← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

“အန်ဂျယ်လာ....”

ဖှေး သူ၏နှလုံးသား နှစ်ခြမ်းဖြဲခံရသကဲ့သို့ အော်ဟစ်လိုက်သည်။ မြေပြင်အား ခြေထောက်ဖြင့်ကန်လိုက်ပြီး သူ၏လက်ထဲတွင် ဓားနှစ်လက်ဖြင့် အရှေ့သို့တဟုန်ထိုးပြေးဝင်သွားတော့သည်။ သူ၏ရည်ရွယ်ချက်မှာ ထင်ရှားသည် သတ်ဖြတ်ရန်ဖြစ်သည်။

ပဲရစ်မှာ ထိတ်လန့်အံ့သြသွားသည်။ သူမ၏လက်ထဲတွင် ဖမ်းထားသော အမျိုးသမီးမှာ ဆုံးဖြတ်ချက်ခိုင်မာပြီး မိမိလျှာကို မိမိကိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟုလုံးဝထင်မထားပေ။ သူမအနည်းငယ် သံသယဝင်မိသော်လည်း အမျိုးသမီးတစ်ယောက်အနေဖြင့် ဖော်ပြလို့မရသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမသက်ပြင်းချလိုက်ပြီး အန်ဂျယ်လာ၏ ခန္ဓာကိုယ်ကို ဖှေးထံသို့တွန်းပို့လိုက်သည်။

“ငါသူရဲ့အလောင်းကို ပြန်ပေးလိုက်မယ်...ငါ့မှာသူ့ကိုသတ်ဖို့ တကယ်အစီစဥ်မရှိခဲ့ဘူး...”

ထို့နောက်တွင် ပဲရစ်မှာထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ သို့သော် သူမ၏ စကားလုံးများသည် ဖှေး၏ နားထဲတွင် ရှင်းလင်းစွာကြားလိုက်ရသည်။ ပဲရစ်ကဲ့သို့သော ရက်စက်သည့်မိန်းကလေးမှာ ပြန်လည်ရှင်းပြနေခြင်းမှာ အနည်းငယ်ထူးဆန်းနေသည်။ ပဲရစ်ကိုယ်တိုင်အတွက်လည်း ထူးဆန်းနေပုံရ၏။

ဖှေး ဓားနှစ်လက်ကို ချလိုက်ပြီး သူ၏ချစ်သူ၏ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။

“ဘလက်ကီ...” ဖှေး အော်ခေါ်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်...”

ကျယ်လောင်သော ခွေးဟောင်သံကြီးမှာ ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်တွင်ပြန့်နှံ့သွားသည်။ လူအများ၏ အံ့သြသည့်အကြည့်များအောက်တွင် ခွေးနက်ကြီး မဟူယာမုန်တိုင်းသည် ဖှေး၏ဘေးသို့ ပြေးလာခဲ့၏။ ဖှေး အန်ဂျယ်လာ၏ ခန္ဓာကိုယ်ကို ခွေးနက်ပေါ်သို့တင်ပေးလိုက်ပြီး ခွေးကြီး၏ခေါင်းကိုပွတ်သက်လိုက်သည်။ မဟူယာမုန်တိုင်းလည်းအလိုက်သိစွာဖြင့် အန်ဂျယ်လာ၏ ခန္ဓာကိုယ်ကို သယ်ဆောင်ပြီး တောင်အောက်သို့ တဟုန်ထိုးပြေးဆင်းသွားတော့သည်။

“သေကြစမ်းကွာ....”

ခွေးနက်ကြီး အန်ဂျယ်လာ၏ ခန္ဓာကိုယ်နှင့် အတူတင်းသွားသည်ကို ဖှေးတွေ့လိုက်ရပြီးနောက်တွင် အထိန်းချုပ်ကင်းမဲ့သွားသလိုခံစားလိုက်ရသည်။ သူတစ်ဖက်သို့ လှည့်ကာ တိုက်ခိုက်နေကြသည့် လူများကိုကြည့်လိုက်၏။ ဇီးနစ်စစ်သည်များကို အညာတာကင်းမဲ့စွာဖြင့် သတ်ဖြတ်နေကြသော အဝါရောင်ဓားကောက်နှင့် လုပ်ကြံသူနှစ်ယောက်ကိုတွေ့အပြီးတွင် ဖှေးအပေါ်သို့ခုန်တက်သွား၏။ ထို့နောက်တွင် သူ၏ ဓားနှစ်လက်ကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး အောက်သို့အားကုန်သုံးကာခုတ်ချလိုက်တော့သည်။

“ဖုန်း....”

ကျယ်လောင်သောအသံကြီးတစ်ခုသည် စစ်မြေပြင်တွင် ပြန့်နှံ့သွားပြီး ဖုန်မှုန့်များလေပေါ်သို့ပြန့်ကျဲသွား၏။ လုပ်ကြံသူနှစ်ယောက်မှာ ထိုတိုက်ခိုက်မှုအား ရှောင်ရန်အတွက် အခွင့်ရေးမရှိလိုက်ပေ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့၏ဓားများကိုအသုံးပြုပြီး ထိုတိုက်ခိုက်မှုအား ကာရံလိုက်ရုံပင်။ ဓားခြင်းရိုက်ခတ်ရာမှ ရုပ်တံ့၍မရသော အားတစ်ခုကို သူတို့ခံစားလိုက်ရ၏။ သူတို့၏ ဒူးများမှာမခံနိုင်တော့ပဲ ထိုအားကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ရလဒ်မှာ ကြောက်မက်ဖွယ်ပင်။ သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းများမှာ မြေထဲသို့ရိုက်သွင်းခြင်းခံထားရသကဲ့သို့ပင်။ သူတို့၏ ပါးစပ်မှသွေးများသည် ရေပန်းကဲ့သို့ စီးကျလာ၏။

တိုက်ခိုက်မှု စတင်ပြီးချိန်တွင် ဖှေးရပ်တံ့မသွားချေ။ သူ၏ခွန်အားများက်ု လုံးဝထိန်းချုပ်ထားခြင်းမရှိပဲ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ဖြင့် ထက်မံလှုပ်ရှားသည်။

ဖှေး သူ၏ကန်ချက်များကို အရှေ့တွင်ဒူးထောက်လျှက်ရှိနေကာ ပြန်မထနိုင်သေးသည့် လုပ်ကြံသူနှစ်ယောက်၏ ရင်ညွန့်များထံသို့ ဦးတည်ကာ ကန်လိုက်သည်။ ကန်ချက်များမှာ မြန်ဆန်ပြီး လေထုကိုပင် ဖြိုခွင်းသွားသည်။ အသံမှာ ကျယ်လောင်လှသောကြောင့် ထိုကန်ချက်ထိသွားပါက အသက်ရှင်နိုင်တော့မည်မဟုတ်ကြောင်းကို လုပ်ကြံသူနှစ်ယောက် သိလိုက်ကြ၏။ လုပ်ကြံသူနှစ်ယောက်မှာအထိတ်တလန့်ဖြင့် သူတို့လက်တွင်ရှိသော ဓားများဖြင့် သူတို့ရင်ဘက်များကိုအမြန်ကာရံလိုက်ကြသည်။ သို့သော်ဖှေး၏ အားပြင်းသည့် ကန်ချက်မှာ သူတို့အား မြေပြင်ပေါ်မှ လွင့်ထွက်သွားစေပြီး နတ်စဥ်အောက်သို့ ပြုတ်ကျသွားစေ၏။

“ထွက်လာခဲ့စမ်း....”

လုပ်ကြံသူနှစ်ယောက်အား ကန်ထုတ်ပြီးချိန်တွင် ဖှေး နတ်စဥ်ကြမ်းပြင်အား ခြေထောက်ဖြင့် အားကုန်စောင့်လိုက်၏။ သူ၏ခြေထောက်အောက်တွင် ကြီးမားသည့် ပင့်ကူအိမ်ကဲ့သို့ကွဲအက်ရာကြီးပေါ်လာတော့သည်။ ​ပျက်စီးလုဆဲဆဲ ဖြစ်နေသည့် နတ်စဥ်မှာ စတင်တုန်ခါလာတော့သည်။ ဖှေး၏ ခြေဆောင့်လိုက်သည့် ကြီးမားသည့်ခွန်အားမှာ နတ်စဥ်မှတဆင့် မြေအောက်အထိပါ ပြန့်နှံ့သွားသည်။

ထို့နောက်တွင် အဝါရောင်မီးတောက်များ တောက်ပလာသည်။ မြေအောက်တွင် ပုန်းလျိုးကာ စစ်သည်များအား အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းကို ပြုလုပ်နေသည့် မြေစွမ်းအင်သုံးလုပ်ကြံသတ်ဖြတ်သူသည် နာကြင်စွာအော်ဟစ်သံနှင့် အတူ မြေပြင်ပေါ်သို့ထွက်ပေါ်လာတော့သည်။ ဖှေး ခြေဆောင့်လိုက်သည့် အားမှာ သူ့အားမြေအောက်တွင် တိကျစွာတိုက်ရိုက်ထိမှန်သွားခြင်းဖြစ်ပြီး တစ်ခါထဲ ဖြင့်ပင် သေလုမြောပါးဖြစ်သွား၏။ သူ့တွင် တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိတော့ပဲ ထွက်ပြေးရန်သာ တက်နိုင်တော့သည်။

မယုံနိုင်ဖွယ်ခွန်အား မယုံနိုင်ဖွယ်စွမ်းရည်ပင်။

စစ်သည်များ၏ကာကွယ်ဝန်းရံခြင်းခံနေရသည့် မင်းသမီးပင် ဤမြင်ကွင်းကြောင့် ထိတ်လန့်အံ့သြသွားရသည်။

အလွန်ဒေါသဖြစ်နေသော ဖှေးသည် မယုံနိုင်ဖွယ်တိုက်ခိုက်စွမ်းရည်များကို ပြသလျှက်ရှိသည်။ အဆင့်21 လူရိုင်းဇာတ်ကောင်၏ ခွန်အားကို အပြည့်အဝအသုံးပြုထားခြင်းဖြစ်သည်။ ကြီးမားသည့်ခွန်အားမှာ ဗျူဟာများ၊ သိုင်းပညာများကို အကုန်ချေမှုန်းလျှက်ရှိသည်။ ဤကဲ့သို့ခွန်အားနှင့် တွေ့ကြုံရပါက ကြယ်အဆင့်စစ်သည်များပင် သူတို့၏ အတွင်းအားစွမ်းအင်များ သိုင်းပညာများကို ထုတ်သုံးချိန်မရလိုက်ချေ။ ဒဏ်ရာအပြင်းထန်ရကာ အနောက်သို့ဆုတ်ခွာသွားကြရတော့သည်။

အချိန်ခနအတွင်းမှာပင် လုပ်ကြံသူသုံးယောက်မှာ တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပေ။

တိုက်ပွဲ၏ အခြေအနေမှာ သိသာထင်ရှားစွာပြောင်းလဲလာတော့သည်။

ပဲရစ်သည် ဓားနှင့်လုပ်ကြံသူအား ကူညီလျှက် ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးအား ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်လုံး ခရမ်းရောင်မီးတောက်များကို ကျော်လွန်၍ မင်းသမီးထံသို့ ရောက်ရှိရန်ကြိုးစားနေကြသည်။ သို့သော်​ ထိုမြင်ကွင်းကို မြင်ရပြီးချိန်တွင် သူမ၏ လှပသော မျက်နှာတွင် ဒေါသဖြစ်ကာ စိုးရိမ်သည့်အမူအယာပေါ်ပေါက်လာတော့သည်။ သူမ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးအား ထားခဲ့ပြီး သူမ၏တိုက်ခိုက်မှုများကို ဖှေးထံသို့ဦးတည်တော့သည်။

သူမ၏ လက်အတွင်းမှ အစိမ်းရောင်စွမ်းအင်များကို ရှေ့သို့ထုတ်လွှတ်လိုက်သည်။ သူမ၏လှုပ်ရှားမှုများမှာ အလွန်ညင်သာသောကြောင့် ကနေသည်ဟုပင် ထင်ရ၏။ သို့သော် စွမ်းအင်းများသည့် ချက်ချင်းပင် အစိမ်းရောင်ငှက်ကြီးတစ်ကောင်၏ အသွင်သို့ပြောင်းလဲသွားသည်။ ထိုအကောင်ကြီးမှာ အတောင်ပံများဖြန့်လျှက် ကျယ်လောင်စွာအော်ဟစ်ကာ ဖှေးထံသို့ပျံသန်းလာတော့သည်။

ငှက်ကြီး ပျံသန်းလာသည့် လမ်းကြောင်းတစ်လျှောက်ရှိ အရာများအားလုံးဖျက်ဆီးခံလိုက်ရသည်။ မြေပြင်များအက်ကွဲကုန်ပြီး အလောင်းများလေထဲသို့ လွင့်စင်ကုန်ကြသည်။

ဖှေး ရူးသွပ်သောအမူအယာဖြင့်ရယ်မောလိုက်သည်။သူ၏လက်ထဲမှာ ခရမ်းရောင်ဓားနှင့် အစိ်ရောင်ဓားတို့မှာ ဓားမုန်တိုင်းတစ်ခုအသွင်သို့ပင်ပြောင်းလဲသွားပြီး အစိမ်းရောင်ငှက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။

“ဘုန်း...”

ဤရိုက်ခတ်မှုကြောင့် တောင်တစ်ခုလုံးပင် စတင်တုန်ခါလာသည်။

အရှေ့တောင်ထိပ်တွင် ဖှေးတို့အနီးတဝိုက်ရှိလူများအားလုံးပေါင်းပင်များကဲ့သို့ပင် လွင့်စင်ကုန်၏။ ဤကဲ့သို့ကြီးအားသည့် ဖိအားအောက်တွင် မည်သူမျှ မက်တပ်ရပ်မနေနိုင်ကြတော့ပေ။ သွေးများ ဖုန်မှုန့်များ အလောင်းများအားလုံး လေပေါ်သို့ ပျံတက်ကုန်ကြပြီး မုန်တိုင်းငယ်တစ်ခုအသွင်ကဲ့သို့ပငိ ကူးပြောင်းသွား၏။ ဖှေး နှင့် ပဲရစ်တို့၏ ပတ်ဝန်းကျင်၁၀ကိုက်ပတ်လည်တွင် အရာအားလုံးစတင်ပျက်စီးစပြုလာသည်။ ဤသည်မှာ လှပသည့် မုန်တိုင်းတစ်ခုပင်။

All Chapters