← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

မင်းသားမိုဒရစ်မှာ ဖှေးအားမြင်သော် ကူညီဖှေးမပေးရန်အမြန်ပြေးသွား၏။ ဤအချိန်မတိုင်ခင်က ဖှေး ကြယ်၆လုံးစစ်သည်၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်ကို လူအများအပြားမြင်လိုက်ရသည်။ ထို့နောက်တွင် ဖုန်မှုန့်များအကြားတွင် ပျောက်ကွယ်သွားသော ဖှေးအား လူတိုင်းက သေပြီဟုထင်ထားကြ၏။ ထို့သော ဖှေးမှာ မိလ္လာပိုက်ထဲမှ ကြွက်တစ်ကောင်ကဲ့သို့ အသက်ပြင်းမည်ဟု ထင်မထားခဲ့ကြ။ ကြည့်ရသည်မှာ အ​​​ခြေအနေသိပ်မကောင်းသော်လည်း အသက်ရှင်နေသေးသည်။

မိုဒရစ်မှာ ဖှေးအားတွဲထူလျှက် မင်းသာ အာရှဗင်၏အနောက်တွင်ရပ်လိုက်သည်။

“ဘယ်လောက်​တောင်ကံဆိုးလိုက်လဲ ပဲရစ်ရာ ဒီတစ်ပွဲတော့ ငါနိုင်သွားပြီထင်တယ်...”

အာရှဗင်မှာ ပဲရစ်အား အပြုံးရေးရေးဖြင့်ကြည့်ကာပြောလိုက်သည်။ နောက်ဆုံးတွင် သူ့အား မကြာခဏခေါင်းခဲစေခဲ့သည့် အမျိုးသမီးအား အပျောက်ရှင်းနိုင်တော့မည်ဖြစ်သည်။

“ဖက် ဖက် ဖက် ဖက်...”

ပဲရစ်ညင်သာစွာ လက်ခုပ်တီးလိုက်သည်။

ပဲရစ်မှာအချိန်တိုအတွင်းမှာပင် သူမ၏ စိတ်ကိုပြန်လည်တည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်လိုက်ပြီဖြစ်သည်။ ညင်သာစွာ လက်ခုပ်တီးနေရင်းဖြင့် သူမ၏ ချစ်စရာအပြုံးနှင့်အတူ ပြန်ပြောလိုက်သည်။ “အမှန်တိုင်းပြောရမယ်ဆိုရင် အင်ပါယာက ဂုဏ်သရေရှိမင်းသားတစ်ယောက်က ကျွန်မမတွက်နဲ့ ဒီလိုဝေးလှံခေါင်ဖျားတဲ့တိုင်းပြည်ကို လူကိုယ်တိုင်ရောက်လာမယ်လို့ လုံးဝကိုထင်မထားမိပြီး။ အလစ်ဝင်တိုက်လို့ရအောင် သာမန်စစ်သည်ယောင်ဆောင်ပြီးတော့လေ။ ကျွန်မကိုပြောပါအရှင့်သား..ကျွန်မဂုဏ်ယူရမလား....ကြောက်ရမှာလား....”

ဤအမျိုးသမီး၏ စကားလုံးများထဲမှ ခနဲ့တဲ့တဲ့အမူအယာကို အာရှဗင်ကြားနေရသည်။ သို့သော် ယခုအချိန်တွင် သူသည် အနိုင်ရရှိသူတစ်​ယောက်ဖြစ်နေပြီဖြစ်၏။ ထို့ကြောင့် ပြုံးလျှက်ပင်ရှိနေကာ စိတ်ဆိုးစွာတုန့်ပြန်ခြင်းမပြုပေ။

“ဒါပေမယ့် ဒီအကွက်က တော်တော်လှတာကိုတော့ ဝန်ခံရလိမ့်မယ်...ဒီစစ်သည်တွေရဲ့သေဆုံးမှုက တန်ဖိုးရှိသွားတာပဲ။ သူတို့ရဲ့သေဆုံးမှုက မော်ဖီကို မျက်လုံးရှုပ်သွားစေပြီး ဒါကြောင့် အရှင့်သား အလစ်ဝင်တိုက်ဖို့အခွင့်ရေးရသွားတာပဲလေ...ဒါပေမယ့် အရှင့်သား စစ်သည်တွေကို ဒီတိုင်းအသေခံခိုင်းလိုက်တာက အေးစက်လွန်းရာမကျဘူးလား...အသက်ရှင်ကျန်နေတဲ့ စစ်သည်တွေကရော ဘယ်လိုတွေးနေကြမလဲ...”

“အ​ခြေအနေတွေက ဒီအထိတောင်ရောက်လာပြီပဲရစ် ဖြစ်ပြီးတာတွေကိုထားလိုက်တော့...လက်နက်ချပြီး ငါ့စီမှာအလုပ်လာလုပ်ပေးပါ...အဲ့လိုဆိုရင် ငါမင်းကိုဒီနေ့မသတ်သေးဘူး...”

အာရှဗင်၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေဆဲပင်။ သို့သော် ထိုစကားလုံးများမှာ အလွန်လေးနက်သည်။ ညှိနှိုင်းမည့် အရိပ်ယောင်လုံးဝမရှိချေ။

“ဟီးဟီး အရှင့်သားက ယုံကြည်မှုလွန်ကဲနေတယ်မထင်ဘူးလား...ဒီနေ့အတွက် အရှင့်သားနဲ့ မင်းသမီးတို့ကို မသတ်နိုင်တော့ဘူးဆိုပေမယ့်...ကျွန်မမှာရှိတဲ့အစွမ်းနဲ့ဆိုရင် လွတ်အောင်တော့ပြေးနိုင်သေးတယ်လေ...မဟုတ်ဘူးလား...” ပဲရစ်မှာ တည်တည်ငြိမ်ငြိမ်နှင့် ပြုံးနေဆဲပင်။ သူမ၏စကားလုံးများမှာ စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေသည် အရှုံးပေးမည့်ဟန် လုံးဝမရှိသေးပေ။

“မင်း အစကတည်းက ပြေးဖို့ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ရရင်ရလိမ့်မယ်...ဒါပေမယ့် အခုမှတော့ ပြေးလို့မရတော့ဘူး...”

အာရှဗင်၏ မျက်နှာပေါ်တွင်လည်း ထိုအပြုံးရှိဆဲပင်။ အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်းကို ဖော်ပြနေသည်။ သူရဲကောင်း ကပ္ပတိန်ရိုမန်သည်လည်း ကျန်ရှိနေသည့်စစ်သည်၂၅ဦးခန့်ကို ခေါ်ဆောင်ကာ တစ်ခုတည်းသော တောင်ဆင်းလှေကားလမ်းကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ဓားကိုင်ထားသော လုပ်ကြံသတ်ဖြတ်သူနှင့် တစ်ခြားလူများစုပေါင်းကာ အာရှဗင်အား အချိန်အနည်းငယ်ကြာခန့် ထိန်းထားနိုင်ကောင်းထိန်းထားနိုင်လိမ့်မည်။ သို့သော် ပဲရစ်တစ်ယောက်တည်း သူရဲကောင်းရိုမန်နှင့် စစ်သည်များကိုကျော်လွန်၍ လှေကားလမ်းပေါ်သို့ အလျှင်အမြန်ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ချေ။ အာရှဗင်မှာ သူမအားအလွယ်တကူပင် သတ်ဖြတ်နိုင်သွားမည်ဖြစ်သည်။

ပဲရစ်ထိုမြင်ကွင်းကို မြင်သော်အခါ သူမ၏မျက်နှာအမူအယာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

“အမတော်တာနာရှာရဲ့ ကံတရားကတော့ အံ့မခန်းပါပဲ...ဒီနေ့ ဒီဘုရင်ငယ်ကသာ ကျွန်မရဲ့အစီစဥ်တွေကို ဝင်မဖျက်ဘူးဆိုးရင် ဒီနေ့သေရမယ့်လူက အမတော်ဖြစ်နေလောက်ပြီ....”

ဤအခိုက်တန့်တွင် ပဲရစ်သည် သူမ၏ အဖြစ်ကိုလက်ခံလိုက်သည့်ပုံရသည်။ သူမ အာရှဗင်အား ဆက်လက်စကားမပြောလိုတော့ပဲ သူ၏မျက်လုံးများသည် လူအုပ်အရှေ့တွင် တိတ်ဆိတ်စွာရပ်နေသည့် မင်းသမီးထံသို့ကျရောက်သွားသည်။ သူမ၏ အသံနေအသံထားမှာ ဝမ်းနည်းနေသည့်အရိပ်ယောင်ရှိပြီး ညီမတစ်ယောက်မှ အမတစ်ယောက်သို့ မကျေနပ်စွာပြောနေသကဲ့သို့ပင်။

ဤအမျိုးသမီးမှာ အမှန်တကယ်ပင် မာယာများသည့် အမျိုးသမီးတစ်ယောက်ပင်။ သူမ၏မျက်လုံးများထဲမှ ဝမ်းနည်းမှုမှာ မြင်ရသည့်လူတိုင်းကို သနားစိတ်ဝင်လာစေသည်။

မင်းသမီးမှာ အနည်းငယ်ပြုံးသည်ဆိုရုံမျှသာ ပြုံးလိုက်သည်။ “ဟုတ်တယ် ဒီနေ့ငါကံကောင်းသွားခဲ့တာပဲ...”

မင်သမီးထိုကဲ့သို့ပြောလိုက်ခြင်းမှာ ဖှေး၏ တိုက်ပွဲအပေါ်ကြီးမားစွာပြောင်းလေစေမှုကို အသိမှတ်ပြုလိုက်ခြင်းပင်။

အကယ်၍ ဖှေးသာ ပဲရစ်အား ချောင်မပိတ်ခဲ့ပါက ပဲရစ်လဲ မာဖီကို စောစောစီးစီး ထုတ်သုံးစရာလိုမည်မဟုတ်ပေ။ မင်းသမီး၏ နောက်ဆုံးဝှက်ဖဲ ဖြစ်သည့် အာရှဗင်ရှိနေသော် လဲ အနိုင်ယူရန်အတွက် လွယ်ကူမည်မဟုတ်ပေ။ မာဖီကဲ့သို့ မျိုးဆက်ဟောင်းကြယ်၆လုံးစစ်သည်များမ​ှာ အလွန်စွမ်းအားကြီးပြီး အတွေ့ကြုံလည်းများစွာရှိသောကြောင့်ပင်။ ထိပ်တိုက်တိုက်ခိုက်ပါက မင်းသားအာရှဗင် မာဖီအား အနိုင်တိုက်နိုင်မည့် အခွင့်ရေးနည်းပါး၏။ အကယ်၍မာဖီသာ ဆက်လက်ပုန်းအောင်းနေမည်ဆိုပါက အင်မတန်ပင်ကြောက်စရာကောင်းမည်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခြင်းမှာ သမီးရည်းစာကိစ္စများကဲ့သို့ပင် အလျင်စလိုပြုလုပ်လိုက်သည့်လူမှာ ပို၍နာကြင်ရနိုင်၏။

သို့သော် ရုတ်တရက်ပဲရစ်၏ မျက်နှာပေါ်တွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်ပေါက်လာသည်။

“ဒါပေမယ့် အမတော်တာနာရှာ....တစ်ခါတလေကျတော့လဲ ကံတရားတစ်ခုတည်းက ဘာမှသုံးစားလို့မရဘူးလေ....”

“နင်.....” မင်းသမီးတစ်စုံတစ်ခုအား အမြန်တွေးလိုက်မိပြီး သူ၏မျက်နှာအရောင်မှာ ရုတ်ချည်းပြောင်းလဲသွား၏။ “အားလုံးပဲ ဂရု.....”

သို့သော် နောက်ကျလွန်းသွားပြီဖြစ်သည်။

ဤအခိုက်တန့်တွင် မည်သူမျှ ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်သွား၏။

ဖှေး၏ ဘေးတွင်ရပ်နေခဲ့သော မင်းသားမိုဒရစ်၏ မျက်လုံးများမှာ ရုတ်တရက်အေးစက် စူးရှလာပြီး သူရုတ်တရက် လျှက်စီးကဲ့သို့ ရွေ့လျားသွား၏။ အပူစွမ်းအင်များသယ်ဆောင်ထားထည့် လက်ဖဝါးများမှာ အရှေ့သို့လျှပ်စီးလပ်သကဲ့သို့ ရွေ့လျားသွားပြီး မင်းသားအာရှဗင်နှင့် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးဇီလျန်တို့၏ နှလုံးတည်ရှိရာ နောက်ကြောပြင်နေရာအားရိုက်ခတ်လိုက်သည်။

ထို့နောက်တွင် ​ကြီးမားသော မီးစွမ်းအင်တစ်ခုပေါက်ကွဲထွက်လာတော့သည်။

“အား....”

ဇီယျန်နှင့် အာရှဗင်တို့၏ အာရုံစိုက်မှုများမှာ ပဲရစ်ထံသို့သာရောက်ရှိနေခဲ့ကြပြီး ချောင်ပိတ်ရိုက်ခံနေရသောခွေးတစ်ကောင်ကဲ့သို့ကမူးရူးထိုးမလုပ်ရန် သတိထားစောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ သူတို့အဖွဲ့ထဲမှ လူတစ်ယောက်မှ အနောက်မှနေ၍ တိုက်ခိုက်လိမ့်မည်ဟု လုံးဝတွေးမထားမိကြကြချေ။ ဤမျှအနီးကပ်တွင် သးတို့သည်ပို၍အစွမ်းထက်သည်မှန်သော်လည်း မရှောင်နိုင်လိုက်ကြချေ။ မိုဒရစ်၏ မီးတောက်လက်ဖဝါးများကျရောက်မလာမှီတွင် အတွင်းအားစွမ်းအင်အကာကံများပြုလုပ်ရံပင် အချိန်မမှီလိုက်ကြချေ။ အလွန်ကြီးမားသောစွမ်းအင်မှာ သူတို့၏ခန္ဓာကိုယ်အတွင်းသို့စီးဝင်သွားပြီး နှစ်ယောက်လုံး၏ ပါးစပ်မှ သွေးများပန်းထွက်လာကြသည်။

သူတို့၏ မျက်နှာများတွင် မယုံနိုင်ခြင်း၊ ဒေါသဖြစ်ခြင်းများ၊ ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်ကုန်၏။

ပထမတိုက်ခိုက်မှုအောင်မြင်သွားချိန်တွင် မိုဒရစ်မှာထွက်မပြေးသေးပေ။ မျက်နှာတွင် မကောင်းကြံသောအပြုံးတစ်ခုဖြင့် လူ၏လက်ကိုရှေ့ထုတ်ကာထက်မံတိုက်ခိုက်လိုက်သည်။ မီးတောက်များမှာ နဂါးတစ်ကောင်၏ အသွင်အားယူ၏ သိပ်မဝေးသောနေရာတွင်ရှိသော မင်းသမီးထံသို့ ပျံသန်းသွား၏။

အဖြစ်ပျက်မှာ မြန်ဆန်လှသဖြင့် မည်သူမျှပင် မတုန့်ပြန်ရသေးချေ။

ဤအချိန်တွက် မည်သူမျှ မင်းသမီးအား ကာကွယ်ရန်မတွေးမိကြသေးပေ။

ဉာဏ်ပညာကြီးမားသည့် မင်းသမီးတစ်ယောက် အသားကင်ဖြစ်လုနီးအခြေအနေတွင် မှော်ဆန်သည့် အရာတစ်ခုဖြစ်ပျက်သွား၏။ အပြာရောင်စက်လုံးပုံစံရှိရေစွမ်းအင်အရာရံမျက်နှာပြင်တစ်ခုမှာ မင်းသမီး ပတ်ပတ်လည်တွင်ပေါ်လာပြီး မင်းသမီးအား ကာကွယ်လိုက်သည်။ မီးနဂါးနှင့် ထိတွေ့သည့်အချိန်တွင် ပြင်းထန်စွာတုန်ခါသွားပြီး မိုဒရစ်၏တိုက်ခိုက်မှုကို ချေဖျက်လိုက်၏။

“ရွံစရာကောင်းလိုက်တဲ့ကောင် သေစမ်းကွာ....”

မင်းသမီး အန္တရာယ်ရှိနေသည်ကိုတွေ့ရသောအခါ အာရှဗင်သည် နာကျင်မှုကို အံကြိတ်ခံကာ ကျန်ရှိနေသေးသောအတွင်းအားများကို အသုံးပြုပြီး ပစ်လွှတ်လိုက်သည်။ မိုဒရစ်မှာ သူ၏လက်တစ်ဖက်ကို ဆန့်တန်းကာ ကာရံလိုက်ရသည်။ သူ၏လက်တစ်ခုလုံးကျိုးကြေကာ လူလဲ အဝေးတစ်ဖက်သို့ လွင့်ထွက်သွားတော့သည်။ ကံကောင်းစွာပင် အသက်ရှင်သန်နေဆဲပင်။

ဤပြောင်းလဲမှုမှာ အလွန်ထူးဆန်းလှသဖြင့် မြင်ရသူအားလုံးအားကြက်သေသေသွားစေသည်။

ဒီလိုဘာလို့ဖြစ်သွားရတာလဲ။

ပဲရစ်ဘက်မှဖြစ်နိုင်ချေအနည်းဆုံးဖြစ်သည့် မိုဒရစ်သည် ဤကဲ့သို့ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှထင်မထားသောကြောင့်ပင်။ ထို့အပြင် ယခင်က ကြယ်နှစ်လုံးအဆင့်ထက်ပင် မပိုသောအစွမ်းရှိသည့် မင်းသားမိုဒရစ်သည် ဤကဲ့သို့ အာရှဗင်နှင့် ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေး ဇီယျန်တို့ကို အပြင်းထန်ဒဏ်ရာရစေနိုင်သည်ဟုလည်းထင်မထားပေ။ မင်းသမီးတွင်သာ ရေစွမ်းအင်သုံးအကာရံမှော်ပစ္စည်းမရှိပါက မင်းသမီးပါသေဆုံးပြီး ဖြစ်သွားနိုင်၏။

အရှေ့ဘက်တောင်ပေါ်ရှိလေထုမှာ ချက်ချင်းပြောင်းလဲသွား၏။

ဤကဲ့သို့ကြီးမားသည့် အပြောင်းလဲသည် အဖွဲ့နှစ်ဖွဲ့၏ စွမ်းအားကိုလဲ သိသာစွာပြောင်းလဲသွားစေသည်။

ယခင်က မာဖီ၊ အာရှဗင်နှင့် ဇီယျန်တို့မှာ တောင်ထိပ်ပေါ်တွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်သုံးဦးဖြစ်သည်။ သို့သော်ယခုအခါတွင် သူတို့၃ဦးလုံးအပြင်းထန်ဒဏ်ရာရရှိသွားကာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။ ယခုအချိန်မင်းသမီးဘက်တွင် တိုက်ခိုက်နိုင်သည့် ပုဂ္ဂိုလ်များမှာ သူရဲကောင်းကပ္ပတိန်ရိုမန်နှင့် အမျိုးသမီးစစ်သည်ဆူဇန်တို့နှင့် သိပ်အသုံးမဝင်လှသော သာမန်အစောင့်စစ်သည်များ၂၀​ ကျော်ခန့်နှင့် သံတမန်တချို့သာကျန်ရှိသည်။ ပဲရစ်ဘက်တွင်မူ ကျန်ရှိနေသေးသောလုပ်ကြံသတ်ဖြတ်သူများ၊ စွမ်းအားမသိရသေးသော မိုဒရစ်နှင့် ဒဏ်ရာလုံးမရရှိသေးသော ပဲရစ်ကိုယ်တိုင်ကျန်ရှိနေသေး၏။

တစ်ဖက်ခြင်းစီ၏ အင်အားမှာ ချက်ချင်းပင်ပြောင်းပြန်ဖြစ်သွား၏။

ပြောင်းလဲ ခြင်းများစွာမှာ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေသဖြင့် အိမ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။

All Chapters