← Chapters

“မရဏထောင်ခြောက်”

Vol. 9 Ch. 125

“မရဏထောင်ခြောက်”

Vol. 9 Ch. 125

အသတ်လတ်ပိုင်းအရွယ်လူ၏ လက်ချောင်းများရုတ်တရက်လှုပ်ခါသွားပြီး သူ၏ပါးစပ်မှ ဂါထာမန္တာန်များစွာကိုရွတ်ဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်များတောက်ပလာပြီး နတ်စဥ်ပတ်ဝန်းကျင်တစ်ခုလုံးပူနွေးလာပြီး အလွန်တောက်ပလွန်းသဖြင့် လူများအားလုံးမကြည့်နိုင်ကြချေ။ မီးဖြင့်ပြုလုပ်ထားသကဲ့သို့ ဓားတစ်ချောင်းသည် ထိုလူ၏လက်ထဲတွင် ပေါ်ပေါက်လာပြီး ဖှေးထံသို့ပြေးဝင်သွားတော့သည်။

အရာအားလုံးသည် မျက်စိတမှိတ်အတွင်းတွင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

နတ်စဥ်ပတ်ဝန်းကျဥ်ရှိလူများ တုန့်ပြန်ရန်ပင်အချိန်မရှိလိုက်ပေ။

ထိုလူမှာ ဖှေးအနောက်သို့ရောက်ရှိနေပြီဖြစ်သည်။ လေထဲတွင် စက်ဝိုင်းခြမ်းသဖွယ်ဝှေ့ရမ်းလာသော ကျစ်ကျစ်တောက်ပူလောင်နေသည့် မီးတောက်ဓားမှာ ဖှေး၏နောက်ကြောပြင်သို့ ကျရောက်တော့မည်ဖြစ်သည်။

သို့သော်....

ဤအခိုက်အတန့်တွင် အခြေအနေမှာပြောင်းလဲသွားသည်။

ဖှေး၏ ခန္ဓာကိုယ်မှာကိုယ်ညာဘက်သို့ အနည်းငယိမ်းယိုင်သွားသည်။ ဤအပြုမူမှာ သတိမထားမိလိုက်ပဲ ပြုမူသည့်ဟန်ရှိသော်လည်း ဖှေးသည် အသတ်အန္တရာယ်ပေးနိုင်သော တိုက်ခိုက်မှုကို ကောင်းမွန်စွာ ရှောင်ရှားလိုက်နိုင်၏။ မီးဓား၏ ခုတ်ပိုင်းမှုမှာ လွဲချော်သွားသည်။

ဤအချိန်ရောက်သည့်အခါမှ တခြားတိုင်းပြည်မှ သံတမန်များသည် ဖြစ်ပျက်နေသည်များကို သဘောပေါက်လာပြီး ထိတ်လန့်သွားကာ ဝရုန်းသုန်းကားဖြစ်ကုန်ကြတော့သည်။

ဒရော့ဂ်ဘာကဲ့သို့ နတ်စဥ်အနီးတွင်ရှိနေသော အစောင့်များမှာ အ​မြန်ပြေးလာပြီး “ဘုရင်ကိုကာကွယ်ကြ”ဟု အော်လိုက်ကြကာ သူတို့၏ လက်နက်များကိုဆွဲထုတ်လိုက်ကြ၏။ သို့သော် ခြေလှမ်းပေါင်းအနည်းငယ်လှမ်းပြီးနောက်တွင် ဘုရင်မှာ သူတို့်အားလက်လှမ်းပြပြီး မလာကြရန်အချက်ပြနေသည်ကို တွေ့လိုက်ရသည့်အတွက် အံ့သြကာ ရပ်တံ့ကုန်ကြ၏။

ဖှေး၏ ညာလက်သည် မီးဓားအား ဖမ်းကိုင်ဆွဲလိုက်သည်။

“ကြယ်လေးလုံးအဆင့် မီးမှော်ဆရာပဲ...မင်းကဘယ်သူလဲ ဘာကြောင့်မို့ ငါ့ကိုသတ်ချင်ရတာလဲ...”

ဖှေး လူရိုင်းဇာတ်ကောင်တွင် တပ်ဆင်ထားသည့် လက်အိပ်များသည် သူ၏လက်ပေါ်တွင်ပေါ်ပေါက်လာသည်။ ဤသည်မှာ ငွေရောင်မှော်လက်အိပ်များဖြစ်သည်။ ဖှေး၏ခုခံကာကွယ်နိုင်မှုအား ၂၁မှတ်တ်ိုးစေပြီး မီးဒဏ်နှင့် လျှပ်စီးဒဏ်ကို ၂၀%လျှော့ချပေးနိုင်သည့် ဂုဏ်သတ္တိရှိသည်။ လက်အိပ်များ၏ အကူညီဖြင့် ဖှေး မီးတောက်ဖြင့် ပြုလုပ်ထားသည့်ဓားကို ကိုင်ထားနိုင်ရုံသာကိုင်ထားနိုင်သည်။ ဓားမှရရှိသောခံစားချက်အစ ဤလူသည် ကြယ်လေးလုံးအဆင့်သို့ရောက်ခါစလူဖြစ်ပေလိမ့်မည်။ သို့သော် ပြသနာမှာ ဤလူဘယ်သူဖြစ်သည်ကို သူမသိချေ။ ဘာလို့သူ့ကို သတ်ချင်တာလဲ။ တစ်ယောက်ယောက်ကများ အမိန့်ပေးထားလို့လား...

ချောင်းမြောင်းတိုက်ခိုက်မှု လွဲချော်သွားသည့်အချိန်တွင် ထိုလူသည်သူ၏ဓားကိုလွှတ်ချလိုက်ပြီး အနောက်သို့ပြန်ဆုတ်လိုက်သည်။

“မင်း ဘယ်လိုရှောင်လိုက်တာလဲ....” မှော်ဆရာတစ်ယောက်အတွက် လုံခြုံသောအကွာအဝေးသို့ရောက်ရှိပြီးချိန်တွင် ထိုလူသည် ဖှေးအားအံ့သြစွာဖြင့်မေးလိုက်သည်။

သူ လုံးဝမစဥ်းစားတတ်ချေ။ နတ်ဘုရားတစ်​ယောက်အား သေစေသည်အထိပင်စီစဥ်ထားသည့် သူ၏ချောင်းမြောင်းတိုက်ခိုက်မှုကို ဖှေး မည်ကဲ့သို့ရှောင်နိုင်ခဲ့သလဲ။ ဤတိုက်ခိုက်မှုအား ပြင်ဆင်ရန်အတွက် သူအကြိမ်ပေါင်းများစွာလေ့ကျင့်ခဲ့သည်။ သူ၏ မှော်စွမ်းအင်များအမြင့်ဆုံးသို့ရောက်ရှိနေရန်အတွက် ဆယ်ရက်ဆယ်ညတိုင်တိုင် တရားထိုင်နေခဲ့သည်။ သူ၏ မန္တာန်ရွတ်ဆိုရသည့်အချိန်အား လျှော့ချပြီး အတက်နိုင်ဆုံးချက်ချင်းတိုက်ခိုက်နိုင်ရန်အတွက် မှော်ပစ္စည်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ လွဲချော်ရန်မဖြစ်နိုင်သော အစီစဥ်မှာ နောက်ဆုံးတွင်လွဲချော်သွားလိမ့်မည်ဟု သူထင်မထားပေ။ အဖြေမှာတစ်ခုတည်းသာ ရှိသည်။ ဖှေးသည်တိုက်ခိုက်မှုမပြုလုပ်မည်ကတည်းက ချောင်းမြောင်းတိုက်ခိုက်မှုကို ကြိုသိနေခဲ့သောကြောင့်ပင်။

အသတ်လတ်ပိုင်းအရွယ် ထိုလူ၏မျက်နှာတွင် အံ့သြနေသည့် အမူအယာတစ်ခုရှိနေသော်လည်း ပျာယာခတ်ကာ လွတ်မြောက်ရန်မကြိုးစားသေးပေ။

အစောင့်များ၏ ဝိုင်းရံထားခြင်းခံရသည်ကိုလည်း ဂရုစိုက်ပုံမရချေ။ သူ့တွင် ဒုတိယအစီစဥ်တစ်ခု ရှိနေသေးပုံရသည်။

သူသည် ဖှေး၏တုံ့ပြန်မှုကိုလည်း စောင့်နေသည်ဖြစ်သည်။

သို့သော် ထိအခိုက်တံ့တွင် မမျှော်လင့်ထားသည့် အရာတစ်ခုဖြစ်ပျက်သွားသည်။

ထိုအသက်လတ်ပိုင်း လူ၏ပုခုံးအား ဓားတစ်ချောင်းစိုက်ဝင်သွားသည်။

အသက်လက်ပိုင်းလူမှာ ထိတ်လန့်အံ့သြသွားသည်။ သွေးများတစ်စက်စက်ဖြင့် မြေပေါ်သို့စီးကျလာ၏။ ထို့နောက်တွင် သတိရသွားပြီး အော်ဟစ်ကာ သူ၏လက်များက်ိုဝှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် မီးချိန်းကြိုးများ ဘယ်နေရာမှမှန်းမသိပဲ ပေါ်လာပြီး ဓားကိုင်ထားသည့်လူအားရိုက်ခတ်လိုက်သည်။ နာကျဥ်စွာအော်ဟစ်သံနှင့် အတူ အိုလတ်ဂ်တစ်ယောက်လွှင့်ထွက်သွားကာ ပါးစပ်မှသွေးများစီးကျလာတော့သည်။

အသက်လတ်ပိုင်းလူအား အနောက်မှနေ၍ အလစ်ဝင်၍ဓားဖြင့်ထိုးတိုက်ခိုက်လိုက်သူမှာ ထောင်မှူးအိုလတ်ဂ်ပင်။

“ဒါမင်း လက်ချက်ကိုး....”

ထိုလူမှာ ဒေါသဖြင့်အော်ဟစ်လိုက်သည်။ သူသည် ဖှေး၏ရှင်းပြချက်ကိုစောင့်ရန်ပင်မလိုတော့ချေ။ ဖှေး သူ၏တိုက်ခိုက်မှုကိုရှောင်လိုက်နိုင်ခြင်း၏ အကြောင်းရင်းကို ချက်ချင်းပင်သဘောပေါက်ထားခဲ့သည်။ ဤကြောက်ရွံ့ဟန်ဆောင်နေခဲ့သော အိုလတ်ဂ်မှာ ဘုရင်အား တနည်းနည်းဖြင့် အချက်ပြထားသောကြောင့်ပင်။

“အေး ငါပဲပေါ့...မင်းက ငါ့ကို အမိန့်လိုက်ပေးနေရအောင် မင်းက ဘာကောင်မို့လို့လဲ....”

အိုလတ်ဂ်နတ်စဥ်ကိုပင် မှီလျှက်နေနေပြီး သူ၏ပါးစပ်မှ သွေးများဆက်လက်စီးကျလာနေသည်။ ထို့နောက်တွင် အသက်လက်ပိုင်းလူအား ကြည့်လိုက်ပြီး “ဟားဟား ခင်ဗျားအံ့သြသွားတယ်မလား...ငါကအရင်ကလို သေရမှာကြောက်တဲ့ လူကြောက်အိုလတ်ဂ်မဟုတ်တော့ဘူးကွ....ဒီမှာ ဘစ်ဇား ခင်ဗျားအစကတည်းကအမှားလုပ်မိတာပဲ...ခင်ဗျားက ကျွန်တော့ကိုအရ်င်လိုပဲလို့ထင်နေခဲ့တာကိုး...ငါက ဘုရင်အလတ်ဇန္ဒားအတွက် အသက်ကိုတောင်ပေးဖို့ဆန္ဒရှိနေတဲ့လူတစ်ယောက်ပဲ...ဘာလို့ငါက သူ့ကို သစ္စာဖောက်မှာလဲ....”

အိုလတ်ဂ်သည် အပြင်းထန်ဒဏ်ရာရရှိသွားသည်။ သူ၏စကားမဆုံးမှီ ပါးစပ်မှ သွေးများထက်မန်စီးကျလာသည်။ သို့သော်ကံကောင်းစွာပင် ဟော့ခ်ဆေးပုလင်းအစွမ်းကြောင့် သူ၏ခန္ဓာကိုယ်မှာ ပို၍ကြံ့ခိုင်မာကြောလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်လေးလုံးမှော်ဆရာ၏ တိုက်ခိုက်မှုအား အသက်ရှင်လိုက်နိုင်ခြင်းဖြစ်၏။

သူပြောသည်ကြောင့် သူအများ အံဩသွားကြသည်။

ကြယ်​လေးလုံးမှော်ဆရာမှာ ဘစ်ဇားပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ဝန်ကြီးချုပ်ဟောင်း။ သစ္စာဖောက်မှုအတွက် အလိုရှိဆုံးလူတစ်ဦးဖြစ်သည်။

ဖှေး မျက်မှောင်ကြုံ့လိုက်သည်။

သူသည် အခမ်းနားမစတင်မှီက အိုလတ်ဂ်နှင့် မျက်လုံးခြင်းဆုံကာ အိုလတ်ဂ်၏ အချက်ပြမှုကြောင့် အ​နောက်တွင်ပါလာသော အစေခံမှာ ရန်သူဖြစ်မှန်းသိရှိပြီးဖြစ်သည်။ သို့သော် ထိုလူမှာ ချမ်းဘော့ဒ်မှပျောက်ကွယ်သွားခဲ့သည့် ဘစ်ဇားဖြစ်မှန်း လုံးဝထင်မထားခဲ့ပေ။ ဘစ်ဇားမှာ ပညာရပ်တစ်ခုခုအားအသုံးပြုပြီး သူ၏ မျက်နှာသွင်ပြင်ကို ပြင်ဆင်လာခဲ့ပုံရ၏။ သို့သော် ဤလူမှာ ကြယ်​လေးလုံးအဆင့် မီးစွမ်းအင်သုံးမှော်ဆရာတစ်ယောက်မှန်း မည်သူမျှမသိခဲ့ကြချေ။

All Chapters