အခန်း (၁၃၂)
Vol. 9 Ch. 132
တောင်ထိပ်ရှိ လူများတွင်အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။ လက်မောင်းတွင် အနီရောင်အဝတ်စများပတ်ထားသည့်လူများမှာ ဤကိစ္စဖြစ်မည်ကိုကြိုသိပြီး ပါဝင်ရန်စောင့်စားနေကြသည့် ကြံရာပါများပင်။ ထိုသူများမှာ ရုတ်တရက်အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ကြပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အသာစီးရလာကြတော့သည်။
ဤနေရာသို့ ရိုးရိုးသားသားပင်ဖှေးအား ထီးနန်မြှောက်ပွဲအတွက် ဂုဏ်ပြုရန်ရောက်လာကြသည့် မင်းသာားမိုဒရက်ကဲ့သို့ သံတမန်များမှာမူ အလစ်ငိုက်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ သူတို့ထဲမှ တစ်ဝက်ကျော်ခန့်မှာ စပိုင်း၌ပင်တစ်ဝက်ကျော်ခန့် ဒဏ်ရာရသေဆုံးကုန်ကြ၏။ သူတို့အားလုံးတင်းတင်းကြပ်ကြပ် စုစည်းလိုက်ကြပြီး မိမိကိုယ်မိမိခုခံနိုင်ရန်အတွက် ရုန်းကန်နေကြသည်။ သို့သော် ထိုလူများမှာ ပင်လယ်ပြင်ထဲတွင် အချိန်မရွေးနစ်မြုပ်သွားနိုင်သည့် လှေငယ်လေးကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့နေရ၏။
ဖှေး ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ပြီး ဖြစ်ပျက်နေသည်များက်ု နားလည်သွားသည်။
ထီးနန်းမြှင့်တင်ခြင်းအခမ်းနားမှာ အာဏာလုကြသည့် စစ်မြေပြင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ဤသည်မှာ သူယခင်ကတည်းက အာရုံရနေသည့် အန္တရာယ်တစ်ခုဖြစ်သည်။ ဤကိစ္စမှာ ချမ်းဘော့ဒ်နှင့် လုံးဝမသက်ဆိုင်သော်လည်း ချမ်းဘော့ဒ်၏ ကံကြမ္မာမှာ ယခင်ကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။
“မင်း ဘာတွေတွံ့ဆုတ်နေတာလဲ ဘုရင်လေး....”
သွေးများ အော်ဟစ်သံများသည် သူမနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ပင် ပဲရစ် ဖှေးအားပြုံးပြလိုက်သည်။ “လာပြီး အသနားခံ ဒီနားလာပြီး ဒူးထောက်လိုက် ငါမင်းကိုတကယ်လွှတ်ပေးမယ်....”
ဖှေး အန်ဂျယ်လာအားကြည့်လိုက်သည်။
အန်ဂျယ်လာသည် သဲမုန်တိုင်းကြားမှ အထီးကျန်နေသာ ကြာပွင့်လေးတစ်ခုကဲ့သို့ပင်။ သူမမှာအနည်းငယ်ဖြူဖက်ဖြူရော်ဖြစ်နေသော်လည်း သူမ၏မျက်နှာတွင် ကြောက်ရွံ့နေသည့် အမူအယာတစ်စက်မှမရှိချေ။ သူမ၏ ကောင်းကင်ပြာရောင်ဝတ်စုံမှာ လေထုနှင့်အတူလွှင့်လာသည့် သွေးများဖုန်မှုန့်များ စွန်းထင်းသဖြင့် အညိုရောင်အဖြစ်သို့ပင် ပြောင်းလဲသွားပြီဖြစ်သည်။
ဤဝတ်စုံသည် အခမ်းအနားမစတင်မှီ ဖှေးဒီဇိုင်းရေးဆွဲထားသည့် ဝတ်ဆုံဖြစ်သည်။ ထိုဝတ်စုံအား အန်ဂျယ်လာအတွက် အထူးပြုလုပ်ထားခြင်းဖြစ်သည်။ ထိုဝတ်စုံမှာ နန်းဆန်ပြီး အန်ဂျယ်လာ၏ အလှကိုထင်ရှားစွာဖော်ထုတ်ပြနေ၏။
ထိုအခိုက်တန့်တွင် လေပြင်းတစ်ခုတိုက်ခတ်သွားပြီး အန်ဂျယ်လာ၏ ဝတ်ရုံအနည်းငယ်အား အပေါ်သို့ လွှင့်သွားစေကာ သူမ၏ သေးသွယ်ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ခြေထောက်များကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာဖှေးအား စိတ်တည်ငြိမ်သွားစေ၏။
“ဒီအမျိုးသမီးက မင်းသမီးကိုလုပ်ကြံဖို့လာခဲ့တာမဟုတ်ဘူးလား...အဲ့တာကိုဘာလို့များငါ့ကို အငြိုးလာထားနေတာပါလိမ့်...”ဖှေး ထိုကဲ့သို့တွေးလိုက်မိသည်။ ထိုအမျိုးသမီး၏ အလုပ်မှာ မင်းသမီးအားလုပ်ကြံရန်ဖြစ်သည်။ သို့သော် ထိုအလုပ်ကိုမလုပ်ပဲ သူ၏ကောင်မလေးအန်ဂျယ်လာအား လာရောက်ရန်ရှာနေခြင်းကို ဖှေးနားမလည်နိုင်ချေ။
“အန်ဂျယ်လားကို လွှတ်ပေးလိုက်ပါ...ငါမင်းရဲ့အလုပ်ကို ဝင်မရှုပ်တော့ဘူးလို့ ဘုရင်တစ်ပါးအနေနဲ့ ကတိပေးတယ်...” ဖှေး ပဲရစ်၏ မျက်လုံးများကို စိုက်ကြည့်ပြီး တည်တည်ကြည်ကြည်ပြောလိုက်သည်။
ဤအမျိုးသမီးသည် အန်ဂျယ်လာအား အငြိုးတစ်ခုထဲကြောင့်ပင် ဖမ်းဆီးလိုက်သည်မဟုတ်သည်မှာ ထင်ရှားသည်။ ပဲရစ်၏လုပ်ကြံမှု အစီစဥ်သည် သေချာတွက်ချက်ကာစီစဥ်ထားခြင်းဖြစ်ုည်။ သို့သော် ကြယ်လေးလုံးအဆင့်ခန့်စွမ်းရည်ရှိသည့် ဖှေးသည် နောက်ဆုံးနေ့မှ ဘယ်ကရောက်လာမှန်းမသိပဲပေါ်ထွက်လာခဲ့သည်။ ပဲရစ် ဤအချက်ကို လုံးဝထင်မထားခဲ့ပေ။ မည်သူမျှ ကြယ်သုံးလုံးအဆင့်မှ နေ၍ လေးလုံးအဆင့်သို့ ရက်ပိုင်းအတွင်း ရောက်ရှိသွားနိုင်ခြင်းမရှိခဲ့သောကြောင့်ပင်။
ပုံမှန်အခြေအနေတွင် ဆိုပါက ကြယ်လေးလုံးအတင့်စစ်သည်အား ပဲရစ် အဖက်လုပ်မည်မဟုတ်ပေ။ သို့သော် ယခုအခြေအနေတွင်မူ ပဲရစ်ဂရုစိုက်ရမည်ဖြစ်သည်။
ဤကဲ့သို့ လုပ်ကြံမှုအစီစဥ်တွင် မင်းသမီးရော ပဲရစ်ပါ ခြေလှမ်းတိုင်းကို ကြိုတင်တွက်ဆထားရမည်ဖြစ်သည်။ နည်းနည်းလေးမျှ လွဲမှားခံလို့မရချေ။ အမှားယွင်းအနည်းငယ်သည် ရှုံးနိမ့်ခြင်းထံသို့ ဦးတည်သွားနိုငအပြီး ရှုံးနှိမ့်ခြင်း၏ ပစ်ဒဏ်မှာသေခြင်းတရားပင်။
ဤအာဏာလုပွဲ၏ နောက်ခံမှာ ရှင်းလင်းသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ ထီးနန်းမြှောက်ပွဲအခန်းနားကို အခွင့်ရေးအဖြစ်အသုံးချ၍ မင်းသမီးတာနာရှာသည် သူမကိုယ်သူမ ငါးစာအနေဖြင့်အသုံးချကာ ပဲရစ်အားမြှားထုတ်ရန်ဖြစ်သည်။ ပဲရစ်လည်း တာနာရှာကို တစ်ခါတည်းရှင်းလင်းရန်ဖြစ်သည်။ ဇီးနစ်အင်ပါယာမှ နာမည်ကြီး အမျိုးသမီးနှသ်ယောက်သည် ဤအခွင့်အရေးကို အသုံးချပြီး တစ်ယောက်နှင့် တစ်ယောက်သတ်ဖြတ်ကာ သူတို့ထောက်ခံသည့်လူအနာဂတ်တွင် အင်ပါယာထီးနန်းရရှိရေးအတွက် ကြိုးစားနေကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်မှာယခင်ကလည်း တိုက်ခိုက်ပြီးဖြစ်သည်။ သို့သော် ယခုအကြိမ်မှာမူ နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။ ယခင်က အကြိမ်ပေါင်းများစွာတိုက်ခိုက်ဖူးသောကြောင့်အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့စွမ်းအားအတိုင်းတာကို သိရှိပြီးဖြစ်သည်။ သို့ရာတွင် ဖှေးကဲ့သို့ အပြင်လူတစ်ယောက်ပါလာပါက အခြေအနေမှာ သိသာစွာပြောင်းလဲသွားနိုင်သောကြောင့်ပင်။
ဉာဏ်ပညာနတ်ဘုရားမဟုပင် တင်စားထားကြသည့် မင်းသမီးတာနာရှာအား သတ်ဖြတ်ရန်မှာ ပဲရစ်သည်လည်း လှပသည့်သာမန်မိန်းကလေးတစ်ဦးမျှသာမဟုတ်ပေ။ သူမသည်လည်း ဉာဏ်များသူဖြစ်ပြီးဘသေချာတွက်ချက်ပြီးမှ လှုပ်ရှားတတ်သူဖြစ်သည်။
သူမနတ်စင်ပေါ်တွင် ပေါ်လာခဲ့စဥ်က ဖှေးနှင့်စကားအနည်းငယ်ပြောရုံမျှဖြင့်ပင် ဖှေး၏ အားနည်းချက်ကို ရိပ်မိသွားခဲ့သည်။ ဖှေးအား ထိန်းချုပ်နိုင်ရန်မှာ အန်ဂျယ်လာဟူသော အမျိုးသမီးကို ဓားစာခံအနေဖြင့် သိမ်းယူထားခြင်းပင်ဖြစ်သည်။
ထို့ကြောင့် စတင်တိုက်ခိုက်သည့်အချိန်တွင် သူမပစ်မှတ်ထားသည်မှာ မင်းသမီးမဟုတ်ချေ။ အကာကွယ်မဲ့သည့် အန်ဂျယ်လာပင်။
သူမ၏ အစီစဥ်မှာ အောင်မြင်ခဲ့သည်။
သူမသည် ဤလုပ်ကြံမှုတွင် ဖှေးမပါဝင်နိုင်စေရန်အတွက် ချုပ်ကိုင်ထားလိုက်နိုင်ပြီဖြစ်ပြီး အခြေအနေမှာ လုပ်ကြံသူများအနိုင်ရရှိနိုင်သည့်ဘက်သို့ စတင်ယိမ်းယိုင်လာပြီဖြစ်သည်။
ကြောက်စရာကောင်းသော အမျိုးသမီးပင်။
ဖှေးလည်း ပဲရစ်၏ ရည်ရွယ်ချပ်က်ုအနည်းငယ်ရိပ်မိသောကြောင့် သူ၏ကမ်းလှမ်းချက်ကို ဖော်ပြလိုက်သည်။
သို့သော်....
“ဟီးဟီး ဘုရင်လေး...ငါသူ့ကိုလွှတ်မပေးဘူးဆိုရင်လဲ နင်ဝင်ပါလို့မရဘူးလေ...ဘာလို့ငါကနင်ပြောတိုင်း လွှတ်ပေးရမှာလဲ....” ပဲရစ်မှာ အနည်းငယ်အံ့သြသွားသည်။ ဘုရင်သည် သူမ၏ ရည်ရွယ်ချက်ကို ဤမျှမြန်မြန်ဆန်ဆန်ဖြင့် သိသွားလိမ့်မည်ဟုထင်မထားပေ။ သူမသည်အတိတ်တွေကြုံတွေ့ခဲ့ရသည့် အတွေ့ကြုံဆိုးများကြောင့် ကတိစကားများကို ယုံကြည်တတ်သူမဟုတ်ပေ။ ထို့ကြောင့် သူမ၏လက်ထဲတွင် အပြည့်အဝထိန်းချုပ်နိုင်ခွင့်ကိုသာ ဆက်လက်၍ဆုပ်ကိုင်ထားမည်ဖြစ်သည်။
ပဲရစ်၏ အဖြေသည် ဖှေးကိုလည်း အံဩသွားစေသည်။ သူ၏ အပေးယူကို ပဲရစ်အနည်းငယ်တော့ စိတ်ဝင်စားလိမ့်မည်ဟု ထင်ခဲ့သောကြောင့်ပင်။
လက်ရှိအခြေအနေမှာ မင်းသမီးနှင့် ဖှေးအတွက်အလွန်ဆိုးဝါးသည့် အခြေအနေဖြစ်သည်။ သူတို့နှစ်ယောက်လုံး တစ်လှေထဲစီးနေရသည်ဟုပင် ဆိုနိုင်သည်။ အကယ်၍သာ လုပ်ကြံသူများသည် မင်းသမီးဘက်က သူရဲကောင်းများကို အနိုင်ယူသတ်ဖြတ်လိုက်ပါက ဖှေးလဲ အသတ်ရှင်နိုင်တော့မည်မဟုတ်ချေ။
ဖှေး မျက်မှောင်ကြုံ့လိုက်သည်။
ထိုအချိန်တွင် “အလတ်ဇန္ဒား....” တိတ်ဆိတ်နေခဲ့သည့် အန်ဂျယ်လာမှာစတင်၍စကားပြောလိုက်သည်။ “ငါပြောတာနားထောင်ပါ အလတ်ဇန္ဒား...နင်တက်နိုင်မယ်ဆိုရင် ဒီမိန်းမကိုသတ်ပြီး ငါနဲ့ အန်မာအတွက် လက်စားချေပေးပါ....”
ထိုကဲ့သို့ ပြောအပြီးတွင် သူမ၏ပါးစပ်အစွန်းမှ သွေးများစီးကျလာတော့သည်။ ထို့နောက်တွင် သူ၏လည်တိုင်မှာ ခွန်အားကုန်ဆုံးသွားပြီး သူမ၏ဦးခေါင်းမှာ ငြင်သာစွာဖြင့် အောက်သို့ငိုက်စိုက်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် ပဲရစ်၏လက်ထဲတွင် ပျော့ခွေသွားပြီး သူမအသက်ရှူသံမှာလည်း ရပ်တံ့သွားတော့၏။