← Chapters

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

Vol. 10 Ch. 140

ဖှေးထိုကဲ့သို့ ပြောပြီးနောက်တွင် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်ရှိ လူများအားလုံး ထိတ်လန့်ကုန်ကြသည်။

မှော် ထောင်ချောက်များသည် လူတကယရရှိနိုင်သည့် ရိုးရှင်းသည့်အရာများမဟုတ်ကြချေ။ အနည်းဆုံးကြယ်လေးလုံးအဆင့်ရှိသည့် မှော်ဆရာများသာ ဖန်တီးနိုင်ကြသည်။ ထို့အပြင် မှော်စွမ်းအင်များစွာနှင့် တန်ဖိုးကြီးမှော်ပစ္စည်းများစွာလည်း လိုအပ်၏။ မှော်ထောင်ချောက်များ ရှားပါးရသည့် အကြောင်းအရင်းမှာအောင်မြင်စွာ ဖန်တီးနိုင်ချေ နည်းသောကြောင့်ပင်။ သို့ရာတွင် မှော်ထောင်ချောက်တစ်ခု ဖန်တီးပြီးပါက သူ၏စွမ်းအားကိုလည်း လျှော့တွက်၍မရချေ။ အသေချာအသုံးပြုပါက ဖန်တီးသည့်မှော်ဆရာ၏ စွမ်းအားအပြည့်အဝဖြင့် တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။

ဒဏ္ဍာရီများအရ နေ့အဆင့်၊ လအဆင့်စစ်သည်တချို့ပင့် နတ်ဘုရားအဆင့်ရှိ အစွမ်းထက်မှော်ထောင်ချောက်များကြောင့် သေဆုံးခဲ့ဖူးသည်။ ပို၍ရှေးကျသော ပုံပြင်များထဲတွင်လည် နတ်ဘုရားသွေးတစ်ဝက်ပါသောလူများပြုလုပ်ခဲ့ကြသည့် မှော်ထောင်ချောက်များသည် မသေမျိုးနတ်ဘုရားများကိုပင် နတ်ဆိုးနှင့် နတ်ဘုရားစစ်ပွဲအတွင်းတွင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်ဟု ရေးသားခဲ့ကြသည်။

“ထောင်ချောက်” ဟုခေါ်သော စကားလုံးတွင် လျို့ဝှက်သော၊ ရက်စက်ကြမ်းကြုတ်သော၊ အလစ်ငိုက်ဖမ်းတတ်သော၊ ရုတ်တရက် ကျရောက်လာတတ်သော စသည့်အဓိပ္ပါယ်များစွာပါဝင်နေသည်။ ပညာရှင်မှော်ဆရာများသည် စိတ်ကူးဖြင့်ပင် မလိုက်နိုင်သော မှော်ထောင်ချောက်အမျိုးစားများစွာကို တီထွင်ခဲ့ကြပြီး အေဇာရုတိုက်ပေါ်တွင် ဖြစ်ပွားခဲ့ကြသော လုပ်ကြံမှုကြီးများတွင် ကိုးခုခန့်သည် မှော်ထောင်ချောက်များ ပါဝင်နေ၏။

ထို့ကြောင့် တောင်ထိပ်တွင် မှော်ထောင်ခြောက်များချထားသည်ဟု ဖှေးပြောလိုက်အပြီးတွင် မင်းသမီးနှင့် ပဲရစ်အပါဝင်လူများအားလုံး ထိတ်လန့်ကုန်ကြသည်။

သို့သော် မကြာမှီအချိန်တွင် တချို့လူများသည် အသိတရားပြန်ဝင်လာကြသည်။

“မဖြစ်နိုင်တာပဲ...မင်းက ဘယ်လိုလုပ်ပြီး မှော်ထောင်ခြောက်အများကြီးတက်နိုင်မှာလဲ...မင်းတို့တိုင်းပြည်ကအဆင့်၆အဖွဲ့ဝင် တိုင်းပြည်​လေးဟာကို...တောင်ထိပ်မှာမှော်ထောင်ချောက်တွေ ချထားဖို့နေနေတာတာ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးရောင်းရင်တောင် လိုအပ်တဲ့ မှော်ပစ္စည်းတစ်ခုတောင် ဝယ်နိုင်မှာ မဟုတ်ဘူး...”

“ဟားဟား..ဟုတ်သားပဲ...မင်းဘာတွေလာရွီးနေတာလဲကွ...”

“သူနည်းနည်း ကြောင်တောင်တောင်ဖြစ်နေတာထင်တယ်....”

“ဒီလောက်ဒဏ်ရာအပြင်းထန်ရပြီးတော့ သွေးထွက်လွန်သွားလို့ သေခါနီးဖြစ်နေတာထင်တယ်....သူဘာပြောနေလဲဆိုတာ သူကိုယ်တိုင်တောင်သိမှာမဟုတ်တော့ဘူး ဟားဟား...”

ရှနူအီနှင့် ချာတာတိုင်းပြည်တို့မှ သံတမန်များနှင့် မင်းသားများမှ ဖှေးအား ဝိုင်းဝန်းလှောင်ပြောင်ကြသည်။ သူတို့သည် ပဲရစ်အား စိတ်ကျေနပ်အောင် ပြုလိုသည်ကတစ်ကြောင်း၊ သူတို့ကိုယ်တိုင်၏ ကြောက်စိတ်များကိုလည်း ဖြေဖျောက်လိုသည်က တစ်ကြောင်းပြုလုပ်နေကြခြင်းဖြစ်သည်။ ဖှေး၏ ယခင်က ပြုလုပ်ခဲ့သည့် အပြုမူများကြောင့် သူတို့အားလုံး အလွန်ကြောက်လန့်နေခဲ့ကြခြင်းဖြစ်သည်။

“မင်းတို့ စောက်ရူးတွေ မယုံဘူးဆိုရင် တစ်ချက်သွားပြီး စမ်းကြည့်ကြပါလား...” ဖှေးပြောလိုက်သည်။

သူလုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်အဖြစ်သို့ ပြောင်းအပြီးတွင် အရှေ့ဘက်တောင်ထိပ်တွင် ဤမှော်ထောင်ချောက်များကို လိုက်လံနေရာချထားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးအခု ၅၀၊ ၆၀ခန့်ရှိပေလိမ့်မည်။လျှပ်စစ်နှင့် မီးဂုဏ်သတ္တိရှိ မှော်ထောင်ချောက်များဖြစ်ကြသည်။ ဖှေး၏ မန်နာ(အတွင်းအား)များစွာ ကုန်ဆုံးစေခဲ့သော်လည်း ထိုမှော်ထောင်ခြောက်များ ဖန်တီးရန်မှာလုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်အတွက်အတော်လေး လွယ်ကူသည်။ ကုန်ကြမ်းမှော်ပစ္စည်းတစ်ခုမှ မလိုအပ်ချေ။ ဤသည်မှာ အေဇာရုတိုက်ရှိ လူများသိရှိထားသည်နှင့် မတူညီနှင့်အတွက် သူတို့တစ်ယောက်မှ မသိကြချေ။

“ဟားဟားဟား ငါစမ်းကြည့်မယ်...”

တစ်ချို့ လူများမှာ အနည်းငယ်မှပင် အယုံကြည်မရှိပဲ မကြောက်ရွံ့ကြချေ။ စကားပြောလိုက်သည့်လူမှာ မြေဂုဏ်သတ္တိစွမ်းအင်ရှိ ကြယ်တစ်လုံးအဆင့် စစ်သည်တစ်ယောက်ဖြစ်သည်။ သူသည် ရှဇူအီတိုင်းပြည်မှ မင်းသား လာယို၏ လူယုံကိုယ်ရံတော်တစ်ယောက်ဖြစ်၏။ မင်းသားထံမှ ခွင့်ပြုချက်ရအပြီးတွင် ထွက်ပေါက်ထံသို့ ဦးတည်သွားသည်။ သူသည် ပါးနပ်သော လူတစ်ယောက်ဖြစ်သည်။ မီးသွေးတုံးဖြစ်သွားသော စစ်သည်သွားသည့် လမ်းကြောင်းမှမသွားပဲ မတူညီသော တစ်ခြားလမ်းကြောင်းမှ ပတ်သွား၏။

သို့သော်.....

“ဝုန်း.....”

ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးနောက်တွင် အရှိန်ဟုန်ဖြင့် လောင်ကျွမ်းနေသော မီးတောက်တစ်ခု မြေအောက်မှပေါ်ထွက်လာသည်။ ထို မီးတောက်ကြီးသည် ၏ စိတ်ကြီးဝင်နေသော အစောင့်အား ချက်ချင်းပင်ဝါးမျိုသွား၏။ အနည်းငယ် အော်ဟစ်ပြီးနောက်တွင် ထိုသူသည် မီးတောက်အတွင်းတွင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားတော့၏။ သူ၏ ကြယ်တစ်လုံးအဆင့်အတွင်းအားများသည် သူ့အားအကူညီသိပ်မပေးနိုင်ချေ။ ချက်ချင်းလိုလိုပင် သေဆုံးသွားခဲ့သည်။

အနီရောင်မီးတောက်များမှာ နတ်ဆိုးကြီးတစ်ပါးကဲ့သို့ပင်။ လေထုကိုပင် လောင်ကျွမ်းနေသကဲ့သို့ တောက်လောင်နေသည်။ အစောင့်ပြာကျသွားပြီးနောက်တွင်သူ၏ သံမဏိချပ်ဝတ်နှင့် လက်နက်တို့ပင်မြေပြင်ပေါ်သို့ အရည်ပျော်ကျလာပြီး အငွေ့ပြန်သွားတော့သည်။ မီးတောက်၏ အပူချိန်မှာ မြင့်မားလှသဖြင့် မှော်မီးတောက်ဖြစ်သည်မှာ အသေအချာပင်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....”

“သေစမ်း...ဒါက တကယ်ပဲ...မှော်မီးထောင်ချောက်ပဲဟ...”

“ဘုရားရေ ဒါဆိုရင် သူပြောသမျှ အားလုံးက အမှန်တွေကြည့်ပဲပေါ့....”

ချက်ချင်းပင် ဖှေးအားလှောင်ပြောင်ရယ်မောနေခဲ့ကြသည့် မင်းသားများအားလုံး ပါးစပ်ပိတ်သွားကြသည်။ သူတို့သည် ငရဲမီးများကဲ့သို့ မီးတောက်များအား ထိတ်လန့်စွာ စိုက်ကြည့်နေကြရင်း တွေးလိုက်မိကြသည် “ဒါဆို တကယ် မှော်ထောင်ချောက်တွေရှိနေတာပေါ့ ဒီဘုရင်အမှန်တိုင်းပြောနေတာပဲ....”

အထူးသဖြင့် ရှနူအီတိုင်းပြည်မှ မင်းသားလာယိုမှာ ပါးစပ်အဟောင်းသားဖြစ်ကာ တုန်လှုပ်သွား၏။ ယခင်က သူဖှေးမှားကြောင်းအား သက်သေပြရန်အတွက် သူကိုယ်တိုင်စမ်းသပ်ရန် ကြံစဥ်နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် သူ့အစား သူ၏လူယုံကိုယ်ရံတော်တစ်ယောက်အား သွားစေလိုက်သည်မှာ မှန်သွားသည်။ သို့မဟုတ်ပါက ပြာကျသွားသည့် လူမှာ သူဖြစ်နေပေလိမ့်မည်။

ဖှေး ထီမမြင်သော အမူအယာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ၏ အမူအယာမှာ ပဲရစ်ဘက်မှ ရှိသမျှလူများအား အန္တရာယ်အဖြစ်လုံးဝ မမြင်ကြောင်းဖော်ပြနေသည်။

ပဲရစ် ဤအချိန်တွင် သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ မြေပြင်အား သူမ၏ လှပသောမျက်လုံးများဖြင့် အသေးစိတ်အသေချာကြည့်ရှုနေသည်။ သို့ရာတွင် သူမ၏ လူသားမျက်လုံးများမှာ ထောင်ချောက်မှားရှိသည့်နေရာအား မြင်နိုင်စွမ်းမရှိချေ။ သူမ၏ အထူးစွမ်းအင်ရှာဖွေခြင်း ပညာဖြင့်ပင် မြင်နိုင်စွမ်းမရှိပေ။ ဤသည်မှာ မှော်ထောင်ချောက်များ၏ကြောက်မက်ဖွယ် ဂုဏ်သတ္တိတစ်ခုပင်။ သာမန်မျက်လုံးဖြင့် ရှာဖွေရန်မဖြစ်နိုင်ခြင်းပင်။

ပဲရစ် အဝါရောင်ဝတ်စုံနှင့် လုပ်ကြံသတ်ဖြတ်အား လက်ဝှေ့ရမ်းပြလိုက်သည်။ ဓားကိုင်ထားသည့် လုပ်ကြံသတ်ဖြတ်သူမှာ ပဲရစ်ဆိုလိုသည်ကို နားလည်သွားသည်။ သူအပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ ဓားကို ဝှေ့ရမ်းလိုက်သည် အရှည်၆ကိုက်၊ ၇ကိုက်ခန့်ရှိသော ရေစွမ်းအင်လှိုင်းတစ်ခုသည် လားရာတစ်ခုသို့ ထွက်ခွာသွားသည်။

“ဖုန်း ဖုန်း...”

“ရှီး ရှီး...”

ထိုစွမ်းအင်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ထောင်ချောက်များမှာ စတင်အသက်ဝင်လာသည်။ မီးတောက်များ၊ လျှပ်စီးများသည် မည်သည့်နေရာမှ ပေါ်လာမှန်းမသိပဲ လုပ်ကြံသတ်ဖြတ်သူထံသို့ဦးတည်လာသည်။ ထိုသူသည် သူ၏ ရေစွမ်းအင် အတွင်းအားများကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အကာရံတစ်ခုဖန်တီးလိုက်သည်။ သို့သော် မီးစွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်တို့မှာ အလွန်ကြီးမားလှသဖြင့် ကြယ်လေးလုံးအဆင့်ရေစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် အကာရံမှာ ချက်ချင်းပင် ပေါက်ပြဲသွားသည်။ သူဒဏ်ရာရပြီး အနောက်သို့စုတ်ပျက်လွင့်ထွက်သွားတော့သည်။

ဤအခြေအနေတွင် အရှေ့ဘက်တောင်ထိပ်ရှိလူများသည် သူတို့ရောက်ရှိနေသည့် အခြေအနေကို ကောင်းမွန်စွာသဘောပေါက်သွားကြပြီဖြစ်သည်။

ဤမြင်ကွင်းမှာ ဘုရင်ပြောခဲ့သမျှအရာအားလုံးမှန်ကန်ကြောင်း သက်သေပြပြီးဖြစ်သည်။ ဤဘုရင်ငယ်၏ ရင်ဘက်တွင် ဒိုးလျိုပေါက်မြင်ရလုနီးနီးပင် နက်ရှိုင်းသော အပေါက်ကြီးတစ်ခုဒဏ်ရာရရှိထားသော်လည်း သူသည် ဤတောင်ထိပ်တွင် အလွန်အန္တရာယ်ရှိသည့်မှော်ထောင်ချောက်များစွာ ချထားပြီးဖြစ်သည်။ အနည်းဆုံးကြယ်လေးလုံးအဆင့်ခန့် မရှိသူများသည် ဤတောင်ပေါ်မှ အသက်ရှင်လျှက်ထွက်ခွာနိုင်ကြတော့မည် မဟုတ်ပေ။

လူအများအပြား ထူဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရ၏။ အကယ်၍ ဤဘုရင်ငယ်သာ ဒဏ်ရာအပြင်းထန်ရရှိမထားပါက ဤကြီးမားသော အရှုပ်တော်ပုံကြီး၏ တစ်ယောက်ထဲသော အနိုင်ရရှိသူပင် ဖြစ်လာနိုင်သည်ဟူသော ခံစားချက်ပင်။

“မစိုးရိမ်ပါနဲ့ ငါ့မှာအကြံတစ်ခုရှိတယ်...သူ့မှာ သူလုံလုံခြုံခြုံပြန်ထွက်ဖို့ လမ်းကြောင်းတစ်ခုတော့ စီစဥ်ထားမှာပဲ...ငါတို့သူ့ကို အရင်ဖမ်းရမယ်...”

မိုဒရစ်အဖြစ် ရုပ်ဖြတ်ထားခဲ့သည့် [သားသတ်သမား] ဆန်ဒရိုမှာ ဗျူဟာတစ်ခုကို အမြန်တွေးလိုက်မိသည်။ ဖှေးဒဏ်ရာပြင်းထန်စွာရရှိထားပြီး မက်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့သည့် အခြေအနေကိုတွေ့ရအပြီးတွင် ပဲရစ်ရှေ့တွင် မျက်နှာရရန်အခွင့်ရေးဟု ပြေးမြင်လိုက်မိသည်။ သူချက်ချင်း လူအုပ်ထဲမှထွက်ကာ ဖှေးထံသို့ ဦးတည်ကာ ပြေးသွားတော့သည်။

ပဲရစ်၏ မျက်နှာအမူယာမှာပြောင်းလဲသွားသည်။

သို့သော် သူမဘာမှမပြောချေ။

သူမ ဤဘုရင်ငယ်အား မခန့်မှန်းနိုင်တော့ကြောင်း သူမသဘောပေါက်လိုက်သည်။ သူမ မည်သည့်အခါကမှ ဤကဲ့သို့ စိတ်ရှုပ်ထွေးကာ မထိတ်လန့်ဖူးချေ။ ထို့ကြောင့် သူမ ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်မှီ သားသတ်သမားဆန်ဒရိုအား ဖှေးအားထက်မံစမ်းသပ်စေရန် ဆန္ဒရှိသည်။

ဆန်ဒရိုသည် လျှင်မြန်သည်။

သူသည် ကြယ်လေးလုံးအဆင့် မီးစွမ်းအင်သုံး စစ်သည်တစ်ယောက်ဖြစ်သည်။ဖှေးထံသို့ ပြေးနေရင်းဖြင့် သူ၏လက်ကို လှုပ်ရှားလိုက်သည်။ လက်အတွင်းရှိ မီးစွမ်းအင်များမှာ ဟိန်းဟောက်နေသော မီးတောင်နဂါးတစ်ကောင်အသွင်သို့ ​ပြောင်းလဲကာ ဖှေးထံသို့ ထွက်ခွာသွားတော့သည်။

ဖှေးသူ၏ခန္ဓာကိုယ်အား ညာဘက်သို့ အနည်းငယ်ယိမ်းလိုက်ပြီး ဤသေစေနိုင်သည့် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ထို့နောက်တွင် ဆန်ဒရိုကိုပင် လဲကျစေလုနီးနီးဖြစ်သွားစေသည့် အရာတစ်ခုကို လုပ်လိုက်သည်။

သူ၏ လက်ဖဝါးကို လှန်လိုက်ရာ လက်ဖဝါးပေါ်တွင် အနီရောင်ဆေးပုလင်းလေးတစ်လုံးပေါ်လာတော့သည်။ ထိုဆေးပုလင်းအား မော့သောက်လိုက်ရာ သံမဏိလက်သည်းကြောင့် ဖြစ်ပေါ်ခဲ့သည့် သူ၏ရင်ဘက်ပေါ်ရှိ ကြောက်မက်ဖွယ်ဒဏ်ရာမှာ အလျှင်မြန်ပင် စတင်ပျောက်ကင်းလာတော့သည်။ အလွန်မြန်လှသဖြင့် လူသားမျက်လုံးဖြင့်ပင် မြင်နေရ၏။ ကြွက်သားစများ အသားမျှင်များ ပြန်လည်ဖြစ်ပေါ်လာပြီး ဖှေးရင်ဘက်ပေါ်ရှိ ထိုးဖောက်မြင်နေရသော အပေါက်ကြီးမှာ ပိတ်သွားတော့သည်။ ဆယ်စက္ကန့်အတွင်းမှာပင် ဖှေး ခန္ဓာကိုယ်ပေါ်ရှိကျန်ရှိနေသေးသည့် ဒဏ်ရာများအားလုံးပြန်လည်ပျောက်ကင်းသွားပြီး အကောင်းပတ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာတော့သည်။

[သားသတ်သမား] ဆန်ဒရို၏ မျက်နှာမှာ ချက်ချင်းပင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတော့သည်။ သူဖှေးအား တိုက်ခိုက်ရန်သတ္တိရှိနေခြင်းမှာ သူဖှေး ဒဏ်ရာရရှိနေသည်ကို မြင်နေရသောကြောင့်ပင်။ ဒီလိုဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။

ဖှေး အဖြူရောင်ဝတ်စုံနှင့်လုပ်ကြံသူအား ခေါင်းဖြတ်နေသည့် ပုံရိပ်ကို ဆန်ဒရို ပြန်လည်မြင်ယောင်လာသည်။ အဖြူရောင်ဝတ်စုံနှင့်လုပ်ကြံသတ်ဖြတ်သူသည် သူ့ထက် များစွာအစွမ်းထက်သန်မာသူဖြစ်သည်။ [သားသတ်သမား]မှာ ထိတ်လန့်သွားသည်။ သူ၏ ဂုဏ်သရေနှင့် မာနတရားတို့ကို ခနမေ့ထားလိုက်ပြီး တဖက်သို့လှည့်ကာ ပြေးတော့သည်။

သို့သော် ဖှေးသည် သူ့အား အခွင့်ရေးလုံးဝပေးမည်မဟုတ်ပေ။ ဤကဲ့သို့ ကိုယ့်ဘက်သားယောငိဆောင်ပြီး နောက်ကြောဓားဖြင့်ထိုးသည့်လူအား ဖှေး ရွံရှာမုန်းတီးနေခဲ့သည့်မှာ ကြာပြီဖြစ်သည်။ သူ၏ ခြေထောက်အား ဆောင့်လိုက်ပြီး လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းကို အသုံးပြုလိုက်သည်။ ထို့နောက်တွင် အရိပ်တစ်ခုကဲ့သို့ လျှင်မြန်စွာသားသတ်သမားနောက် သို့ လိုက်သွားတော့သည်။ သူ၏ လက်ချောင်းများသည် သံမဏိချိတ်ကောက်များကဲ့သို့ ဆန်ဒရို၏ ပုခုံးကို ကိုင်ဆွဲလိုက်သည်။

“ဟားဟား ငါးမြှားချိတ်မိသွားပြီ သေစမ်း...”

ဖှေး၏ လက်ချောင်းများ ဆန်ဒရို၏ ပုခုံးကိုထိလုနီးနီးတွင် ဆန်ဒရိုပြေးနေခြင်းကို ရပ်တံ့လိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ဂုဏ်ယူစွာရယ်မောလိုက်သည်။ သူ၏ လက်သီးများသည် ဖှေး၏ ဦးခေါင်းအား ချိန်ရွယ်ထားသည်။ ဖှေးချက်ချင်းပင် အန္တရာယ်ကို သတိထားလိုက်မိသည်။

လက်သီးမှ သယ်ဆောင်လာသော စွမ်းအင်သည် ​ကြီးမားသန်မာသကဲ့သို့ ခံစားနေရသည်။

ထိုလက်သီးနှစ်လုံးသည် သူတို့၏ လမ်းကြောင်းတစ်လျှောက်ရှိအရာမှန်သမျှကို ဖျက်ဆီးပစ်နိုင်စွမ်းရှိနေသကဲ့သို့ပင်။ ဤသည်မှာ ကြယ်လေးလုံးအဆင့်စစ်သည်ပိုင်ဆိုင်သည့် စွမ်းအားမျိုးမဟုတ်ပေ။

“ဟားဟား ငါထင်သားပဲ...”

ဤအခိုက်တန့်တွင် ဖှေးသည် ပြေးလိုက်နေခြင်းကိုရပ်တံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်အရှိန်သည် တနည်းနည်းဖြင့် ရပ်တံ့ပြီးဆန်ဒရို၏ စီစဥ်ထားသော အလစ်တိုက်ခိုက်မှုကို လွယ်ကူစွာပင်ရှောင်ရှားလိုက်သည်။ ထို့နောက်တွင် ဆန်ဒရို၏ လက်မောင်းအားလှမ်းဖမ်းလိုက်ပြီး သူ့ထံသို့ဆွဲယူလိုက်သည်။ ကြီးမားသည့် အားသည် ဆန်ဒရို၏ သူ၏ ခန္ဓာကိုယ်သူ ထိန်းချုပ်နိုင်မှုအား ဆုံးရှုံးသွားစေပြီး ဖှေးထံသို့ ပါသွားတော့သည်။

“မဖြစ်နိုင်တာ မင်းဘယ်လိုလုပ်...”

“ဖုန်း..”

သူ၏ စကားမဆုံးသေခင်မှာပင် ဖှေး၏လက်သီးသည် သူ၏ဦးခေါင်းအား ချေမွပစ်လိုက်သည်။

အနီရောင်သွေးများနှင့် အဖြူရောင် ဦးနှောက်စများ နေရာအနံ့ပြန့်နှံ့သွားသည်။ ထိုမြင်ကွင်းသည် မြင်ရသည့်လူတိုင်းအား ရက်ပေါင်းအတန်ကြာ အိမ်မက်ဆိုးများမက်နေစေမည်ဖြစ်သည်။ အဆင့်မြင့် ဆရာနှစ်​ယောက်အား အပြင်းထန်ဒဏ်ရာရစေခဲ့သည့် [သားသတ်သမား]ဆန်ဒရိုမှာ အသနားခံရန်ပင် အခွင့်ရေးမရရှိလိုက်ပဲ သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဖှေး ဆန်ဒရို၏ အလောင်းမှ ငွေလက်စွပ်နှစ်ကွင်းကို ကောက်ယူလိုက်သည်။

သူယခင်ကတည်းက ဆန်ဒရိုထံတွင် မှော်ပစ္စည်းကဲ့သို့ လျို့ဝှက်ထူးဆန်းသည့် လက်နက်တစ်မျိုးရှိကြောင်းကို ရိပ်မိနေပြီးဖြစ်သည်။ ထိုလက်စွပ်များသည် စစ်သည်၏တိုက်ခိုက်မှုအစွမ်းကို တိုးမြှင့်ပေးကာ ပို၍သေစေနိုင်အောင်စွမ်းဆောင်ပေးသည့် မှော်ဝင်ပစ္စည်းများဖြစ်သည်။ ဤလက်စွပ်နှစ်ကွင်းကြောင့် ဆန်ဒရိုသည် ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးနှင့် [ဇီးနစ်စစ်ပွဲနတ်ဘုရား] အာရှဗင်တို့ကို အပြင်းထန်ဒဏရာရသေခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ချောင်းမြောင်းတိုက်ခိုက်လျှင်ပင်လျှင် ဒဏ်ရာရရှိစေနိုင်မည့်အစွမ်း ဆန်ဒရိုတွင်မရှိချေ။

ဆန်ဒရို၏ အလောင်းအား ကန်ထုတ်လိုက်ပြီးနောက်တွင် တတိယအကြိမ်အနေဖြင့် ​ဖှေး၏မျက်နှာပေါ်တွင် နတ်ဆိုးတစ်ကောင်ကဲ့သို့အပြုံးတစ်ခုပေါ်ပေါက်လာသည်။ “ကဲဒီမှာ နောက်တစ်ယောက်ပဲ...ငါတော်တော် နေလို့ကောင်းလာပြီ...”

ပဲရစ်ဘက်မှ လူများ ရူးချင်သလိုပင် ဖြစ်ကုန်၏။

အားနည်းချင်ယောင်ဆောင်နေခဲ့ခြင်းပင်။

ဤဘုရင်တွင် ဒဏ်ရာများကို ချက်ချင်းလိုလိုပင် ပျောက်ကင်းစေနိုင်သည့် လျို့ဝှက်ထူးဆန်းသည့် မှော်ဆေးပုလင်းတစ်ခုရှိနေလိမ့်မည်ဟု တွေးမထားမိခဲ့ကြချေ။ သူတို့ဘက်မှ ကြယ်အဆင့်မြင့်စစ်သည်နောက်တစ်ယောက်သည် ဖှေး၏ ခြေထောက်အောက်တွင်ထက်မံသေဆုံးသွားခဲ့ ပြန်ပြီဖြစ်သည်။

ရွှေရောင်နံနက်ခင်း နေခြည်အောက်တွင် အရှေ့ဘက်တောင်ထိပ်မှာ တစ်ခြားတစ်စုံတစ်ရာအဖြစ်သို့ပြောင်းလဲသွားသည်။

ဖှေး ပတ်လည်တွင် ဦးခေါင်းမဲ့နေသော အလောင်းလေးလောင်းလဲကျနေကြသည်။ ဟားရှ်ဇန်း၊ အိုဘီနာ၊ အဖြူရောင်ဝတ်စုံနှင့် လုပ်ကြံသမား၊ ဆန်ဒရိုတို့၏ ရုပ်အလောင်းများဖြစ်သည်။ လူတိုင်း ရူးသွပ်လွန်းသော အိမ်မက်ဆိုးတစ်ခုမက်နေသကဲ့သို့ ခံစားနေရသည်။ “ဘာတွေဖြစ်နေတာလဲ....ဘာလို့ ဒီဘုရင်လေးက ကြယ်​လေးလုံးအဆင့်စစ်သည်၃ယောက်နဲ့၊ ကြယ်၅လုံးအဆင့်စစ်သည်တစ်ယောက်ကို ဒီလောက်လွယ်လွယ်ကူကူ သတ်ပစ်နိုင်ရတာလဲ....စစ်ပွဲနတ်ဘုရားက ငါတို့နဲ့များလာ ကျီဆယ်နေတာလား...တကယ်လို့ ဒါက အိမ်မက်ဆိုးဆိုရင်လဲ မြန်မြန်သာ နိုးထခွင့်ပေးပါတော့...”ဟု သူတို့အားလုံးတွေးမိလိုက်ကြ၏။

“ဒီမှော်ထောင်ချောက်တွေကို ပြန်သိမ်းလိုက် ငါမင်းလုပ်ခဲ့သမျှကို ခွင့်လွှတ်ပေးမယ်..” ပဲရစ်ရှေ့သို့ ခြေတစ်လှမ်းတက်လာသည်။ သူမ၏အပြုံးမှာ ယခုအချိန်တွင်မူ သူမ၏ မျက်နှာပေါ်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် သူမ၏ အေးစက်စက်အမူယာသည်လည်း တမျိုးတပ်မက်ဖွယ်ပင်။ သူမဖှေးအား စိုက်ကြည့်လိုက်ပြီး စိတ်မပါစွာဖြင့် သက်ပြင်းချလိုက်သည်။”မင်းနိုင်ပါတယ်....ဒီနေ့ပွဲအတွက် အနိုင်ရတဲ့လူကတော့ မင်းပါ...တာနာရှာနဲ့ ငါတို့ကြားက နောက်ဆုံးပွဲက ဒီလိုအဆုံးသက်လိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့ဘူး...မင်းကနောက်ဆုံးအနိုင်ရရှိသူဆိုတာကို ငါအခုထိမယုံနိုင်သေးဘူး...ဒါပေမယ့် လက်ရှိအ​ခြေအနေကိုမင်းလဲ သဘောပေါက်မှာပါငါ့ဘက်မှာ ကြယ်လေးလုံးအဆင့်စစ်သည်နှစ်ယောက်ရယ်၊ ငါကိုယ်တိုင်ရယ်၊ ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ကျန်သေးတယ်...တကယ်လို့ မင်းမှာ မှော်ထောင်ချောက်တွေရှိနေတယ်ဆိုရင်တောင် မင်းအလွန်ဆုံးလုပ်နိုင်မှာက နှစ်ဖက်လုံးကို ဒဏ်ရာအပြင်းထန်ရသွားစေမှာပဲ.....မင်းကိုယ်တိုင်လဲ ဒီနေရာကနေ အသက်ရှင်လျှက်ထွက်သွားနိုင်မှာ မဟုတ်ဘူး...”

ပဲရစ် ထိုစကားများကို မပြောချင်ပြောချင်ဖြင့် ပြောလိုက်၏။

အဝါရောင် ဓားကောက်များအသုံးပြုသည့် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်လည်း ကျန်ရှိနေဆဲပင်။ ထိုလူနှစ်ယောက်လုံးသည် ကြယ်လေးလုံးအဆင့် စစ်သည်များဖြစ်ကြသည်။ ဓားကိုင်ထားသည့် လုပ်ကြံသတ်ဖြတ်သူမှာ ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ သူမ၏ အမြင်အရ ဖှေးဖြင့် ထိပ်တိုက်တိုက်ခိုက်ရမည်ဆိုပါက သူတို့တွင် မျှော်လင့်ချက်ရှိနေဆဲပင်။ အဆိုးဆုံးဖြစ်နိုင်သည့်အရာမှာသူမဘက်မှ လူများထက်မံဆုံးရှုံးရုံသာဖြစ်သည်။

သို့သော် အခြေအနေသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည်ကိုလည်း ပဲရစ်သိရှိလိုက်သည်။ အခြေအနေမှာ အစကတည်းက ရူးကြောင်ကြောင်နိုင်လွန်းလှသည်။ ဤဘုရင်သည် အကြိမ်ပေါင်များစွာ သူမအား ထိတ်လန့်အံ့သြစေပြီး သူမ၏ဝှက်ဖဲများကို တစ်ကဒ်ပြီး တစိကဒ်ဆွဲထုတ်ခဲ့သည်။ သူမစိုးရိမ်သည်မှာ မင်းသမီးတွင် နောက်ဆုံးဝှက်ဖဲတစ်ခုကျန်ရှိနေသေးသောကြောင့်ပင်။ ထို့ကြောင့် နောက်ဆုတ်ရန်ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ သူမတွင် အကွက်တစ်ခုမျှ မကျန်ရှိတော့ချေ။

သို့သော်....

“ဟားဟား အဖွားကြီး ခင်ဗျားနောက်ဆုံးတော့ အရှုံးပေးပြီလား...” ဖှေးသူ၏ အရှေ့တွင်ရှိသော အလှလေးအား ပြုံးပြလိုက်သည်။ ထို့နောက်တွင် တစ်စုံတစ်ခုအား လေးလေးနက်နက်တွေးလိုက်ပြီး သူ၏ ခေါင်းအနောက်သို့ပွတ်ကာပြောလိုက်သည်။ “ခနလေး ငါ့ရဲ့ ဇနီးကို အရင်ပြောကြည့်ရဦးမယ်....”

All Chapters