← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

ယခင်က လက်မောင်းတွင် အနီရောင်အဝတ်စများပတ်ထားသည့် လူများမှာ စိတ်ဓာတ်ကျနေကြခြင်းဖြစ်သည်။ ယခုအချိန်တွင် သူတို့၏မျက်လုံးများချက်ချင်းပင် တောက်ပလာသည်။ သေခြင်းတရားမှ လွတ်မြောက်လာသဖြင့် စိတ်ကျေနပ်နေကြသည့် အမူအယာကို ဖုံးကွယ်ထားခြင်းမရှိပေ။ ၄င်းတို့၏ ယခင်က ထိတ်လန့်ခြောက်ခြားနေသော အမူအယာများမှာ ယခုအခါတွင် မကောင်းလိုသည့် အပြုံးများဖြင့် အစားထိုးလိုက်ပြီဖြစ်ပြီး သူတို့၏ ခါးများကို မက်လိုက်ကြသည်။

“ဟီးဟီးဟီး အမတော်တာနာရှာ....အမတော် နောက်ဆုံးမှာတော့ တွက်ချက်မှုမှားခဲ့ပြီပေါ့...”

ဤကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီး၏မျက်နှာတွက် မြူဆွယ်ဟန်ရှိသည့်အပြုံးမှာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ယခင်က သူမ၏ ဝမ်းနည်းသည့်အသံနေအသံထား၊ စကားလုံးများမှာ သရုပ်ဆောင်နေ​ခြင်းသာ ဖြစ်ကြောင်း လူအများယခုမှ သိလိုက်ကြတော့သည်။

မင်းသမီးမှာ တိတ်ဆိတ်စွာပင်နေနေ၏။

မင်းသား အာရှဗင်မှာ အသားများတဆက်ဆက်တုန်သည်အထိဒေါသဖြစ်နေသော်လည်း ဘာမှမတက်နိုင်ချေ။ သူ့အား မိုဒရစ်ပေးသွားသည့် ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ တစ်ဖက်တွင်လဲ ခရမ်းရောင်ဝတ်စုံနှင့် ဇီယျန်မှာ သူ၏မျက်လုံးများကို တင်းကြပ်စွာပိတ်ထားသည်။ သူမ၏ နဖူးတွင် ချွေးများဖြင့် စိုရွဲနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ခရမ်းရောင်မီးတောက်များ တဟုန်းဟုန်းတောက်ပနေ၏။ သူမ၏ ခန္ဓာကိုယ်အား အမြန်ကုသနိုင်ရန်အတွက် ကြိုးစားနေပုံရသည်။

“ဟီးဟီးဟီး...သေချာတွေးကြည့်ရင်တော့ ဒါက ကောင်းတဲ့ အံဩစရာလို့ပဲပြောရမှာလေ...ကျွန်မက မင်းသားအာရှဗင်ရဲ့ ညာလက်တစ်ဖက်ဖြစ်နေတဲ့ အမတော် တာနာရှာကိုရှင်းဖို့ပဲ စီစဥ်နေခဲ့တာ အခုလို မင်းသားအာရှဗင်ကိုယ်တိုင်ကိုတောင် ရှင်းဖို့အခွင့်ရေးရလိမ့်မယ်လို့လုံးဝထင်မထားဘူး...ဟားဟား..အရှင့်သား ဒိုမင်ဂူသာ ဒီသတင်းကိုကြားရမယ်ဆိုရင် အတော်ပျော်ရွှင်နေတော့မှာပဲ....”

သတ်ဖြတ်ရန်ရည်ရွယ်ချက် ပြည့်နှက်နေသည့် ချစ်စဖွယ်ကောင်းသောအပြုံးနှင့် အတူပဲရစ်မှာ မင်းသမီးအနားသို့ တဖြည်းဖြည်းချည်းကပ်လာ၏။

“အခုလိုမျိုး တော်ဝင်မျိုးနွယ်နှစ်ယောက်ကို တစ်ချိန်တည်းမှာ သတ်ပစ်ရမှာနှမြောစရာဆိုပေမယ့် နောက်ပိုင်းပြသနာရှုပ်မလာအောင် အခုရှင်းပစ်မှဖြစ်မယ်လေ...”

ပဲရစ်၏အသံနေအသံထားမှာ အလွန်နူးညံ့သည် သို့သော် မင်းသားနှင့် မင်းသမီးတို့၏ မျက်လုံးထဲတွင် သူမသည် သေမင်းတစ်ကောင်ကဲ့သို့ပင်။

“ဟီးဟီး မဆိုးပါဘူး အကွက်ကောင်းပဲ...ဒါမယ့်ငါသိချင်တာက မင်းက ဒီနေရာမှာ ငါနဲ့တာနာရှာကိုသတ်လိုက်ပြီဆိုရင် ခမည်းတော်ယရှင်းကို မင်းဘယ်လိုရှင်းပြမလဲ...ဒီနေ့အဖြစ်ပျက်ကိုမြင်လိုက်ရတဲ့လူတွေက အများကြီးနော်...မင်းတ်ု့လုံးဝဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး..တနေ့နေ့တချိန်ချိန်မှာတော့ နင်နဲ့ ဒိုမင်ဂူတို့ရဲ့လုပ်ရပ်ကို ခမည်းတော်သိသွားလိမ့်မယ်..”

အာရှဗင်မှာ ကျောက်တုံးမြေပြင်ပေါ်တွင် ထိုင်ချပြီး တက်နိုင်သမျှ အချိန်ဆွဲကာ သူ၏လက်ကျန်အတွင်းအားများကို စုစည်းရန်ကြိုးစားနေသည်။ သို့သော် ​မျှော်လင့်ချက်မှာ လွန်စွာနည်းပါးသည်။ သူသည် ဒဏ်ရာပြင်းထန်စွာရရှိထားပြီး ခွန်အားအလွန်လျှော့နည်းနေပြီဖြစ်သည်။

“ဟီးဟီးဟီးဟီး...အရှင့်သားက ဟာသတွေလာပြောနေတာလား...အရှင့်သားက ကျွန်မထက်ပိုသိမှာပေါ့...ဒီကိစ္စတစ်ခုလုံးက ပြန်လမ်းမရှိတဲ့ လမ်းတစ်ခုပဲ...သတ်မလားသေမလား ဒီနှစ်မျိုးပဲရှိတယ်လေ...အစကတည်းက ဘယ်သူ့ကိုမှ ချမ်းသာပေးဖို့ အစီစဥ်လူံးဝမရှိခဲ့ဘူး...မင်းသမီးတာနာရှာကတော့ ချမ်းဘော့ဒ်တိုင်းပြည်က ပုန်ကန်မှုတစ်ခုထဲမှာ ကြားညှပ်ပြီးသေဆုံးသွားတယ်လို့ သတင်းလွှင့်လိုက်မှာပဲ...မင်းသားအတွက်ကကျတော့ အရှင့်သားက အခု သွေးသံမဏိစခန်းမှာ ရှိနေတာမဟုတ်ဘူးလား....ဟားဟား..”

ပဲရစ်၏ စကားလုံးများမှာ ပေါ့ပေါ့ပါးပါးပင်ညသို့သော် ထိုစကားလုံးများသယ်ဆောင်လာသည့်အဓိပ္ပါယ်မှာ မင်းသားအားထိတ်လန့်သွားစေသည်။

မင်းသား အာရှဗင်သည် သွေးသံမဏိစခန်းတွင် မိမိအယောင်ဆောင်လူစားထိုးတစ်ယောက်ထားခဲ့ပြီး မည်သူမျှအသိပေးခြင်းမရှိပဲ ချမ်းဘော့ဒ်သို့ လျို့ဝှက်စွာလာခဲ့ခြင်းဖြစ်သည်။ ထိုအချက်သည် ချက်ချင်းပင် သူ၏အားနည်းချက်အဖြစ်သို့ ပြောင်းလဲသွား၏။ အကယ်၍ မင်းသားဒိုမင်ဂူသာ သွေးသံမဏိစခန်းရှိ အာရှဗင်ဟန်ဆောင်ကာ အစားထိုးထားသည့်လူကို ထိန်းချုပ်လိုက်နိုင်ပါက သွေးသံမဏိစခန်းကြီးတစ်ခုလုံးကို လွယ်ကူစွာထိန်းချုပ်နိုင်သွားမည်ဖြစ်သည်။

“အိုဘီနာ၊ မိုဒရစ်၊ ဟားရှ်ဇန်း မင်းတို့သုံး​ယောက် ငါတို့လူတွေကို ခေါ်သွားပြီး ချမ်းဘော့ဒ်တစ်မြို့လုံးက လူတွေအကုန်လိုက်သတ်ပြီး မီးရှို့ဖျက်ဆီးပစ်လိုက်။ မြို့သူတွေက ပုန်ကန်ကြတဲ့ပုံဖြစ်အောင် ဖန်တီးဖို့မမေ့နဲ့။ အသက်ရှန်ကျန်ခဲ့တဲ့လူတစ်​​ယောက်မှ မရှိစေနဲ့နော်။”

ပဲရစ်သူမ၏ လက်များကို ဝှေ့ရမ်းပြီး သူမ၏အနောက်တွင်ရှိသော လူတစ်ချို့အား အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ...”

ထိုလူသုံးယောက်နှင့် လက်ပတ်နီများဝတ်ဆင်ထားသည့် သံတမန်များမှာ အလွန်ပျော်ရွှင်သွားကြသည်။ ဤကဲ့သို့အခြေအနေအားအသုံးပြုကာ ချမ်းဘော့ဒ်ရှိ ချမ်းသာသည့်မိသားစုများနေအိမ်များအား ဝင်ရောက်စီးနှင်းပြီး ပစ္စည်းများ လုယက်၊မိန်းမပျိုများအား ဖျက်ဆီးခြင်းများကို ပြုလုပ်နိုင်ပြီဖြစ်သောကြောင့်ပင်။ ယခုအခြေအနေအရ ချမ်းဘော့ဒ်တွင် ခုခံနိုင်မည့်သူ တစ်စုံတစ်ယောက်မှ ကျန်ရှိတော့သည့်ပုံမရသောကြောင့်ပင်။

သို့သော်...

“ဟေး...ခနစောင့်ဦးလေ...မင်တို့ကောင်တွေက ချမ်းဘော့ဒ်ကို လုပ်ချင်တဲ့တိုင်းလုပ်တော့မယ်ဆိုရင် ပိုင်ရှင်ကိုအရင်သဘောတူမတူမေးရမှာ မဟုတ်ဘူးလား...”

ဖှေး လှမ်းအော်ပြောလိုက်သည်။

​“မင်းလား....” မိုဒရစ်မှာ ဖှေးအား မထီမဲ့မြင်ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “မင်းက ဒီလောက်ဒဏ်ရာတွေရထားတာကို အခြေနေကိုပြောင်းလဲနိုင်ဦးမယ်လို့ ထင်နေတာလား...ကိုယ့်ကိုယ်ကို မသေအောင်ပဲ အရင်ဂရုစိုက်ပါဦး...ဟားဟားဟား....”

“ဟမ်...ဘယ်ကဒဏ်ရာတွေလဲ...” ဖှေး သူ၏မျက်နှာမှ သွေးများကို သုပ်လိုက်သည်။ သူ၏ခြေလှမ်းများမှာ ယခင်ကဲ့သို့ယိမ်းယိုင်နေခြင်းမရှိတော့ပဲ ခါးကိုမက်လိုက်သည်။ “ဆောရီးပဲ....ငါဟန်ဆောင်နေတာ...”

ဤအခိုက်တန့်တွင် ဖှေးသည် ဟိုဘက်ဒီဘက်ခုန်ပေါက်နေသည်။ ဒဏ်ရာရရှိထားသည့်ဟန် လုံးဝမရှိတော့ပေ။

“ငါ့ကိုပြောစမ်းပါဦး မိုဒရစ် မင်းက ဘယ်လိုလုပ် ဒီအဒေါ်ကြီးဘက်က ဖြစ်နေရတာလဲ...”ထို့နောက်တွင် ဖှေး မိုဒရစ်အနောက်တွင်ရှိသော လူနှစ်ယောက်ကိုလက်ငြိုးထိုးပြီး ရန်လိုသည့်အမူအယာဖြင့် မေးလိုက်သည်။ “နောက်ပြီး မင်းတို့နှစ်ကောင်...မင်းတို့နှစ်ကောင်က သေပြီးသားမဟုတ်ဘူးလား...ဘယ်လိုလုပ်အသတ်ပြန်ရှင်လာတာလဲကွ....”

အရှေ့ဘက်တောင်ထိပ်ရှိလူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤဘုရင်ငယ်၏ စကားလုံးများနှင့် အသံနေအသံထားမှာ ရိုင်းပြလွန်းလှသည်။ တော်ဝင်မိသားစုမှာ လူတစ်ယောက်နှင့် မတူပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးကဲ့သို့ပင်။

ယနေ့ဖြစ်ရပ်များကြောင့် စိတ်ဖောက်ပြန်သွားခြင်းပေလား။

ယခုအချိန်မှာ သူ၏ဂုဏ်ယူဝင့်ကြွားရသည့် အခမ်းနားတစ်ခုမဟုတ်တော့ပေ။ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပျက်သွားခဲ့သည်။ ထီးနန်းပေးအပ်ခြင်းမှာ ဟာသတစ်ခုဖြစ်ခဲ့ရုံသာမကပေ။ သူ၏ဇနီးလောင်းနှင့် လူယုံများလည်း ဤနေရာ၌ပင် အသတ်ခံလိုက်ကြရသည်။ သူ၏နေရာတွင် မည်သူမဆို ရူးသွပ်သွားနိုင်သည်ဖြစ်သည်။

မိုဒရစ်ရယ်မောကာ ပြောလိုက်သည်။ “အလတ်ဇန္ဒားမင်းပါမင်း ဒဏ်ရာရချင်ယောင်ဆောင်ပြီး သေရမှာကို ရှောင်လွှဲခဲ့ရင်လည်း အခုချိန်ရောက်မှတော့ မင်းဘာလုပ်နိုင်တော့မှာမို့လို့လဲ..မင်းကတကယ်ပဲ မင်းကိုယ်မင်း အရာအားလုံးကို ကယ်တင်နိုင်လိမ့်မယ်ထင်နေတာလား....” သူ​ပြောအပြီးတွင် ညာလက်ဖြင့် သူ၏မျက်နှာအား ရုတ်တရက်ရိုက်ခြေလိုက်သည်။

သစ်သားစွမ်းအင်ဂုဏ်သတ္တိရှိ အပြာရောင်မီးတောက်များ တောက်ပအပြီးတွင် သူ၏မျက်နှာပေါ်တွင် အလွှာတစ်ခု ကွာကျလာပြီး မျက်နှာသွင်ပြင်မှာ တဖြည်းဖြည်းပြောင်းလဲလာတော့သည်။ ဤသည်မှာ အမြဲတမ်းရယ်ပြုံးနေလေ့ရှိသည့် ရေကန်တိုင်းပြည်မှ မင်းသားမိုဒရစ်၏ မျက်နှာမဟုတ်တော့ချေ။ ဖှေးတစ်ခါမှ မမြင်ဖူးသည့် လူတစ်ဦး၏မျက်နှာဖြစ်သည်။

“သစ်သား ရုပ်ပြောင်းရုပ်လွဲပညာပဲ....”

တစုံတစ်ယောက်မှာ အော်ပြောလိုက်သည်။

“ဟာ...သူက [သားသတ်သမား] ဆန်ဒရိုပဲ...ငါသူ့ပိုမြင်ဖူးထဲ မင်းသား ဒိုမင်ဂူလက်အောက်မှာအလုပ်လုပ်တဲ့ သူရဲကောင်းတွေထဲကတစ်ယောက်...”

တစ်စုံတစ်ယောက်မှာ ထိုပုဂ္ဂိုလ်၏မျက်နှာကို သိသည့်ဟန်ဖြင့် အော်ပြောလိုက်သည်။

တစ်စုံတစ်ယောက် သူ၏နာမည်ကိုအော်ပြောသည့်အသံကို ကြားအပြီးတွင် ဆန်ဒရို၏ မာနထောင်လွှားသည့် အသွင်ပြင်မှာ ပို၍ပင်တောက်ပလာတော့သည်။ “ဟားဟားဟား...အလတ်ဇန္ဒား....ဒီလောက်ဆိုရင် မင်းငါဘာလို့ ဟောဒီက မစ်စ်ပဲရစ်ကို ကူညီနေရလဲဆိုတာမင်းသိလောက်ပြီပေါ့...ဒီလူနှစ်ယောက် ဘာလို့အသတ်ရှင်လျှက်ရှိနေတုန်းပဲဆိုတာကိုရော မင်းနားလည်ပြီလား...”

ဆန်ဒရို၏ နောက်တွင် သေပြီးဖြစ်နေသင့်သည့် ပုဂ္ဂိုလ်နှစ်ယောက်ပင်။

လူကောင်ထွားထွား မြေစွမ်းအင်သုံးစစ်သည်တစ်ယောက်ဖြစ်သည့် ဟားရှ်ဇန်းနှင့် သရေ့စ်တိုင်းပြည်မှ မင်းသား အိုဘီနာတို့ပင်။

ဟားရှ်ဇန်းမှာ ဖှေးထံတွင် အဖမ်း​ဆီးခံရပြီးချိန်တွင် ဝှက်ထားသော အဆိပ်ဆေးတောင့်သောက်ကာ မိမိကိုယ်မိမိသတ်သေခဲ့သူဖြစ်ပြီး အိုဘီနာမှာ သူ၏အစောင့်စစ်သည်များနှင့်အတူ တည်းခိုနေထိုင်နေသည့်အဆောက်အုံတွင် အမည်မသိလူတစ်ယောက်မှ ဝင်ရောက်သတ်ဖြတ်သဖြင့် သေဆုံးခဲ့သူဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူတို့နှစ်ယောက်လုံး ကျန်းမာရေးကောင်းမွန်စွာဖြင့် အသက်ရှင်လျှက်ရှိနေကြသည်။

All Chapters