“ကြောက်မက်ဖွယ် ဆံပင်အဖြူရောင်နှင့် ဆရာတစ်ပါး”
Vol. 9 Ch. 134
လှပပြီး ကြောက်မက်ဖွယ်ကောင်းသည့် မရဏမုန်တိုင်းတစ်ခု။
ပဲရစ်မှာ စွမ်းအားကြီးသော်လည်း ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော အားအရှိန်ကြောင့် အနောက်သို့ တွန်းထုတ်ခြင်းခံလိုက်ရသည်။ သူမသည် အလွန်ဂရုစိုက်တတ်သည့် လူတစ်ယောက်ဖြစ်သော်လည်း ဤဘုရင်ငယ်၏ စွမ်းအားကိုလျှော့တွက်ခဲ့မိကြောင်း ဝန်ခံရလိမ့်မည်။
သူမအနောက်သို့ သစ်ရွက်တစ်ရွက်ကဲ့သို့ တွန်းထုတ်ခံလိုက်ရအပြီးတွင် အစီစဥ်သစ်တစ်ခုကို သူမ၏ စိတ်ထဲတွင် အမြန်တွက်ထုတ်လိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သတ်ဖြတ်လိုသည့် ဆန္ဒများပြည့်ဝနေသည့် ဓားနှစ်ချောင်းမှ အလင်းပြန်မှုကိုတွေ့လိုက်ရ၏။ ဤလှပသော မုန်တိုင်း၏ ဖုံးကွယ်မှုအောက်တွင် အစိမ်းရောင် အလင်းနှင့် ခရမ်းရောင်အလင်းတို့မှာ သူမထံသို့ တိုးဝင်လာသည်။ ဓားတစ်ချောင်းမှာ သူမ၏လည်ပင်းကို ချိန်ထားပြီး ကျန်တစ်ချောင်းမှာ သူမ၏နှလုံးသားကို ထိုးဖောက်ရန်ဦးတည်လာ၏။
ပဲရစ် ရုတ်တရက်ကြီးမားသည့် အန္တရာယ်ကိုခံစားလိုက်ရသည်။
ဖှေး ၏ မျက်လုံးများထဲမှ သတ်ဖြတ်ရန်ရည်ရွယ်ချက်မှာ ရုတ်ဝတ္ထုအနေဖြင့် ဖြစ်ပေါ်လာသကဲ့သို့ပင်။ ပဲရစ်၏ အဖြူရောင်အသားပေါ်ဝင် ပစ်မှတ်များစွာကို သက်မှတ်လိုက်သည်။အသက်အန္တရာယ်နှင့်နီးကပ်သွားချိန်တွင် ခံစားရသည့် ကြောက်လန့်စိတ်သည် ပဲရစ်၏အတွေးများအားလုံးက်ို ရပ်တန့်ပစ်လိုက်သည်။
ဖှေး၏ ဓားများသည် သူမကိုယ်သူမကာကွယ်ရန်ဖန်တီးလိုက်သည့် အစိမ်းရောင်စွမ်းအင်အကာရံများကို ထိုးဖောက်ရောက်ရှိလာသည့်အချိန်တွင် သူမ၏မျက်နှာပေါ်ရှိအမူအယာမှာ လုံးဝပြောင်းလဲသွားတော့သည်။ သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သွားသည့်အမူအယာတစ်ခုနှင့်အတူ တစ်ဖက်သို့လှည့်ပြီး နာမည်တစ်ခုအား အော်ခေါ်လိုက်တော့သည်။
“မာဖီ....”
သူမ၏ အော်သံမဆုံးခင်မှာပင် သူမ၏အရှေ့တွင် လူတစ်ယောက်ပေါ်လာပြီး ဖြေးညင်းစွာ လက်သီးဖြင့်ထိုး တိုက်ခိုက်လိုက်သည်။
ထိုလက်သီးချက်သည် လူများအားအလွန်ထူးဆန်းသည့်ခံစားချက်တစ်ခု ပေးလျှက်ရှိသည်။
အလွန်ဖြေးညှင်းသည်ဟုထင်ရသည်။ လူတိုင်းသည် လက်သီးဟန်အနေထား ကိုကောင်းစွာမြင်တွေ့လိုက်ရသည်။ သူ၏လက်စွပ်မှ ကနုတ်များကိုပင် ရှင်းလင်းစွာမြင်လိုက်ရသည်။ သို့သော် တချိန်တည်းမှာပင် ထိုလက်သီးချက်မှာ လျှင်မြန်သည်။ ချက်ချင်းပင် လက်သီးနှင့် ဖှေး၏ဓားနှစ်ချောင်းနှင့် တွေ့ဆုံသွားတော့၏။
လက်သီးချက်မှာ အချိန်နှင့် နေရာကိုပင် ရှုပ်ထွေးစေလိုက်သကဲ့သို့ပင်။
“ချွင်”
တိကျစွာပင် ခရမ်းရောင်ဓားနှင့် အစိမ်းရောင်ဓားတို့ကို ထိမှန်သွား၏။
ရပ်တံ့၍မရသော အားတစ်ခုသည် ဖှေး၏ဓားများပေါ်သိုကျရောက်သွားပြီး ဓားများသည် ဖှေးလက်ထဲ၌ပင် စတင်ကွေးကောက်လာကာ ပုံသဏ္ဍန်ချို့ယွင်းလာကြသည်။ မကြာမှီမှာပင် ထိုအားမှာ ဖှေး၏လက်မှတဆင့် လက်မောင်း၊ပုခုံးအတွင်းသို့ပါ ဝင်ရောက်သွား၏။
“ချွတ် ချွတ် ချွတ်...”
ကြောက်မက်ဖွယ် အရိုးကြိုးကြေသံများထွက်ပေါ်လာသည်။ ဖှေး၏ လက်မောင်းနေရာအနှံ့မှ သွေးများပန်းထွက်လာတော့သည်။ သူ၏အဝတ်စားများသည်လည်း ချက်ချင်းပင် သွေးများဖြင့်စွန်းထငိးကုန်သည်။ အရုပ်တစ်ရုပ်ကဲ့သို့ပင် ဖှေးအနောက်သို့ ကိုက်၂၀ခန့်လွင့်ထွက်သွား၏။ ဖှေး၏ ပါးစပ်အစွန်းမှာ သွေးအနည်းငယ်ပင် စီးကျလာ၏။
ဆရာတစ်ပါးပင်။
ဖှေး ထိတ်လန့်သွားသည်။
ယခုရုတ်တရက်ပေါ်လာခဲ့သည့်လူမှာ ဒိုင်ယာဘလိုဘမ္ဘာတွင်ရော အပြင်ကမ္ဘာတွင်ပါ ဖှေးရင်ဆိုင်ဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်သည်။ သူ၏လက်မောင်းအတွင်းသို့ ဝင်ရောက်လာသည့် ထူးဆန်းသည့်အားတစ်မျိုးမှာ သူ၏အရိုးများ၊ ကြွက်သားများကို အတွင်းမှဖျက်ဆီးပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင်း ပေါက်ကွဲမှုအငယ်စားများစွာဖြစ်ပွားနေသကဲ့သို့ပင်။ နာကြင်မှုကြောင့် ဖှေးမှာ ကျယ်လောင်စွာပင် အော်ဟစ်လုနီးနီးပင်။
သူချက်ချင်းပင် [သွေးပုလင်း အလတ်စား]တစ်လုံးထုတ်ယူပြီး သောက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ရှိဒဏ်ရာများမှာ လျှင်မြန်စွာပင် ပျောက်ကင်းသွားသည်။
သို့သော် ဖှေး စိတ်မသက်သာနိုင်သေးပေ။
သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ပြင်ပအားမှာ ပျောက်ကွယ်မသွားသေး။ အတွင်းမှနေ၍ ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည်။ ဆေးပုလင်းမှာ ဒဏ်ရာများကိုသာ ကုသနိုင်စွမ်းရှိသည်။ ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်များသည့် အား တစ်မျိုးကို မရှင်းလင်းနိုင်ချေ။
သူ ဆေးပုလင်းနောက်တစ်မျိုးကို ထုတ်ယူလိုက်သည်။ [ပြန်လည်သစ်လွင် ဆေးပုလင်း]ဖြစ်သည်။
ဒိုင်ယာဘလို ကမ္ဘာတွင်ဤဆေးပုလင်းသည် အတွင်းအားနှင့် သွေးအား အပြည့်ပြန်လည်ဖြည့်တင်းပေးသည့် ဆေးပုလင်းဖြစ်သည်။ ထို့အပြင် မကောင်းသည့်သက်ရောက်မှုများကိုလည်း ဖယ်ရှားပေးသည်။ ခရမ်းရောင်ဆေးပုလင်း သောက်လိုက်သည့် အချိန်မှစ၍ သူ၏ခန္ဓာကိုယ်အတွင်းရှိ အားသည်လည်း ချက်ချင်းပင် အားပျော့သွားသည်ကိုခံစားလိုက်ရသည်။မကြာမှီပင် ဆေးပုလင်းအာနိသင်နှင့် အန္တရာယ်ရှိသည့် စွမ်းအားတို့မှာ အခြင်းခြင်းချေဖျက်ကာ ပျောက်ကွယ်သွားတော့သည်။
ဖှေး ထက်မံမတိုက်ခိုက်ခဲ့ချေ။
သူ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ အလျှင်အမြန်ပြောင်းလဲလိုက်ပြီး ဤကဲ့သို့ဖုန်ထူကာ မြူဆိုင်းနေသည့် ပတ်ဝန်းကျင်ကြားထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဤအချိန်တွင် တောင်ထိပ်တွင် ဖုန်မှုန့်များ သွေးလွှမ်းနေသည့် မြူခိုးများကြောင့် မြင်ကွင်းမှာ မရှင်းလင်းချေ။ဤသည်မှ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်သည်။
ဆံပင်ဖြူ မုတ်ဆိတ်ဖြူများဖြင့်အရပ်ရှည်ရှည်အဖိုးကြီးတစ်ယောက်သည် ပဲရစ်ရှေ့တွင် ရပ်လိုက်သည်။
ထိုသူမှာ ဖှေးအား အဝေးသို့တွန်းလွှတ်လိုက်သည်ခဲ့သည့် မော်ဖီဆိုသည့် လူဖြစ်သည်။ သူသည် ပဲရစ်ကိုင်တွယ်ထားခဲ့သည့် ဝှက်ဖဲတစ်ခုဖြစ်ပြီး အသင့်လျှော်ဆုံးအချိန်တွင် ဝင်ရောက်ကာ မင်းသမီးအားသတ်ဖြတ်ရန်ဖြစ်သည်။ သို့သော် ပဲရစ်၏ အသတ်အန္တရာယ်ကျရောက်သောကြောင့် သူမတွင် သူ့အားစောစောစီးစီးထုတ်သုံးလိုက်ရုံမှတစ်ပါးရွေးချယ်မှု မရှိတော့ပေ။
ဖှေးအား လက်သီးဖြင့်ထိုးကာ လွင့်ထွက်စေပြီးသည့်နောက်တွင် မာဖီမှာ အခွင့်ကောင်းယူပြီး ဖှေးအားလိုက်လံတိုက်ခိုက်ကာ သတ်ဖြတ်ရန်မကြိုးစားပေ။
သူ၏ လက်အား အနောက်သို့ပစ်လိုက်သည်။ ထို့နောက်တွင် သူ၏မျက်လုံးနှစ်လုံးတွင် ရွှေရောင်အလင်းများတောက်ပလာပြီး ဖုန်မှုန့်များ မြူများကို ကျော်လွန်၍ ဖှေးအား လိုက်လံရှာဖွေကြည့်နေ၏။ သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သည့်အမူအယာမှာ တဖြည်းဖြည်းပေါ်ပေါက်လာသည်။
သူ၏အနောက်တွင်ရပ်နေသော ပဲရစ်မှာ တစုံတစ်ခုအား မြင်လိုက်ရသည်။ အဖိုးကြီး၏ လက်သီးများပေါ်မှ နက်ရှိုင်းကာ သွေးများစီးကျနေဆဲဖြစ်သည့် ဓားဒဏ်ရာနှစ်ခုပင်။ ဒဏ်ရာများမှာအလွန်နက်ရှိုင်းပြီး အတွင်းရှိ အဖြူရောင်အရိုးများကိုပင် မြင်တွေ့နေရ၏။
ဤတွေ့ရှိမှုကြောင့် ပဲရစ်နောက်တစ်ကြိမ်ထက်မံထိတ်လန့်သွားရ၏။
မာဖီမှာ ကြယ်၆လုံးအဆင့် စစ်သည်တစ်ဦးဖြစ်သည်။ သူသည် သတ္တုဂုဏ်သတ္တိအတွင်းအား အသုံးပြုသူဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှာအား ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ၏ သတ္တုစွမ်းအင်သုံး လက်သီးများမှာ ကမ္ဘာပေါ်ရှိအမာကြောဆုံး လက်နက်များကဲ့သို့ပင်။ သို့သော် ဖှေး၏ ဓားနှစ်လက်အပေါ်တွင် အပြည့်အဝအသာစီးမရခဲ့ချေ။ ပဲရစ်တွေးလေ တွေးလေ ပို၍ကြောက်ရွံ့လေဖြစ်လာတော့၏။ အကယ်၍မာဖီသာမရှိပါက ထိုဓားနှစ်လက်သည် သူမ၏အသက်ဝိညင်ကို ချွေယူသွားတော့မည်ဖြစ်သညိ။
“မာဖီ သူ့ကို တက်နိုင်သမျှ မြန်မြန်သတ်လိုက်တော့....”