← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

အရာအားလုံးသည် တစ်ခနအတွင်းမှာပင် ဖြစ်ပျက်သွားသဖြင့် ​မည်သူမျှလိုက်မမှီကြချေ။

ငယ်ရွယ်သောဘုရင်အားလုပ်ကြံသတ်ဖြတ်လိမ့်မည်ဟု မည်သူမျှထင်မထားပဲ ဖြစ်ပျက်သွားပြီး သိပ်မကြာသေးခင်မှာပင် အင်ပါမင်းသမီးတာနာရှာအား ပစ်မှတ်ထားလုပ်ကြံမှုကြီးကို ထက်မံကြုံတွေ့လိုက်ရတော့သည်။

ကမ္ဘာကြီးတစ်ခုလုံးရူးသွပ်သွားတာလား မင်းသမီးတာနာရှာကို ဘယ်သူကရန်ရှာရဲရတာလဲ။

မင်းသမီး ဦးခေါင်းတည့်တည့်သို့ကျရောက်လာသည့် ဓားအနောက်မှ လူတစ်​ယောက်၏ပုံသဏ္ဍာန်ပါပေါ်ပေါက်လာခဲ့သည်။ ကြီးမားသော စွမ်းအားအရှိန်သည် မင်းသမီးဘေးနားရှိ အမျိုးသမီးစစ်သည် ဆူဇန်တို့ကို ဘေးသို့တွန်းထုတ်လိုက်ပြီး မင်းသမီးသည် ကြီးမားလှသောစွမ်းအားအောက်တွင် လက်တစ်ခြောင်းပင်မလှုပ်နိုင်တော့ချေ။

ကောင်းကင်မှလုပ်ကြံသတ်ဖြတ်သူမှာ အနည်းဆုံးကြယ်ငါးလုံးအဆင့်ခန့်ရှိပေလိမ့်မည်။ ထို့နောက်တွင် ဘယ်ဘက်နှင့် ညာဘက်ရှိဓားများ၏ပိုင်ရှင် လုပ်ကြံသတ်ဖြတ်သူများလည်း ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ထိုဓားများမှာ အလွန်ထူးဆန်းသည့် ဒီဇိုင်းများရှိသည့် အဝါရောင်ဓားကောက်များဖြစ်သည်။ ဓားပေါ်တွင် ထူးဆန်းသည့် သင်္ကေတများထွင်းထုထား၏။ ဓားသွားများသည် မင်းသမီး၏ နူးညံ့သော ခါးသို့ ဦးတည်လာနေသည်။ ထိုဓားများ မင်းသမီးခါးပေါ်သို့ ကျရောက်လိုက်သည်နှင့် တပြိုင်နက် မင်းသမီးမှာ ဖယောင်းရုပ်တစ်ခုကဲ့သ်ို့ ချက်ခြင်းနှစ်ပိုင်းပြတ်သွားမည်မှာ အသေအချာပင်။

ထိုဓားနှစ်လက်က်ိုကိုင်ဆောင်ထားသည့် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်မှာ တူညီသောရုပ်ရည်သွင်ပြင်များရှိကြပြီး တူညီသော သတ်ဖြတ်လိုစိတ်ရှိနေကြသည်။ ထိုလူနှစ်ယောက် သစ်တောစွမ်းအင်အသုံးပြုသူများဖြစ်ကြပြီး ကြယ်လေးလုံးအဆင့်ခန့်ရှိပေလိမ့်မည်။

ကိုယ်ခံပညာအကြောင်းလုံးဝမသိသော အားနည်းသည့်အမျိုးသမီးတစ်ယောက်အား လုပ်ကြံသတ်ဖြတ်ရန်မှာ ကြယ်သုံးလုံးအဆင့်စစ်သည်သုံးယောက်သုံးလျှင်ပင် အလွန်သတိထားလွန်းရာကျနေပြီဖြစ်သည်။ အပေါ်မှခုတ်ပိုင်းနေသော ဓားတစ်ချောင်း၊ ဘေးနံနှစ်ဖက်မှာ ဓားနှစ်ချောင်းတို့အပြင် အနောက်မှ ရောက်ရှိလာနေသည့် အဆိပ်သုပ်ထားသော လက်သည်းများ၏စွမ်းအားမှာလည်း မနိမ့်ကျလှချေ။

ထိုအရာများအပြင် ကျန်အရာများလည်းကျန်ရှိနေသေးသည်။

တိတ်ဆိတ်စွာ ပျံသန်းလာနေသည့် မြှားသုံးစင်းနှင့် မြေထဲမှ ရုတ်တရက်ပေါ်ထွက်လာသော လူတစ်ယောက်ပင်။

အပေါ်၊အောက်၊အရှေ့၊အနောက်၊ဘယ်၊ညာ။

ချွန်မြနေသည့် လက်နက်ငါးမျိုး။

လုပ်ကြံသတ်ဖြတ်သူခြောက်ယောက်။

ဤအခိုက်တန့်သည် သေခြင်း၏လှောင်အိမ်တစ်ခုဖြစ်ပေါ်လာသကဲ့သို့ပင်။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ခြင်းစီ၏စွမ်းအားများသည် ကြောက်မက်ဖွယ်ဖြစ်ပြီး သူတို့၏လက်နက်များသည်လည်း မင်းသမီးတစ်ယောက်တည်းကို သာ ဦးတည်ထားခြင်းဖြစ်သည်။ မင်းသမီးအား ကြီးမားသောကျောက်တုံးတစ်ခုဖြင့် ထုချေသတ်ဖြတ်ခြင်းခံရတော့မည့် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သ်ို့ ခံစားရစေသည်။

အဆိုးဆုံးမှာ မင်းသမီးဘေးတွင်ကာကွယ်ပေးမည့် အစောင့်တစ်ယောက်မှရှိမနေခြင်းပင်။

အမျိုးသမီး သူရဲကောင်းဆူဇန်မှာ ပြုတ်ကျလာသော ဓားအရှိန်ကြောင့် ဘေးသို့လွင့်စင်သွားပြီဖြစ်သည်။ ခရမ်းရောင်ဝတ်ရုံနှင့် ကောင်မလေးမှာလည်း ဘစ်ဇားအနောက်မှပြေးလိုက်ရင်းဖြင့် မင်းသမီးနှင့် ဝေးလှံသောနေရာသို့ရောက်ရှိနေသည်။ သူရဲကောင်းကပ္ပတိန်ရိုမန်မှာ အစောင့်၂၀၀နှင့် အတူ နတ်စဥ်အောက်တွင် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

လူများပျာယာခက်ကုန်ကြသော်လည်း မင်းသမီးကယ်နိုင်ရန်အချိန်မရှိတော့ချေ။ တချို့မှာကြောက်ရွံ့ပြီး မျက်လုံးများပင်မှိတ်ထားလိုက်ကြတော့သည်။

ဤအခိုက်တန့်တွင် ဖှေးသည် မင်းသမီးနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသူဖြစ်သည်။

ယခုအချိန်တွင် ဖှေးသည် အမေဇုန်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားချိန်ဖြစ်ပြီး လယ်ဗယ်၁၆အမေဇုန်ဇာတ်ကောင်မှာ ကြယ်သုံးလုံးအဆင့်စစ်သည်နှင့်သာ ညီမျှသည်။ ထို့ကြောင့် အသုံးမဝင်ချေ။ မင်းသမီး၏ သက်တော်စောင့်ဆူဇန်သည် သက်​သေသာဖြစ်သည်။ ယခုအချိန်တွင် ဖှေးထံတွင်ရှိသော အသန်မာဆုံးဇာတ်ကောင်မှာ လူရိုင်းဇာတ်ကောင်သာဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ဇာတ်ကောင်ပြောင်းလဲနေရန်အတွက် အချိန်မရှိသေးချေ။ အရေးကြီးဆုံးအရာမှာ ဖှေး လုပ်ကြံသတ်ဖြတ်သူများ၏ကြောက်မက်ဖွယ်စွမ်းအားများကို ထင်ရှားစွာခံစားမိသည်။ အထူးသဖြင့် ကောင်းကပ်ပေါ်မှ ခုတ်ပိုင်းနေသည့် ဓားပင်။ ဖှေးလူရိုင်းဇာတ်ကောင်အနေဖြင့် မင်းသမီးနေရာတွင် ဝင်လိုက်စေကာမူ အသက်ရှင်နိုင်မည်မဟုတ်ပေ။

သို့သော် အချိန်မှာ ကုန်ဆုံးလာနေသည်။

အမေဇုန်ဇာတ်ကောင်၏ မသိစိတ်မှထိန်းချုပ်မှုအောက်တွင် သူ၏လက်ကိုမြှောက်လိုက်သည်။ ရွှေရောင်အလင်းတစ်ခုတောက်ပသွားပြီး သူ၏လက်ထဲတွင် ရွှေရောင်လေးရှည်တစ်ခုရောက်ရှိလာခဲ့သည်။ လေးကြိုးကိုငြင်သာစွာဆွဲလိုက်ရာ လျှပ်စီးများတောက်ပနေသည့် မြှားခြောက်စင်းလေးပေါ်တွင် ပေါ်ပေါက်လာပြီး ဖှေးပစ်လွှတ်လိုက်သည်။

ဤအပြုမူများကို မျက်စိတမှိတ်အတွင်း၌ပင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ မြှား၆စင်းမှာ လေထုကိုဖြိုခွင်းကွာ ပျံသန်းထွက်ခွာသွားသည်။ ထိုမြှား၆စင်း၏ ဦးတည်ရာမှာလည်း မတူညီပေ။

ပထမမြှားမှာ ကောင်းကင်ပေါ်မှကျဆင်းလာသည့် အသန်မာဆုံး လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးထံသို့ ပစ်မှတ်ထားပျံသန်းသွားသည်။

ဒုတိယနှင့် တတိယမြှားနှစ်ချောင်းသည် မင်းသမီး၏ ခါးဘေးနှစ်ဖက်ရှိနေရာသို့ဦးတည်သွားသည်။ အဝါရောင်ဓားကိုင်ထားသော လက်များသည် ရှေ့သို့ထက်မံတိုးလာပါက လျှပ်စစ်စွမ်းအင်အား သယ်ဆောင်လာသည့် မြှားများဖြင့် ထိမိသွားမည်ဖြစ်သည်။

စတ္ထုထမြောက်မြှားမှာ မင်းသမီး၏ ဦးခေါင်းလည်ပင်းနှင့် နှလုံးသားသို့ထံသို့ ပျံသန်းလာနေသော မြှားသုံးစင်းထံသ်ို့ ဦးတည်သွားသည်။

နောက်မြှားတစ်စင်းမှာ မင်းသမီး၏ လည်ပင်းအား ကျော်လွန်ပြီး အနောက်မှလာနေသော လက်သည်းနှင့် လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းထံသို့ ဦးတည်သွားသည်။

ကျန်မြှားတစ်စင်းမှာ မြေထဲမှထွက်ပေါ်လာသည့် လုပ်ကြံသတ်ဖြတ်သူ၏ လည်ပင်းထံသ်ို့ ဦးတည်ပျံသန်းသွားသည်။

အမေဇုန်စစ်သည်ဇာတ်ကောင်၏ မြှားစွမ်းပင်။ တစ်ချိန်တည်းမှာပင် မြှားပေါင်းမြောက်များစွာပစ်လွှတ်နိုင်ပြီး မတူညီသော ပစ်မှတ်အား တိကျစွာထိမှန်စေပြီး များစွာထိခိုက်စေနိုင်သည်။

ဤသည်မှာ ဖှေး အမေဇုန်ဇာတ်ကောင်အနေဖြင့် သင်ယူခဲ့သည့် ပထမဆုံးမြှားအစွမ်းပင်။ ဖှေး ထိုမြှား၆စဥ်းဖြင့် လုပ်ကြံသူများကို တစ်ခါတည်းသတ်ဖြတ်နိုင်ရန် မမျှော်လင့်ထားချေ။ သူလိုချင်သည်မှာ အချိန်အနည်းငယ်မျှ ကျန့်ကြာသွားစေရုံသာဖြစ်သည်။ သူနှင့် အဝေးတွင်ရောက်နေသည့် ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးတို့ မင်းသမီးအားကယ်တင်ရန်အတွက် အချိန်အနည်းငယ်ပိုရချင်ရုံမျှသာဖြစ်သည်။

မြှား၆စင်းပစ်လွှတ်ပြီးချိန်တွင် ဖှေးလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး အရှေ့သို့အသားကုန်ပြေးသွားတော့သည်။ ရှေ့သို့အချိန်မှီရောက်နိုင်ပါ့မလား။ ထိုလုပ်ကြံသတ်ဖြတ်သူ၆ယောက်အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်လားကို ဖှေးစဥ်းစားနိုင်ချိန်မရသေးပေ။ မင်းသမီးအားကယ်တင်ရန်မှာ ဖှေး၏ တစ်ခုတည်းသော ရွေးချယ်မှုပင်။ သူမင်းသမီးအား ချမ်းဘော့ဒ်မြေပေါ်တွင် လုံးဝအသေခံလို့မဖြစ်ပေ။

သို့သော် ဖှေးမှ အလွန်နှေးကွေးနေသေးသည်။

ပထမဆုံးပစ်လွှတ်လိုက်သည့်မြှားမှာ သက်ရောက်မှုလုံးမရှိချေ။ ကြယ်ငါးလုံးအဆင့်လုပ်ကြံသူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင်ဝန်းရံလျှက်ရှိသော စွမ်းအားများ၏ အမှုန့်ချေခြင်းကိုခံလိုက်ရသည်။

အဝါရောင် ဓားကောက်များနှင့် လုပ်ကြံသူနှစ်ယောက်ထံသို့ ပစ်လွှတ်လိုက်သော မြှားများမှာလဲ ထိုကဲ့သို့ပင်။ သူတို့အတွင်းအားများ၏ ခုခံမှုကြောင့် အနီးနားသို့ရောက်သည့်အချိန်တွင် အရှိန်သေကာ မြေပေါ်သို့ ပြုတ်ကျသွားသည်။ မင်းသမီးနောက်ကြောမှ လုပ်ကြံသတ်ဖြတ်သူသည်လည်း မြှားကို လက်သည်းတစ်ဖက်ဖြင့် ကာကွယ်လိုက်ပြီး ကျန်လက်တစ်ဖက်မှာ မင်းသမီးအား သတ်ဖြတ်ရန်အတွက် ဦးတည်နေ​ဆဲပင်။

သို့သော် ငါးကြိမ်မြောက် ပစ်လွှတ်လိုက်သည့်မြှားမှာမူ မင်းသမီးထံသို့ဦးတည်လာနေသည့် မြှားသုံးစင်းအားတပြိုင်နက် ထိမှန်ကာဖျက်ဆီးပစ်လိုက်သည်။ နောက်ဆုံးပစ်လိုက်သည့်မြှားသည်လည်း မြေထဲမှလုပ်ကြံသူအားထိမှန်သွားသည်။ သို့သော် ထိုလူမှာ နာကြင်မှုအား အံကြိတ်ပြီး လက်ထဲမှဓားဖြင့် မင်းသမီး၏ခြေထောက်သို့ ဦးတည်နေဆဲပင်။

လုပ်ကြံသတ်ဖြတ်သူ၆ယောက်၏ တုန့်ပြန်မှုမှာ တူညီကြခြင်းမရှိပဲ သူတို့၏စွမ်းအားများ တူညီခြင်းမရှိပုံကို ဖော်ပြလျှက်ရှိသည်။

သေခြင်းတရားသည် မင်းသမီး၏လည်ပင်းအားဆုပ်ကိုင်ပြီးဖြစ်သည် အနည်းငယ်လှုပ်လိုက်ရုံမျှဖြင့် မင်းသမီးမှာ အသက်ဝိညင်ကင်းမဲ့သွားတော့မည်ဖြစ်သည်။ အာဏာများစွာ ပိုင်ဆိုင်ထားသည့် မင်းသမီးမှာ ဤကဲ့သို့ အသေချာစီစဥ်ထားသည့် လုပ်ကြံမှုလက်အောက်တွင် အကူညီမဲ့သော မိန်းကလေးငယ်တစ်ယောက်သာဖြစ်တော့၏။

မင်းသမီးသေဆုံးသွားပါက အကျိုးဆက်မှာ ဇီးနနစ်အင်ပါယာ၏ ဒေါသကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း မင်းသမီးနှင့်အတူ မြေမြုပ်ခြင်းခံရတော့မည်ဖြစ်သည်။

All Chapters