← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

ဤအချင်းအရာသာမှန်ကန်ပါက ချမ်းဘော့ဒ်အတွက် ကျင့်စဥ်စာလိပ်ရရှိသည်မှာ ဆောင်းရာသီတွင် ထင်းကောက်သကဲ့သို့ပင် လွယ်ကူနေလိမ့်မည်ဖြစ်သည်။

"ဒါပေမယ့် ဒီကိစ္စကို သေချာသေချာမှလုပ်သင့်တယ်...လောလောဆယ်ချမ်းဘော့ဒ်မှာရှိတာကလဲ ကြယ်တစ်လုံးအဆင့်စာလိပ်ပဲဆိုတော့ ငါမသိတာတွေရှိဦးမှာပဲ..." ရုတ်တရက် ဖှေး၏ မျက်လုံးများ လင်းလက်သွားသည်။ "အာ ဟုတ်သားပဲ ဦးလေး လမ်းပါ့ဒ်က ကြယ်သုံးလုံးစစ်သည်ပဲ...သူက အတွင်းအားလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ပိုသိမှာပဲ...သူ့ကိုမေးရမယ်..."

ဖှေး ဤအကြောင်းတွေးပြီး မပျော်ရွှင်ပဲ မနေနိုင်ချေ။

သူမက်တပ်ရပ်လိုက်ပြီး ကျောက်တုံးခန်းမအလည်သို့ လမ်းလျှောက်သွား၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအားများကိုစီးဆင်းစေလိုက်သည်။ ရုတ်တရက်ပင် သူ၏လက်ကောက်ဝတ်အားနှိမ့်လိုက်ပြီး အောက်သို့ထိုးချလိုက်သည်။

ဟိန်းဟောက်နေသော ကျားတစ်ကောင်၏ဦးခေါင်းသဏ္ဍာန်သည်ဖှေး၏ လက်သီးထိပ်တွင်ပေါ်လာသည်။

"ဖုန်း..."

ပီးရာ့စ်၏ အက်စ်ကာလီဘာဖြင့် နှစ်ခြမ်းခွဲထားသော ကျောက်တုံးမှာ မြေပြင်ပေါ်တွင် အစိတ်အစိတ်အမွာမွာ ကွဲကြေသွားတော့သည်။ အခန်းတစ်ခုလုံး လေပူများဖြင့် ပြည့်နှက်သွား၏။

ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းတစ်ဖြစ်သည့် သမန်းကျားရိုက်ချက်ပင်။

ဤအစွမ်းသည် လက်သီးချက်အား အတွင်းအားဖြင့် အစပေါင်းများစွာ မြှင့်တင်ထားဖြစ်သည်။ အဖျက်စွမ်းအားမှာ မယုံနိုင်စရာပင်။

ထို့နောက်တွင် "ဝှစ်ဝှစ်ဝှစ်"

လူတစ်ယောက်၏ ပုံရိပ်ကို ကျောက်တုံးခန်းမအတွင်းတွင် မြင်နေရသည်။ ဖှေး၏ ကြွေကျနေသော ကြယ်ပွင့်များကဲ့သ်ု့ဖြစ်ပြီး သူ၏ခြေများမှာ ဓားသွားများကဲ့သို့ပင်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် အမဲရောင်လေဗွေတစ်ခုကဲ့သို့ပြောင်းလဲသွားတော့သည်။ သူ၏လုပ်ရှားမှုများအား လုံးဝမြင်နိုင်စွမ်းမရှိတော့ပေ။ ၁၀စက္ကန့်ခန့်အကြာမှသာ လှုပ်ရှားမှုများငြိမ်သက်သွားသည်။ ခန်းမအတွင်းရှိ ကျောက်ထိုင်ခုံများအားလုံးလည်း အမဲရောင်အမှုန့်များအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

ဖှေး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ အစွမ်းများကို အသေချာလေ့လာပြီးသွားပြီဖြစ်သည်။

ထို့နောက်တွင် သူ၏အစီစဥ်များကို စတင်ရတော့မည်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းဖြစ်သည့် [အမြန်နှုန်း]ကို အသုံးချလိုက်သည်။ ပါးလွှာသောမြူလွှာတစ်ခုမှ ဖုံးအုပ်သွားပြီး တစ်ခနအတွင်းမှာပင် ကျောက်ခန်းမအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

မြေအောက်လိုဏ်ဂူအတွင်းတွင် ဖှေးထွက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။

နှစ်နာရီခန့်အကြာတွင် ညင်သာသော လေညှင်းလေးတစ်ခု ကျောက်တုံးခန်းမထဲတွင် တိုက်ခတ်သွားပြီး ပါးလွှာသောမြူများဆိုင်းသွားသည်။ ထို့နောက် ကျောက်ခန်းမအတွင်းတွင် ဖှေးရောက်ရှိလာသည်။

သူကျောက်စားပွဲတစ်ခုထံအား လမ်းလျှောက်သွားပြီး မှင်တံကိုကိုင်ကာ ပေလွှာတစ်ခုပေါ်တွင် စတင်ရေးဆွဲတော့သည်။ ဖှေး၏ အရင်ဘဝမှ ပုံဆွဲစကေးများမှာ ယခုတွင်အသုံးဝင်လာပုံရသည်။ အသက်ဝင်လှသော ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများပုံသည် စတင်ပေါ်ပေါက်လာသည်။

ဖှေး ရေးဆွဲထားသည့်ပုံအား ဂရုတစိုက်သေချာကြည့်ရှုလိုက်သည်။ ထို့နောက်တွင် အနီရောင်မှင်တံကိုပြောင်းကိူင်လိုက်ပြီး ပုံပေါ်တွင် အမှတ်သားများ စားများကိုစတင်ရေးဆွဲတော့သည်။

မိနစ်အနည်းငယ် အကြာတွင် ထောင်မှူး အိုလတ်ဂ်အား ကျောက်ခန်းမအတွင်းသို့ ဆင့်ခေါ်လ်ုက်သည်။

"ဒီပုံကိုသေချာမှတ်ထားလိုက် ငါအစောင့်တွေသိပ်မရောက်နိုင်တဲ့နေရာတွေမှာ သေစေနိုင်တဲ့ထောင်ခြောက်တွေချထားတယ်...သွားဖို့လုံခြုံတဲ့လမ်းက ၃လမ်းပဲရှိတယ်...ငါအဲ့၃လမ်းကို မင်နီနဲ့ရေးပြထားတယ်..."ဖှေး မြေပုံကိုပြကာ ဂရုတစိုက်၊ အသေအခြာရှင်းပြသည်။ ဒီအမှတ်အသားက လျှပ်စစ်ကိုညွှန်ပြတာ ဒီအမှတ်သားက မီးကိုညွှန်ပြတာ အဲ့အမှတ်သားတွေရှိတဲ့နေရာတွေမှာဆ်ု ထောင်ခြောက်တွေအများကြီးရှိတယ်ဆ်ုတဲ့ အဓိပ္ပါယ်ပဲ...စစ်သည်တွေကို အဲ့နေရာတွေကို အသေချာရှောင်ရှားခိုင်း...ကင်းလှည့်ရမယ့် လမ်းကြောင်းနဲ့ အကြိမ်အရေအတွက်တွေကိုတော့ မင်းပဲ ကြည့်ကြပ်စီစဥ်လိုက်တော့...မတော်တဆထိခိုက်တာတွေမရှိအောင် စစ်သည်တွေကိုအခုဆုတ်ခွာဖို့အမိန့်ပေးထားလိုက်...."

ထောင်မှူးအိုလတ်ဂ်လဲ မြေပုံကိုအသေချာကိုင်ကြည့်ကာ ထောင်ခြောက်နေရာများကို အသေချာမှတ်သားပြီး ကင်းလှည့်ရန်အတွက် အကောင်းဆုံးလှမ်းကြောင်းကို စီစဥ်လိုက်သည်။

ဖှေးလဲ အမဲရောင်ခွေးကြီးကို စီးပြီး မြေအောက်လိုဏ်ဂူအတွင်းမှထွက်ခွာလာခဲ့တော့သည်။ အမဲရောင်ခွေးကြီးမှာ ဖှေး၏ညွှန်ကြားမှုဖြင့် ကျောက်တုံးများ သစ်ပင်များကြားတွင် ခုန်ပေါက်သွားလာနေသည်။ သေစေနိုင်သော ထောင်ခြောက်များကို ဂရုတစိုက်ရှောင်ရှားရမည်ဖြစ်သည်။

ယခုအချိန်တွင် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတစ်ခုလုံးသည် မရဏနယ်မြေတစ်ခုဖြစ်လာပြီဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏အစွမ်းကိုအသုံးပြုပြီး ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများရှိ တားမြစ်နယ်မြေသို့ဝင်ရာလမ်းတစ်လျှောက်တွင် သေစေနိုင်သည် မီးထောက်ခြောက်များ၊လျှပ်စစ်ထောင်ခြောက်များကို ချထားပြီးဖြစ်သည်။ ထောင်ခြောက်တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်အစွမ်းများပါရှိသည်ဖြစ်သည်။ အကယ်၍ ကြယ်တစ်လုံးစစ်သည်တစ်ယောက်ထောင်ခြောက်မိပါက ချက်ချင်းပင် သေဆုံးသွားမည်ဖြစ်သည်။ ကြယ်နှစ်လုံးစစ်သည်ဆိုပါက အနည်းငယ်မျှ တောင့်ခံနိုင်ဦးမည်ဖြစ်သည်။ ကြယ်သုံးလုံးစစ်သည်ဆိူလျှင် ကံကောင်းပါက လွတ်မြောက်သွားနိုင်သည်။

ဤသည်မှာ ဖှေး၏ မြေအောက်လိုဏ်ဂူအတွင်းရှိ ဒဏ္ဍာရီလာ ရှေးဟောင်းမြေအား ကာကွယ်ရန်အစီစဥ်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ထောင်ခြောက်အစွမ်းများမှာ ဖှေးအား အလွန်အထောက်ကူဖြစ်စေသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ အစောင့်အင်အားနည်းပါးမှုကို ဖြေးရှင်းလိုက်နိုင်ပြီဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်သည် မမြင်ရသေးသော အန္တရာယ်တစ်ခုအား ရင်ဆိုင်နေရသည်ဖြစ်သည်။ ထို့ကြောင့်ဖှေး အတက်နိုင်ဆုံးပြင်ဆင်ထားရမည်ဖြစ်သည်။

မနက်ဖြန်ခါသည် ထီးနန်းမြှောက်ပွဲစတင်မည့်အချိန်ဖြစ်သည်။ ဖှေးမဟူယာမုန်တိုင်း၏ နောက်ကြောပေါ်တွင် စီးနှင်းလိုက်ပါလာရင်း နေဝင်ချိန်အောက်မှ တောင်တန်းများ၏အလှကို ငေးကြည့်နေ၏။

ဖှေးစိတ်လှုပ်ရှားသောခံစားချက်နှင့် စိုးရိမ်ပူပန်မှုတို့ကို ပြိုင်သူခံစားလိုက်ရသည်။

သူ၏ခန့်မှန်းချက်မှန်ပါက မေးခွန်းများအားလုံး၏ အဖြေမှာ မနက်ဖြန်ချမ်းဘော့ဒ်အရှေ့ဘက် တောင်ထိပ်တွင် ကျင်းပမည့် တော်ဝင်ထီးနန်းမြှောက်ပွဲတွင် အဖြေပေါ်လိမ့်မည်ဖြစ်သည်။ ထိုအချိန်သည် ရန်သူသည် သူ၏သရုပ်မှန်ကို ပြသတော့မည့်အချိန်ဖြစ်၏။

[VIPထဲမှာ ဒီအခန်းတစ်ခုလုံးပြီးသွားပြီနော် အားပေးကြပါဦး😁😁]

All Chapters