← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

“သေကြစမ်းကွာ...”

ဖှေးလက်ကို လေထုထဲတွင် ဆုပ်ကိုင်လိုက်ရာ။ သူ၏လက်နှစ်ဖက်တွင် ခရမ်းရောင်ဓားတစ်ချောင်းနှင့် အစိမ်းရောင်ဓားတစ်ချောင်းပေါ်ပေါက်လာသည်။ ပြိုးပြိုးပျက်ပျက်ဖြင့် အတွင်းအားမီးတောက်များမရှိသော်လည်း လယ်ဗယ်၂၁ လူရိုင်းဇာတ်ကောင်၏ ခွန်အားသည် တောင်ထိပ်ပေါ်ရှိလူတိုင်းအား တုန်လှုပ်သွားစေသည်။ ထိုဓားနှစ်လက်မှာ အဝါရောင်ဓားကောက်နှစ်လက်ကို တိကျသေချာစွာ ပြန်လည်ခုခံလိုက်သည်။

ခွန်အားအနေဖြင့်ဆိုပါက လယ်ဗယ်၂၁ လူရိုင်းဇာတ်ကောင်၏ ခွန်အားသည် သူ၏ရန်သူများထက်များစွာပို၍သန်မှာနေသည်။ ထိုလက်နက်များကို ခုခံလိုက်သည့်ခွန်အားသည် လက်နက်ပိုင်ရှင်များကိုပါ အနောက်သို့ လက်နက်နှင့်အတူ လွှင့်စင်သွားစေသည်။ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်မှာ အလွန်အံ့သြကုန်ကြသည်။ ဤဘုရင်စီမှ အတွင်းအားအရိပ်အယောင်လုံးဝမရသောကြောင့် ဤကဲ့သို့ အစွမ်းရှိလိမ့်မည်ဟု လုံးဝထင်မထားပေ။

ဖှေး တိုက်ခိုက်မှုအား ပြန်လည်ခုခံပြီးချိန်တွင် လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]အစွမ်းကို အသုံးပြုလိုက်ပြီး ဟီးလ်တန်ပဲရစ်အနောက်မှ အမြန်လိုက်သွား၏။ ဤအချိန်တွင် သူ၏ဇနီးလောင်းကိုယ်တိုင်မှာ အန္တရာယ်အောက်သို့ကျရောက်နေသောကြောင့် ဖှေးမင်းသမီးအားကာကွယ်ရန် ဂရုမစိုက်နိုင်တော့ပေ။

ဤအမျိုးသမီးမှာ အလွန်လျှင်မြန်သည်။ သူမအန်ဂျယ်လာထံသို့ စက္ကန့်အနည်းငယ်အတွင်းရောက်ရှိသွား၏။

“လစ်စမ်း....”

အပြာရောင်နှင့် အနီရောင်မီးတောက်များ တောက်ပသွားပြီး လမ်းပါ့ဒ်နှင့် ထောင်မှူအိုလတ်ဂ်တို့သည့် အန်ဂျယ်လာအရှေ့တွင် ရပ်ကာ သူမအားကာကွယ်ရန် ကြိုးစားလိုက်ကြသည်။ လမ်းပါ့ဒ်သည် ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ သူ၏အစွမ်းများကို အမြင့်ဆုံးထုတ်ထားပြီး သူ၏ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် အပြာရောင်မီးတောင်များ တောက်လောင်နေသည်။ ထိုမီးတောက်များမှာ အန်ဂျယ်လာနှင့် အိုလတ်ဂ်တို့ကိုပါလွှမ်းခြုံသွား၏။ သူ၏ နောက်ကြောတွင်လွယ်ထားသော ကြီးမားသည့် ဓားအမဲရောင်ကြီးကို ဆွဲထုတ်လိုက်ပြီး ရေပတ်သံတစ်ခုနှင့်အတူ လွှဲခုတ်လိုက်တော့သည်။ အပြာရောင်စွမ်းအင်များသည် သူ၏ဓားမှထွက်ပေါ်သွားပြီး လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပဲရစ်ထံသ်ို့ထွက်ခွာသွားတော့သည်။

အိုလတ်ဂ်မှာ ပို၍အားနည်းနေသည်။ သို့သော် သူ၏ နာကြင်မှုကို အံကြိတ်ခံကာ သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော အတွင်းအားများ အကုန်သုံးပြီး သူ၏ဓားက်ိုခုတ်ပိုင်းလိုက်သည်။ အနီရောင်စွမ်းအားများသည် ကြိုးတစ်ချောင်းကဲ့သို့ ပဲရစ်ထံသို့ထွက်ခွာသွားသည်။

ပဲရစ်၏ မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခုရှိနေသည်။ သူမ လေပေါ်တွင် ရှိနေတုန်း၌ပင် သူမ၏အရှေ့တွင်ရှိနေသော လေထုကို ဖိချလိုက်သည်။

“ဖုန်းဖုန်း....”

အပြာရောင်စွမ်းအင်လှိုင်းနှင့် အနီရောင်စွမ်းအင်တို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ အိုလတ်ဂ်နှင့် လမ်းပါ့ဒ်တို့မှာလည်း မမြင်ရသည့်အရာတစ်စုံတစ်ခုဖြင့် ပြင်းထန်စွာရိုက်ခတ်ခြင်းခံလိုက်ရသည်။ နှစ်ယောက်လုံး နတ်စင်ပေါ်မှာ လွှင့်စင်ပြုတ်ကျကုန်ကြသည်။

ပဲရစ်၏ တိုက်ခိုက်မှုတစ်ခုတည်းအား သူတို့နှစ်ယောက်မခုခံနိုင်လိုက်ကြချေ။

ဖှေးအတွက် အချိန်အနည်းငယ်ပင် ဆွဲမပေးနိုင်လိုက်ကြချေ။

သူတို့ဘေးမှ အဖြူရောင်အရိပ်တစ်ခု ဖြတ်သန်းသွားပြီး အန်ဂျယ်လာ၏အနောက်မှပြန်ပေါ်လာ၏။

နူးညံ့သေးသွယ်သော လက်တစ်ချောင်းသည် အန်ဂျယ်လာ၏ ဖြူဖွေးနေသော လည်တိုင်အား ဆုပ်ကိုင်လိုက်၏။ အန်ဂျယ်လာအား ကယ်တင်ရန်ပြေးလာသည့် အန်မာအား ပဲရစ် လွယ်ကူစွာပင်ရိုက်ထုတ်လိုက်ပြီး သူမထံသို့ပြေးဝင်လာနေသော ဖှေးကိုကြည့်ပြီးပြုံးလိုက်သည်။ သူမ၏ လူများနှင့် ကစားလိုသည့် အမူအယာကိုပင် ဖုူံကွယ်ထားခြင်းမရှိပေ။

ဤအမျိုးသမီးမှာ စက္ကန့်အနည်းငယ်အတွင်း၌ပင် အန်ဂျယ်လာအား ချုပ်ကိုင်လိုက်ပြီဖြစ်သည်။

“သူ့ကို လွှတ်လိုက်...”

ဖှေး ပဲရစ်၏ရှေ့တွင်ရပ်ကာ သူ၏ဓားနှစ်လက်ကိုပြန်သိမ်းလိုက်ကာပြောလိုက်၏။ ထို့နောက်တွင် ပဲရစ်အား စိုက်ကြည့်နေ၏။

“ဟီးဟီး...နင်ဘာတွေစိုးရိမ်နေတာလဲ...”

ပဲရစ်၏ အပြုံးနှင့် အမူယာမှာ မြူဆွယ်နေသည့်ဟန်ရှိနေဆဲပင်။ ဖှေး၏ မျက်လုံးများအတွင်းမှ အေးစက်သောကြောက်မက်ဖွယ်အကြည့်ကို သူမဂရုစိုက်ပုံမရချေ။ သူမ၏လက်တစ်ဖက်မှာ အန်ဂျယ်လာ၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာ အန်ဂျယ်လာ၏ ပိုးသားကဲ့သို့ဆံနွယ်များကို ပွတ်သပ်ကာ ပြုပြင်ပေးနေသည်။

“ငါပြောတာကို မှတ်မိသေးလားဘုရင်လေး...မင်းရဲ့အမျိုးသမီးကို စျေးအပေါဆုံးပြည့်တန်ဆာနေအိမ်ကို ရောင်းစားမယ်ဆိုတာကိုလေ...အခုရောဘယ်လိုထင်လဲ ကြောက်နေပြီလား...အသဲကွဲနေပြီလား...ဒေါသဖြစ်နေတာလား....ဟားဟား...ငါ့ရှေ့မှာဒူးထောက်ပြီး ငါ့​ခြေထောက်ကိုလာနမ်းပြီး အသနားခံလိုက်လေ...အဲ့လိုဆိုရင်တော့ ငါမင်းကို ချမ်းသာပေးရင်ပေးလိမ့်မယ်....”

ဖှေး၏ နှလုံးခုန်သံများရပ်တံသွားသကဲ့သို့ပင်။

ဤအမျိုးသမီးမှာ ရူးသွပ်နေသည်လား...

သူမအား ဖှေးပြောခဲ့သည့်အရာများကို ပြန်ပြောကာ လက်စားချေလျှက်ရှိသည်။

ထင်ရှားစွာပင် သူမအတွက် စိုးရိမ်စရာလုံးဝမရှိသော အန်ဂျယ်လာအား ပဲရစ်တိုက်ခိုက်ခဲ့သည့်အကြောင်းမှာ ယခင်က ဖှေးပြောခဲ့သောစကားများကြောင့်ပင်။ ဤအမျိုးသမီးသည် အလွန်လှပသောကြောင့် နတ်သမီးတစ်ပါးကဲ့သို့ သည်းခံနိုင်စိတ်ရှိလိမ့်မည်ဟု ထင်န်ိုင်ဖွယ်ရှိသည်။ သို့သော် ထိုကဲ့သို့မဟုတ်ချေ။ပဲရစ်မှာ အလွန်ခေါင်းမာပြီး ရူးသွပ်နေသော မိန်းမတစ်ယောက်ကဲ့သို့ပင်။ သာမန်လူများ လုံးဝပင် နားလည်နိုင်မည်မဟုတ်ချေ။ သူမသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ယူတတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နတ်ဆိုးထက်ပင် ပ်ု၍ရက်စက်နိုင်သည်။ သူမ၏ မျက်နှာတွင် လှောင်ပြောင်နေသည့်အမူအရာရှိသည်။ အန်ဂျယ်လာ၏ လည်ပင်းဆုပ်ကိုင်ထားသောလက်အား အားအနည်းငယ်စီထည့်ကာ ညှစ်နေပြီး အန်ဂျယ်လာ၏ နာကျင်စွာရုန်းကန်နေမှုနှင့် အတူ ​ပျာယာခတ်နေသော ဖှေးအား အရသာခံကြည့်လျှက်ရှိ၏။

ဤအချိန်တွက် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်သည် ငရဲပြည်တစ်ခုကဲ့သို့ပင် ပြောင်းလဲသွားပြီဖြစ်သည်။ ဓားကိုင်ထားသောလုပ်ကြံသူ၏ ခုတ်ချက်အား ခရမ်းရောင်ဝတ်စုံနီင့် မိန်းကလေးမှ ဝင်ရောက်ခုခံလိုက်သည်။ သူတို့နှသ်ယောက်၏ စွမ်းအင်အဆင့်မှာ သိပ်ကွာခြားပုံမရချေ။ နှစ်ယောက်လုံး ဂုဏ်သတ္တိမတူသော အတွင်းအားများသုံးကာတစ်ယောက်နှင့်တစ်ယောက်အသေအကြေတိုက်ခိုက်နေကြပြီး သူတို့၏ခန္ဓာကိုယ်များကို ပင် မမြင်ရတော့ချေ။ လက်နက်အခြင်းခြင်း ရိုက်ခတ်သံများကိုသာကြားနေရ၏။

တစ်ဖက်တွင်လည်း သံမဏိလက်သည်းကိုအသုံးပြုသည့် လုပ်ကြံသတ်ဖြတ်သူမှာ သူရဲကောင်းကပ္ပတိန်ရိုမန်နှင့် တိုက်ခိုက်နေသည်။ ထိုလုပ်ကြံသူ၏ လှုပ်ရှားမှုများမှာ ဆန်းကျယ်လှသည်။ သူ၏ သံမဏိလက်သည်းများသည် ရောကို ခွဲ ခြမ်းကာ မည်သည့်နေရာတွင်မဆို ပေါ်ထွက်လာနိုင်နေသကဲ့သို့ပင်။ သူရဲကောင်းကပ္ပတိန်ရိုမန်မှာမူ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရသည် သာမန်ဓားရှည်တစ်လက်ကို အသုံးပြုကာတိုက်ခိုက်နေသည်။ သူ၏ တိုက်ခိုက်ပုံများမှာ သာမန်ခုတ်ပိုင်းသည့် သိုင်းပညာသာဖြစ်သည်။ သို့သော် လွန်စွာထိရောက်ပြီး အစွမ်းထက်သည်။လုပ်ကြံသူ၏ လက်သည်းချက်များကို ခုခံထားနိုင်ပြီး မင်းသမီး၏အနားသို့ ကပ်မလာနိုင်အောင် ကာကွယ်ထား၏။

အဝါရောင် ဓားကောက်နှင့် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်မှာမူ ဖှေးအနောက်သို့လိုက်မလာကြတော့ပေ။ တစ်ဖက်သို့လှည့်ပြီး မင်းသမီးထံသို့ပြေးသွားကြတော့သည်။

ဤအချိန်တွင် မင်းသမီးအားကာကွယ်ပေးမည့် ကြယ်အဆင့်စစ်သည်များမရှိတော့ပေ။ သို့သော် ကိုယ်ရံတော်စစ်သည် ၂၀၀ ကျော်ခန့်သည် သူတို့၏ မာကြောသည့် သံမဏိစိတ်ဓာတ်များကို ပြသကြသည်။ တစ်ယောက်မှ နောက်ဆုတ်ခြင်းမရှိပဲ မင်းသမီးအားဝိုင်းကာထာပြီး လူသားဒိုင်းလုပ်ကာ အသေခံ၍ကာကွယ်ထားကြ၏။ သူတို့တွေသေသည်ဆိုလျှင်တောင် မင်းသမီး၏အရှေ့တွင် သူတို့၏အလောင်းများဖြင့် ကာကွယ်ပေးနိုင်မည်ဟူသော ရည်ရွယ်ချက်ဖြင့်ပင်။ မြင်ကွင်မှာ ရင်နှင့်စရာပင်။

လုပ်ကြံသူနှစ်ယောက်မှာ စိတ်တိုလာကြသည်။ သူတို့သည်စစ်သည်များထက်များစွာသန်မာသော်လည်း သူတို့တစ်ကြိမ်တိုက်ခိုက်ပါက စစ်သည်အနည်းငယ်ကိုသာ သတ်ဖြတ်နိုင်ကြသည်။ စစ်သည်များစွာမှာ အသေခံကာရံထားကြသဖြင့် မင်းသမီး၏ဘေးသို့မရောက်နိုင်ဖြစ်နေကြသည်။

မြေစွမ်းအင်သုံးလုပ်ကြံသူ၏ ဖျက်ဆီးမှုကြောင့် နတ်စဥ်မှာ ပြိုကျပျက်စီးတော့မည်ဖြစ်သည်။ ကျောက်ကြမ်းပြင်မှာ အက်ကွဲလာပြီး စစ်သည်တချို့ပြုတ်ကျကာ သေဆုံးကုန်ကြသည်။

“ဝှစ် ဝှစ် ဝှစ်”

ဘယ်ကရောက်လာမှန်းမသိသည့် မြှားများသည် စစ်သည်များ၏ နဖူးများ၊ လည်ပင်များကို ထိုးဖောက်သွား၏။ ပုန်းအောင်နေသေးသည့် လုပ်ကြံသူမှာ သေမင်းကဲ့သို့ အသက်များကို ချွေယူလျှက်ရှိသည်။

နတ်စဥ်အောက်တွင်လည်း ထင်ထားပြီးဖြစ်သည့် မြင်ကွင်းတစ်ခုစတင်ဖြစ်ပျက်တော့သည်။

တစ်ခြားတိုင်းပြည်မှ မင်းသားများ၊ သံတမန်များအကြားတွင်လည်း တိုက်ခိုက်သတ်ဖြတ်မှုများ စတင်ဖြစ်ပွားလာကြတော့သည်။

ပဲရစ် သတ်ဖြတ်တော့ဟုအော်လိုက်သည့်အချိန်တွင် ပဲရစ်နှင့် ကြံရာပါတိုင်းပြည်များမှ မင်းညီမင်းသားများ၊ သံတမန်များသည် အဝတ်စအနီမှားကိုထုတ်ကာ သူတ်ု့၏လက်မောင်းတွင် ရစ်ပတ်လိုက်ကြသည်။ ထို့နောက်တွင် လက်မောင်းတွင် အဝတ်နီပတ်ထားခြင်းမရှ်သည့် လူမှန်သမျှအား လိုက်လံတိုက်ခိုက်သတ်ဖြတ်ကြတော့သည်။

“မင်းသမီးကို သတ်ကြဟေ့...အရှင့်သား ဒိုမင်ဂူက ဆုတော်ကြီးကြီးပေးလိမ့်မယ်....”

“ခွေးသားတွေ သေကြစမ်း...”

“တာနာရှာကို သတ်...ဘယ်သူမှအသတ်ရှင်ခွင့်မပေးနဲ့ တော်ဝင်ထီးနန်းတင်မြှောက်ရေးအဖွဲ့ကလူတွေအကုန် တစ်ယောက်မှ အရှင်မထားကြနဲ့....”

“ဟားဟား...ဒီစောက်ပိန်းအစောင့်တွေနဲ့ သံတမန်တွေကို သတ်ပစ်ကြစမ်းကွာ....”

လျှင်မြန်စွာပင် ချမ်းဘော့ဒ်အထွတ်မြတ်ထားရာ အရှေ့ဘက်တောင်ထိပ်သည် စစ်မြေပြင်တစ်ခုဖြစ်သွားတော့သည်။ ပြတ်ထွက်ထားသော ခန္ဓာကိုယ်အပိုင်းအစများမှာ နေရာအနှံ့ပြန့်ကျဲနေ၏။ လေထုထဲတွင် ဖုန်မှုန်များ သွေးမများ ပြန့်နှံ့နေ၍ နေရောင်ခြည်ထိုးဖောက်နိုင်ရန်ပင် ခက်ခဲနေသည်။ သွေးများသည် မိုးရေကဲ့သို့မြေပြင်ပေါ်သို့ကျရောက်လျှက်ရှိပြီး နာကျင်စွာအော်ဟစ်သံများ ကြုံးဝါးသံများမှာ ကောင်းကင်ရံတွင် ပဲ့တင်နေ၏။

All Chapters