အခန်း (၁၃၆)
Vol. 10 Ch. 136
“ဟာ...”
အဖြူရောင်ဆံပင်နှင့် အဖိုးကြီးမာဖီသဲအိပ်တစ်အိပ်ကဲ့သို့ လွင့်ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ ပဲရစ်ထိတ်လန့်စွာအော်ဟစ်လိုက်မိသည်။ ထို့နောက်တွင် လျှက်စီးလက်သကဲ့သို့ လေပေါ်တွင် ပျံသန်းကာ မာဖီ မြေကြီးပေါ်သို့ပြုတ်မကျခင် အမြန်ဖမ်းလိုက်သည်။
အဖိုးကြီး၏ ရင်ဘက်တွင်ကြောက်မက်ဖွယ်လက်သီးရာ အချိုင့်ကြီးနှစ်ခုကိုတွေ့လိုက်ရသည်။ ကြမ်းတမ်းသော အားမှာ အပြင်သို့ဠွေင့်ခြင်းမရှိပဲ မာဖီ၏ရင်ဘက်ထဲသို့တိုက်ရိုက်စီးဝင်သွားခဲ့သည်။ သူ၏ နှလုံးသားနှင့်တစ်ကွရင်ဘက်တစ်ခုလုံးကို ဖျက်ဆီးလိုက်လုနည်းနည်းပင်။ သွေးများသည် သူ၏ပါးစပ်မှ ဒလဟောစီးကျနေ၏။ ယခင်ကရန်သူများကို ရက်စက်စွာသတ်ဖြတ်နေသည့် ကြယ်အဆင့်ဆရာမှာ ယခုအချိန်တွင် ကောင်းမွန်စွာပင် မရပ်နိုင်တော့ချေ။
10မီတာခန့်အကွာတွင် ဖုန့်မှုန့်များကြားတွင် ရပ်နေသည့် လူတစ်ယောက်၏ သဏ္ဍာန်ကိုတွေ့နေရသည်။ သူ၏မျက်နှာတွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာပြီး သူ၏ခေါင်းမှ သာမန်စစ်သည်များဆောင်းသည့် ဦးဆောင်းကိုချွတ်ချလိုက်သည်။ သစ်စေ့ရောင်ဆံပင်နှင့် လှပခန့်ညားသော မျက်နှာတို့ကို ထင်ရှားစွာမြင်လိုက်ရပြီး မာဖီနှင့် ပဲရစ်တို့၏မျက်နှာတွင် ထိတ်လန့်သော အမူအယာတစ်ခုပေါ်လာတော့သည်။ ထိုစစ်သည်မှာ သန်သန်မာမာထွားထွားကျိုင်းကျိုင်းမဟုတ်ပေ။ အနည်းငယ် ပိန်သည်ဟုပင်ဆိုနိုင်၏။ သို့သော် သူထိုနေရာ၌ရပ်နေရင်းပင် လူအများအား စစ်သည်ပေါင်းသန်းနှင့်ချီ၍ရင်ဆိုင်နေရသကဲ့သို့ ဖိအားများပေးလျှက်ရှိသည်။
“အာ.... အရှင့်သား အာရှဗင်”
ဤပုဂ္ဂိုလ်၏ မျက်နှာကိုမြင်ပြီးနောက်တွင် အဖိုးကြီး မာဖီနှင့် ပဲရစ်တို့၏ မျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်သွားပြီး ထိတ်လန့်သွားသည့် အမူအယာထွက်ပေါ်လာတော့သည်။
ဇီးနစ်အင်ပါယာရဲ့ ဂုဏ်သရေရှိမင်းသားကြီး အာရှဗင်ကိုယ်တိုင်ရောက်လာတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ပဲရစ်သိထားသော သတင်းအချက်လက်များအရ မင်းသားအာရှဗင်မှာ တော်ဝင်စခန်းတစ်ခုတွင်ရောက်နေသည်ဟု သိရှိထားသည်။ ဒါဆို [သေးသံမဏိ စခန်း]မှာရှိနေတဲ့လူက ဘယ်သူလဲ။ မင်းသား အာရှဗင်မဟုတ်ဘူးလား။ ပဲရစ်သည် အလွန်လျင်သည်။ သူမဖြစ်နိုင်ချေ နောက်တစ်ခုအား အမြန်စဥ်းစားလိုက်မိသည်။ တော်ဝင်စခန်းတွင်ရှိနေသည့် မင်းသားမှာ မင်းသားအစစ်မှန်မဟုတ်ပဲ လူစားထိုးပုဂ္ဂိုလ်သာဖြစ်ပေလိမ့်မည်။ သူတို့အား လှည့်စားလို၍ဖြစ်သည်။
ဤသည်မှာ နောက်ဆုံးရွေ့ကွက်ဖြစ်တော့သည်။
ဇီးနစ်အင်ပါယာ၏ ဂုဏ်သရေရှိမင်းသား တစ်ပါးမှာ နှိမ့်ကျတော့ သာမန်လူတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ကာ သံတမန်အဖွဲ့များနှင့် ရောလျှက်ချမ်းဘော့ဒ်သို့ရောက်ရှိနေလိမ့်မည်ဟု မည်သူမျှမတွေးမိကြချေ။ ထို့နောက်တွင် အချိန်ကောင်းတွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူဘက်မှ ဆရာကြီးတစ်ပါးအား အပြင်းထန်ဒဏ်ရာရစေကာ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ်သည်။
ရောက်မလာသင့်သည့် ပုဂ္ဂိုလ်ရောက်လာတော့သည်။
ထို့နောက်တွင် အခြေအနေမှာ လုံးဝပြောင်းလဲသွားတော့သည်။
ဤအချိန်တွင် ဖုန်မှုန့်များကြားထဲတွင် ကိုယ်ယောက်ဖျောက်နေသည့်ဘဖှေးပင် ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူ ဤသစ်စေ့ရောင်ဆံပင်နှင့် အားနွဲ့သည့်ဟန်ရှိ ခပ်ပိန်ပိန်ယောက်ျားကို တွေ့ဖူးသောကြောင့်ပင်။ သူမှတ်မိသည်မှာ မမှားပါက ဇီးနစ်တိုင်းပြည်မှ သံတမန်အဖွဲ့များရောက်ရှိလာစဥ်က မင်းသမီး၏ လှည်းမောင်းအနေဖြင့် လိုက်ပါလာသည့် လူပင်။ ထိုစဥ်က ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ လယ်ဗယ်၁၆သာရှိသေးသည့်အတွက် ထိုရထားမောင်းသမားမှာ ဆရာတစ်ယောက်ဖြစ်မှန်း ဝေတေဝါးတားသာခံစားလိုက်ရသည်။ ထိုဆရာသည် ဤကဲ့သို့စွမ်းအားမြင့်မားလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ချေ။
ပဲရစ်နှင့် မာဖီတို့၏ ပြောကြားပုံအရ ထိုလူသည် ဇီးနစ်အင်ပါယာ၏ အကြီးဆုံးမင်းသားဖြစ်ပုံရသည်။ ဇီးနစ်အင်ပါယာ ထီးနန်းအမွေကိုဆက်ခံရန်အတွက် ဖြစ်နိုင်ချေအများဆုံးလူတစ်ဦးလည်းဖြစ်သည်။ ဇီးနစ်အင်ပါယား တိုက်ပွဲနတ်ဘုရားဟူ၍ပင် ကျော်ကြားသည်။
ဤဖြစ်ရပ်သည် ဖှေးအား လုံးဝပင်ထိတ်လန့်အံ့သြသွားစေသည်။
ယနေ့ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်ပေါ်တွင် ဖြစ်ပျက်သွားခဲ့သော အရာများမှာ မယုံနိုင်စရာကောင်းလွန်းလှသည်။ နာမည်ကြီးလူများတစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီး မထင်မက်ထားသည့် အဖြစ်ပျက်များလည်းတစ်ခုပြီးတစ်ခုဖြစ်ပျက်နေ၏။ ဖှေး တက်နိုင်သည်မှာ သူ၏ခေါင်းကို ခါရမ်းနေရုံမျှသာတက်နိုင်တော့သည်။ ဤကဲ့သ်ို့ နာမည်ကျော်ပုဂ္ဂိုလ်များ၏ အစီစဥ်များဖြင့် ကြုံတွေ့နေရသောဖှေးမှာ များစွာလိုအပ်နေသေး၏။
“မင်းလူတွေကို ရပ်တံ့ဖို့ အမိန့်ပေးလိုက်သင့်ပြီ ပဲရစ်...”
အာရှဗင်မှာ ယုံကြည်ချက်ရှိသော အပြုံးဖြင့် ၄င်းတို့အားကြည့်လိုက်သည်။
သို့သော် သူ၏မျက်နှာတွင် ပျော်ရွှင်သည့်အမူအယာလုံးဝမရှိချေ။ သူ၏အရှေ့တွင် ရှိသေ အမျိုးသမီးသည် ညီတော်ဒိုမင်ဂူအား ကူညီပြီး သူ့အားအကြိမ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပြီး၊ ဆုံးရှုံးမှုများစွာ ဆုံးရှုံးစေခဲ့သည်။ ယခင်က သူဤအမျိုးသမီးအား သတ်ဖြတ်လိုစိတ်ခနခနပေါ်ခဲ့၏။ သို့သော် ယခုအချိန် ပဲရစ်၏အသက်အား သူ၏လက်ထဲတွင် တကယ်တန်းဆုပ်ကိုင်လိုက်မိသောအချိန်တွင် ကျန်ရှိသောသူမအပေါ်ထားရှိသည့် ခံစားချက်အနည်းငယ်ကို ခံစားနေရ၏။
ဤကဲ့သို့ ပြီးပြည့်စုံသည့် အမျိုးသမီးမှာ သူ့ဘက်တွင်မရှိခဲ့သည်မှာ စိတ်မကောင်းစွာပင်။
ပဲရစ်သူမကိုယ်သူမလျှင်မြန်စွာ ထိန်းချုပ်လိုက်သည်။ ထို့နောက်တွင် သက်ပြင်းချပြီး သူမ၏ လက်ကို ညင်သာစွာဝှေ့ရမ်းလိုက်သည်။
စစ်မြေပြင်တစ်ခုလုံး ချက်ချင်းပင်ငြိမ်ကျသွားတော့သည်။ တကယ်တန်းဆိုပါက မင်းသားအာရှဗင်ရောက်လာသည့် အချိန်မှစပြီး လူတိုင်းသည် ဤကဲ့သို့ အဓိပ္ပာယ်မရှိတော့သည့်ဟန်ရှိသည့် တိုက်ခိုက်ခြင်းအား ရပ်တံ့စပြုလာပြီဖြစ်သည်။ အထူးသဖြင့် မာဖီ၏ရင်ဘက်ပေါ်မှ လက်သီးချက်နှစ်ခုအား မြင်ပြီးသည့်အချိန်တွင်ဖြစ်သည်။ အရှေ့ဘက်တောင်ထိပ်တွင်ရှိသော လူတိုင်းနီးပါး တိုက်ပွဲရလဒ်မှာ အဖြေထွက်ပြီး ဖြစ်ကြောင်း နားလည်သွားကြသောကြောင့်ပင်။
ဇီးနစ်အင်ပါယာတွင် မင်းသားအာရှဗင်သည် နာမည်ကျော်တစ်ယောက်ဖြစ်သည်။
အသက်၂၅နှစ်မကျော်သေးသော ဤမင်းသားသည် သူ၏မီးဂုဏ်သတ္တိအတွင်းအားကို ကြယ်၆လုံးအဆင့်ရှိအောင် လေ့ကျင့်ထားသူဖြစ်သည်။ မီးစွမ်းအင်များမှာ ဓားမျှထက်သည့် ရုပ်ပိုင်းဆိုင်ရာအသွင်သို့ ကူးနိုင်သည့်အထိပင်။ ဇီးနစ်အင်ပါယာ၏ နံပါတ်၁ အရည်ချင်းရှိသောလူငယ်တစ်ယောက်အဖြစ် သက်မှတ်ထားခြင်းခံရသည်။ စွမ်းအားမြင့်ရုံသာမက စစ်ပွဲအတွေ့ကြုံများစွာရှိသည်။ သူဦးဆောင်သည့် သွေးသံမဏိစခန်းမှာ ဇီးနစ်အင်ပါယာ၏ အင်အားအတောင့်တင်းဆုံး ဋ္ဌာနခွဲတစ်ခုအဖြစ်ကျော်ကြားသည်။
ပုံမှန်အခြေဆိုပါက အဖိုးကြီး မာဖီမှာ ဇီးနစ်စစ်ပွဲနတ်ဘုရားနှင့် ယှဥ်ပြိုင်တိုက်ခိုက်၍ရနိုင်သည်။ သို့သော် သူသည်လည်း အလစ်ငိုက်မိပြီး သေခါနီးဖြစ်သည်အထိ ဒဏ်ရာအပြင်းထံရရှိသွားမသဖြင့် မတက်နိုင်တော့ချေ။ သူ၏ စွမ်းအားတစ်ခုတည်းဖြင့် မင်းသမီး၏အဖွဲ့မှာ နိုက်ပွဲအား ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ခြင်းအား ရပ်တံ့လိုက်သည့်အချိန်တွင် လေထုအတွင်းတွင် ပြန့်ကျဲနေသည့် ဖုန်မှုန့်များသည်လည်း ငြိမ်သက်စပြုလာသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် သွေးများဖုံးလွှမ်းနေသည့် မြေတို့မှာ တိုက်ပွဲမြေပြင်တွင် ပျံ့နှံ့နေသည်။
နတ်စဥ်ပတ်ဝန်းကျင်တွင် ရှင်သန်ကျန်ရစ်သူများ၏ အမူယာမှာမတူညီကြချေ။
ထိုလူများထဲတွင် လက်မောင်းတွင် အနီရောင်အဝတ်စများပတ်ထားသည့် လူအရေအတွက်မှာပိုများသည်။ သူတို့သည် ယခင်က တိုက်ပွဲကို အသာစီးရနေခဲ့သူများဖြစ်သည်။ ယခုအချိန်တွင် သူတို့သည်ဤတိုက်ပွဲအတွက် လုံးဝအရေးမပါတော့ချေ။ အာရှဗင်ကဲ့သို့သော ကြယ်၆လံူးအဆင့် ကျွမ်းကျင်သူသည် သူတို့အား လက်တစ်ချောင်းဖြင့်ပင် အမှုန့်ကြိတ်ချေနိုင်သည်။ ထို့ကြောင့် သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံတုန်လှုပ်သော အမူအယာများဖြင့်ပြည့်နှက်နေသည်။
အလစ်ငိုက်မိပြီးတိုက်ခိုက်ခံခဲ့ရသည့် တိုင်းပြည်များမှ သံတမန်များမှာမူ ဝမ်းသာကုန်ကြ၏။ တချို့လူများဆိုလျှင် ဝမ်းသာလွန်းသဖြင့် ငိုယိုကုန်ကြသည်။
ပဲရစ်လက်ကို ဝှေ့ရမ်းလိုက်သည့်အချိန်တွင် လူအုပ်မှာ အုပ်စုနှစ်စုကွဲသွားတော့သည်။
လုပ်ကြံသတ်ဖြတ်သူများသည် ပဲရစ်၏အနောက်ဘက်သို့သွားကာနေရာယူလိုက်သည်။ လက်ပတ်အနီရောင်များဖြင့် ကြံရာပါများသည်လည်း အလွန်မင်းစိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် ပဲရစ်ဘက်အခြမ်းတွင် ရပ်လိုက်၏။ ဤအခိုက်တံ့တွင် သူတို့အားလုံးနောင်တကြီးစွာရနေကြ၏။ ဤလုပ်ကြံမှုကြီး၏ ရှုံးနိမ့်သည့်ဘက်တွင်ရောက်ရှိနေသူများသည် အသတ်ပေးဆပ်ရမည်မှာ အမှန်တကယ်ပင်။ သူတို့ကိုယ်တိုင်သာမက သူတို့၏တိုင်းပြည်များပါ ပေးဆက်ရမည်ဖြစ်သည်။
ကျန်တစ်ဖက်ခြမ်းတွင် အပစ်ကင်းမဲ့သော အသက်ရှင်ကျန်ခဲ့သူများသည် အနည်းငယ်ကြောက်လန့်နေသောအမူအယာဖြင့် မင်းသမီး၏မင်းသားတို့၏အနောက်တွင် ရပ်လျှက်ရှိသည်။ ထိုလူအုပ်ထဲတွင် ဒဏ်ရာများစွာဖြင့် ရေကန်တိုင်းပြည်မှ မင်းသားမိုဒရစ်လဲပါရှိသည်။ ကံကောင်းစွာပင် သူလည်း အသက်ရှင်ကျန်ခဲ့၏။
အုပ်စုမှာ နှစ်ခုကွဲသွားပြီး လေထုထဲတွင်လည်း ကြောက်မက်ဖွယ် ဖိအားများဖြင့် ပြည့်နှက်နေ၏။
ဤအခိုက်တန့်တွင် ဖှေးလဲမျက်နှာတွင် အပြုံးကြီးတစ်ခုဖြင့် ပျော်ရွှင်စွာထွက်ပေါ်လာသည်။ သူသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားပြီး သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်ရရှိထားသည်။ သူဝတ်ဆင်ထားသောမင်းဝတ်တန်ဆာမှာလဲ နှစ်ခြမ်းစုတ်ပြဲနေ၏။ သူ၏တစ်ကိုယ်လုံးတွင် သွေများစိုရွဲလျှက်ရှိသည်။ သူသွားသည့်နေရာတိုင်းတွင် သွေးခြေရာများ ကျန်ရှိနေသည်အထိပင်။
ဤမျှ ဒဏ်ရာများမှာ မြင်ရသည့်လူတိုင်းကိုပင် ရင်ထဲနင့်ကာ ဝမ်းနည်းသွားစေနိုင်သည်။
ဤမြင်ကွင်းကို မြင်ရသူတိုင်းသည် ထိုဘုရင်သည် မည်သည့်အချိန်တွင် လဲကျသေဆုံးတော့မလဲဟုပင် ထင်နေရကြ၏။ ပို၍ ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ထီးနန်းပေးအပ်ပွဲအခမ်းနားတစ်ခုလုံးပွဲပျက်ခဲ့သည်သာ မဟုတ်ပေ။ ချမ်းဘော့ဒ်မှ အစောင့်များ အရာရှိများအားလုံးလည်း တစ်ယောက်မှ မကျန်ရှိကြတော့ချေ။ လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာ၊ ဘားရက်ခ်၊ အိုလတ်ဂ်၊ ပီးရာ့စ် စသူတို့၏ ရုပ်အလောင်းများသည် နတ်စဥ်၏ကျောက်တုံးစများဘေးတွင် သွေးများဖြင့် လဲလျောင်းနေကြ၏။
“အား....အလတ်ဇန္ဒား မင်းအသက်ရှင်လျှက်ရှိသေးတာ ဝမ်းသာစရာပဲ.....”