← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

ပဲရစ်တစ်ခါမှ ဤမျှမစိုးရိမ်ဖူးပေ။ သူမတွင် အစီစဥ်များ ဝှက်ဖဲများကျန်ရှိနေသေးသော်လည်း ဤဘုရင်ငယ်လေးပြသသွားသည့် စွမ်းရည်မှာ သူမအား စိုးရိမ်စေသည်။ သူမ၏မသိစိတ်ထဲတွင် တစ်စုံတစ်ခု အတွက်မှားခဲ့သလို ခံစားနေရသည်။ သို့သော် ထိုအရာသည်ဘာမှန်း သူမ မသိချေ။

"သူ မရှိတော့ဘူး..."

အဖိုးကြီး မောဖီမှာ တောင်ထိပ်တစ်ဝိုက်အား သူ၏ မျက်လုံးဖြင့်လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော်ဖှေး ပုံးကွယ်နေသည့်နေရာအား ရှာမတွေ့ချေ။

"ငါသူ့ကို ရှာလို့မတွေ့ဘူး...."

"ဘာ...."

ပဲရစ်သည်ဘသူမ၏လှပသောမျက်နှာပေါ်ရှိ အံ့သြနေသော အမူအယာကိုဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ထိုဘုရင်ငယ်​လေးမှာ ကြယ်၆လုံးစစ်သည်၏ ရှာဖွေတွေ့ရှိခြင်းမခံရအောင် ပုန်းကွယ်ထားနိုင်၏။ ဤအမျိုးသမီးမှာ အ​ဖြေတစ်ခုကို အမြန်တွေးလိုက်မိသည်။ "ဒါဆိုဒီလိုလုပ်လိုက် ချမ်းဘော့ဒ်မှာရှိတဲ့ စစ်သည်တွေ အစောင့်တွေက်ို စပြီးနှိတ်စက် သတ်ဖြတ်တော့ အဲ့တာဆို အဲ့ကောင်ထွက်လာလိမ့်မယ်...."

ပဲရစ်မှာ လူတစ်ဦး၏အားနည်းချက်ကို ရှာဖွေကိုင်တွယ်သည့်နေရာတွင် ဆရာတစ်ဆူပင်။

သို့သော်.....

"ပဲရစ် ငါထင်တာမမှားဘူးဆိုရင် ချမ်းဘော့ဒ်ကလးတွေ အကုန်လုံးက သေကုန်ကြပြီးထင်တယ်..."

မာဖီ တောင်ထိပ်မြေပြင်တစ်လျှောက်သို့ ထက်မံကြည့်ရှုလိုက်ပြီး ပဲရစ်အား စိတ်ရှုပ်ထွေးစေသည့် အ​ဖြေတစ်ခုကို ပေးလိုက်သည်။ ဤလှပသော အမျိုးသမီးမှာ ဤကဲ့သို့ အ​ခြေအနေအတွင်းမရောက်ရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဤအခြေအနေတွင် သူမ စွမ်းအားမဲ့သလိုခံစားနေရသည်။ လွန်ခဲ့သည့် ၁၆နှစ်က သူမ၏ မွေးစားအဖေသည် သူမအား မှောင်မဲနေသည့် မြေအောက်ခန်းထဲသို့ ထည့်သွင်းကာပိတ်ထားစဥ်ကသကဲ့သို့ ပြန်လည်ခံစားနေရသည်။

"သေစမ်း...ဒါဆိုလည်း သူ့ကိုထားလိုက်တော့....ကျွန်မသူတို့ဘက်က ကြယ်အဆင့်စစ်သည်တွေကို ထိန်းထားလိုက်မယ်...ခင်ဗျားက မင်းသမီးကို သွားသတ်လိုက်တော့...."

သူမ ထိုကဲ့သို့ပြောအပြီးတွင် စစ်မြေပြင်သို့ပြေးသွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးနှင့်တိုက်ခိုက်နေရာမှ တစတစအရေးနိမ့်လာနေပြီးဖြစ်သော လုပ်ကြံသတ်ဖြတ်သူကိုဘကူညီကာ ဝင်ရောက်တိုက်ခိုက်တော့သည်။

"ဘုန်း...ဘုန်း...."

မာဖီခြေလှမ်း တစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည့် စွမ်းအားများသည်လည်း ပို၍အားကောင်းလာသည်။ မကြာမှီတွင် စွမ်းအင်မှာ အလွန်ကြီးမားလာပြီး တောင်တစ်ခုလုံးပင် တုန်ခါလာသကဲ့သို့ပင် ဖြစ်လာ၏။

မင်းသမီးအား ဝန်းရံထားသည့် အစောင့်စစ်သည်များသည် ဤအန္တရာယ်ကို ခံစားလိုက်မိကြသည်။ လူတစ်ရာမျှသာ ကျန်ရှိတော့သည့် မင်းသမီး၏ ကိုယ်ရံတော်စစ်သည်များသည်အဖွဲ့ နှစ်ဖွဲ့ခွဲလိုက်ကြသည်။ အုပ်စုတစ်စုမှာ မင်းသမီးအား အနီးကပ်ကာကွယ်ရန်ဖြစ်ပြီး ကျန်အုပ်စုတစ်ခုမှာ ရဲစွမ်းသတ္တိအပြည့်ဖြင့် မာဖီထံသို့ဘပြေးဝင် တိုက်ခိုက်ကြတော့သည်။ သူတို့၏ခန္ဓာကိုယ်များကို အသုံးပြုပြီး ဤကြောက်မက်ဖွယ်ကြယ်၆လုံးအဆင့်စစ်သည်အား ခန္ဓာကိုယ်တစ်ခုရင်းလျှင် အချိန်၁စက္ကန့်မျှ ရလို့ရညားဖြစ်သည်။

သို့ရာတွင်....

"ဖုန်း ဖုန်း..."

မာဖီမှာ မင်းသမီးထံသို့ ချည်းကပ်လာနေစဲ ဖြစ်သည်။ သူ့ထံသို့ပြေးဝင်လာနေသော စစ်သည်များအား လက်သီးဖြင့်သာ ထ်ိုးလိုက်သည်။ မာဖီ၏ လမ်းကို ပိတ်ရန်ကြိုးစားသော ဇီးနစ်စစ်သည်များမှာ အော်ရန်ပင်အချိန်မရလိုက်ချေ။ အရိုးများအသားများကြေမွသွားကြပြီး လွင့်စင်ကုန်ကြသည်။ နေသာသောနေ့တနေ့တွင် အရည်ပျော်ကျသွားသော နှင်းပွင့်များကဲ့သို့ပင်။

ဤသည်မှာ အမှန်တကယ်အဆင့်မြင့်ကြယ်အဆင့် စစ်သည်တစ်ယောက်ဖြစ်သည်။

ရိုးရိုးသာမန်ရဲမက်များမှာ သူ့အားရပ်တန့်ဖို့နေနေသာသာ အနားသို့ပင်မကပ်နိုင်ကြချေ။ အ​ခြေအနေမှာ ဤကဲ့သို့ဖြစ်သော်လည်းစစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် အသေခံကာတိုးဝင်လျှက်ရှိသည်။ စစ်သည်တစ်ယောက်၏ဂုဏ်သရေသည် သူတို့၏ ကြောက်စိတ်များကိုဖုံးလွှမ်းထားလျှက်ရှိသည်။

သို့သော် ဂုဏ်သရေများ၊ ရဲစွမ်းသတ္တိများတို့သည် ကြီးမားသည့်စွမ်းအားနှင့်တွေ့ပါက မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ချေ။

မျက်စိတမှိတ်အတွင်းမှာပင် ရဲရင့်သော စစ်သည်၅၀ ကျော်ခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့၏ လက်နက်များ၊ ချပ်ဝတ်များမှာ သူတို့၏ ခန္ဓာကိုယ်များ အရိုးများ၊ အသားများနှင့် အတူ ဖုန်မှုန့်အဖြစ်သို့ရောက်ရှိသွားပြီဖြစ်သည်။ ဤကမ္ဘာပေါ်မှ ထာဝရပျောက်ကွယ်သွားကြပြီဖြစ်သည်။

မာဖီမှာ ခြေတစ်လှမ်းပြီးတစ်လှမ်းမင်းသမီးထံသို့ ချည်းကပ်လာနေဆဲ ဖြစ်သည်။

သူသည် မင်းသမီးနှင့်အန္တရာယ်ရှိသည့် အကွာအဝေးသို့ပင်ရောက်ရှိနေပြီဖြစ်သည်။ မာဖီ လက်သီးနှစ်ဆယ်ချက်ခန့် ထိုးပြီးနောက်တွင် မင်းသမီးအား ကာကွယ်နေကြသည့် စစ်သည်များ၏ဖွဲ့စည်းပုံမှာ ကစဥ့်ကလျားဖြစ်ကုန်ကြသည်။

သူတို့၏ ရဲဘော်ရဲဘက်များ၊ သူငယ်ချင်းများ၏ သေဆုံးမှုမှာ သူတို့အား မကြောက်လန့်စေသော်လည်း မာဖီ၏ လက်သီးချက်များမှာတော့ မတူညီသည့် ဇာတ်လမ်းတစ်ပုဒ်ပင်။ အမိန့်ပေး အော်ဟစ်သံများမပါရှိသော်လည်း ကျန်သည့်စစ်သည်များမှာ အဖွဲ့နှစ်ဖွဲ့ ထက်မံခွဲလိုက်ကြပြီး မာဖီထံသို့ အသေခံထက်မံတိုးဝင်တိုက်ခိုက်ကြ၏။

"ဖုန်း ဖုန်း ဖုန်း..."

တူညီသောလက်သီးချက်များပင်။ တူညီသော တိတ်ဆိတ်စွာသေဆုံးခြင်းများပင်။

စစ်သည်များ၏ ရဲရင့်စွာစွန့်လွှတ်မှုများသည် အလွန်စျေးပေါနေသကဲ့သို့ပင်။ သက်ရောက်မှုလုံးဝမရှိချေ။ မာဖီအား တစ်စက္ကန့်မျှပင် မရပ်တန့်နိုင်ကြချေ။

ဆံပင်အဖြူရောင်နှင့် အဖိုးကြီးမှာ မင်းသမီးနှင့် အလွန်နီးကပ်လာပြီဖြစ်သည်။

မာဖီထံသို့ပြေးဝင်တိုက်ခိုက်ကြသည့် စစ်သည်၂၅ယောက်တွင် တစ်ယောက်သာ အသက်ရှင်ကျန်တော့သည်။ သို့သော် မာမီ၏ မျက်နှာပေါ်တွင် စိတ်မရှည်သည့်အမူအယာတစ်ခုပေါ်ပေါက်လာပြီး လက်သီးချက်တစ်ခုပစ်လွှတ်လိုက်သည်။ ကျန်ရှိနေသောစစ်သည်လည်း မြေကမ္ဘာပေါ်မှ ကွယ်ပျောက်သွားတော့သည်။

ဤဆံပင်အဖြူရောင်နှင့် လူသတ်ကောင်အား ရပ်တံ့နိုင်သည့် လူမရှိတော့ပေ။

မာဖီ၏ မျက်လုံးများသည် မင်းသမီးကို ပစ်မှတ်ထားကြည့်ရှုနေသည်။ မြို့တော် စိန့်ပီတာစဘာ့တွင် ဉာဏ်ပညာနတ်ဘုရားမဟုပင် နာမည်ကြီးသည့် အမျိုးသမီးအား မကြာမီအချိန်တွင် သွေးအိုင်တစ်ခုအဖြစ်သို့ပြောင်းလဲနိုင်တော့မည်ဟု ယုံကြည်နေ၏။

သို့သော် ထိုအခိုက်တန့်တွင်.....

လက်သီးတလုံး....

နောက်ဆုံးပြေးဝင်လာသော စစ်သည်၏ သွေးစက်များနှင့်အတူ တိတ်ဆိတ်စွာချည်းကပ်လာသည့်လက်သီးတစ်လုံးဖြစ်သည်။ ထိုလက်သီးမှာ အချိန်နှင့် နေရာအကန့်သက်ကို ချိုးဖျက်လိုက်သကဲ့သို့ မာဖီ၏ရင်ဘက်ပေါ်သို့ လျှင်မြန်စွာပင် ကျရောက်သွားတော့သည်။

"ဖွီး....."

မာဖီ၏ ပါးစပ်မှသွေးများပန်းထွက်လာသည်။

ထို့နောက်တွင် ကျည်ဆံတစ်ခုကဲ့သို့ အနောက်သို့ တဟုန်ထိုး လွင့်ထွက်သွားတော့၏။

All Chapters