အခန်း (၁၃၀)
Vol. 9 Ch. 130
ဓားတစ်လက်သူရဲကောင်းသည် သူမအားဤကဲ့သို့ထားခဲ့မည်ကိုကြိုသိနှင့် ပြီးသည့်အတိုင်းပင် မင်းသမီး၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိပေ။ သူမသည် မျက်မှောငိကြုံ့နေဆဲဖြစ်သည်။ သူမျက်မှောင်ကြုံ့နေရသည့်အကြောင်းမှာ သူမ၏အခြေအနေကိုစိုးရိမ်သောကြောင့်မဟုတ်ပဲ ပဲရစ်အား အလွန်ရွံရှာနေသောကြောင့်မှန်းကို ဖှေးထင်ရှားစွာခံစားမိသည်။
“ဒီပဲရစ်က မင်းသမီးရဲ့ ဘဲကိုများ စနိုက်ကျော်ခဲ့ဖူးလို့များလား....”
ဖှေး ဟာသအနေဖြင့် တွေးလိုက်မိသည်။
ဤအချိန်တွက် နေရောင်ခြည်သည် တိမ်တိုက်များကိုကျော်လွန်ကာထွန်းတောက်နေပြီဖြစ်ပြီး တောင်ထိပ်ရှိ အေးစက်မှုများကိုရှင်းလင်းလိုက်ပြီးဖြစ်သည်။ အဝေးမှကြည့်ပါကတောင်ထိပ်မြင်ကွင်းမှာ အလွန်ကျက်သရေရှိလှပသည့် မြင်ကွင်းဖြစ်သည်။
တောင်ထိပ်တွင် ချမ်းဘော့ဒ်မှလူ၂၀ဝန်းကျင်ခန့် ကျန်ရှိနေဆဲ ဖြစ်သည်။
ဒရော့ဂ်ဘာနှင့် ဘားရက်ခ်တို့ကဲ့သို့ လူသန်ကြီးများသညိ သူတို့၏ ကြီးမားသည့်လက်နက်များကိုမြဲမြံစွာကိုင်ထားပြီး နတ်စဥ်အောက်တွင် ဝိုင်းရံထားကာစောင့်ကြည့်နေကြသည်။ နတ်စဥ်အောက်ဘက်ရှိ လူအုပ်ထဲတွင် လေးမြှားဖြင့်တိုက်ခိုက်ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ပုံးအောင်းလျှက်ရှိနေဆဲ ဖြစ်ကြောင်း သူတို့သိရှိပြီးဖြစ်၏။ ဤကဲ့သို့ လုပ်ကြံသတ်ဖြတ်သူမှာ အကြောက်ရဆုံးဖြစ်သည်။ မည်သည့်အချိန်တွင် ထွက်ပေါ်လာပြီး မည်သူအား ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်းမသိရသောကြောင့်ပင်။
လမ်းပါ့ဒ်နှင့် ဒဏ်ရာအပြင်းထန်ရထားသော အ်ိုလတ်တို့သည့် စစ်သည်အနည်းငယ်နှင့် အတူ အန်ဂျယ်လာနှင့် အန်မာတို့အား တင်းကြပ်စွာစောင့်ရှောက်ထားလျှက်ရှိကြသည်။ တောင်ထိပ်တွင် ဤအမျိုးသမီးနှစ်ယောက်မှာ အားအနည်းဆုံးဖြစ်သည်။
အခြေအနေမှာ အင်မတန်ရှုပ်ထွေးလာသည်။
မင်းသမီးဘက်တွင် လူအင်အားသာလွန်သော်လည်း နိုင်နိုင်ချေများစွာမရှိပေ။
ဓားတစ်လက်သူရဲကောင်းမှာ လုပ်ကြံသူ၅ယောက်အား ဓားဒဏ်ရာပေးခဲ့သော်လည်း ထိုသူများသည် တိုက်ခိုက်နိုင်ဆဲအခြေအနေတွင် ရှိနေဆဲပင်။ ထို့အပြင် ပုန်းအောင်းနေသော လေးသည်တော်တစ်ယောက်ရှိနေဆဲ ဖြစ်ပြီး။ ဤအမျိုးသမီး ပဲရစ်၏ စွမ်းအားအဆင့်ကိုလည်း မသိရသေးချေ။ ကြယ်အဆင့်စစ်သည်ခြင်းယှဥ်ပါက မင်းသမီးသိသာစွာ ပို၍အားနည်းနေသည်။ မင်းသမီး၏ အစောင့်စစ်သည်၂၀၀မှာ သာမန်စစ်သည်များသာပါပြီး အဆင့်မြင့်တိုက်ပွဲများတွင် သိပ်ပြီး အသုံးဝင်မည်မဟုတ်ပေ။
ပဲရစ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသောအမူအယာရှ်သည်။ သူမသည် လူတစ်ယောက်ခြင်းစီအား အသေချာလိုက်ကြည့်နေပြီး သူမနှင့် မျက်လုံးခြင်းဆုံလိုက်သည့် လူတိုင်းသည် သူမ၏သွေးဆောင်ဖျားယောင်းခြင်းကို ခံနေရသကဲ့သို့ပင်။ နောက်ဆုံးတွင် သူမ၏မျက်လုံးများသည် ဖှေးထံသို့ကျရောက်သွားသည်။ စိတ်ဝင်စားဖွယ် သားကောင်အားတွေ့ရှိသွားသကဲ့သို့ပင် တခိခိရယ်မောပြီး ဖှေးအားမြူဆွယ်သည့် ဟန်ဖြင့် မျက်စပစ်လိုက်ကာ”မင်းဘယ်လောက် တင်းမာနေလဲဆိုတာငါသိတယ်ဘုရင်လေး...ဟီးဟီး...” သူမသည် ဖှေး၏ဘေးတွင်ရပ်နေသော မင်းသမီးအား လက်ညိုးထိုးပြလိုက်ပြီး “ ဒီလိုဆိုဘယ်လိုလဲ...မင်းအဲ့အမျိုးသမီးကိုသတ်ပေးမယ်ဆိုရင်..ငါနင့်ကို အသက်ရှင်ခွင့်ပေးမယ်...သဘောတူလား...”
သူမ ထိုကဲ့သို့ပြောပြီးချိန်တွင် လူတိုင်း၏ အကြည့်များသည် ဖှေးအပေါ်သို့ကျရောက်သွားသည်။
“ဒီအပေးယူက သိပ်မတရားသလိုပဲ...” ဖှေး သူ၏မေးစေ့ကိုပွတ်ကာ ရယ်မောလိုက်သည်။ “နည်းနည်းလောက်ပြောင်းကြည့်ရအောင်....”
“ဟုတ်လား...ပြောပါဦး..ဘယ်လိုပြောင်းချင်လဲ....” ပဲရစ်၏အပြုံးမှာ တောက်ပသည်ထက်တောက်ပလာသည်။
“ဒီလိုဆိုဘယ်လိုနေလဲ နင်ငါ့ခြေထောက်ကို လာနမ်းမယ်ဆိုရင် နင့်ကိုအသက်ရှင်ခွင့်ပေးလိုက်မယ်...” ဖှေး ရုပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။
ပဲရစ်၏ မျက်နှာအမူအယာမှာပြောင်းလဲသွားသည်။
“ဒီမှာဘုရင်လေး မင်းရဲ့မာနထောင်လွှားမှုအတွက် မင်းပြန်ပြီးပေးဆပ်ရလိမ့်မယ်....မင်းကတော့ သေရမှာကြောက်ချင်မှ ကြောက်လိမ့်မယ်...ဒါပေမယ့်...” သူမ၏ အပြုံးမှာ တောက်ပနေဆဲပင် သို့သော် သူမ၏ အသံနေအသံထားမှာ အလွန်အေးစက်လာသည်။ သူမ၏ ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး လမ်းပါ့ဒ်နှင့် အိုလဒ်တို့ ကာကွယ်ထားသည့် အန်ဂျယ်လာကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အမူအယာသည် အလွန်ရက်စက်လာပြီး “သူက နင့်ကောင်မလေးထင်တယ် ဟုတ်တယ်မလား...ဘယ်လောက်တောင် အပြစ်ကင်းပြီး လှပလိုက်တဲ့ မိန်းကလေးပဲ ဒီညစ်ပတ်တဲ့ ကမ္ဘာကြီးထဲကိုဆင်းလာတဲ့ မိုးပေါ်က နတ်သမီးလေးတစ်ယောက်လိုပဲ...သူမကိုသာ စုတ်ပြတ်နေတဲ့ သူတောင်းစားတစ်ယောက်နဲ့ ဖျက်ဆီးပေးလိုက်ပြီး ဇီးနစ်အင်ပါယာမှာရှိတဲ့ စျေးအပေါဆုံးပြည့်တန်ဆာခန်းမှာထားပြီး ယောက်ျားတကာနဲ့ ဆက်ဆံခိုင်းမယ်ဆိုရင် သူမ အခုလို လှပပြီး အပြစ်ကင်းတဲ့ပုံစံရှိပါဦးမလား...စဥ်းစားကြည့်ပါလား ဘုရင်လေး....”
ဖှေး၏ အမူအယာလည်း အေးစက်သွားသည်။ “နင်ကြိုးစားကြည့်လေ...”
လေထုမှာ အလွန်လေးလံနေသည်။ တိုက်ပွဲမှာ အချိန်မရွေး ကောက်ကာငင်ကာဖြစ်ပွားသွားနိုင်သည်။ လူတိုင်းသူတို့၏ လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ထားကြပြီး ချွေးများပြန်လျှက်ရှိ၏။ သူတို့၏ ကျယ်လောက်လှသောနှလုံးခုန်သံများကိုပင် ရှင်းလင်းပြတ်သားစွာကြားနေရသည်။
“ဟားဟား...ငါနောက်နေတာပါ...မင်းက သိပ်မပျော်တတ်တဲ့လူတစ်ယောက်ပဲ ဘုရင်လေး..ဟီးဟီး...”
ပဲရစ်သည် စိတ်မနှံ့သူတစ်ယောက်ကဲ့သို့ပင် ရုတ်တရက်ပင် ထက်မံရယ်မောတော့သည်။ ထို့နောက်တွင် မင်းသမီးအားကြည့်လိုက်ပြီး။
“အမတော် တာနာရှာ အမမသိချင်ဘူးလား ဘာလို့ နတ်ဘုရားမျက်လုံးနဲ့ရှာတာတောင် သူတို့ကိုမမြင်ရတာလဲဆိုတာ...လုပ်ကြံသတ်ဖြတ်သူငါးယောက်လုံးက နတ်ဘုရားမျက်လုံးနဲ့ရှာတာကိုတောင်မတွေ့ပဲ အမတော်ဘေးနားထိရောက်လာနိုင်ကြတာ ဘာလို့လဲမသိချင်ဘူးလား...တကယ်လို့ ဓားတစ်လက်သူရဲကောင်းသာ ပေါ်မလာခဲ့ဘူးဆိုရင် အမတော်သေနေလောက်ပြီလေ...”
တာနာရှာမှာ သူမ၏ စိတ်ခေါ်မှုကို ချက်ချင်းပင် လစ်လျူရှုလိုက်သည်။
ပဲရစ်မှာ လုံးဝစိတ်ဆိုးသွားခြင်းမရှိချေ။ သူမပြုံးလိုက်ပြီး ထက်မံရှင်းပြလိုက်သည်။
“အမဒီပစ္စည်းကိုတော့ သိမယ်ထင်တယ်...”
ကောင်းကင်ပြာရောင် စက်လုံးတစ်လုံးသည် ပဲရစ်၏ လက်ချောင်းထိပ်တွင် ရုတ်တရက်ပေါ်ထွက်လာ၏။ ထိုစက်လုံးမှာ ကြည်လင်သောအရောင်ရှိပြီး စက်လုံးပေါ်တွင် သင်္ကေတများစွာထွင်းထုထားသည်။ အပြာရောင်အခိုးငွေ့များ စက်လုံးပေါ်မှထွက်ပေါ်လာပြီး လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။ စက်လုံး၏ပုံသဏ္ဍာန်သည် ကလေးကစားစရာတစ်ခုပုံပေါက်နေသော်လည်း ထိုစက်လုံးကိုမြင်လိုက်ရသူများသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့တစ်စုံတစ်ခု ထိုးသွင်းခံလိုက်ရသည့်အတိုင်းပင် စိတ်မသက်မသာခံစားလိုက်ရ၏။
“[ကောင်းကင် မျက်နှာပြင်] ပဲ....” ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးမှာ အံ့သြစွာအော်ဟစ်လိုက်သည်။
“ဟားဟား အမတော် တာနာရှာ အမဒါကိုတော့ လုံးဝထင်ထားမှာမဟုတ်ဘူးမလား...အင်ပါယာအရှင် ယရှင်းက နတ်ဘုရားပစ္စည်း [ကောင်းကင် မျက်နှာပြင်]ကို အရှင့်သား ဒိုမင်ဂူကိုပေးလိုက်တာလေ...အင်ပါယာအရှင်သခင် ကိုယ်တိုင်ကကို အမတော်ကို သေစေချင်နေပြီထင်တယ်....ကံဆိုးလိုက်တာ...”
ပဲရစ် သူမ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။
မင်းသမီးမှာ သက်ပြင်းချလိုက်ပြီး “ဒီမှာ ဟီလ်တန် ပဲရစ်...နတ်ဘုရားပစ္စည်း [ကောင်းကင်မျက်နှာပြင်]ဆိုတာ ဘာမှမဟုတ်ပါဘူး...နင်အဲ့ပစ္စည်းကို အသုံးပြုပြီး ကိုယ့်ဒုက္ခကိုယ်ရှာချင်တယ်ဆိုရင်လည်း ငါမတားပါဘူး။ နင်ခမည်းတော်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာနင်လုံးဝမသိပါဘူး...ဒါမယ့် အဲ့ကိစ္စတွေထားလိုက်ပါ...ဒိုမင်ဂူက ဒီနေ့လုပ်ကြံမှုနဲ့ပတ်သက်ပြီး အသေချာစီစဥ်ထားမယ်ဆိုတာ ငါသိတယ်...နင့်မှာ ဝှက်ထားတဲ့ ကဒ်တွေလဲရှိဦးမှာပေါ့ အဲ့တာတွေကို မြန်မြန်ထုတ်လိုက်တော့...နင်သူ့ကို ကူညီပြီး ငါ့ကိုရှင်းနိုင်မလားကြည့်ရသေးတာပေါ့...”
“ဝှက်ထားတဲ့ ကဒ်တွေလား...ဟီးဟီးဟီး...ဝှက်ထားတဲ့ကဒ်တွေက နောက်ဆုံးမှထုတ်သုံးရမှာပေါ့...လောလောဆယ်ထုတ်ထားတဲ့ ကဒ်တွေကိုပဲ အရင်ရင်ဆိုင်နိုင်အောင်လုပ်ပါဦး...” ပဲရစ်သည် ပြုံးနေဆဲပင်။ ထို့နောက်တွင် ရုတ်တရက် သူမ၏လှပသော မျကိနှာပေါ်မှအပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် အသံတစ်ခုထွက်ပေါ်လာတော့သည်။
“သတ်လိုက်တော့....”
အသံသည် လေထုထဲတွင် ပျံ့နှံ့သွားချိန်တွင် အခြေအနေလဲ ပြောင်းလဲသွားတော့သည်။
ရပ်နေသော လုပ်ကြံသူ၅ယောက်မှာ ချက်ချင်းဆိုသလိုပင် စတင်လုပ်ရှားတော့သည်။ မင်းသမီးနှင့် မနီးမဝေးရှိ ဓားကိုင်ထားသောလုပ်ကြံသူမှာ မင်းသမီးအားရွယ်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
သံမဏိလက်သည်းအသုံးပြုသော လုပ်ကြံသူမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး မင်းသမီးအနောက်မှပြန်ပေါ်လာကာ မင်းသမီး၏ လည်ပင်းကို ဦးတည်လိုက်သည်။ ရုပ်ရည်သွင်ပြင်တူသည့် ဓားကောက်နှင့်လုပ်ကြံသူနှစ်ယောက်မှာလည်း စတင်တိုက်ခိုက်ကြသည်။ သို့သော်သူတို့၏ ပစ်မှတ်မှာ မင်းသမီးမဟုတ်ချေ ။ ဖှေးထံသို့ ပြေးလာပြီး သူတို့၏ဓားကောက်များမှာ ဖှေးမျက်နှာပေါ်သို့ ရောက်ရှိလာရန်မှာ အနည်းငယ်သာလိုတော့သည်။
အဝါရောင်မီးတောက်များတောက်ပသွားပြီး မြေစွမ်းအင်သုံးသည့် လုပ်ကြံသူမှာ မြေထဲသို့ငုပ်လျ်ုးသွားတော့သည်။
“ဖုန်း...”
လူများ အံ့သြနေဆဲမှာပင် နတ်စဥ်တစ်ခုလုံးပြိုကျလာပြီး အပေါ်ရှိ မင်းသမီးသက်တော်စောင့်စစ်သည်များ၏ ဖွဲ့စည်းပုံမှာ ပရမ်းပတာဖြစ်ကုန်တော့သည်။
လုပ်ကြံသူ၅ယောက်မှာ လျှင်မြန်စွာပင် ပူးပေါင်းဆောင်ရွက်ကြပြီး အလုပ်များကိုခွဲဝေပြီးဖြစ်သည်။
ပဲရစ်လဲ စတင်လှုပ်ရှားသည်။ သူမ၏ ပုံရိပ်မှာ လေထုထဲတွက် ဖြတ်သန်းရင်း သူမ၏ ပစ်မှတ်ဖြစ်သော အန်ဂျယ်လာထံသို့ ဦးတည်သွားတော့၏။