← Chapters

အခန်း (၁၂၆)

Vol. 9 Ch. 126

အခန်း (၁၂၆)

Vol. 9 Ch. 126

မျှော်လင့်မထားသော ဖြစ်ရပ်များကြောင့် လူအုပ်ထဲတွင် ဆူညံသံများထွက်ပေါ်လာသည်။

အရှေ့ဘက်တောင်ထိပ်သို့နေရောင်ခြည်ကျရောက်လာပြီးဖြစ်၍ ကောင်းမွန်စွာမြင်နိုင်နေပြီဖြစ်သည်။ ဖှေးအား ထီးနန်းတင်မြှောက်ရန်အတွက် အကောင်းဆုံးအချိန်မှာလဲ ကျော်လွန်သွားပြီဖြစ်သည်။ တစ်ခြားတိုင်းပြည်မှ သံတမန်များနှင့် မင်းသားများမှာ နတ်စဥ်ရှိရာသို့ အံ့သြစွာဖြင့် စိုက်ကြည့်နေကြသည်။ နတ်စဥ်ပေါ်တွင် မင်သမီးတာနာရှာနှင့် သူ့အစေခံများသည်လည်း သရဖူအား လင်ဗန်းပေါ်သို့ပြန်တင်လိုက်ပြီး အနောက်အနည်းငယ်ဆုတ်ခွာကာ ဖှေးအား ဒရာမာတစ်ခုကြည့်နေသကဲ့သို့ စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

ဖှေး ဘစ်ဇားကိုစိုက်ကြည့်နေရင်း သူ၏ခန္ဓာကိုယ်မှစွမ်းအားများကို အဆင်သင့်ပြင်လိုက်သည်။

“ဒီလူက သူ့ဟာနဲ့သူပေါ်လာမှတော့ တစ်ခါတည်းသတ်ပေးလိုက်မှ အေးမယ်...ဒါမှမဟုတ်ဘူးဆို ကြယ်​လေးလုံးစစ်သည်ရဲ့ အစွမ်းက ချမ်းဘော့ဒ်ကို တော်တော်ဒုက္ခပေးနိုင်တယ်....”

တစ်ချိန်တည်းမှာပင် ဘစ်ဇားလည်း သူ၏ဒဏ်ရာကို လက်ဖြင့်အုပ်ပြီး အစီစဥ်တစ်ခုကို အမြန်စဥ်းစားနေသည်။

ဖှေးထံမှ ထုတ်လွှင့်နေသော စွမ်းအင်များကို ခံစားမိပြီးနောက်တွင်သူ ဖှေးအားယနေ့တွင် သတ်လို့မရသေးမှန်းသိလိုက်သည်။ သူဒေါသထွက်နေသည်။ ကြယ်လေးလုံးအဆင့်သို့ရောက်ပြီး အသေးစိတ်အစီစဥ်များကိုလည်း ရေးဆွဲပြီးသည့်အချိန်တွင် သူဤကဲ့သိုအဖြစ်မျိုးကြုံရလိမ့်မည်ဟု လုံးဝထင်မထားပေ။ သူ၏ အစီစဥ်များကိုအကောင်ထည်ဖော်ရန် အချိန်လိုဦးမည်ဟု လက်ခံလိုက်သည်။

“ငါမင်းကို ဒီလိုသစ္စာရှိခွေးတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားဘူး...” ဘစ်ဇား အိုလတ်ဂ်ကိုစိုက်ကြည့်လိုက်သည်။ သူဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ ပါးစပ်မှ ဂါထာမန္တာန်များကို လျှင်မြန်စွာရွတ်ဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ပူသည်ထက်ပူလာတော့သည်။ သူ၏ စွမ်းအင်လယ်ဗယ်မှာလည်း တစ်စတစ်စပိုပြီး မြင့်မားလာတော့သည်။ သူသည် မီးတောက်များနှင့် ရေချိုးနေသကဲ့သို့ပင်။

“သေစမ်း...”

သူ၏ဘေးပတ်လည်ရှိ မီးတောက်များ ပြင်းထန်စွာ လောက်ကျွမ်းလာပြီး ဖှေးထံသို့ပြေးဝင်လာသည်။

ဘစ်ဇားသည် လွတ်မြောက်ရန်မဖြစ်နိုင်တော့သည့်အတွက် သူ့ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားရင်းမြစ်အား ဖောက်ခွဲကာ ဖှေးအားအသေခံတိုက်ခိုက်တော့မည်ဟု လူတိုင်းတွေးမိကြသည်။ ဖှေးလဲ ထိုကဲ့သို့ထင်ကာ ဘစ်ဇား၏တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ရန်ပြင်ဆင်ထားသည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် မီးတောက်များဖြင့်ပြုလုပ်ထားသည့် ဟိန်းဟောက်နေကြသည့် သားရဲကြီးများသည် ဘစ်ဇားခန္ဓာကိုယ်အတွင်းမှ ထွက်လာသည်။ ထိုသားရဲကြီးများ ဦးတည်သွားသော နေရာမှာ ဖှေးထံသို့မဟုတ်ချေ။

ပစ်မှတ်မှာ မင်းသမီးတာနာရှာပင်။

“ဟားဟားဟား အလတ်ဇန္ဒား....ငါဒီအမျိုးသမီးကို သတ်လိုက်မယ်...မင်းဇီးနစ်အင်ပါယာကို ဘယ်လိုရှင်းပြမလဲ ကြည့်ကြသေးတာပေါ့ကွာ မင်းအပါအဝင် ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံး ဇီးနစ်အင်ပါယာရဲ့ ဒေါသအောက်မှာ သေကြတော့မယ်...ဟားဟားဟား”

ဘစ်ဇား ရူးသွပ်စွာရယ်မောနေသည်။

ဒီလူက အင်ပါယာမင်းသမီးကို တိုက်ခိုက်လိုက်တာပဲ။

လူတိုင်းထိတ်လန့်အံ့သြသွားကြသည်။

ဖှေး လည်းစက္ကန့်အနည်းငယ်ခန့်ထိတ်လန့်သွားသည်။

ထို့နောက်တွင် လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းအစွမ်းကို အသုံးပြုပြီး မင်းသမီးထံသို့ခုန်သွားလိုက်သည်။ သူ သူမအားကယ်တင်ရမယ်ဖြစ်သည်။ သို့မဟုတ်ပါက ဇီးနစ်အင်ပါယာ၏ ဒေါသအောက်တွင် ချမ်းဘော့ဒ်တစ်ခုလုံး ပြာဖြစ်သွားနိုင်သည်။

တစ်ချိန်တည်းမှာပင် ဘစ်ဇား မန္တာန်များရွတ်ဆိုလိုက်သည်။

မီးဖြင့် ပြုလုပ်ထားသော အတောင်ပံများ သူ၏နောက်ကြောတွင်ပေါ်လာပြီး ဒုတိယတောင်ဆင်းလမ်းစီသို့ ဦးတည်ကာ ပျံသန်းသွား၏။ ပရမ်းပတာအခြေအနေကိုအသုံးချကာ လွတ်မြောက်ရန်ကြံစည်လိုက်ခြင်းဖြစ်သည်။ သူလွတ်မြှောက်မှ ဖှေးအားနောက်တစ်ကြိမ်ဆက်လက်၍ လက်စားချေနိုင်မည်ဖြစ်သည်။

တောင်ဆင်းလမ်းနှင့် နီးကပ်လာသည့်အချိန်တွင် ဘစ်ဇား၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ “မင်းစောင့်နေဦးပေါ့ အလတ်ဇန္ဒားရာ..ငါပြန်လာခဲ့ဦးမယ်...မင်းကောင်းကောင်အိပ်ရမှာမဟုတ်ပါဘူး..ဟားဟား”

သူတစ်ချက်ခုန်လိုက်ပြီး လွတ်မြောက်တော့မည်ဖြစ်သည်။

သို့သော်.....

“မင်းသမီးကို အန္တရာယ်ပြုရဲတယ်ပေါ့...”

အော်သံနှင့် အတူမင်းသမီး၏အရှေ့တွင် ခရမ်းရောင်မီးတောက်တစ်ခုပေါ်ပေါက်လာသည်။ အထဲမှ သေးသွယ်သော မိန်းမလှလေးတစ်ယောက်ထွက်ပေါ်လာ၏။ သူမ၏ မျက်နှာအမူယာမှာ ပြောင်းလဲခြင်းမရှိပဲ လေထုထဲသို့ လက်ငြိုးဖြင့်ချိန်လိုက်သည်။ မီးတောက်သားရဲ သုံးကောင်မှာချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

မယုံနိုင်စရာပင်။

ကြယ်​လေးလုံးအဆင့်မှော်ဆရာ၏ အစွမ်းကုန်တိုက်ခိုက်မှုအား လွယ်ကူစွာပင် ခုခံလိုက်သည်။ ထို့နောက်တွင် ထိုခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ဘစ်ဇားအရှေ့တွင် ပေါ်လာတော့သည်။

“မင်းသမီးကို တိုက်ခိုက်ပြီးမှ ထွက်ပြေးဖို့မကြံနဲ့တော့....”

သူမ၏ ထူးဆန်းသည့် ဓားတိုတစ်ခုအားထုတ်ကာဘစ်ဇားအား ခုတ်ပိုင်းလိုက်တော့သည်။

ဘစ်ဇား၏ ကျောပြင်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခုပေါ်လာပြီး သွေးများမှာရေပန်းကဲ့သို့ ပန်းထွက်လာတော့သည်။

ဤမျှဖြင့် မလုံလောက်သေးပေ။

နတ်စဥ်နေရာမှ ရေခဲမြှားတစ်ချောင်းပျံသန်းလာပြီး ဘစ်ဇား၏ခန္ဓာကိုယ်အား ဖောက်ဝင်သွားသည်။ အေးစက်သောစွမ်းအင်များသည်ဘစ်ဇား၏ခန္ဓာကိုယ် အနှံ့တွင်ပျံ့နှံ့သွားသည်။ နာကြင်စွာအော်ဟစ်သံနှင့် အတူ ဘစ်ဇား၏ ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားပြီး တောင်အောက်သို့ ပြုတ်ကျသွားတော့သည်။

မြှားပစ်လိုက်သူမှာ ဖှေးပင်ဖြစ်သည်။ အမေဇုံဇာတ်ကောင်အဖြစ်သို့ပြောင်းပြီး နောက်တွင် ရေခဲမှော်မြှားမှာ အလွန်ထိခိုက်စေနိုင်သည်။

ဤကဲ့သို့ဒဏ်ရာအပြင်းထန်ရပြီး တောင်ပေါ်မှပြုတ်ကျသွားသော ဘစ်ဇားမှာ အသက်ရှင်နိုင်အ​ကြောင်းမရှိတော့ပေ။

ဖှေး သက်ပြင်းချလိုက်သည်။

အရာအားလုံး ပြီးဆုံးသွားကာ အန္တရာယ်လဲပျောက်ကွယ်သွားပုံရသည်။

သို့သော် ရုတ်တရက် ယခင်ကတစ်ခါမှမကြုံဖူးသေးသည့် အန္တရာယ်တစ်ခုကို ထက်မံခံစားလိုက်ရသည်။

ဘယ်ကရောက်လာမှန်းမသိသည့် ဓားတစ်ချောင်းမှာ မင်းသမီးတာနာရှာဦးခေါင်းအားရွယ်ပြီး ခုတ်ပိုင်းလာသည်။ မင်းသမီး၏ ခါးနှစ်ဖက်အား ခုတ်ပိုင်းရန်အတွက် ဓားနှစ်လက် ဘယ်တစ်ချောင်းညာတစ်ချာင်းပေါ်ပေါက်လာသည်။

နတ်စဥ်ပတ်ဝန်းကျင် လူအုပ်အတွင်းမှပစ်လွှတ်လိုက်သော မြှားသုံးစင်းသည် မင်းသမီး၏ ဦးခေါင်း လည်ပင်းနှင့် နှလုံးသားတို့က်ုချိန်ရွယ်ကာ ပြန်သန်းလာသည်။

အဆိပ်များသုပ်လိမ်းထားသည့် သံမဏိလက်သည်းများမှာလည်း မင်းသမီး၏ကြောပြင်အား ချိန်ရွယ်ကာပျံသန်းလာသည်။

မင်းသမီး၏ဘေးမြေပြင်တွင် အဝါရောင်မီးတောက်များတောက်ပလာပြီး အထဲမှ ဓားတစ်လက်ကိုင်ဆောင်ထားသည့် လူတစ်ယောက်ပေါ်ထွက်လာကာ မင်းသမီး၏ခြေထောက်အား ချိန်ရွယ်ကာ ခုတ်ပိုင်းလိုက်သည်။

တိုက်ခိုက်မှု ၅ခု မှာ တစ်ချိန်တည်းမှာပင်ထွက်ပေါ်လာပြီး မင်းသမီးအပေါ်သို့ကျရောက်တော့မည်ဖြစ်သည်။ ထိုတိုက်ခိုက်မှု၅ခုလုံးသညိ သေစေနိုင်သည့်တိုက်ခိုက်မှုများဖြစ်ကြသည်။

ဤသည်မှာ ဂရုတစိုက်စီစဥိထားသောလုပ်ကြံသတ်ဖြတ်မှုတစ်ခု ရှိသည်မှာထင်ရှားသည်။

All Chapters