အခန်း (၁၃၉)
Vol. 10 Ch. 139
သူတို့၏မျက်နှာပေါ်တွ ဂုဏ်ယူဝင့်ကြွားကာထီမမြင်သည့်အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ့တို့၏ အစီစဥ်များကို ပျက်လုနီးနီးဖြစ်စေခဲ့သည့် ဖှေးအား ယခုအချိန်တွင်မူ လှောင်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။
“ငါနားလည်ပြီ အဲ့ညတုန်းက အိုဘီနာတို့အုပ်စုကို ကြိုသတင်းပေးပြီး တစ်ဖွဲ့လုံးအသတ်ခံရတဲ့ပုံလုပ်ခိုင်းတာက မင်းကိုး...ဟားရှ်ဇန်းနေရာမှာ အစားထိုးပြီး သေခိုင်းဖို့လူရှာပြီး ငါ့ကိုလှည့်စားခဲ့တာကလဲ မင်းပဲမလား....” ဖှေး ချက်ချင်းပင် သဘောပေါက်နားလည်သွားသည်။
“မင်းက အဲ့လောက်တော့ မပိန်းပါဘူး....”
သရေ့တိုင်းပြည်မှ မင်းသား အိုဘီနာသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာလိုက်သည်။
“ငါက လူအယောက်၂၀၀ ကျော်ဘာလို့ဒီလောက်မြန်မြန်နဲ့ အသတ်ခံရလဲဆိုတာကို အံ့သြနေတာ...ဒီလိုကြောင့်ကိုး..ငါဘာမှကိုမသိလိုက်ရဘူး...” ဖှေး သူ၏မေးစေ့ကို ပွတ်ကာပြောလိုက်သည်။ “ဒါပေမယ့် မင်းတို့ကောင်တွေက အတော်ရက်စက်တာပဲ....ငါသတင်းရသွားမှာ ကြောက်တာလေးတစ်ခုနဲ့ မင်းတို့ကိုယ့်အစောင့်၂၀၀ ကျော်လောက်ကို တကယ်သတ်ပစ်ခဲ့တာပဲ...မင်းတို့ က တိရစ္ဆာန်ထက်တောင်ဆိုးတဲ့ကောင်တွေပဲကွ...”
“မင်းကိုကြောက်လို့ ဟုတ်လား...မင်းကတော်တော်ပိန်းပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင်ပဲကွ..အရှင့်သမီးပဲရစ်က မင်းသားကို အနှောင့်ယှက်မပေးချင်လို့ အလွဲမှားသေးသေးလေးတောင်လက်မခံပဲ ရှင်းပစ်လိုက်တာပဲ...” အိုဘီနာမှာ ဖှေးအား ငပိန်းတစ်ယောက်ကဲ့သို့ကြည့်ရင်း ရီလိုက်သည်။ “ဒီမှာဘုရင်လေး မင်းကိုယ်အတွွကိုယ်စိုးရိမ်နေသင့်ပြီ...ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ကံကြမ္မာက ဒီနေ့ပျက်သုဥ်းဖို့ပဲ...မင်းရဲ့လူတွေရော မင်းနဲ့အတူသေပြီး ဇူလီမြစ်ထဲက ငါးစာဖြစ်တော့မယ်...”
တိရစ္ဆာန်ထက်ဆိုးသည်ဟု အခေါ်ခံရအပြီးတွင် မင်းသားအိုဘီနာ၏ မျက်နှာမှာ မဲချိတ်သွားသည်။
ဤအခိုက်တန့်တွင် မည်သူမျှ မမျှော်လင့်ထားပဲပဲရစ်သည် ရှေ့သို့ထွက်လာပြီး ပြုံးကာပြောလိုက်သည်။ “ဘုရင်အလတ်ဇန္ဒား မင်းက အလားလာကောင်းကောင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာကို ငါဝန်ခံရလိမ့်မယ်...တကယ်လို့ မင်းအခုချိန်မှာ ငါတို့နဲ့ပူးပေါင်းပြီး မင်းသားဒိုမင်ဂူအတွက် အလုပ်လုပ်ပါမယ်လို့ ကတိပြုကျိမ်ဆိုမယ်ဆိုရင်မင်းကိုချမ်းသာပေးမယ်...ချမ်းဘော့ဒ်တိုင်းပြည်ကိုပါ ချမ်းသာပေးလိုက်နိုင်တယ်...နောက်ပြီး စစ်ဘက်ဆိုင်ရာလေ့ကျင့်မှု ပြိုင်ပွဲပြီးလို့ နှစ်လကြာရင် ချမ်းဘော့ဒ်ကို အဆင့်၃အဖွဲ့ဝင်နိုင်ငံဖြစ်အောင်လုပ်ပေးမယ်လို့ ငါကတိပြုတယ်...ဘယ်လိုလဲ...”
“ဟားဟားဟား....”
ဖှေးမှု သူ၏ပေါင်များကို ပုတ်လျှက် မျက်ရည်များထွက်ကျမတက်ရယ်မောလိုက်သည်။ “ဒီမှာ အဒေါ်ကြီး ခင်ဗျားက ကျွန်တော့ကို သနားစာလာကျွေးတဲ့ပုံလုပ်နေတာလား...ဟီးဟီး...ဒါမှမဟုတ် ငါ့ကိုကြောက်နေလို့လား...” ထို့နောက်တွင် ပဲရစ်၏ အဖြေကိုမစောင့်တော့ပဲ ဖှေး၏ မျက်နှာမှာ ရုတ်တရက် ကြမ်းကြုတ်သွားတော့သည်။ သူ၏ မျက်နှာမှာ အပြုံးတစ်စက်မှ မကျန်ရှိတော့ချေ။ သူ စိတ်ဆိုးမာန်ဆိုးဖြင့် လက်ငြိုးထိုးကာ “မင်းရော ဒိုမင်ဂူဆိုတဲ့ကောင်ရော လဲသေလိုက်တော့...အဆင့်၃တိုင်းပြည်ဆိုတာကိုလဲ လီးပဲ...တကယ်လို့ငါတစ်ခုခုကို လိုချင်တယ်ဆိုရင် ငါ့ပါငါရအောင်ယူလိုက်မယ်..မင်းသနားပြီးပေးစရာမလိုဘူး ဒီနေ့ဖို့ရာ ငါစိတ်မပြေမခြင်း ဘယ်ကောင်မှ ဒီတောင်ပေါ်ကနေ အသက်ရှင်လျှက် ထွက်ခွာဖို့ မစဥ်းစားကြနဲ့...”
ဤပြောစကားကြောင့် တောင်ပေါ်မှလူများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
မင်းသမီး ၊ ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်နှင့် ပဲရစ်တို့လဲ သူတို့၏ ပါးစပ်များကို ပိတ်မထားနိုင်ကြပေ။
ယနေ့ရက်ပိုင်းအတွင်း စိတ်ဖိအားများနှင့် ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ဖှေးပေါက်ကွဲလိုနေသည်ဖြစ်သည်။ သူ၏ လက်ကို ခါးပေါ်တွင် တင်ကာ စတင်ဆဲဆိုတော့သည်။ “ဒါက ဘယ်လောက်တောင် ခွေးဆန်တဲ့အပြုမူလဲကွ...မင်းတို့က အကောင်ကြီးတွေဆိုတာ မှန်ပါတယ်....မင်းတို့အတွက် ချမ်းဘော့ဒ်လို နိုင်ငံအသေးလေးက ဘာမှမဟုတ်ဘူးဆိုတာလဲ မှန်ပါတယ်. မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်ချင်နေတယ်ဆိုရင်လဲ ငါတားလို့မရဘူး...ဒါပေမယ့် မင်းတို့ကောင်တွေ ငါ့ပိုင်နက်ထဲကို မလာပဲ တခြားနေရာမှာ သွားလုပ်ကြလေ....နောက်ပြီး မင်းတို့က ငါ့လူတွေကိုပါ သတ်ချင်တယ် ဟုတ်လား...အိုကေ ဟုတ်ပြီလေ...မင်းတို့လိုအကောင်ကြီးတွေကို ငါလို ဘာမှမဟုတ်တဲ့ကောင်ယောက် ဒေါသဖြစ်ပြီဆိုရင် ဘယ်လိုလဲဆိုတာပြရသေးတာပေါ့ ဟီးဟီး..”
ဖှေးထိုကဲ့သို့ပြောပြီး လူတိုင်းမတုံ့ပြန်နိုင်သေးခင်မှာပငိ ရုတ်တရက် လျှင်မြန်စွာလှုပ်ရှားလိုက်သည်။ ထို့နောက်တွင် ဖှေး၏ ပုံရိပ်ယောင်တစ်ခုလေထုထဲတွင် ပေါ်လာတော့သည်။ အလွန်လျှင်မြန်သောနှုန်းဖြင့် ရွေ့လျားနေရင်း သူ၏လက်နှစ်ဖက်ကို လေထဲတွင် ဆုပ်ကိုင်လိုက်သည်။ ခရမ်းရောင်နှင့် အစိမ်းရောင်များတောက်ပသွားပြီး ခရမ်းရောင်နှင့် အစိမ်းရောက်ဓားနှစ်လက်မှာ သူ၏လက်ထဲတွင်ရောက်လာတော့သည်။
“ဟားဟားဟား အရင်ဆုံးငါအကြွေးရစရာရှိသေးတယ်ကွ...”
ဖှေး ရယ်မောကာ သူ၏လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။ ဓားနှစ်လက်သည် လေထုထဲတွင် လှပသော သက်တံ့ရောင်ပုံရိပ်တစ်ခုကို ချန်ထားခဲ့ပြီး မိုဒရစ်နှင့် ကျန်လူနှစ်ယောက်ထံသို့ ဦးတည်သွားတော့သည်။
အရှေ့ဘက်တောင်တန်းပေါ်တွင် ဤကဲ့သို့ အရေးနိမ့်နေသော အခြေအနေတွင် ဘုရင်အလတ်ဇန္ဒားသည် မိမိဘက်မှနေ၍ စတင်တိုက်ခိုက်လိမ့်မည်ဝု မည်သူမျှ ထင်မထားခဲ့ပေ။ ဖှေး ဓားနှစ်လက်ဖြင့် တိုက်ခိုက်လာသည်ကိုတွေ့သောအခါ အိဘီနာနှင့် သူ၏ကိုယ်ရံတော် ဟားရှ်ဇန်းတို့သည် သရော်ပြုံးပြုံးပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြတော့သည်။ သူတို့နှစ်ယောက်လုံးသည် ဖှေးကဲ့သို့ပင် ကြယ်လေးလုံးအဆင့်စစ်သည်များဖြစ်ကြသည်။ ထို့ကြောင့် ဤကဲ့သ်ို့နှစ်ယောက်တစ်ယောက် အခြေအနေတွင် လုံးဝမကြောက်ရွံ့ကြပဲ ဖှေးနှင့ တိုက်ခိုက်ရန်ပင် စိတ်အားထက်သန်နေကြ၏။
သို့သော်...
“ကျား....”
မြေကမ္ဘာကိုပင် ကွဲအက်စေနိုင်လောက်သည့် ကြုံးဝါးသံအား သူတို့နှစ်ယောက်လုံး၏ နားထဲတွင်ကြားလိုက်ရသည်။ ထို့နောက်တွင် ကြီးမားသောအသံလှိုင်းမှာ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူတို့၏ အသက်ဝိဉာဥ်များ တုန်လှုပ်သည်အထိ ကြောက်လန့်သွားစေသည်။ အဆုံးစမဲ့သောအကြောက်တရားများသည် မည်သည့်နေရာမှ စီးဆင်းလာနေမှန်း သူတို့နှစ်ယောက်လုံးမသိကြချေ။ သူတို့၏ခန္ဓာကိုယ်များ မလှုပ်ရှားနိုင်ကြတော့ပေ။
ထို့နောက်တွက် ချွန်ထက်ကာတောက်ပနေသည့် ဓားချက်ရောက်လာသည်။
“ရွှပ်....”
ခေါင်းများ လေပေါ်သို့ လွှင့်ထွက်သွားကြသည့် ခန္ဓာကိုယ်နှစ်ခုမှ သွေးများပန်းထွက်၏။
“ဖုန်း...ဖုန်း....”
ဟားရှ်ဇန်းနှင့် အိုဘီနာတို့၏ ဦးခေါင်းမဲ့နေသောခန္ဓာကိုယ်နှစ်ခုမှာ တွန့်ခါလျှက် မြေပေါ်သို့ လဲကျသွားတော့သည်။
အကွက်တစ်ခုထဲဖြင့်ပင် အပြင်းထန်ဒဏ်ရာထားသည်ဟု ထင်ခဲ့ရသောဘုရင်သည် စွမ်းရည်တူဆရာနှစ်ယောက်အား တစ်ချက်ထဲဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ကြချေ။
“.....”
လုံးဝတိတ်ဆိတ်နေပြီး တောင်ထိပ်ရှိ လေတိုးသံများကိုပါ ကြားနေရသည်။ လူတိုင်း သူတို့ ၏တင်ပါးမှ ကြောရိုးရောက်သည်အထိ စိမ့်နေအောင် အေးစက်နေသည်ကို ခံစားနေရသည်။
“အ အ....”
စူးရှသော အော်ဟစ်သံများနှင့် အတူ အသားစားငှက်တစ်အုပ်ရောက်ရှိလာပြီး တောင်ထိပ်မှ အလောင်းများကို ပျော်ရွှင်စွာစားသောက်နေကြ၏။
“ဟီးဟီး ဒီတစ်ခါတော့ ငါနည်းနည်း စိတ်ပြေသွားပြီ...”
ဖှေး သူ၏ ခြေထောက်အားမြှောက်လိုက်ပြီး ဓားပေါ်ရှိ သွေးများကို ဖိနပ်အောက်ပိုင်းဖြင့် သုတ်လိုက်သည်။ ထို့နောက်တွင် သူ၏ကြောအား သက်သက်သာသာဆန့်တန်းလိုက်ပြီး ခြေထောက်ရင်းရှိအလောင်းနှစ်ခုကို ကန်လိုက်ကာ သွားများပေါ်သည်အထိရီမောပြီး “မင်းတို့နှစ်ကောင် ဒီတစ်ခေါက်တော့ တကယ်သေသွားပြီမလား...ဟားဟားဟား...မက်တပ်ထရပ်ပြီး သေချင်ယောင်ဆောင်ခဲ့တာဆိုပြီး ငါ့ကို လှောင်ကြပါဦးလား....”
“အား...အား....”
[သားသတ်သမား] ဆန်ဒရိုသည် အလွန်ကြောက်လန့်သွားပုံရ၏။ ကြောက်လန့်တကြားဖြင့် ပဲရစ်၏ အနောက်သို့ ပြေးဝင်သွားတော့၏။ မင်းသမီးဘက်မှ စွမ်းအားကြီးဆရာနှစ်ယောက်အား အောင်မြင်စွာလုပ်ကြံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ဂုဏ်ယူဝင့်ကြွားနေသည့်ဟန်ပန်အမူအယာ သူ့တွင် လုံးဝမကျန်ရှိတော့ချေ။
“ချွင် ချွင် ချွင် ချွင်”
ဖှေး မှာ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးကဲ့သို့ပင် သူ၏ ဓားနှစ်လက်ကို တစ်ဖက်နှင့် တစ်ဖက်ရိုက်ခတ်နေ၏။ သူ၏ မျက်လုံးထဲတွင် ထင်ရှားနေသော မာနထောင်လွှားနေမှုကို မဖုံးကွယ်ပဲ ပြောလိုက်သည်။ “ဟေး အဒေါ်ကြီးပဲရစ်...ငါပိုပြီး စိတ်ချမ်းသာချင်လို့ ဘာလုပ်သင့်လဲငါ့ကိုပြောစမ်း...”
“ငါတို့ မင်းကို လျှော့တွက်မိခဲ့တဲ့ပုံပဲ...မင်းကလဲ တော်တော်ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်...” ပဲရစ်ပြုံးလိုက်သည်။ သူမ၏ ဝတ်စုံသည် လေထဲတွင်လွှင့်မြောနေသည်။ ဖြူဖွေးသွယ်လျနေသောသူမ၏ ကျောက်စိမ်းကဲ့သို့ခြေထောက်တစိတ်တပိုင်းကို ဖော်လှပ်သွား၏။ သူမပြောလိုက်သည်။ “အလတ်ဇန္ဒား ငါခုနကပြောတဲ့ကတိက အခုထိအကျုံးဝင်တုန်းပဲ..တကယ်လို့မင်းသာ အရှင့်သားဒိုမင်ဂူအတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ငါဖြစ်ပျက်ခဲ့သမျှကိုလှစ် လျူရှုပေးမယ်...မင်းဘဝမှာလိုချင်တာတွေအကုန်လုံးကိုလဲ ရနိုင်တယ်...တကယ်လို့ မင်းငါ့ကိုလိုချင်တယ်ဆိုရင်တောင်ပေါ့...”
ပဲရစ်ထိုကဲ့သို့ ပြောအပြီးတွင် သူမ၏ ဖြူဖွေးနေသော မျက်နှာတစ်ခုလုံး ချစ်စဖွယ်နီရဲသွားသည်။ ဤအမျိုးသမီးသည် အင်ပါယာ၏ အာဏာတစ်စိတ်တပိုင်းကို ချုပ်ကိုင်နိုင်ထားသူဖြစ်သည်။ တောင်ထိပ်ရှိယောက်ျားပေါင်းများစွာ သူမ၏အလှတွင် နစ်မြောသွားကြသည်။ ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်ပင် တစ်ဖက်သို့ မျက်မှာလွဲကြည့်လိုက်ရသည်။ သူပဲရစ်အား စိုက်ကြည့်ရန် သတ္တိမရှိပေ။
သို့သော်
“ဒီမှာ အဒေါ်ကြီးခင်ဗျားက အသက်ကြီးနေပြီကို ဘာလို့လူတွေကို လိုက်ပြီး မြူဆွယ်ချင်နေရတာလဲ....ငါကို တစ်ခါမ မိန်းမမမြင်ဖူးတဲ့ကောင်လို့များ ထင်နေတာလား...” ဖှေး သူမအားမနှစ်မြို့သည့် ဟန်ဖြင့်ကြည့်လိုက်သည်။
သူပြောလိုက်သည်မှာ ပဲရစ်အားချက်ချင်းပင် စိတ်ဆိုးသွားစေပြီး လူအုပ်ကြီးမှာ ရယ်လုနီးနီးပင်ဖြစ်သွား၏။
ပဲရစ်မှာ ငယ်ရွယ်ကာ ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်မဟုတ်သော်လည်း သူမ၏ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုခြင်းစီတိုင်းသည် ရင့်ကျက်ပြီး တပ်မက်ဖွယ်ပင်။သူမသည် အလွန်လှပသောကြောင့် သူမနှင့် နှိုင်းယှဥ်နိုင်မည့်လူအား ရှာဖွေရန်ခက်ခဲပေလိမ့်မည်။ ဆွေကြီးမျိုးကြီး ပုဂ္ဂိုလ်များစွာမှာ သူမ၏ နှလုံးသားကို ပိုင်ဆိုင်လိုခဲ့ကြပြီး အင်ပါယာအရှင်သခင် ယရှင်းကပင် သူမ၏ အလှတရားက်ို ချီးကျူးခဲ့သည်ယူသော ကောလဟာလများလည်းရှိ၏။ ယခုအချိန််တွင်မူ ဖှေးမှာ သူမအားအဖွားကြီးနှင့် နှိုင်းနေခြင်းဖြစ်သည်။ ယခင်က တည်တည်ငြိမ်ငြိမ်ဖြင့်နေလေ့ရှိသော ပဲရစ်မှာ ယခုအချိန်တွင်မူ ဒေါကဖြစ်လွန်းသဖြင့် မျက်နှာတစ်ခုလုံးပင် ဖြူဖက်ဖြူရော်ဖြစ်နေ၏။
“မင်း အတင့်ရဲလှချည်လား သေစမ်းကွာ...”
ပဲရစ်အနောက်ရှိ အဖြူရောင်ဝတ်ရုံနှင့် လုပ်ကြံသတ်ဖြတ်သူသည် အော်ဟစ်ကာ ရုတ်တရက်ပျောက်ကွယ်သွားသည်။ ပုံရိပ်များပင်ကျန်ခဲ့ခြင်းမရှိပေ။ ထိုလုပ်ကြံသတ်ဖြတ်သူမှာ ကိုယ်ယောင်ဖျောက်ပြီး သေစေနိုင်သော တိုက်ခိုက်မှုတစ်ချက် တိုက်ခိုက်ရန်စီစဥ်နေသည်မှာ အသေချာပင်။
သို့သော် ဖှေးမှာ တစ်ချက်ပြုံးလိုက်ပြီး ထိုနေရာ၌ပင် ရပ်နေ၏။ ဘာမှမမြင်လိုက်ရသကဲ့သို့ပင် အစိမ်းရောင်နှင့် ခရမ်းရောင်ဓားနှစ်လက်ကို ကိုင်ကာ ထိုနေရာ၌ပင်ရပ်နေသည်။
“ဂရုစိုက်ဦး...ဒါက သတ္တုစွမ်းအင်ဂုဏ်သတ္တိရှိတဲ့လူတွေ သုံးနဲ့ ကိုယ်ယောင်ဖျောက်သိုင်းပညာပဲ...”
ထိုင်လျှက် သူမကိုယ်သူမ အမြန်ဆုံးကုသနိုင်ရန်အတွက် တရားထိုင်နေသော ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးမှာ ပေါ့ပျက်ပျက်ပုံနှင့်ဖှေးအားမြင်သောအခါ စိုးရိမ်ပြီး သတိပေးလိုက်၏။
ဖှေးပြုံးလိုက်ပြီး ထိုအမျိုးသမီးအား ကျေးဇူးတင်သည့်အကြည့်တစ်ချက်ပေးလိုက်သည်။
ထိုအချိန်တွင် လေထုထဲတွင် မမြင်ရသောအလွှာတစ်ခုပေါ်ပေါက်လာသည်။ ထိုအလွှာအတွင်းမှ ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် လက်သည်းတစ်စုံပေါ်ပေါက်လာပြီး ဖှေးအရှေ့သို့ ရောက်ရှိလာတော့သည်။ ထိုအရာမှာ လူသားတို့တုန့်ပြန်နိုင်စွမ်းကိုပင် ကျော်လွန်သွားသည်အထိမြန်ဆန်ပြီး ဖှေး၏ ရင်ဘက်အား လျှပ်စီးသကဲ့သ်ို့ လျှင်မြန်စွာ ထိုးဖောက်လိုက်သည်။
သွေးများစီးကျကုန်သည်။ ထိုသွေးများသည် ဖှေး၏ ရင်ဘက်အတွင်းသို့ စိုက်ဝင်နေသည့် အဖြူရောင်သံမဏိလက်သည်းအပေါ်သို့ စီးကျကုန်သည်။
အဖြူရောင်ဝတ်စုံဖြင့် လုပ်ကြံသတ်ဖြတ်သူမှယ ဖှေး၏ အရှေ့တွင် တဖြည်းဖြည်းပေါ်လာသည်။ သူ၏မျက်နှာတွင် ဂုဏ်ယူကာ ရက်စက်သည့်အပြုံးတစ်ခုရှိနေ၏။ လူများသည် သူ့အားကြည့်ရုံဖြင့်ပင် သူ၏ ရက်စက်ကြမ်းကြုတ်မှုကို သတိထားမိနိုင်၏။ သူဖှေးအတွင်းသို့ ထိုးစိုက်ထားသည့် လက်သည်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်လှည့်လိုက်သည်။
မင်းသမီးဘက်မှ ပေါ်လာသော မျှော်လင့်ချက်ပန်းပွင့်မှာ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။ တချို့လူများမှာ ဖှေးအား တိတ်တဆိတ်ကြိမ်ဆဲနေကြသည်။ “ဟာဒီကောင် ပေါ့ပျက်ပျက်န်ိုင်လွန်းတာကိုး...” လက်မောင်းတွင် အဝတ်စနီများပတ်ထားသည့် ရှနူအီတိုင်းပြည်နှင့် ချတာတိုင်းပြည်မှ လူများမှာ ပျော်ရွှင်သွားကြသည်။ သူတို့သည် ဖှေးအား လူပျက်တစ်ယောက်ကဲ့သို့ ဝိုင်းကြည့်နေကြ၏။
“မင်း အရင်လို မာနထောင်လွှားနိုင်သေးလား....”
အဖြူရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူမှာ ဖှေး၏ခန္ဓာကိုယ်အတွင်းတွင်ရောက်ရှိနေသည့် သူ၏ သံမဏိလက်သည်းများကိုလုပ်ရှားလိုက်သည်။ ဤနည်းဖြင့် သူ၏ ရန်သူအား ပြင်းထန်သောနာကျင်မှုကို ခံစားစေပြီး တဖြည်းဖြည်းသေဆုံးစေမည်ဖြစ်သည်။ ဤဘုရင်၏ ခန္ဓာကိုယ်မှာအလွန်မာကြောပြီး သူ၏ လက်သည်းများသည် သံမဏိတုန်းကြီးထဲသို့ ထိုးစိုက်ထားသလို ခံစားနေရသည့်အတွက် အနည်းငယ်ထိတ်လန့်မိသောလည်း သူ၏လက်သည်များသည် ဘုရင်၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားစီးကြောင်းများကို ဖျက်စီးပစ်လိုက်သည်မှာ သေချာသည်။
သို့သော်...
“ဟုတ်တာပေါ့ ငါမာနထောင်လွှားနိုင်သေးတယပေါ့ ခွေးသားရ....”
ဖှေး ထိုကဲ့သို့ပြောသည်အား ကြားလိုက်ရသည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူသည် အရိုးများအထိပင် အေးစက်သွားသည်။ တစ်စုံတစ်ခုမှားယွန်းနေကြောင်းကို သူရုတ်တရက်ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှ်ိ စွမ်းအင်များအားလုံးကို စုစည်းကာ ရန်သူ၏ ခန္ဓာကိုအား ဖျက်ဆီးပစ်ရန်ပြင်လိုက်သည့်အချိန်တွင် ခရမ်းရောင်အလင်းတစ်ခု တောက်ပသွားသည်ကို မြင်လိုက်ရသည်။ သူ၏ညာလက်တစ်ခုလုံး အေးစက်သွားသည်။ သူ၏ညာလက်မောင်းတစ်ခုလုံးသည် ပိုင်းဖြတ်ခြင်းခံလိုက်ရပြီး ဖှေး၏ ခန္ဓာကိုယ်အတွင်းတွင် ကျန်ရှိခဲ့၏။
သွေးများ ရေပန်းကဲ့သို့ ပန်းထွက်လာသည်။
အဖြူရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်သူမှာ အလွန်ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာပြီး မခံရပ်နိုင်အောင်ခံစားနေရသည့် ဝေဒနာကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဖှေးလက်မှလွတ်မြောက်ရန်သာ ဆန္ဒရှိတော့၏။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ထိုးဖောက်မြင်စပြုနေပြီဖြစ်သည်။ သူသည် ထက်မံကိုယ်ယောက်ဖျောက်တော့မည်ဖြစ်သည်။ သို့သော် ဖှေးမှာ သူ့အားလွယ်လွယ်ဖြင့် ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ သူ၏ ညာလက်အား ဆန့်တန်းလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းကိုလှမ်း၏ ဆုပ်ကိုင်လိုက်သည်။
“ဟားဟား ထွက်ပြေးချင်လို့လား အခုမှတော့ နောက်ကျသွားပြီ...” ဖှေး ကျယ်လောင်စွာရယ်မောလိုက်သည်။
“အား...မလုပ်ပါနဲ့...”
သူအသဲသန်အော်ဟစ်နေသည်။ သူ၏ ကြယ်လေးလုံးအဆင့်အတွင်းအား အကုန်အသုံးပြုပြီး ဖှေးလက်မှ ရုန်းထွက်နိုင်ရန်ကြိုးစားနေ၏။ သို့သော် မရချေ။ လက်သည်ရုတ်တရက် အောက်သို့ဖိချလိုက် သူ၏ ဒူးနှစ်ဖက်လုံးခွန်အားကိုမလွန်ဆန်နိုင်သဖြင့် ဖှေး၏ အရှေ့တွင် ဒူးထောက်လျှက်ကျသွားတော့သည်။
အမြင်အရဆိုပါက လုပ်ကြံသူသည် သေခါနီးဘုရင် အနည်းငယ်ဖိလိုက်ရုံမျှဖြင့် ဒူးထောက်သွားသကဲ့သို့ပင်။ သို့သော် လုပ်ကြံသူ၏ ဒူးရိုးများသည် ကြီးမားသည့် ကျောက်သားပြင်နှင့် ရိုက်ခတ်မိကာ ကျိုးကြေသွားတော့၏။ အရိုးကျိုးကြေသံများကို ထင်ရှားစွာကြားလိုက်ရသည်။
ဖှေး သူ၏နှုတ်ခမ်းပေါ်ရှိ သွေးများကို ဖြေးညှင်းစွာလျှာဖြင့် သပ်ယူလိုက်သည်။ ဤအပြုအမူမှာလုပ်ကြံသတ်ဖြတ်သူအား ပိုမိုကြောက်လန့်စေသည်။ ဖှေးသည် ငရဲပြည်မှ သွေးဆာနေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
“အခုငါ့ အလှည့်ပဲ ငါမေးတာဖြေစမ်းစောက်ပိန်း...မင်မာနထောင်လွှားနိုင်သေးလား...”
ချွန်ထက်သော အစိမ်းရောင်ဓားသွားကို လုပ်ကြံသတ်ဖြတ်သူ၏ လည်ပင်းပေါ်သို့တင်လိုက်သည်။ ဓားသွားမှာ အလွန်ထက်သဖြင့် လည်ပင်းပေါ်သို့ တင်လိုက်ရုံဖြင့်ပင် လုပ်ကြံသတ်ဖြတ်သူ၏ လည်ပင်းအားအနည်းငယ် ထိရှသွား၏။
လုပ်ကြံသတ်ဖြတ်သူ၏ ရဲစွမ်းသတ္တိများ အားလုံးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူထိန်းချုပ်လို့ပင် မရတော့အောင် တုန်ခါလာသည်။ လုပ်ကြံသူတစ်ယောက်အနေဖြင့် သူသည် လူပေါင်းများစွာကို နှိပ်စက် သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူ့သည် သေမင်း၏ ကိုယ်စားပြုပုဂ္ဂိုလ်ဟု ကိုယ့်ကိုယ်ကို နာမည်ပေးထားသည်။ သို့သော် သေခြင်းတရားနှင့် ဤမျှ နီးကပ်လာသည့်အချိန်တွင် သူသည် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ကာအသနားခံတော့သည်။ “အား...မ..မလုပ်ပါနဲ့....ကျေးဇူးပြုပြီး ချမ်းသာပေးပါ...”
သူ၏ စကားမဆုံးခင်မှာပင် အစိမ်းရောင်ဓားမှာ သူ၏ အရေပြားအား စတင်လှီးဖြတ်တော့သည်။ သူ၏အရေပြား၊ ကြွက်သား၊ သွေးကြောများနှင့် အရိုးများပေါ်တွင် ဓားသွား၏ အေးစက်မှုကိုပင် ထင်ရှားစွာခံစားနေရသည်။ သူရုန်းကန်လိုသည် အော်ဟစ်လိုသည်၊ အသနားခံလိုသည် သို့သော် သူ၏အရှေ့တွင်ရှိနေသော ရက်စက်သည့်နတ်ဆိုးမှာ သူ့အားအခွင့်ရေးလုံးဝမပေးပေ။ ဤဖြစ်စဥ်မှာ ဖြေးညှင်းပြီး အချိန်ကြာ၏။ သူ၏ လည်ပင်းကို လှီးဖြတ်နေသော ဓားသွားကိုပင် ခံစားနေရသည်။ ထို့နောက်တွင် ဦးခေါင်းမရှိသောခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရပြီး သူ၏ လည်ပင်းမှ သွေးများပန်းထွက်လာသည်။
ဦးခေါင်းမဲ့နေသော အဖြူရောင်ဝတ်စုံဖြင့် ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက်ကြသွားသည်ကို သူမြင်လိုက်ရသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ပင်။
လူအုပ်ကြီးမှာ ကြက်သေသေကုန်ကြသည်။ ယနေ့တွင် ရန်သူများ၊ မိတ်ဆွေများ သူတို့၏ရှေ့တွင် များစွာသေဆုံးခဲ့ကြသော်လည်း ဤမြင်ကွင်းမှာ သူတို့အား သွေးပြတ်ခြောက်ခြားစေခဲ့သည်။ ပန်းထွက်လာသောသွေးများမှာ ကောင်းကင်နှင့် နေမင်းက်ိုပါ အနီရောင်ခြယ်သလုနီးနီးပင်။
ဤဘုရင်၏ အမျက်ဒေါသကို လူများခံစားလိုက်မိကြသည်။
မခံမရပ်နိုင်လောက်သည့် ဒေါသပင်။
တည်တည်ငြိမ်ငြိမ်နှင့် အမူယာကင်းမဲ့စွာနေလေ့ရှိသည့် မင်းသမီးနှင့်ပဲရစ်ပင် သူတို့၏မျက်နှာအမူယာများပြောင်းလဲသွားကြသည်။ သူတို့နှစ်ယောက်လုံးတွေးလိုက်မိကြသည်။ “ငါမကောင်းဆိုးဝါးတစ်ကောင်ကိုများ မတော်တဆ လှုပ်နှိုးလိုက်မိပြီလားမသိဘူး...”
တောင်ထိပ်တွင် ဝဲကာ ပျံသန်းနေကြသည့် အသားစားငှက်များပင် ဤလူ၏ အမျက်ဒေါသက်ို ခံစားမိပုံရ၏။ အောက်သို့ ဆင်းမလာကြချေ။
ငှက်အော်သံများမှ လွဲ၍ တောင်ထိပ်တွင်ရှိနေသော အသံများမှာ လေတိုးသံများပင်။
“နောက်တစ်ယောက်သတ်ပြီးလို့ နည်းနည်းတော့ စိတ်ပြေလာပြီ...” ဖှေး သူ၏ဓားများကို ဖိနပ်အောက်ခြေဖြင့် သုတ်လိုက်သည်။ သူ၏မေးစေ့ကိုပွတ်သပ်ပြီး စိတ်ကျေနပ်စွာပြုံးလိုက်၏။ လုပ်ကြံသတ်ဖြတ်သူ၏ လက်ပြတ်ကြီးမှာ သူ၏ရင်ဘက်ထဲတွင် စိုက်ကျန်နေဆဲပင်။ သူလှုပ်ရှားသည့်အချိန်တွေ ဖြစ်ပေါ်လာသော နာကြင်မှုသည် သူ့အား နေမသိထိုင်မသာဖြစ်စေသည်။ သို့သော် ခနအကြာတွင် သူလုပ်လိုက်သည့်အရာမှာ ချမ်းဘော့ဒ်တောင်ထိပ်ရှိလူများအားလုံးအား အလွန်ထိတ်လန့်သွားစေခဲ့သည်။
သူ၏ကိုယ်ထဲတွင် စိုက်ဝင်နေသည့်လုပ်ကြံသတ်ဖြတ်သူ၏ သံမဏိလက်သည်းတပ်ဆင်ထားသော လက်ပြတ်ကြီးအား ကိုင်ကာ ဆွဲနုတ်လိုက်ခြင်းပင်။ ထိုလက်သည်းပေါ်တွင် အသားစများ ကြိုးကြေနေသော အရိုးစများပင် ကပ်ပါနေ၏။ သို့သော် ထိုဘုရင်ငယ်၏ မျက်နှာတွင် နာကျင်သည့် ဟန်လုံးဝမရှိချေ။
ဤမြင်ကွင်းမှာ တစ်ချို့လူများကို သွေးပျက်သွားစေသည်။
“အား....သူက...သူက နတ်ဆိုးပဲ....”
ပဲရစ်တို့ဘက်အခြမ်းမှ စစ်သည်တစ်ဦးသည် တစ္ဆေတစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ အော်ဟစ်ငိုကြွေးလိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့ လှည့်ကာ ဤငရဲပြည်ကဲ့သို့နေရာမှ လွတ်မြောက်ချင်သကဲ့သို့ ပြေးတော့သည်။ သို့သော် ထိုသူ လေးကိုက် ငါးကိုက်ခန့် ပြေးအပြီးတွင် လုံးဝထင်မထားသည့်အရာတစ်ခုဖြစ်ပျက်သွားတော့၏။
“ရွီး...ဖုန်း....”
မြေပြင်မှ အလွန်တောက်ပသည့် လျှပ်စီးများထွက်ပေါ်လာတော့သည်။ ထို့နောက်တွင် ကြီးမားသောလျှပ်စစ်စီးကြောင်းသည် ထိုအစောင့်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး မီးသွေးတုန်းကဲ့သို့ မဲနက်ကာ သေဆုံးသွားတော့သည်။
“ဘုရားရေ ဒါက လျှပ်စစ် မှော်ထောင်ခြောက်ပဲ....” တစ်စုံတစ်ယောက် အံ့သြစွာဖြင့်ထအော်လိုက်၏။
ဖှေး၏ မျက်နှာတွင် ကြီးမားသည့် အပြုံးတစ်ခုပေါ်ဝင်ခဲ့သည်။ ထို့နောက်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအယာဖြင့် ပြောလိုက်သည်။ “ဟားဟား ဟုတ်တယ် အဲ့တာမှော်ထောင်ခြောက်ပဲ ငါ့ကို သေချင်ယောင်ပဲဆောင်တတ်တယ်ထင်နေတာလား...ဒီတောင်ထိပ်နေရာအနှံ့မှာ ငါထောင်ခြောက်တွေအပြည့်ချထားတယ်...မင်းတို့တွေလှုပ်ရဲမယ်ဆိုရင်တော့..အဲ့စောက်ပိန်းလိုပဲ မီးသွေတုန်းဖြစ်သွားလိမ့်မယ်...”