင်လှသည့် အလှတရားက အားလုံးကို ဆွံ့အ ငြိမ်သက် သွားစေခဲ့သည်။

ယွီစွန်းလီနှင့် အတူ ရောက်ရှိလာသည့် နောက်ထပ် တစ်ယောက်ကတော့ ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထို၏ ရာထူးကို မကြာသေးခင်ကမှ ဆက်ခံထားသည့် တစ်ယောက်ပင် ဖြစ်သည်။ သူမက ယခင်က ဝိညာဉ် ရှန့်ထို နယ်မြေတွင် နေထိုင်ခဲ့ကာ လောကဖြိုခွင်းသူ ယွီလီရှင်းပင် အဖြစ် ကျော်ကြားခဲ့သည်။ သူမ၏ အဆင့် တက်လှမ်းနိုင်ခဲ့မှုက မြေကြီးရှန့်ထိုများကိုပင် လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်က သူမကို ဝိညာဉ် ဖြိုခွင်းခြင်း ရှန့်ထို ဘွဲ့ထူးဖြင့် ချီးမြှောက်ခဲ့ကာ သူမ၏ ဝိညာဉ် မြှင့်တင်ခြင်း နယ်မြေကိုလည်း ဝိညာဉ် ဖြိုခွဲခြင်း နယ်မြေ အဖြစ် နာမည် ပြောင်းလဲ ပေးခဲ့သည်။ ခေတ်သစ် တစ်ခုကား သူမ လက်အောက်တွင် စတင်ခဲ့ပြီ ဖြစ်သည်။

အဓိက ခန်းမ အတွင်း ရောက်ရှိပြီးနောက်... ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ ထိုနေရာတွင် မနေချေ။ သူက ယွီစွန်းလီကို ခေါ်ဆောင်ကာ သီးသန့် ဟင်းလင်းပြင်ထဲ ဝင်ရောက် သွားခဲ့သည်။

ထို့အပြင်... ပလ္လင်ထက်ရှိ ပုဂ္ဂိုလ်များ သတိထားမိခဲ့သည့် အပြန်အလှန် ဆက်သွယ်မှု တစ်ချို့လည်း ရှိခဲ့ပေသည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ မထွက်ခွာခင် ဝေ့ဝူယင်၏ အမိုးခုံးကို တစ်ချက် လှမ်းကြည့် သွားခဲ့သည်။ အချို့သော လူများသာလျှင် ထိုအကြည့်၏ နောက်ကွယ်မှ အကြောင်းတရားကို နားလည်ကြပေသည်။

အခြားတစ်ဖက်၌... ယွီစွန်းလီ၏ လှပသော မျက်ဝန်းများကတော့ တစ်ချိန်လုံး အမိုးခုံးပေါ်တွင်သာ တဝဲလည်လည် တည်မြဲနေခဲ့ကြောင်း လူတိုင်း သတိပြုမိခဲ့ပေသည်။

အခြေအနေများ ငြိမ်သက်သွားပြီးနောက် မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နောက်ကျနေရသည့် အကြောင်းရင်းကို စပ်စုခဲ့ကြလေသည်။ ထိုဖြစ်ရပ်က လျှို့ဝှက်ချက် တစ်ခု မဟုတ်လေရာ မကြာခင်မှာပင် ဝိညာဉ် ဧကရာဇ်များက ပိုးမွှား အချို့ကို ရှင်းလင်းနေခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောပြခဲ့ကြသည်။

သူတို့က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ အရိပ်ဥ သုံးခုကို ဖျက်ဆီးခဲ့ကြကာ သန်းနှင့်ချီသည့် အသက်များကို ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုသတင်းက အဓိက ခန်းမ တစ်ခုလုံးကို အုတ်အုတ်ကြွပ်ကြွပ် ဖြစ်သွားစေခဲ့သည်။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမက အစစ်အမှန် မွေးဖွားခြင်း အဖွဲ့အစည်း အတွက် သန့်ရှင်းရေးကို စတင် နေခဲ့ပြီလား။

ဝိညာဉ်ရှန့်ထို ဧကရာဇ် ရောက်ရှိလာပြီးနောက် နောက်ထပ် ဖြစ်ပွားခဲ့သည့် အဓိက အဖြစ်အပျက်များကတော့ ကြယ်တာရာ ကပ်ဘေးများ ဖြစ်သည်။ ထိုအတောအတွင်း၌ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများစွာမှာ အဆင့်ချိုးဖျက်ရန် ကြိုးပမ်း ခဲ့ကြကာ ကြယ်တာရာ အမြုတေ အဆင့်များ ဖြစ်လာကြသည်။

မြေကြီး ရှန့်ထိုများ၊ ထိပ်သီး အဆင့် ဖန်တီးခြင်း ပညာရှင်များ၏ စောင့်ကြည့်မှု ‌အောက်တွင် ကပ်ဘေးနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ မပေါ်ခဲ့ပါချေ။ သို့သော်လည်း လူတိုင်း အောင်မြင်ခဲ့ကြသည်တော့ မဟုတ်။ ကျရှုံးသူများလည်း ရှိပေသည်။

ကံကောင်းထောက်မစွာပင်... ကျရှုံးမှုများ ဖြစ်ပေါ်သည်နှင့် သက်ဆိုင်ရာ ကြယ်တာရာ နယ်မြေ၏ မြေကြီး ရှန့်ထိုများက တိုက်ရိုက်ပင် ဝင်ရောက် စွက်ဖက်ကာ သေမျိုးတာအိုကို သက်ရောက် စေခဲ့သည်။ ဤနည်းဖြင့် သူတို့မှာ ဒုတိယ အကြိမ်မြောက် အခွင့်အရေးကို ရရှိလိမ့်မည် ဖြစ်သည်။

မြေကြီး ရှန့်ထိုများ၏ ဝင်ရောက် စွက်ဖက်မှုကို တွေ့မြင်ပြီးနောက်တွင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များမှာလည်း လောကသခင် အဆင့်ကို တက်လှမ်းရန် ယုံကြည်ချက် ရှိရှိဖြင့် ကြိုးစား လာကြသည်။ မြေကြီး ရှန့်ထိုများကလည်း စိတ်ပျက်စေခြင်း မရှိချေ။ သူတို့က ကူညီပေးစမြဲ ဖြစ်သည်။ ထိုအရာက သူတို့ အတွက် အပျင်းဖြေစရာလည်း ဖြစ်သည်။

ထိုအတောအတွင်း၌ ဘယ်သူ့ အကူအညီမှ မလိုပဲ လောကသခင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ကျင့်ကြံသူများလည်း ရှိပေသေးသည်။ ဥပမာ အားဖြင့် ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့ နှစ်ယောက်စလုံးမှာ အံ့အားသင့်ဖွယ် ကျင့်ကြံခြင်း အခြေခံများနှင့် လောကသခင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

နောက်ဆုံးသော အုံကြွမှုကတော့ မဟာစက်ဝန်း ရှန့်ထို အဂ္ဂိရတ် တိုက်ပွဲ၏ ဖွံ့ဖြိုးမှု အဆင့် နိဂုံးချုပ်ခြင်းပင် ဖြစ်လေသည်။ လေးဆယ့် နှစ်လ ကြာမြင့်ပြီးနောက် ပထမတိုက်ပွဲကား အဆုံးသတ်သို့ ရောက်ခဲ့လေပြီ ဖြစ်သည်။

အဓိက ခန်းမ အတွင်းရှိ လူများမှာ သေမျိုး အဂ္ဂိရတ် ပညာရှင်များ သုံးနှစ်တိုင်တိုင် ပြုစု ပျိုးထောင်ထားသည့် ရလဒ်ကို တွေ့မြင်ရဖို့ စိတ်လှုပ်ရှား နေကြသည်။

ရွေးချယ်ခံ သူရဲကောင်းလေးများမှာ မည်ကဲ့သို့ ပြောင်းလဲ သွားကြမည်နည်း။ သူတို့က အမြင့်ကို ပျံသန်းကာ ကိုယ်ပိုင် ဒဏ္ဍာရီများကို စတင်နိုင်ကြတော့မည်လော။

ရွေးချယ်ခံ သူရဲကောင်း ၂၄၅ ‌ယောက်တွင် တစ်ယောက်သာ နောက်ဆုံး အနိုင်ရရှိလိမ့်မည်ည ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၅ ယောက်တွင် တစ်ယောက်သာ ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ပိုင်ခွင့် ရရှိလိမ့်မည် ဖြစ်သည်။

အချိန် ရေတွက်မှု သုည သို့ ကျဆင်းသွားသည့် အခိုက်အတွင်တော့ ပထမဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင်မှာ အဂ္ဂိရတ် သူရဲကောင်း၊ လမ်းညွှန်သူတို့နှင့် အတူ သူမ၏ ကောင်းကင် နန်းတော်ထဲမှ ထွက်ပေါ်လာခဲ့တော့သည်။

...

မူယုယ...

သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၅ ယောက်ထဲ၌ ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယမှာ ပထမဆုံး ပြန်လည် ထွက်ပေါ်လာသူ ဖြစ်သည်။ သူမ၏ နံဘေးတွင်တော့ အထီးကျန် ဆေဘာဂိုဏ်းချုပ် တောက်ယုဝမ်နှင့် ရွေးချယ်ခံ သူရဲကောင်း လီချင်းလီတို့ ဝန်းရံလိုက်ပါလာ၏။

မူယုယ ရွေးချယ်ခဲ့သည့် လီချင်းလီမှာ မရေမတွက်နိုင်သည့် လူများ၏ စိတ်ထဲ၌ လတ်ဆတ်နေဆဲ ဖြစ်ကာ သူမ၏ ပြောင်းလဲမှုများက အားလုံးကို အံ့အားသင့် သွားစေခဲ့သည်။ လွန်ခဲ့သည့် နှစ်များက လီချင်းလီမှာ ပိန်ပိန်ပါးပါး၊ အနက်ရောင် ဆံပင်၊ မျက်လုံးပြာများနှင့် အသက် ဆယ့်နှစ်နှစ်ပင် မပြည့်သေးသည့် ကလေးမလေး တစ်ယောက် ဖြစ်သည်။

ယခုတွင်တော့ သူမမှာ အရွယ်ရောက် နေခဲ့ပြီ ဖြစ်သည်။ သူမက ပိုမို၍ အရပ်ရှည်လာသည်။ စွဲမက်ဖွယ် ကောက်ကြောင်းများကို ပိုင်ဆိုင်လာသည်။ သို့သော်လည်း... သူမက လှံတစ်စင်းလိုပင် မားမားမတ်မတ် ရပ်နေကာ ဇင်ယော်တောင် မျက်ခုံးများ အောက်မှ အပြာရောင် မျက်ဝန်းများမှာ အေးစက် ထက်ရှသည့် အငွေ့အသက်များကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေသည်။

လီချင်းလီမှာ ယခင်က အတွေ့အကြုံ နည်းပါးပြီး အပြစ် ကင်းစင်သည့် ကလေး တစ်ယောက် ဆိုလျှင် ယခုအခါတွင်တော့ ထိပ်တန်း စစ်သည် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လီချင်းလီ၏ ဖခင်မှာ ထာဝရ နယ်မြေ၊ ငွေအဆင့် အင်အားစု တစ်ခုမှ ကုန်သည် တစ်ယောက် ဖြစ်သည်။ သူက သမီးဖြစ်သူ၏ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ကြည့်ကာ ဝမ်းသာ မျက်ရည်များ ဝေ့နေခဲ့သည်။ လီချင်းလီ၏ အနာဂတ်မှာ အကန့်အသတ် ကင်းမဲ့ သွားခဲ့ပြီ ဖြစ်သည်။ မူယုယ၏ မျက်နှာသာပေးမှုနှင့် အတူ အနာဂတ် အဂ္ဂိရတ် သူရဲကောင်း တစ်ဦး ဖြစ်ဖို့ ကျိန်းသေ သွားခဲ့ပြီ ဖြစ်သည်။

မူယုယ၏ ရွေးချယ်ခံ သူရဲကောင်းကို စစ်ဆေးရင်း မာ့ကျန်း၏ မျက်လုံးများက ဝိညာဉ်အလင်းများဖြင့် တောက်ပ သွားခဲ့သည်။ ထိုအခိုက်၌ သူက ဝူယု၊ ဟန်ယုဟိုင်၊ ကျန်းကျိရီတို့နှင့် အတူတူ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မဟာ အကြီးအကဲ တစ်ဖြစ်လည်း ကျန်းကျိရီမှာ သတိလစ် မေ့မျော နေရာမှ ပြန်လည်ကာ နိုးထလာခဲ့ပြီး ဖြစ်သည်။ သူမ၏ အမူအရာက ကျန်းမာ လန်းဆန်းနေကာ အားနည်းသည့် အရိပ်အယောင် တစ်စက်ပင် မရှိတော့ချေ။

“လီချင်းလီလေးက အစတုန်းက ယင်ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိတာ... အခု ချီအမတေ အဆင့်ကိုတောင် ရောက်နေပြီ... သုံးနှစ်ခွဲ အတွင်း အဆင့် ငါးဆင့်တောင် ခုန်တက်သွားတာပဲ”

မာ့ကျန်းက ချီးကျူးလိုက်၏။ နှစ်အနည်းငယ် အတွင်း ချီပျစ်ခဲခြင်း အဆင့်တွင် အဆင့်ငါးဆင့်ကို ကျော်လွန်ဖို့က လွယ်ကူသော ကိစ္စ မဟုတ်ချေ။ အဂ္ဂိရတ် ထုတ်ကုန် ပံ့ပိုးမှုနှင့် သင်ပြမှုတို့ အဘက်ဘက်မှ ဘက်ညီနေရန် လိုအပ်ပေသည်။

“မူယုယက အဲဒီ မိန်းကလေးရဲ့ ပါရမီကိုပါ ပြုပြင် ပေးလိုက်တာ... အထူးသဖြင့် အသိစိတ် ပင်လယ်ပဲ... သူ့ မျက်လုံးတွေကိုကြည့်... အဲဒီ စိတ်စွမ်းအင် ဆေဘာအလင်းတွေက သက်သေပဲ”

ဟန်ယုဟိုင်၏ မျက်လုံးများက ဒြပ်စင် ရောင်စဉ် ကိုးမျိုးဖြင့် တလက်လက် တောက်ပနေကာ ဆိုလိုက်လေ၏။ သူ့လေသံက လေးစားသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ပါရမီ ချဲ့ထွင်ခြင်း... ထိုအရာက အဂ္ဂိရတ် သမားများ၏ စွမ်းရည် တစ်မျိုးပင် ဖြစ်သည်။

“တကယ် အံ့သြစရာပဲ... ငါ အသက် ဆယ့်ငါးနှစ်တုန်းက အဲဒီလောက် မထူးချွန်သေးဘူး”

ကျန်းကျိရီကလည်း ချီးကျူးဟန်ဖြင့် ဆိုလိုက်၏။ သူမ အသက် ဆယ့်ခြောက်နှစ်တုန်းကဆိုလျှင် ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင်သာ ရှိခဲ့သေးသည်။ မည်သည့် စံနှုန်းဖြင့် တိုင်းစေကာမူ ထိုအရာက အထင်ကြီးလောက်စရာ တိုးတက်မှုမျိုး ဖြစ်သည်။

“မူယုယက တရားဝင် အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်မှာပဲ ရှိသေးတာတောင် သူ့ရဲ့ ရွေးချယ်ခံ သူရဲကောင်းက ဒီလောက် ထူးချွန်နေပြီ... မူလ အဆင့်နဲ့ မဟာ အဆင့်တွေဆိုရင် ဘယ်လောက်တောင် ပျိုးထောင် ပေးနိုင်မယ် မသိဘူး... သုံးလွှာ အဂ္ဂိရတ် အာဏာရှင် (စန်းလော့ယန်) နဲ့ လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင် (ဟွမ်ရီကောင်း) တို့ရဲ့ ရွေးချယ်ခံ သူရဲကောင်းတွေကို ငါ စိတ်ဝင်စားနေပြီ”

မာ့ကျန်းက မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်၏။

“သူတို့က ကြယ်တာရာ အမြုတေ အဆင့် ရွေးချယ်ခံ သူရဲကောင်းတွေကို ပြုစု ပျိုးထောင် ပေးနိုင်လောက်လား... အဲ့လိုသာ ဆိုရင်တော့ ပြိုင်ဘက်တွေကို တစ်ခါတည်း ချေမှုန်းပစ်နိုင်မှာ သေချာတယ်”

ဟန်ယုဟိုင်၏ အမူအရာကလည်း လေးနက်နေ၏။ ထိုကဲ့သို့ ရလဒ်များသာ ထွက်ပေါ်လာပါက လီချင်းလီမှာ အားလုံး ထင်ထားသလောက် အထင်ကြီးစရာ ကောင်းတော့မည် မဟုတ်ပါချေ။

***

All Chapters