← Chapters

အခန်း (၁၂၃)

Vol. 9 Ch. 123

အခန်း (၁၂၃)

Vol. 9 Ch. 123

သို့သော် ကလန်ကဆန်လုပ်သော လူတစ်ချို့လဲရှကြသည်။ ကုန်သည်အကြီးစားများနှင့် ဗွီစကောင့်လူးဝစ်၏လက်အောက်ခံ အပေါင်းပါဆွေကြီးမျိုးကြီးများသည် ဘရွတ်၏ ရွှေ့ပြောင်းမှုကိုလက်မခံပဲ မရွေ့လိုဟုဆိုကာဘုရင်အလတ်ဇန္ဒား၏အမိန့်ကို တိုက်ရိုက်ငြင်းဆန်ကြသည်။ ဤကိစ္စအားဘရွတ် ဖှေးအားပြန်ပြောသည့်အချိန်တွင် ဖှေးသည် ပြုံးပြီး ထိုသူများအားဒီတိုင်းသာထားလိုက်ရန် အမိန့်ပေးလိုက်သည်။

နေမထွက်မှီ နှစ်နာရီခန့်လိုသေးရာ နန်းတော်တစ်ခုလုံးသည် အလုပ်များစပြုလာပြီဖြစ်သည်။

အစေခံများသည်လည်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေကြသည်။ အန်ဂျယ်လာနှင့် အမ်မာတို့လဲ အလုပ်များနေကြသည်ဖြစ်သည်။ အဘိုးကြီး ဘတ်စ်တစ်ယောက်ဆ်ုလျှင် တစ်ရေးမှပင်မအိပ်ရသေးချေ။ နန်းတော်အတွင်း၌ပင် ပွဲစဥ်အစီစဥ်များကို ခနခနပြန်လည်စစ်ဆေးကြည့်ရှုနေသည်။

ဤအချိန်တွင် ဖှေးလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။

ထို့နောက်ဖှေးနှင့် မဟူယာမုန်တိုင်းတို့သည် ညအမှောင်ထုအောက်တွင် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများစီသို့ ဒုန်းစိုင်း၍ထွက်ခွာသွားတော့သည်။ ကျောက်တုံးခန်းမအတွင်းသို့ရောက်သောအခါ ဖှေး [ဆင့်ခေါ်ခြင်း]ကို အသုံးပြုပြီး အယ်လီနာနှင့် ညီအမများကိုဆင့်ခေါ်လိုက်သည်။ ဆေးပုလင်းများနှင့် တစ်ခြားလိုအပ်လာနိုင်သည့်ပစ္စည်းများကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့နောက်တွင် ခေါင်းဆောင်ပီတာနှင့် အထူးသံမဏိစစ်သည်တစ်ရာတို့ကို ခေါ်လိုက်ပြီး တာဝန်အသီးသီးချပေးလိုက်သည်။

ကျောက်တံတားပေါ်တွင် တိုက်ခိုက်ခဲ့သည့် စစ်သည်၂၀သည်လည်း တာဝန်အသီးသီးရရှိပြီးဖြစ်သည်။ သူတ်ို့ထဲမှတချို့နှင့် ဖှေးနှင့် လိုက်ခဲ့ရမည်ဖြစ်ပြီး တစ်ချို့သည် နန်းတော်အားကာကွယ်ရန်နေခဲ့ရမည်ဖြစ်သည်။

စီစဥ်စရာရှိသည်များ စီစဥ်ပြီးသည့်အချိန်တွင် ဖှေး ဟော့ခ်ဆေးပုလင်းအရှိန်ကြောင့် အနည်းငယ်စိမ်းနေဆဲ ဖြစ်သည့် လူသန်ကြီး၁၀ယောက်အားခေါ်ပြီး အန်ဂျယ်လာအန်မာတို့နှင့်အတူ တော်ဝင်မြင်းလှည်းကိုစီးကား ထီးနန်းလက်ခံရန်အတွက် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထံသို့ထွက်လာခဲ့သည်။ ချမ်းဘော့ဒ်၏ထုံးထမ်းစဥ်လာများအရ အရှေ့ဘက်တောင်အားနေစတင်ကျရောက်သည့်အချိန်တွင် ဖှေး မင်းသရဖူအားလက်ခံရမည်ဖြစ်သည်။

.........

တစ်ချိန်တည်းမှာပင် ထောင်မှူးအိုလတ်ဂ်လဲ သူ၏စံအိမ်တွင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေသည်။

သူသည် အခမ်းအနားတည်ငြိမ်အောင်ထိန်းသိမ်းရန်အတွက် ဖှေးတာဝန်ပေးခြင်းခံထားရသည့် ခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးလှသော တာဝန်ကြောင့် အိုလတ်ဂ်အနည်းငယ် စိတ်လှုပ်ရှားမိသလို စိတ်ဖိစည်းမှုအနည်းငယ်လဲရှိနေ၏။ သူတစ်ညလုံး အိပ်ချိန်ပင် သိပ်မရလိုက်ပေ။ ဘုရင်အလတ်ဇန္ဒားအား အခမ်းအနားတွင် တာဝန်ထမ်းဆောင်ရန်အတွက် သူ၏ခန္ဓာကိုယ်ရှိအတွင်းအားကို လုံလုံလောက့လောက်ရှိရန်အတွက် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

ကံကောင်းစွာပင်သူသည် ဖှေးကဲ့သ်ို့ အစေခံများနောက်လိုက်များစွာတ်ို့နှင့်အတူ သွားရန်မလိုအပ်သဖြင့် စတင်ထွက်ခွာချိန်အနည်းငယ် နောက်ကျနေစေကာမူ သူသည် အခမ်းနားကျင်းပမည့်နေရာသို့ အရင်ဆုံးရောက်အောင်သွားနိုင်မည်ဖြစ်သည်။

“ဟေး ဒိုနီမြန်မြန်လုပ်ကွ ငါလွန်ခဲ့တဲ့၃နှစ်က ရွှေဒင်္ဂါး၁၀၀သုံးပြီးဝယ်ထားတဲ့ မှော်ဝတ်ရုံယူခဲ့စမ်း...ဘုရင်အလတ်ဇန္ဒားတစ်ခြားနိုင်ငံက သံတမန်တွေအရှေ့မှာ အရှက်မရအောင် ငါအဲ့တာကို ဝတ်မှဖြစ်မယ်....”

အခန်းတစ်ခုထဲတွင်ဖြစ်သည်။

ထောင်မှူး အိုလတ်ဂ်သည် မှန်ရှေ့တွင်ပြင်ဆင်နေရင်း သူ၏အစေခံအား အနောက်သို့ပင်လှည့်မကြည့်ပဲ အော်ပြောနေသည်။

“ဒိုနီ...ဒီခွေးသားကတော့...အခုထိ.....”

အိုလတ်ဂ်အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အနောက်တွင်ရှိသော လူမှာလှုပ်ရှားခြင်းမရှိသည်ကိုတွေ့လိုက်ရသည်။ သူအော်ဆဲရန်ပြင်လိုက်သည့်အချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်အား သတိထားမိလိုက်သည်။ ဤပုဂ္ဂိုလ်မှာ ဒိုနီမဟုတ်ပေ။ ထိုလူ၏ခန္တာကိုယ်တစ်ခုလုံးအား အမဲရောင်ဝတ်ရုံဖြင့်လွှမ်းခြုံထားသည်။ သူ၏အစေခံ ဒိုနီမှာ မြေပြင်ပေါ်တွင် အိပ်မောကျသကဲ့သို့ လဲလျှောင်းနေသည်ကိုတွေ့လိုက်ရသည်။

ဒီလူက ဘယ်သူလဲ....

ဘယ်အချိန်က ဝင်လာတာလဲ....

အိုလတ်ဂ်ထိတ်လန့်နေသည်။

ဟော့ခ် ဆေးပုလင်းသောက်သုံးပြီးနောက်တွင် အိုလတ်ဂ်၏အစွမ်းများသည် သိသာထင်ရှားစွာမြင့်တက်သွားပြီးဖြစ်သည်။ သူ၏ ကြယ်တစ်လုံးစစ်သည်အတွင်းအားများဖြင့်ပင် သူသည်ချမ်းဘော့ဒ်တွင်ရှိသည့် ကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် သူနှင့် အနီးဆုံးနေရာတွင်ရောက်ရှိနေသည်ကို သူသတိပင်မထားလိုက်မိချေ။ အိုလတ်ဂ်၏ နဖူးမှ ချွေးစက်များစီးကျလာသည်။

ဤလူမှာ သူမယှဥ်နိုင်သည့် ဆရာတစ်ယောက်ပင်။

“မင်း...မင်း..ဘယ်သူလဲ...”

အိုလတ်ဂ်၏ ကျောရိုးများပင်စိမ့်အေးသွားသည်။

သူ၏မျက်နှာတွင် စိတ်ခံစားချက်တစ်စုံတစ်ရာမပြပဲ အမြဲရောင်ဝတ်ရုံနှင့်လူအားစိုက်ကြည့်နေသည်။ ထို့နောက်တွင်တံကားပေါက်အားလှမ်းကြည့်လိုက်ပြီး လွတ်မြောက်နိုင်သည့်လမ်းကြောင်းကို တွက်ချက်ကြည့်နေသည်။ သူ၏ခြေလှမ်းများသည်လည်း မသိမသာအနောက်သို့ဆုတ်သွားပြီး ကြေးမှန်ဘေးရှိ သူ၏ဓားထံသို့ သွားလျှက်ရှိသည်။

အိုလတ်ဂ်သည် ဓားဖြင့်တိုက်ခိုက်ခြင်းကို ပိုမိုကျွမ်းကျင်သူဖြစ်သည်။ ဓားဖြင့်ဆိုပါက သူသည် ဤလူအားစက္ကန့်အနည်းငယ်ခန့် ခုခံထားနိုင်ရန် ယုံကြည်မှုရှိသည်။ အစောင့်များသည့် အသံကြားပါက လာရောက်ကြည့်ရှုကြမည်ဖြစ်သည်။ အစောင့်များ၏ အကူညီဖြင့်ဆိုပါက သူ့အတွက် ဤနေရာမှ အသက်ရှင်လျှက်ထွက်ပြေးန်ုင်သည့် အခွင့်လမ်းပိုများပေလိမ့်မည်။

အချိန်မှာ ရပ်တံ့နေသကဲ့သို့ပင်။

အိုလက်ဂ်၏လက်များသည် အေးစက်သောဓားရိုးအား စမ်းမိနေပြီဖြစ်သည်။ ထို့နောက်တွင် အောင့်ထားရသည့် အသက်ကိုရှူထုတ်လိုက်ပြီး ဓားအားအမြန်ဆွဲကိုင်လိုက်သည်။

ဓားအားဆွဲထုတ်လိုက်ပြီး သူ၏ရင်ဘက်အရှေ့တွင် နေရာထားကာကိုင်တွယ်လိုက်သည်။ အိုလတ်ဂ်အနည်းငယ် ယုံကြည်မှုရှိသွားပြီဖြစ်ပြီး သူ၏မျက်နှာအမူအရာမှာ သိပ်သေးငယ်သည့်ပုံမပေါက်တော့ချေ။ အစောင့်များအား အော်ခေါ်ရန်ပြင်လိုက်သည့်အချိန်တွင်။

“ငါ့ကို အရှေ့ဘက်တောင်ထိပ်ကိုခေါ်သွားပေးမယ်ဆိုရင် မင်းကိုအသက်ရှင်ခွင့်ပေးမယ်...”

ဖောက်ထွင်းဝင်ရောက်လာသူသည် သူ၏လက်ကိုမြှောက်လိုက်ပြီး အိုလတ်ဂ်နားမလည်သည့် မန္တာန်များကို ရွတ်ဆိုလိုက်သည်။ ထို့နောက်တွင် ကြီးမားလှသည့် မှော်စွမ်းအင်များထွက်ပေါ်လာပြီး အခန်းထဲတွင် ပြန့်နှံ့သွားသည်။ ထို့နောက်တွင် ထိုသူ၏ လက်ငါးချောင်းထိပ်မှ မီးဖြင့် ပြုလုပ်ထားသကဲ့သို့ နီးရဲနေသည့်ချိန်းကြိုးများထွက်လာကာ အိုလတ်ဂ်နှင့် သူ၏ဓားကိုပတ်နှောင်လိုက်သည်။

ကြယ်တစ်လုံးစစ်သည်၏ အတွင်းအားနှင့် ကြယ်နှစ်လုံးစစ်သည်၏ ခွန်အားတို့ကိုပိုင်ဆိုင်သော အိုလတ်ဂ်သည် ဤချ်ိန်းကြိုးများနှင့် ချုပ်နှောင်ခံလိုက်ရပြီဖြစ်သည်။

အမဲရောင်ဝတ်ရုံနှင့် ထိုးဖောက်ဝင်ရောက်လာသူမှာ သူ၏လက်ချောင်းတစ်ချောင်းအား လှုပ်ရှားလိုက်သည်။

ဤရိုးရှင်းသော လှုပ်ရှားမှုတစ်ခုသည် ကြီးမားသောအပြောင်းလဲတစ်ခုကို ဖြစ်ပေါ်စေသည်။

အိုလတ်ဂ်၏ ဓားများကိုရစ်ပတ်ထားသည့် အနီရောင်ချိန်းကြိုးများမှာ ရုတ်တရင် နီရဲပူလောင်လာပြီး အိုလတ်၏ဓားမှာ အရည်ပျော်ကျသွားတော့သည်။

“မင်းခုခံဖို့သတ္တိရှိနေမယ်ဆိုရင် မင်းအသားတွေအရိုးတွေလဲ အဲ့ဓားလို ဇာတ်သိမ်းသွားမယ်...”

“ခင်ဗျား...ခင်ဗျားဘယ်သူလဲ....”

အိုလတ်ဂ်၏ သတ္တိများမှာ လုံးဝပင်ပျောက်ဆုံးသွားပြီဖြစ်သည်။ သူတို့နှစ်ယောက်၏ စွမ်းအားကွာဟမှုမှာကြီးမားလှသည်။ ဤလူသည် အနည်းဆုံး ကြယ်​လေးလုံး ၅လုံးခန့်ရှိသော မှော်ဆရာတစ်ယောက်ပင်။

အိုလတ်ဂ်သည် အခြေအနေအား ဒေါသဖြစ်မိပြီး ဤကိစ္စများ၏နောက်ကွယ်တွင်ရှိသည်မှာ မည်သူဖြစ်သည်က်ု သိလိုသဖြင့်မေးလိုက်ခြင်းဖြစ်သည်။ သို့သော် ဖောက်ထွင်းဝင်ရောက်လာသူမှာ မေးခွန်းကို ကြားသော် ပထမပိုင်းတွင်အနည်းငယ်တွံ့ဆုတ်သွားပြီး ထို့နောက်တွင် သူ၏မျက်နှာအား ဖုံးကွယ်ထားသည့် အမဲရောင်အဝတ်စအား ဖယ်လိုက်သည်။ အခန်းထဲတွင် မီးရောင်မှုန်ပြပြသာထွန်းထားသောလဲ အိုလတ်ဂ်ထိုလူ၏မျက်နှာက်ု ကောင်းစွာမှတ်မိလိုက်သည်။

“ဟာ..မင်း...မင်း...ဒါလုံးဝမဖြစ်နိုင်ဘူး...” အိုလတ်ဂ်သည် တစ္တေတစ်ကောင်ကိုမြင်လိုက်ရသကဲ့သို့ထိတ်လန့်သွားသည်။ “ဒါမဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး...”

“ကဲဒါဆို မင်းငါ့ကို အရှေ့ဘက်တောင်ထိပ်ကိုခေါ်သွားမယ်မလား....” အမဲရောင်ဝတ်ရုံနှင့် ထိုးဖောက်ဝင်ရောက်လာသူမှာ အမှောင်ထဲသို့ထက်မံဝင်ရောက်ပုန်းကွယ်သွားသည်။ အသံမှာတည်ငြိမ်သည့်ဟန်ရှိသောလဲ နောက်ကွယ်မှ ဒေါသနှင့် အမုန်းတရားတို့ကို အိုလတ်ဂ်ခံစားနေရသည်။

“မင်းခေါ်မသွားဘူးဆိုရင်လဲ ငါ့မှာတခြားနည်းလမ်းတွေရှိသေးတယ်...ဒါပေမယ့် မင်းကတော့သေရလိမ့်မယ်...ကဲဘယ်လိုလဲ...”

“ငါမင်းကို ခေါ်သွားမယ်....”

အိုလတ်ဂ်၏ခြေထောက်များ တုန်ခါနေသလိုခံစားနေရပြီး အရှုံးပေးလိုက်တော့သည်။

All Chapters