← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

အမျိုးသမီးသူရဲကောင်း ဆူဇန်လဲ မင်းသမီးထံသို့အမြန်ပြေးလာနေ၏။ ကပ္ပတိန်ရိုမန်လဲ နတ်စင်ပေါ်သို့ အမြန်ပြေးတက်လာနေသည်။ ခရမ်းရောင်ဝတ်ရုံနှင့် ကောင်မလေး၏ပုံရိပ်မှာလဲ လေထဲတွင့ ဖြတ်ကနဲပျောက်ကွယ်သွားသည်။

အချိန်။

ယခုတွင် အချိန်သည် အရေးအကြီးဆုံးအရာပင်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤအချိန်တွင် ထွက်ပေါ်လာပြီး လုပ်ကြံသူများ၏ တိုက်ခိုက်မှုများကို တားဆီးလိုက်ပါက.....ဖှေး အမှန်တကယ်လဲ ထူးဆန်းသလိုခံစားနေရသည်။ ထို့ကြောင့် အရှေ့သို့ လှမ်းအော်လိုက်သည်။

"ခင်ဗျား အခုထိထွက်မလာသေးဘူးလား....."

"ချွတ် ချွတ် ချွတ်...."

ဖှေးအား ပြန်လည်တုံ့ပြန်လိုက်သကဲ့သို့ပင်။ ကွဲအက်သံများကဲ့သို့ အသံများကို လူတိုင်း၏နားထဲတွင် ကြားလိုက်ရသည်။ မင်းသမီးဘေးတွင် မရေတွက်နိုင်သော မီးပွားစများ ပေါ်ထွက်လာပြီး ထိုမီးပွားစများသည် မင်းသမီးဘေးသို့ လှောင်အိမ်သဖွယ်ကာရံလိုက်သည်။

ဓားတစ်လက်။

သာမန်ပုံစံရှိသည့် ဓားရှည်တစ်လက်သည် မင်းသမီးရှေ့တွင် ပေါ်ပေါက်လာပြီး လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်မှုများကို အသာအယာပင် ကာရံလိုက်၏။

အဖြူရောင် ဝတ်ရုံတစ်စုံနှင့် ဓားတစ်လက်။

မီးပွားစများ ပျောက်ကွယ်သွားပြီးနောက်တွင် အဖြူရောင်ဝတ်ရုံနှင့် လူရွယ်တစ်ယောက်သည် မင်းသမီးရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာရပ်နေ၏။

ထိုသူမှာ အလွန်သာမန်ရုပ်ရည်ရှိသည့် လူတစ်ယောက်ဖြစ်သည်။ မရှည်လွန်း၊ မပုလွန်း၊ မပိန်လွန်း မဝလွန်းပင်။ လူအုပ်နှင့် အတူရှိနေပါက ထိုသူအား မည်သူမျှပင် သတိထားမိကြလိမ့်မည်မဟုတ်ပေ။ သူနှင့်ပတ်သက်ပြီး ထူးခြားချက်တစ်သယစုံတစ်ရာဆိုပါက သူ့ထံတွင်ရှိသော ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည့် မျက်လုံးနှစ်လုံးပင်။

သူ့မျက်လုံးအတွင်းရှိ ပြင်းထန်တော့ လွှမ်းမိုးနိုင်သည့် ဖိအားကိုခံစားရပြီးပါက သူ့အားသာမန်လူမဟုတ်ပဲ စစ်ပွဲနတ်ဘုရားဟုပင် ထင်သွားကြနိုင်သည်။

သူ့လက်ထဲတွက် ကိုင်ဆောင်ထားသည့် ဓားရှည်မှာလဲ သာမန်ပုံစံရှိသည့် ဓားတစ်လက်ပင်။ ကွဲအက်ရာများအနည်းငယ်ရှိနေပြီး ဖုန်မုန့်များနှင့် သံချေးတစ်ချို့ပင် ပေကျံနေသည်။ ထိုဓားသည် သာမန်လယ်သမားတစ်ယောက်အတွက်ပင် အလွန်တုံးတိညစ်ပတ်နေသည့် ဓားတစ်ချောင်းဖြစ်လိမ့်မည်။ သို့သော် ထိုကဲ့သို့ဓားစုတ်တစ်လက်သည် လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်မှုများကို အသာအယာပင် ပြန်လည်တားဆီးလိုက်သည်ကို ဖှေးရှင်းလင်းစွာမြင်လိုက်ရသည်။

မယုံနိုင်စရာကောင်းသည့် စွမ်းဆောင်ရည်တစ်ခုပင်။

ထိုသူမှာ ထိုနေ၌ပင်ရပ်နေပြီး စကားတစ်ခွန်းမှမပြောချေ။

လုပ်ကြံသတ်ဖြတ်သူ၅ယောက်မှာ အနောက်သို့ပြန်ဆုတ်ခွာသွားပြီး မင်းသမီးနှင့် ထိုပုဂ္ဂိုလ်အား ဝိုင်းရံလိုက်ကြသည်။ ဤလူ၏စွမ်းအားကြောင့် သူတို့အားလုံး ထိတ်လန့်အံ့သြသွားပုံရ၏။ လုပ်ကြံသတ်ဖြတ်သူ၅ယောက်ထဲမှ အသန်မာဆုံးလုပ်ကြံသူ၏ မျက်နှာပေါ်တွင် လျှင် ကြောက်ရွံ့နေသည့် အမူအယာတစ်ခုထင်ဟပ်လျှက်ရှိပြီး နောက်တစ်ကြိမ်ထက်မံတိုက်ခိုက်ရန်အတွက် တွံ့ဆုတ်နေလျှက်ရှိသည်။

ဤလူငယ် လူတစ်ယောက်နှင့် ဓားတစ်လက်မှာ ကြောက်မက်ဖွယ်စစ်တပ်တစ်ခု၏ အင်အားကိုဒတ်လွတ်လျှက်ရှိသည်။

သူထိုနေရာ၌ပင် မျက်နှာအမူယာကင်းမဲ့စွာဖြင့် ရပ်နေသည်။ မင်းသမီးအား ပြင်ပမှ အန္တရာယ်များ တစ်စုံတစ်ရာမှ မကျရောက်နိုင်တော့သည့်ခံစားချက်ကို ပေးလျှက်ရှိ၏။

မြင်ကွင်းမှာ အနည်းငယ် မွမ်းကြပ်ဖွယ်ပင်။

ခရမ်းရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး မိန်မလှလး ဇီယျန်မှာ မင်းသမီး၏နံဘေးသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

အခြေအနေမှာထူးဆန်းစွာအင် တိတ်ဆိတ်နေသည်။

ထိုလူငယ်မှာ သကားတစ်ခွန်းမှပြောခြင်းမရှိပဲ မည်သူမျှလဲ စကားမပြောရဲကြချေ။

ထိုအချိန်တွင် ရုတ်တရက်....

"အဟွတ် အဟွတ်...."

လူတိုင်းမယုံနိုင်ဖွယ်ဖြင့် ကြည့်လိုက်ကြသည်။ ရုတ်ရက်ပင် မင်းသမီး၏ဘေးရှိ ဓားကောက်ကိုင်ဆောင်ထားကြသော လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်နှင့် အဆိပ်သုပ်ထားသည့် လက်သည်းပိုင်ရှင် လုပ်ကြံသတ်ဖြတ်သူတို့မှာ ပါးစပ်များပွင့်ဟလာကြပြီး သွေးများစီးကျလာကြသည်။

ဓားကိုင်ဆောင်ထားသည့် လုပ်ကြံသတ်ဖြတ်သူသာ ပုံမှန်အတိုင်းကျန်ရှိနေသည်။

သို့သော်သူလည်း ရုတ်တရက် အေးစက်သွားသကဲ့သို့ခံစားလိုက်ရပြီး အောက်သို့ငုံ့ကြည့်လိုက်ရာ သူ၏ရင်ဘက်တွေ သွေးများစတင်ထွက်ပေါ်လာသည် ဓားရာတစ်ခုကိုတွေ့လိုက်ရ၏။

သွေးအေးလုပ်ကြံသူ ၅ယောက်၏ မျက်နှာများ ချက်ချင်းပင် အရောင်ကင်းမဲ့သွားကြ၏။

ဤအချိန်တွင် သူတို့အားလုံးသဘောပေါက်လိုက်ပြီဖြစ်သည်။ ခုနက ထိုအဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ သူတို့၏ တိုက်ခိုက်မှုများကို ခုခံလိုက်ရုံသာမကပဲ သူတို့ကိုပါတစ်ခါထဲခုတ်ပိုင်းလိုက်ပြီဖြစ်၏။ ခုတ်ပိုင်းမှုမှာ အလွန်လျှင်မြန်သောကြောင့် ဒဏ်ရာများအား ယခုအချိန်မှပင် သတိထားမိလိုက်ခြင်းဖြစ်သည်။

လူအုပ်ထဲမှ လှမ်းပစ်လိုက်သော မြှားဆရာမှာမူ ထိုသူ၏ ပညာမှ အလွန်ထူးဆန်းလွန်းသည်။ မည်သူမျှ လေးကြိုးသံပင်မကြားလိုက်ရပဲ ဘယ်သူပစ်လိုက်သည်ဆိုသည်အား မည်သူမျှပင် သတိမထားမိကြချေ။

ဤအခိုက်တန့်တွင် ဓားကိုင်ထားသည့် လုပ်ကြံသတ်ဖြတ်သူမှာ အနောက်ကြောထဲတွင့် စိမ့်ကနဲအေးစက်သွားပြီး ဒဏ္ဍာရီတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ ထို့နောက်တွင် အလွန်ထိတ်လန့်နေသည့် အမူအယာဖြင့် မေးမြန်းလိုက်သည်။

"မင်း....မင်းက [ဓားတစ်လက်သူရဲကောင်း]လား...."

ထိုမေးခွန်းမေးလိုက်သည့်အချိန်တွင် လူအုပ်ကြီး၍ အာမေဋိတ်သံကို ဖှေးတစ်ယောက်ရှင်းလင်းစွာကြားလိုက်ရ၏။

ဤလူငယ်အား ကြည့်နေသည့် လူတိုင်း၏ပုံစံမှာလဲ ပြောင်းလဲသွားတော့သည်။

"ဓားတစ်လက် သူရဲကောင်း....ငါအဲ့နာမည်ကို တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ...ဘယ်မှာများကြားဖူးခဲ့တာပါလိမ့်...."

ဖှေးတွေးလိုက်မိသည်။

ထိုလူငယ်၏ အမူအယာမှာတော့ မပြောင်းလဲချေ။ သူ၏ ဘေးတွင်ရှိသော လုပ်ကြံသတ်ဖြတ်သူများကိုပင် ဂရုမစိုက်ပဲ မိုးကုတ်စက်ဝိုင်းစီသို့သာ ငေးကြည့်နေ၏။ မေးခွန်းမေးသည့် ဓားကိုင်ထားသည့် လုပ်ကြံသတ်ဖြတ်သူကိုပင် ဂရုမစိုက်ချေ။ သူ၏မျက်လုံးထဲဝင် ထိုသူအား လေ့ကျင့်သည့် သစ်သားရုပ်လောက်ပင် အရာသွင်းပုံမရချေ။

အံ့သြဖွယ်ကောင်းစွာပင် အချိန်တစ်ခုခန့်အကြာတွင် သူ၏မျက်လုံးများသည် ဖှေးထံသို့ကျရောက်လာသည်။ ထို့နောက်တွင် ဖှေးအား ခြေဆုံးခေါင်းဆုံးကြည့်နေ၏။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ပင်။ ဖှေးတစ်ယောက် လူရှေ့သူရှေ့တွင် ကိုယ်တုံးလုံးချွတ်ဖြင့်နေနေရသကဲ့သို့ ခံစနေရ၏။ ထိုသူ၏တောက်ပသောမျကိလုများသည် ဖှေး၏ လျို့ဝှက်ချက်များကို ဖောက်ထွင်းကြည့်နေသည်ဟုပင်ထင်ရ၏။

ဖှေး သူတို့နှစ်ယောက်၏ စွမ်းအားခြင်းကွာခြားပုံကို ချက်ချင်းပင် သတိထားလိုက်မိသည်။

ဤသာမန်ရုပ်ရည်ဖြင့် လူငယ်သည် ဖှေး ခန့်မှန်းမထားနိုင်သည့် စွမ်းအားအဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍သူတ်ု့နှစ်ယောက် ယခုအချိန်တွင်တိုက်ခိုက်ပါက ဖှေး၏အသန်မာဆုံးဇာတ်ကောင်အနေဖြင့်ပင် ထိုသူ၏ တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

"မင်း ဘယ်လိုလုပ်သိတာလဲ..." လူငယ်မှာ ရုတ်တရက်မေးလိုက်သည်။

ဖှေး စက္ကန့်အနည်းငယ်ကြောင်သွားသည်။ ထို့နောက်တွင် ထိုသူဆိုလိုသည်အား ချက်ချင်းနားလည်လိုက်သည်။ မင်းသမီးအနားတွင် သူရှိနေကြောင်း ဘယ်လိုသိလဲ မေးခြင်းဖြစ်၏။

"ဒီလိုပါပဲ ခန့်မှန်းလိုက်မိတာ...."

ဖှေးပြန်ဖြေလိုက်၏။

All Chapters