← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

"ဒါက တောရက်စ်မှော်ဦးဆောင်းပဲ...ဒီကောင်က ဦးဆောင်းတစ်ခုထဲဆိုပေမယ့် ခုခံနိုင်စွမ်းတော်တော်မြင့်ပြီး သူ့ရဲ့ အစွမ်းသတ္တိတွေက ဘယ်ရန်သူကိုမဆို ကြောက်ဒူးတုန်သွားနိုင်စေတယ်...ဒီချွန်မြနေတဲ့ ဦးချိုတွေကိုပဲကြည့်ကြည့် ရန်သူရဲ့စိတ်ကို ပြတ်ပျားသွားစေမှာအမှန်ပဲ..." ဖှေး ထိုကဲ့သို့ပြောပြီးနောက်တွင် သူ၏မျက်လုံးများသည် ဒရော့ဂ်ဘာထံသို့ ကျရောက်သွားသည်။ "ငါ့မိတ်ဆွေကြီး ​ဒရော့ဂ်ဘာ ဒါမင်းအတွက်ဆုလာဘ်ပဲ...ဒီဦးဆောင်းက မင်းအတွက် အနီးကပ်ဆုံးတိုက်ပွဲဝင်ရဲဘော်ဖြစ်လိမ့်မယ်..."

ဒိုင်ဒီယာ ဒရော့ဂ်ဘာ အံ့သြလွန်းသဖြင့် ကြက်သေသေသွားသည်။ လွန်ခဲ့သည့်ခနတာခန့်က သူသည် ပီးရာ့စ်အူကြောင်ကြောင်ဖြစ်သွားသည့် ပုံကိုကြည့်ကာ ကြိတ်ရယ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်သူ၏ တုန့်ပြန်မှုမှာ ပို၍ပင်ရယ်စဖွယ်ဖြစ်နေ၏။ ဖှေး သုံးခါခန့် သူ့နာမည်အားအော်ခေါ်ပြီးချိန်မှ ပြန်သတိရလာပြီး ဖှေးအရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။

"တရားမျှတမှု၊ကျက်သရေရှိမှု၊ ပျော်ရွှင်မှုတွေက မင်းနဲ့အတူရှိပါစေ မိတ်ဆွေ...ဒီနေရာ ဒီအချိန်မှ ငါချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်တစ်ပါးအနေနဲ့ မင်းကိုဟောဒီ တောရက်စ်ဦးဆောင်းကို ချီးမြှင့်လိုက်တယ်...ဒီနေ့ကမပြီး မင်းကလည်းရွှေရောင်စစ်သည်တွေကတစ်ယောက်ပဲ...မင်းရဲ့ဂုဏ်ပုဒ်ကတော့ တောရက်စ်..."

ဖှေး၏စကားလုံးများသည် [ပေးဝေခြင်း]အစွမ်းကို န်ိုးထလာစေပြီး ဦးဆောင်းသည်အလင်းအဖြစ်သို့ပျောက်ကွယ်သွားပြီး ဒရော့ဂ်ဘာ၏ နဖူးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။

ပီးရာ့စ်ကဲ့သို့ပင် နတ်ဘုရားအစွမ်းဖြစ်သည့် [ပေးဝေခြင်း]၏ အာနိသင်ကြောင့် ဦးဆောင်းအစွမ်းမှာလဲ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်သည်။ ဒရော့ဂ်ဘာသည် ဦးဆောင်းအား သူ၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားနိုင်ပြီး လိုအပ်ပါက ဆင့်ခေါ်နိုင်သည်။ ဦးဆောင်းနှင့်ဆိုပါက ဒရော့ဂ်ဘာ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ နှစ်ဆခန့်မြင့်မားသွားပြီး ကျွဲရိုင်းတစ်ကောင်ကဲ့သို့သန်မာသွားမည်ဖြစ်သည်။

ချယ်စီထုလုပ်ထားသည့် မှော်ပစ္စည်းနှစ်ခုသည် ဘုရားသခင်ပေးသည့်အစွမ်း [ပေးဝေခြင်း]နှင့်ပေါင်းစပ်ကာ ဖှေးပင်မမျှော်လင့်ထားသော အစွမ်းများရှိလာကြသည်။

ကျန်စစ်သည်များမှာလည်း ဖှေးနောက်ထပ်ပစ္စည်းများ ထုပ်ယူလာမည်ကိုရင်ခုန်စွာဖြင့် မျှော်လင့်နေကြသည်။ သို့ရာတွင် သူတို့အတွက်မပါသေးသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာမှာ တိုင်းပြည်အတွက် အများဆုံးပေးဆပ်ခဲ့သောလူများဖြစ်သောကြောင့် ဤကဲ့သို့ဆုလာဘ်များရခြင်းဖြစ်သည်။ ကျန်စစ်သည်များအတွက်လဲ ဖှေး၏ရှင်းပြချက်အရ တိုင်းပြည်အတွက် ပေးဆပ်မှုလုံလုံလောက်လောက်ရှိပါက မှော်ဝင်ပစ္စည်းတစ်ခု ချီးမြှင့်ပေးမည်ဖြစ်သည်။ တစ်စုံတစ်ခုအား လွယ်လွယ်ပေးပါက တန်ဖိုးနှိမ့်ကျသွားတတ်သောကြောင့်ပင်။

ထို့နောက်တွင် ဖှေးနောက်ထပ်အစီစဥ်တစ်ခုအားစတင်သည်။

အစွမ်းအာနိသင် အသင့်လျှော်ဆုံးဖြစ်အောင်ရောစပ်ထားသော ဟော့ခ်ဆေးပုလင်းများကို ထုတ်ပေးပြီး ကျောက်တံတားပေါ်တွင်တိုက်ပွဲဝင်ခဲ့သော လူသန်ကြီးများ၏ ခွန်အားကိုတိုးမြှင့်ပေးသည်။

လဝက်ခန့်အပြင်းအထန်လေ့ကျင့်ပြီးနောက်တွင် ဤလူသန်ကြီးများသည် သိသိသာသာတိုးတက်လာပြီဖြစ်သည်။ နောက်ဆုံးတွင် [ဟော့ခ်ဆေးပုလင်း]အား ဘေးထွက်ဆိုးကျိုးမဖြစ်စေပဲသောက်သုံးနိုင်သည့်အခြေအနေသို့ရောက်ရှိလာပြီဖြစ်သည်။ သို့သော် သူတို့၏ ပင်ကိုယ်အစွမ်းမှာ ဘရွတ်၊ ပီတာနှင့် အိုလတ်ဂ်တို့လောက်မရှိသဖြင့် အာနိသင်မှာ သိပ်ပြီးမသိသာချေ။ သို့သော် သူတို့၏အစွမ်းများကို ကြယ်တစ်လုံးအဆင့်ခန့်ထိရောက်အောင်တင်ရန်မှာ လုံလောက်သည်။

ပီးရာ့စ်တို့နှင့်အတူ အပြင်းအထန်လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် ဆံပင်ရွှေရောင်နှင့် ဆယ်ကျော်သက်လူငယ်လေး တိုးရီစ်လဲနောက်ဆုံးတွင် သူ၏ဆန္ဒပြည့်ကာ ဟော့ခ်ဆေးပုလင်းတစ်လုံးရရှိသွားပြီဖြစ်သည်။ အလွန်ဆိုးဝါးသည့်နာကြင်မှုမှာ သူ့အားသေချင်သည်အထိပင်ဖြစ်စေခဲ့သော်လည်း ဆေးအာနိသင်ပြသည့်အချိန်တွက်မူ သူ၏ခန္ဓာကိုယ်ထဲတွင် ခွန်အားအ​မြောက်အများတိုးပွားလာသည်ကို ခံစားလိုက်ရသည်။

ဘရွတ်နှင့် ပီတာတို့နည်းတူပင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့လဲ နာကြင်မှုပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူတို့၏ခန္ဓာကိုယ်မှာ အစိမ်းရောင်သန်းနေကြဆဲပင်။

"မစိုးရိမ်ပါနဲ့ ရက်တွေကြာလာရင် ဒီအာနိသင်လဲ တဖြည်းဖြည်းပျောက်သွားလိမ့်မယ်..."

ဖှေး အက်စိန်၊ အိုနီးလ်နှင့် ခါဟန်းတို့ကို လူအုပ်ထဲမှ ခေါ်လိုက်သည်။ ထို့နောက်တွင် အတွင်းအားကျင့်စဥ်စာလိပ်နှင့် ရေဂုဏ်သတ္တိရှိ မှော်တလင်းကျောက်တို့ကို ပစ်ပေးလိုက်သည်။ ဤယောက်လုံးမှာ ရေဂုဏ်သတ္တိနှင့် မွေးဖွားလာသူများဖြစ်ကြသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ တော်ဝင်စုဆောင်းမှုထဲတွင်လည်း ကြယ်တစ်လုံးအဆင့် ရေအတွင်းအားကျင့်စဥ်စာလိပ်၃လိပ်သာရှိသဖြင့် အန်ကိုက်သာဖြစ်သည်။ ဟော့ခ်ဆေးပုလငိးကို သောက်သုံးပြီးချိန်တွင် သူတို့ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးကြောင်းများသည်လည်း သာမန်လူထက်ပို၍ကျယ်ပြန့်သွားပြီဖြစ်သဖြင့် ရေမှော်တလင်းကျောက်အကူညီပါထပ်သုံး၍လေ့ကျင့်ပါက အချိန်တ်ိုအတွင်း အဆင့်တစ်ခုထိရောက်ရှိလာမည်ဖြစ်သည်။

ကျန်ပစ္စည်းများမရသည့် လူသန်ကြီးများမှာ သူတို့၏ခေါင်းများကို ကုပ်ရင်း ပစ္စည်းရသူများအား အားကျရုံသာတတ်နိုင်၏။ ဖှေးအား မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ဖှေးလည်း လက်ဝှေ့ရမ်းပြီး ပြန်ခိုင်းလိုက်ရုံသာတက်နိုင်သည်။

သို့ရာတွက် စိတ်ထဲတွင် ဤလူသန်ကြီးများအားလုံးနားလည်ကြသည်။ အဆင့်၆တိုင်းပြည်ငယ်​လေး၏ ဘဏ္ဍာတိုက်ထဲတွင် ဘာမှများများစားစားရှိလိမ့်မည်မဟုတ်ပေ။ ဤပစ္စည်းများ ဆေးပုလင်းများကို ထုတ်ယူပြီးနောက်တွင်ဘုရင်မှာဆင်းရဲသွားကြောင်း သူတို့အားလုံးနားလည်ကြသည်။ ထို့ကြောင့်သူတို့ မကျေမနပ်မဖြစ်ကြပေ။ အနည်းဆုံးဟော့ခ်ဆေးပုလင်း တစ်လုံးစီတော့ ရလိုက်ကြ၏။ ထို့အပြင် ဖှေးဆုချီးမြှင့်သော လူများမှာ ရွတ်ရွတ်ချွံချွံအတူတ်ုက်ခိုက်ကာဂုဏ်ထူးဆောင်ခဲ့ကြသည့် သူတို့၏ရဲဘော်များပင်။ ထို့ကြောင့် သူတို့အားအားကျမိသောလဲ မနာလိုမဖြစ်ကြချေ။

ဤကိစ္စများပြီးပြီး နောက်တွင် ဖှေးကျောက်တုံးခန်းမထဲတွင် တိတ်ဆိပ်စွာရပ်နေ၏။

ရုတ်တရက်တစ်စုံတစ်ခုအား တွေးလိုက်မိပြီး ဖှေး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။

ကျန်ဇာတ်ကောင်များနှင့် မတူညီသောအတွင်းအားတစ်မျိုးသည် ကျောက်တုံးခန်းမထဲတွင် စတင်ထွက်ပေါ်လာသည်။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် ဒိုင်ယာဘလိုဂိမ်းတွင် ထူးခြားသည့်ဇာတ်ကောင်ဖြစ်သည်။ တရုတ်သိုင်းပညာရှင်အား အခြေခံထားသည်ဟုဖှေးကြားဖူးတယ်။ ဖှေး လုပ်ကြံသတ်ဖြတ်သူဇတ်ကောင်သို့ပြောင်းလဲချိန်တွင် မတူညီသည့် အတွင်းအားတစ်မျိုးစီးဆင်းနေသည်ကို သတိပြုမိသည်။

"စုစုပေါင်း စီးကြောင်း၁၈ခု ရှိတာပဲ...."

ဖှေး မျက်လုံးမှိတ်ပြီးအတွင်းအားစီးဆင်းမှုအားအသေချာအာရုံစိုက်ကြည့်သောအခါ သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအားစီးကြောင်း၁၈ခု ရှိကြောင်းသိရှိလိုက်သည်။

ထို့အပြင်ထိုအတွင်းအား သွားလာသည့်ပုံမှာ အေဇာရုတိုက်မှ အတွင်းအားကျင့်စဥ်များသွားလာသည့်ပုံနှင့် တူညီနေသည်ကိုလည်း ဖှေးသတ်ိပြုမိသည်။

ဖှေး ခနတာတွေးကြည့်ပြီး သူလက်ဖြင့်ချကူးရေးထားသည့် အေဇာရုတိုက်မှ အတွင်းအားကျင့်စဥ်စာလိပ်တစ်ခုကို ယူဖတ်ကြည့်လိုက်သည်။ ဖှေး ဂရုတစိုက်ဖတ်ကြည့်လိုက်ရာ ဤစာလိပ်ထဲတွက် အတွင်းအားလမ်းကြောင်း၈ခုကိုသာဖော်ပြထားသည်ကိုတွေ့ရသည်။

ထိုလမ်းကြောင်း၈ခုလုံးမှာလည်း ဖှေး၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ခန္ဓာကိုယ်ထဲရှိ အတွင်းအားစီးကြောင်း၁၈ခုထဲတွင်အပါဝင်ဖြစ်သည်။

"ဒါဆို အေဇာရုတိုက်ကအတွင်းအားစီးကြောင်းဆိုတာက လုပ်ကြံသတ်ဖြတ်သူဇာတ်ကောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အတွင်းအားတွေစီးဆင်းတဲ့လမ်းကြောင်းကိုဆိုလိုတာများလား...ဒါဆို ကျင့်စဥ်စာလိပ်တစ်ခုရဲ့ အရည်အသွေးကအဲ့ကျင့်စဥ်တစ်ခုမှာ လမ်းကြောင်းဘယ်နှစ်ခုဖော်ပြထားလဲဆိုတာနဲ့ ဆက်နွယ်နေတာပေါ့..."

ဤရှာဖွေတွေ့ရှ်ိချက်သည် ဖှေးအား တစ်စုံတစ်ခုသတိရစေသည်။

သူထင်သည့်အတိုင်းဆိုပါက သူ၏ လူရိုင်းဇာတ်ကောင်၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးဆင်းပုံကိုအသေချာလေ့လာ၍ ပို၍အဆင့်မြင့်သော ကျင့်စဥ်စာလိပ်များကို ကိုယ်တိုင်ထုတ်လုပ်လာနိုင်ဖွယ်ရှိသည်။ ကြယ်တစ်လုံးအဆင့်ကျင့်စဥ်စာလိပ်တွေ အတွင်းအားလမ်း​ကြောင်း၈ခုအားဖော်ပြထားသည်။ ဖှေးတွင် အတွင်းအားလမ်းကြောင်း၁၈ခု ရှိနေရာ ထို၁၈ခုလုံးအားအသေချာလေ့လာပြီး ကျင့်စဥ်စာလိပ်ရေးပါက ကြယ်သုံးလုံးအဆင့်ခန့်ရှိလိမ့်မည်ဖြစ်သည်။

All Chapters