အခန်း (၁၄၁)
Vol. 10 Ch. 141
“ရှီ....”
ဖှေး သူ၏လက်ချောင်းများကို ပါးစပ်တွင်တေ့ပြီး ကျယ်လောင်စွာလေချွန်လိုက်သည်။ လေချွန်သံသည် မနက်ခင်း လေပြေနှင့် အတူ ပြန့်နှံ့သွားတော့၏။
ထို့နောက်တွင်....
“ဝုတ် ဝုတ် ဝုတ်...”
လေချွန်သံအား တုန့်ပြန်သည့်အနေဖြင့် တောင်အောက်တစ်နေရာမှ ခွေးဟောင်သံတစ်ခုထွက်ပေါ်လာသည်။
လူအများ ဘာမှန်းမသိဖြစ်နေဆဲ၌ပင် အလွန်ကြီးမားသော ခွေးနက်ကြီးတစ်ကောင်သည် အရှေ့ဘက်တောင်ထိပ်ပေါ်သို့ရောက်လာတော့သည်။ ဤခွေးနက်ကြီးရောက်လာသည်မှာ သိပ်မထူးဆန်းသော်လည်း ပန်းပွင်းကလေးပွင့်ကဲ့သို့ မိန်းကလေးတစ်ဦးသည် ခွေးနက်ကြီး၏ ကြောပေါ်တွင် စီးနှင်းလိုက်ပါလာရင်း ဖှေးအား ပြုံးပြနေသည်။
သူမမှာ ဘုရင်ငယ်၏ ဇနီးလောင်းဖြစ်သည့် အန်ဂျယ်လာပင်။
အရှေ့တောင်ထိပ်ရှိလူများအားလုံး ထိတ်လန့်အံ့သြသွားကြကာ ဖှေးအား နတ်သမီးလေးတစ်ပါးကဲ့သို့ ပြုံးပြနေသော အန်ဂျယ်လာထံမှ သူတို့၏မျက်လုံးများကို မခွာနိုင်ကြချေ။ တစ်ဖက်တွင် ဖှေးမှာ ရယ်မောနေသည်။ ရွှေရောင်နေရောင်ခြည်သည်အန်ဂျယ်လာ၏ ခန္ဓာကိုယ်အားထွန်းလင်းလိုက်ပြီး လူအများမှာ မူကြိုကလေးတစ်ယောက်၏ လှည့်စားခြင်းခံလိုက်ရသော လူပိန်းတစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရ၏။
“ဘာတွေဖြစ်ကုန်တာလဲ...”
“ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မာလဲ...”
ခုနက ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ ဝရုန်းသုန်းကာယဆန်လှသော်လည်း ပဲရစ်လက်ထဲတွင် ဓားစာခံအဖြစ် အဖမ်းခံထားရစဥ် သူမ၏ချစ်သူ မှန်ကန်သည့်ဆုံးဖြတ်ချက် ချနိုင်စေရန်အတွက် ဤမိန်းကလေး မိမိကိုယ်မိမိသတ်သေသွားသည်ကို လူအများအပြားမြင်လိုက်မိကြသည်။ လူအများအပြားထိုမြင်ကွင်းကြောင့် ကြေကွဲသွားခဲ့ကြရသည်။ သွေးအေးသော ပဲရစ်တစ်ယောက်ပင် ဝမ်းနည်းသွားခဲ့ပြီး အန်ဂျယ်လာ၏ရုပ်အလောင်းအား ဖှေးထံသို့ လိုလိုလားလားပြန်ပေးခဲ့သည်။ ဘုရင်ငယ်မှာလည်း အလွန်ဒေါသဖြစ်သွားပြီး ပဲရစ်ဘက်ခြမ်းမှ ကြယ်အဆင့်စစ်သည်များစွာကို ရက်စက်စွာသတ်ဖြတ်ပစ်ခဲ့သည်။
သို့သော် သူတို့အားလုံး လက်ရှိအခြေအနေကို နားမလည်နိုင်ကြတော့ပေ။
ဘာတွေဖြစ်ကုန်တာလဲ...
သေဆုံးပြီဟု ထင်မှတ်ထားခဲ့သည့် အမျိုးသမီးမှာ ဤခွေးကြီး၏ ကျောပေါ်တွင် ကျန်းကျန်းမာမာဖြင့် စီးနှင်းလိုက်ပါလာနေ၏။
ဤမြင်ကွင်းကြောင့် အလွန်ထိတ်လန့် အံ့သြသွားခဲ့သည့် ပုဂ္ဂိုလ်မှာပဲရစ်ဖြစ်သည်။ သူမသည် မင်းသားဒိုမင်ဂူ၏ လက်အောက်တွင် အလုပ်လုပ်ရင်းလှည့်ကွက်ပေါင်းများစွာ၊ ထောင်ချောက်ပေါင်းများသွာကို ကြုံတွေ့ခဲ့ရ၍ မည်သည့်အရာကမျှ သူမအား မတုန်လှုပ်စေတော့ဟု ထင်မှတ်ခဲ့သည်။ သို့သော် အန်ဂျယ်လာတစ်ယောက် အသက်ရှင်လျှက်ထွက်ပေါ်လာသည့် အချိန်တွင်မူ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြသွားသည်အြမူအယာမှာ အတိုင်းသားပေါ်လွင်နေသည်။ “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....” သူမတွေးလိုက်သည်။ ဤအမျိုးသမီး၏ နှလုံးခုန်သံရပ်တံ့သွားကြောင်းကို သူမရှင်းလင်းစွာ ခံစားလိုက်ရသည်ကို မှတ်မိသည်။ ဤကဲ့သို့ သေခြင်းမျိုးသည် အတုပြုလုပ်ရန်မဖြစ်နိုင်ချေ။
လူအုပ်ကြီး၏ အကြည့်များအောက်တွင် အနက်ရောက်ခွေးကြီး မဟူယာမုန်တိုင်းသည် ထူးတန်းသည့် လမ်းကြောင်းတစ်ခုမှလျှောက်ကာ ဖှေးရှေ့သို့ရောက်ရှိလာပြီး ဒူးများကို ကွေးညွတ်လိုက်သည်။
အန်ဂျယ်လာသည် ကြီးမားသည့်ရေအိပ်ကြီးနှစ်အိပ်ကို ကိုင်ဆောင်ထားရင်း ခွေးကြီးအပေါ်မှ ချက်ချင်းလိုလိုပင် ခုန်ဆင်းလိုက်သည်။
“အလတ်ဇန္ဒား ဒါတွေက နင်မှာထားတဲ့ဟာတွေပဲ...အန်မာနဲ့ ဦးလေးလမ်းပါ့ဒ်တို့ရော ဘယ်လိုနေလဲ....” အန်ဂျယ်လာမှ ဤကဲ့သို့သော မြင်ကွင်းနှင့် အသားမကျသေးပေ။ သွေးများနေရာအနှံ့တွင်စီးဆင်းနေပြီး ခန္ဓာကိုယ်အစိတ်ပိုင်းများ ဝမ်းတွင်းအင်္ဂါများမှာ နေရာအနှံ့တွင် ပြန့်ကျဲနေသည်။ ထို့အပြင် အဝတ်အစားများ စုတ်ပြဲကာ ကိုယ်လုံးတီး တစ်ပိုင်းတစဖြစ်နေကြသော ယောက်ျားများသည် သူမအား ဝိုင်းကြည့်နေကြသည်။ ထို့ကြောင့် သူမသည် ကြောက်ရွံ့ကာ ခွေးပေါ်မှ ဆင်းဆင်းခြင်း ဖှေး၏ အနောက်သို့ ဝင်ပုန်းလိုက်သည်။
သို့သော် ဤအပြစ်ကင်းစင်ပြီး ချစ်စရာကောင်မလေးမှာ ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။ သူမ ကောင်းကင်ပြာရောင် ဝတ်စုံတစ်ခုအား ထုတ်ယူလိုက်ပြီး ရှက်သွေးဖျာသော အမူအယာဖြင့် ဖှေးအားပေးလိုက်သည်။ “အလတ်ဇန္ဒား...ဟိုဟာလေ...ငါနင့်အတွက် အဝတ်စားအပိုတစ်ထည်ယူခဲ့တယ်.. နင့်အဝတ်စားတွေက စုတ်ပြတ်နေလို့....”
“အိုး အန်ဂျယ်လာ နင်ဘယ်လောက်တောင် တွေးတက်လိုက်သလဲ....” ဖှေး အန်ဂျယ်လာ၏ အဖြူရောင်လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာပွတ်လိုက်သည်။
အရှေ့ဘက်တောင်ပေါ်ရှိလူများ သတိမေ့မတက်ပင်ဖြစ်သွားကြသည်။ “အချိန်ကိုလည်း ကြည့်ပါဦးဟ..ဘယ်လိုတောင်လား...ဒီလိုအချိန်မှာလာ ရိုနေရတယ်လို့....အခုအချိန်က ငါတို့ လူသတ်ဖို့ကိစ္စတွေပြောနေကြတာလေ...”ဟု စိတ်ထဲမှ တပြိုင်နက်ထဲတွေးလိုက်မိကြသည်။
ဖှေး မူလဝတ်ဆင်ထားသည့် အပြာရောင် မင်းဝတ်တန်ဆာမှာ တိုက်ပွဲအတွင်းနေရာအနှံ့တွင် စုတ်ပြဲကုန်ကာ သူတောင်းစားစတိုင်ကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ သိပ်တွေးနေခြင်းမရှိပဲ ဖှေး သူ၏ခန္ဓာကိုယ်ပေါ်မှ အဝတ်စားများကို စုတ်ဖြဲပစ်လိုက်သည်။ သူ၏ မာကြောနေသော ကြွက်သားများ ပေါ်ထွက်လာတော့၏။
ပုံကျသောခန္ဓာကိုယ်၊ သန်မာသောကြွက်သားများနှင့် ရှည်လျားသော အရပ်မောင်းတို့မှာ ရွှေရောင်နေရောင်ခြည်အောက်တွင် ထင်ရှားစွာပေါ်လွင်နေသည်။ သူ၏မျက်နှာပေါ်နှင့် ဆံပင်ပေါ်ရှိသွေးစများ၊ ဓားပေါ်မှ စီးကျနေသောသွေးများဖြင့် ဤအခိုက်တန့်တွင် ဖှေးသည် ကြည့်ရသည်မှာ အလွန်ထည်ဝါနေသည်။ ရှုံးပွဲမရှိသော စစ်ပွဲနတ်ဘုရားတစ်ယောက်ကဲ့သို့ပင်။ ယခင်က ဖှေးအား အထင်မြင်သေးနေခဲ့ကြသူများမှာ ယခုအချိန်တွင် သေးသိမ်နေသကဲ့သို့ခံစားရ၏။
မင်းသမီးနှင့် ပဲရစ်တို့နှစ်ဦးလုံး သူတို့၏ မျက်လုံးများကို စောင်းကြည့်လိုက်ကြသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်ဘာတွေးနေမှန်း မည်သူမျှ မသိနိုင်ချေ။ ဖှေးအား ချစ်ကျွမ်းဝင်ပြီးသားဖြစ်သည့် အန်ဂျယ်လာမှာမူ သူမ၏ မျက်လုံးအတွင်းရှိ အချစ်များကို လုံးဝဖုံးကွယ်ထားခြင်းမရှိပေ။ ဤအချစ်မြစ်အတွင်းတွင် သူမသည်အောက်ခြေကြမ်းပြင်သို့ရောက်သည်အထိ နစ်မွန်းခဲ့ပြီဖြစ်သည်။
ဖှေး ဝတ်စုံအဟောင်းကို အန်ဂျယ်လာသို့ ကမ်းပေးကာ ပြောလိုက်သည်။ “အဲ့တာကို ငါ့အတွက်သိမ်းပေးထား နောက်ပြီးကျ ငါပြန်ဝတ်မယ်....”
ထို့နောက်တွင် ဘေးနားတွင် အမြီးတနှံ့နှံ့လုပ်နေသော မဟူရာမုန်တိုင်း၏ ခေါင်းကို ပုတ်လိုက်သည်။ သားရဲကြီးမှာ အလွန်ပါးနပ်ပြီး ဖှေးဆိုလိုသည်ကို ချက်ချင်းပင် နားလည်သွားသည်အပေါ်သို့ တစ်ချက်ခုန်လိုက်ပြီး ထူးဆန်းသည့် လမ်းများမှ ကွေ့ပတ်ကာသွားသည်။ ဖှေးထောင်ထားသည့် မှော်ထောင်ချောက်များကို ရှောင်ရှား၍သွားနေသည်မှာ ထင်ရှားသည်။ မကြာမှီတွင် လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာ နှင့် အန်မာတို့၏ အလောင်းများကို ဖှေး၏ အရှေ့သို့ သယ်ဆောင်လာ၏။
လူအုပ်ကြီးမှာ ကြောင်ကြည့်နေကြ၏။ ဤဘုရင်ငယ် မည်သည့်လှည့်ကွက်အား ထုတ်ဖော်ပြတော့မည်မှန်း သူတို့မသိကြချေ။
တစ်ချို့လူများမှာ ခန့်မှန်းပြီးဖြစ်နိုင်သော်လည်း သူတို့မယုံနိုင်ကြချေ။
ပဲရစ်နှင့် မင်းသမီးတို့နှစ်ဦးသာ အမဲရောင်ခွေးကြီးအား အသေချာဂရုတစိုက်ကြည့်ရှုနေကြသည်။ ခွေးကြီးသွားသည့် ခြေလှမ်းတိုင်း၊ လမ်းကြောင်းတိုင်းကို အသေချာမှတ်သားနေကြ၏။ တောင်ထိပ်ရှိ ထောင်ချောက်ကင်းသော လမ်းကြောင်းများအားမှတ်သားနေကြခြင်းပင်။ ဤအချိန်အတွင်းတွင် နှစ်ဖက်လုံးရှိလူများအားလုံး တိတ်ဆိတ်စွာပင်နေနေကြသည်။
လူအများသည် သူတို့၏ ဆူညံသံများကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ဘုရင်ကိုသာဂရုတစိုက်ကြည့်နေကြသည်။ သူတို့၏ အသက်ရှင်နိုင်ချေမှာ ဤဘုရင်ပြုလုပ်မည့် အပြုမူအပေါ်တွင် များစွာမူတည်နေကြောင်း သူတို့သိရှိကြသောကြောင့်ပင်။ ယခုအချိန်တွင် တောင်ထိပ်ရှိ အတုံးအဆုံးလူပင် သိနေပြီဖြစ်သည်။ အခြေအနေအား ထိန်းချုပ်နိုင်မှုမှာ ပဲရစ်နှင့် မင်းသမီးတို့လက်မှနေ၍ သူတ်ို့မူလက လျစ်လျူရှုထားခဲ့သည့် ဤဘုရင်ထံသို့ ရောက်ရှိသွားပြီ ဟူသောအချက်ပင်။
“မင်းတို့တွေအကုန် အံဩစရာတစ်ခုကို မြင်ရတော့မယ်...ဟားဟားဟား”
ဖှေး သူ၏ ဖြူဖွေးနေသော သွားများကို လူတိုင်းမြင်ရလောက်သည်အထိ ရယ်မောလိုက်သည်။ သူမျက်နှာအား ခပ်တည်တည်မနေနိုင်ပေ။ သူယခင်ကဲ့သို့ မထင်မရှားနေခြင်းမလုပ်တော့ပေ။ အခြေအနေကြီးတစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။
ဘုရင်သည်လူအုပ်အား ရန်ဆွပေးသည့် အမူအယာဖြင့် ပြုံးဖြဲဖြဲကြည့်လိုက်သည်။ အထူးသဖြင့် ပဲရစ်ကိုပင်ဖြစ်သည်။ ထို့နောက်တွင် ရေအိတ်များကို ဖွင့်ပြီး အလောင်းများ၏ မျက်နှာပေါ်သို့ လောင်းချပေးလိုက်သည်။
ဖြစ်ပျက်တော့မည့်အရာကို ခန့်မှန်းလိုက်မိသော လူများသည် အံ့သြစွာထအော်လုနီးနီးပင်။
ပဲရစ် မျက်မှောင်ကြုံ့လိုက်သည်။ သူမ စွမ်းအားကင်းမဲ့နေသလိုခံစားနေရ၏။ ထူးခြားသည့် စွမ်းအားကင်းမဲ့သည့်ခံစားချက်ပင်။ သူမ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိချေ။
“အဟွတ် အဟွတ် အဟွတ်...”
သွေးများဖုံးလွှမ်းနေခဲ့သော လမ်းပါ့ဒ်မှာ ချောင်းဆိုးကာ ထလာပြီး သူ၏မျက်နှာမှ ရေများကို သုတ်လိုက်သည်။ သူ၏တုန့်ပြန်မှုမှာ သေရွာပြန်တစ်ယောက်ကဲ့သို့မဟုတ်ပေ။ ရှုပ်ထွေးနေခြင်း၊ တွံ့ဆုတ်နေခြင်းမရှိ သူ၏အမဲရောင်ဓားကြီးအားဆုပ်ကိုင်အား အတွင်းအားဖြင့် သူ၏ခန္ဓာကိုယ်မှ ရေစိုနေသောအဝတ်များကို ခြောက်သွေ့စေလိုက်သည်။ ထို့နောက်တွင် ဖှေး၏အနောက်သို့သွားရပ်ပြီး အရှေ့ဘက်တောင်ထိပ်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်သည်။
လမ်းပါ့ဒ်၏ အပြုမူသည် လူတိုင်းထင်ထားသည့်အရာကိုမှန်ကန်ကြောင်း သက်သေပြလိုက်သည်။
အရာအားလုံးမှာ အသေချာကြိုတင်စီစဥ်ထားခြင်းပင်။
“ဗွမ်း ဗွမ်း ဗွမ်း...”
ရေများ ထက်မံလောင်းချသည်။
ထို့နောက်တွင် “အလောင်း”ဟု ထင်ထားခဲ့ကြသည့် ခန္ဓာကိုယ်များအားလုံး မျက်လုံးများ ပွင့်လာခဲ့ကြတော့သည်။ ထိုသူများထဲမှ ဆံပင်အမဲရောင်နှင့် လူတစ်ဦးသည်”အား သေစမ်း...ဒီကျောက်တုံးတွေက တော်တော်မာတာပဲ အရိုးတွေများကျိုးကုန်တော့မလားလို့တောင်ထင်ရတယ်...ဘာမှမလုပ်ပဲ လဲနေရတာလဲ အတော်ခက်တာပါလား...”
ဘုရင်၏ အစောင့်များ ထလာကြပြီး သူတို့ခန္ဓာကိုယ်ပေါ်ရှိသွေးများကို ဖယ်ရှားလိုက်ကြပြီး အကောင်းပတိခန္ဓာကိုယ်များကို မြင်လိုက်ရ၏။ လူအများမှာ တိတ်ဆိတ်ကုန်ကြ၏။ ဤချမ်းဘော့ဒ်မှ လူများမှာ ဒဏ်ရာပင်မရခဲ့ကြချေ။ သူတို့ခန္ဓာကိုယ်မှ သွေးများမှာ သေဆုံးပြီးသော လူများ၏ သွေးများကိုသာ သုပ်လိမ်းကာ ဒဏ်ရာရသည့်ပုံပေါက်စေရန်အတွက် ချယ်သထားခြင်းသာဖြစ်သည်။
မင်းသမီးမှာ သက်ပြင်းချလိုက်ပြီး သူမခေါင်းကိုငုံ့လိုက်သည်။
သူတ်ို့ခန္ဓာကိုယ်အား အမြန်ပြန်ကောင်းစေရန်အတွက် တရားထိုင်နေကြသည့် [ဇီးနစ်စစ်ပွဲနတ်ဘုရား] အာရှဗင်နှင့် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ဇီယျန်တို့လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်အံ့သြသွားကြသည်။ သူတို့ခန္ဓာကိုယ်တဝိုက်ရှိ အတွင်းအားများကို ထိန်းချုပ်နိုင်စွမ်းကင်းသွားလုနီးနီးပင်ဖြစ်သွား၏။ အကယ်၍မထိန်းချုပ်နိုင်လိုက်ပဲ ပေါက်ကွဲသွားပါက အသက်အန္တရာယ်ပင် ဖြစ်ပေါ်စေနိုင်သည်။
ပဲရစ်၏ မျက်လုံးများမှာ ဖှေး၏ မျက်နှာမှ မခွာနိုင်ဖြစ်နေ၏။ သူမ၏ နှစ်ပေါင်းများစွာအကြာမတွေ့ရသေးသော ချစ်သူတစ်ယောက်အား ကြည့်နေရသကဲ့သို့ပင်။(ကြွေသွားပြီထင်တယ်😁😁)သူမမျက်နှာပေါ်ရှိ စိတ်ကူးယဥ်လို့ပင်မရသည့် အမူအယာမှာ အလွန်ဆွဲဆောင်မှုရှိလှသဖြင့် သံမဏိကိုပင် အရည်ပျော်နိုင်သကဲ့သို့ပင်။
တစ်ချိန်လုံးတိတ်ဆိတ်နေကဲ့သည့် ဓားကိုင်ဆောင်သည့် လုပ်ကြံသတ်ဖြတ်သူပင် သူ၏ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ချောင်းများမှာ အဖြူရောင်ပြောင်းလဲသွား၏။