အခန်း (၁၄၂)
Vol. 10 Ch. 142
မင်းသမီးနှင့် ပဲရစ်တို့နှစ်ဦးလုံး ချမ်းဘော့ဒ်ကဲ့သို့ ဝေးလှံခေါင်ဖျားသည့် တိုင်းပြည်ငယ်လေးအား သူတို့နှစ်ယောက်၏ စစ်တလင်းပြင်အဖြစ် တိုင်ပင်ခြင်းမရှိပဲ ရွေးချယ်ခဲ့ကြသည်။ တိုင်းသူပြည်သားများနှင့် ဘုရင်ဖြစ်သူတို့အား အစီစဥ်ထဲတွင် ထည့်သွင်း၍ပင် မစဥ်းစားခဲ့ကြချေ။ သူတို့၏ မျက်လုံးထဲတွင် ဤလူများသည် ပုရွတ်ဆိတ်များကဲ့သို့ပင် အရေးမပါသောကြောင့်ပင်။ သူတို့၏ နောက်လိုက်များကပင် ချမ်းဘော့ဒ်အား တိုင်းပြည်တစ်ပြည်အနေဖြင့် ဂရုမစိုက်ကြချေ။ ဇီးနစ်အင်ပါယာပိုင်သော မြေကွက်တစ်ခုအနေဖြင့်သာ တွေးထားကြ၏။ ဖှေး နှင့် သူ၏ လူများအား လေးစားမှုတစက်မျှမရှိပေ။
လူအများ၏ စိတ်ထဲတွင် ချမ်းဘော့ဒ်သည် စစ်မြေပြင်အဖြစ်သို့ရွေးချယ်ခံလိုက်ရစဥ်ကတည်းက တိုင်းပြည်နှင့် ဘုရင်အလတ်ဇန္ဒားတို့သည့် အဖြစ်ဆိုးသော ဟာသတစ်ပုဒ်ကဲ့သို့ပင်။ နိုင်ငံ၏ ကံကြမ္မာမှာ ရှုံးနှိမ့်သည့် အဖွဲ့နှင့်အတူ ပျက်စီးရန်ဖြစ်သည်။
နိုင်ရာစားလောကကြီးထဲတွင် မည်သူမျှ အားနည်းသူများ၏ ငိုကြွေးသံများကို ဂရုမစိုက်ကြချေ။
အားနည်းပြီး စွမ်းအားကင်းမဲ့သူများဟု သူတို့ခေါင်းစဥ်တပ်ခဲ့ကြသော အဖွဲ့သည် မငိုကြွေးခဲ့ကြချေ။ ထိုအစား သူတို့၏ ညစ်ပတ်နေသော ခေလက်များကို အသုံးပြုကာမာနထောင်လွှားနေသူများ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့ကြသည်။ ထိုသူများအား ချက်ချင်းပင် အရှက်တရားနှင့် ထိတ်လန့်မှုများကို မျိုသိပ်စေခဲ့သည်။
ဘယ်သူက လူပျက်လဲ.....
သူတို့၏ အရှေ့တွင်ရပ်နေသော ဘုရင်ငယ်လေးမဟုတ်သည်မှာတော့ အသေချာပင်။
ဘယ်သူက ထိန်းချုပ်သူလဲ.....
သူတို့ကိုယ်သူတို့ ထင်ထားခဲ့သလို သူတို့မဟုတ်တော့သည်မှာ သေချာ၏။
မနက်ခင်း နေလုံးကြီးမှာ အနီရောင်အဖြစ်သို့ပင် ပြောင်းလဲလာနေသည်။ အရှေ့ဘက်တောင်ထိပ်သည် မည်သည့်အချိန်ကမှ ဤကဲ့သို့အေးစက်ခဲ့ခြင်းမရှိပေ။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...မင်းဘယ်လိုလုပ်လိုက်တာလဲ...” သွေးအေးသည့် အလှလေးမှာ သူမ၏ တုန်ယဥ်နေသောအသံဖြင့် မေးလိုက်သည်။ သူမသည် လူတိုင်း၏စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် မေးခွန်းအား မေးလိုက်ခြင်းဖြစ်သည်။
“လွယ်ပါတယ်....သေချင်ဟန်ဆောင်ရတာက....” ဖှေး လက်ကျန်ရေများကို အန်မာ၏မျက်နှာပေါ်သို့လောင်းချလိုက်ရင်းပြောလိုက်သည်။ သူမသည် ပဲရစ်မှ ရင်ဘက်သို့ ရိုက်လိုက်သည်ကိုခံခဲ့ရသူဖြစ်သည်။ ဖှေး သတိရလာခါစဖြစ်သည့် အန်မာအား တွဲထူလိုက်ပြီး ဆက်ပြောသည်”မင်းတို့လို လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်တွေက မင်းတို့အထက်မှာရှိတဲ့ ဒါမှမဟုတ်မင်းတို့နဲ့ အဆင့်တူလူတွေကိုပဲ အာရုံစိုက်ကြတာမလား...ငါတို့လို အမှိုက်သရိုက်တွေကို ဘယ်တုန်းက မင်းတို့ အာရုံစိုက်ခဲ့ကြလို့လဲ...” ဖှေး မေးခွန်းပြန်ထုတ်လိုက်သည်။ ထိုမေးခွန်းသည် လူအများအား ပါးစပ်ပိတ်သွားစေသည်။
သူတို့သည် မူလအစကတည်းက ချမ်းဘော့ဒ်မှ လူများ၏ အသက်ကို ဂရုမစိုက်ကြချေ။ လေးစားမှုတစ်စုံတရာမပေးပဲ ညစ်ပတ်သော တိရစ္ဆာန်များကဲ့သို့ပင် ဆက်ဆံခဲ့ကြသည်။ ပြင်းထန်သောတိုက်ပွဲအတွင်းတွင် ချမ်းဘော့ဒ်မှလူများ သေလားရှင်လား၊ သေချင်ဟန်ဆောင်နေကြခြင်းလား သူတို့လုံးဝဂရုမစိုက်ခဲ့ကြချေ။
သို့သော် ပဲရစ်မှာ မတုံးအချေ။ သူမ သံသယဖြစ်သည့် မျက်လုံးများဖြင့် မျက်မှောင်ကြုံ့ကာ ဖှေး၏ အနောက်တွင်ရပ်နေသော အန်ဂျယ်လာနှင့် အန်မာကို လက်ငြိုးထိုးကာမေးလိုက်သည်။
“မဖြစ်နိုင်တာပဲ အဲ့ကောင်မလေး ငါ့လက်ထဲမှာ နှလုံးခုန်ရပ်သွားတာကို ငါအသေချာခံစားလိုက်ရတယ်...ဟိုဆံပင်ရွှေရောင်နဲ့ကောင်မလေးကိုလည်း ငါရင်ဘက်တည့်တည့်ကို ရိုက်ထုတ်လိုက်တာလေ...”
ဖှေး ပဲရစ်အား ဉာဏ်မမှီသူတစ်ယောက်ကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ထဲမှ အမျိုးသမီး ရင်ဘက်ချပ်ဝတ်ကို ပြလိုက်သည်။ ဤချပ်ဝတ်အား သံမဏိဖြင့် ပြုလုပ်ထားပြီး ရင်ဘက်တွင်လက်ဝါးရာတစ်ခု ရှိနေ၏။ “ဟုတ်တယ်...ဒီချပ်ဝတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီကောင်မလေး သေနေလောက်ပြီ...မင်းသူ့ကို လုပ်လိုက်တုန်းက ငါတောင်တော်တော်လန့်သွားခဲ့တယ်...”
လူအများ အံ့သြသွားသည်။
ဤဘုရင်သည် အသေးစိတ်အချက်လက်များကိုပင် ဂရုစိုက်လိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ကြချေ။ အစေခံမိန်းကလေးကိုပင် အပြည့်ဝကာကွယ်ပေးထား၏။ ဤကဲ့သို့ ထူထဲသော ချပ်ဝတ်၏ ကာကွယ်မှုကြောင့် ဤမိန်းကလေး ပဲရစ် ၏ တိုက်ခိုက်မှုကို အသက်ရှင်နိုင်သည်မှာ အဓိပ္ပါယ်ရှိသည်။
ပဲရစ်တစ်ယောက်သာ မယုံနိုင်သေးပဲ ဦးခေါင်းခါရမ်းနေ၏။
အကြောင်းပြချက်အစစ်မှန်မှာ ဤမျှမရိုးရှင်းမှန်း ပဲရစ်သိသည်။ သို့သော် ဖှေးမပြောပါက သူမ မည်သည့်နည်းဖြင့်မှ သိနိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် ပဲရစ် ဤဘုရင်ငယ်အား နားလည်နိင်ခြင်း ထိုးဖောက်၍ မမြင်နိုင်တော့သည်ကို သတိထားမိလိုက်သည်။ သူက ဘယ်လိုလူမျိုးလဲ...စောက်ပိန်းတစ်ယောက်လား...ပါရမီရှင်တစ်ယောက်လား...သူရဲကောင်းတစ်ယောက်လား....လူလိမ်တစ်ယောက်လား....ပဲရစ်သည် သူမ၏ လူကဲခတ်စွမ်းရည်နှင့် ပတ်သက်၍ ယုံကြည်ချက်မြင့်မားသူတစ်ယောက်ဖြစ်သည်။ သူမသည် ယောက်ျားတစ်ယောက်အား တွေ့ဆုံပြီး စက္ကန့်အနည်းငယ်အတွင်းပင်ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။ ယခုအချိန်တွင် ဤဘုရင်အား ဖော်ပြရန် စကားလုံးပင် သူမရှာမတွေ့တော့ချေ။
လူအများ၏ ကြည့်ရှူမှုအောက်တွင် အရှေ့ဘက်တောင်ထိပ်ရှိ ချမ်းဘော့ဒ်မှလူများ ပြန်လည်နိုးထိလာကြသည်။ ထိုလူများသည် မှော်ဆေးပုလင်းတစ်ခုခုကိုအသုံးပြုပြီး ခနတာသေဆုံးသကဲ့သို့ အခြေအနေသို့ရောက်ရှိသွားကြကာ ရေအေးဖြင့် ပတ်လိုက်မှ ပြန်လည်နိုးထလာကြကြောင်း ကြည့်ရှုနေသးများ ရိပ်မိလာကြသည်။ သို့သော် ဘေးပတ်ပတ်လည်တွင် လဲလျောင်းနေကြသောအလောင်းများကို မြင်နေကြသော်လည်း သူတို့ အမှန်တရားက်ို လက်မခံနိုင်ကြသေးပေ။ ပဲရစ်နှင့် မင်းသမီးတို့ဘက်မှ စွမ်းအားမြင့် ကြယ်အဆင့်စစ်သည်နှင့် ရိုးရိုးစစ်သည်များစွာ သေဆုံးခဲ့ကြပြီး သေဆုံးရန်ကံကြမ္မာက သတ်မှတ်ပေးထားသည့် ချမ်းဘော့ဒ်မှ လူများမှာ ဒဏ်ရာပင်မရရှိလိုက်ကြချေ။
“ဟားဟား ဆွေးနွေးရအောင် ငါတို့ ဒီခွေးသားတွေကို ဘယ်လိုလုပ်သင့်လဲ...”
ဖှေး သူ၏ရန်သူများကို အရှက်ခွဲလိုသည်။ သူကျောက်တုံးတစ်တုံးပေါ်တွင် ခြေထောက်ချိတ်ထိုင်လိုက်ပြီး ပဲရစ်တို့ကဲ့သို့ လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်များကို လက်ငြိုးထိုးကာ သူ၏ဘေးမှ အစောင့်များကိုမေးလိုက်သည်။
ချမ်းဘော့ဒ်မှ အစောင့်များမှာ တစ်ယောက်မှသဘောမကောင်းကြချေ။ အထူးသဖြင့် သူတို့၏ တုန့်ပြန်မှုများပင်။
“လွယ်ပါတယ်...အမျိုးသားတွေအကုန်လုံးကို သတ်ပစ်လိုက်...အမျိုးသမီးတွေကိုတော့...ဟီးဝီး...” ရွှေရောင်တောရပ်စ်သူရဲကောင်း ဒရော့ဂ်ဘာမှာ ရယ်မောလိုက်သည်။ သူ့အား လှမ်း၍ မျက်စောင်းထိုးလိုက်သော အန်မာကြောင့်သာမဟုတ်ပါက သူသည် ကလေးများနှင့် မသင့်တော်သည့် အရာတစ်ခု ပြောမိတော့မည်ဖြစ်သည်။
“ဒါကတော့ အရှင်မင်းကြီးသဘောပါ...” ဒရော့ဂ်ဘာပြောပြီးနောက်တွင် ဘားရက်ခ်ပြောလိုက်သည်။ သူသည် ဖှေးအပေါ် အလွန်သစ္စာရှိသူတစ်ဦးဖြစ်သည်။
“သူတို့ကို မင်းသမီးစီလွှဲပေးလိုက်ရင်ရော....” အရပ်ပုပုနှင့် အက်စီရမ်မှာ တုံးအသည့်ပုံပေါက်သော်လည်း လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။
“.....”
လမ်းပါ့ဒ်မှာ ဘာမှမပြောချေ။ သူ၏ အမဲရောင်ဓားကြီးကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
“ဝုတ် ဝုတ် ဝုတ်....”
အမဲရောင်ခွေးကြီးမှာ ပဲရစ်အား ထိုးဟောင်နေသည်။
ဖှေး ဘာမှ မပြောချေ။ ဘယ်ကကောက်ထားမှန်းမသိသည့် မြက်ရိုးတစ်ခုအား ကိုက်ဝါးနေရင်း ပဲရစ်အားပြုံးလျှက်ကြည့်နေသည်။
သူ၏ လှောင်ပြောင်နေသော အပြုမူမှာပဲရစ်တို့ဘက်ခြမ်းမှ လူများအား မခံချင်ဖြစ်စေသည်။
“အောင်ပွဲခံဖို့ စောလွန်းပါသေးတယ် ဘုရင်အလတ်ဇန္ဒား...မင်းငါ့က်ို နောက်တစ်ကြိမ်ထက်ပြီး ထိတ်လန့်အံ့သြသွားအောင်လုပ်နိုင်ခဲ့တယ်ဆိုတာကို ငါဝန်ခံပါတယ်...ဒါပေမယ့်..မင်းငါတို့ကို ဒီနေရာမှာ ထိန်းထားလိုက်တာနဲ့ပဲ အရာအားလုံးကို မင်းထိန်းချုပ်နိုင်သွားလိမ့်မယ်လို့ ထင်နေတာလား...ဟားဟားဟား...မင်း တော်တော်ရိုးပါလား...မင်းရဲ့တိုင်းပြည်ကို ဒီနေရာကနေ လှမ်းကြည့်ပြီး အသေချာနားထောင်ကြည့်လိုက်...”သူမ ထိုကဲ့သို့ပြောပြီးနောက်တွင် ယောက်ျားတိုင်းအား စိတ်လှုပ်ရှားစေနိုင်သည့်အပြုံးသည် သူမ၏မျက်နှာပေါ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပဲရစ်ပြောသည်အား သက်သေပြနေသကဲ့သို့ပင်။ မီးခိုးတန်းကြီးများ ငါးခုခြောက်ခုခန့် ကောင်းကင်ပေါ်သို့ ပျံသန်းတက်လာ၏။ တောင်ထိပ်မှ နေ၍ တိုင်းပြည်အတွင်းရှိ အဆောက်ဦးတချို့ မီးလောင်ဆွဲနေသည်ကိုထင်ရှားစွာမြင်နေကြရသည်။ အော်ဟစ်သံများနှင့် ငိုကြွေးသံများကိုပင် အသေချာနားထောင်ကြည့်ပါက ဝေဝေဝါးဝါး ကြားနေကြရသည်။
ချမ်းဘော့ဒ်မှ လူများ ထိတ်လန့်ကုန်ကြသည်။
ယုံကြည်မှုသည် ပဲရစ်ထံသို့ပြန်ရောက်လာပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပြန်လည်တောက်ပလာသည်။”ဟီးဟီး..ဒါကတော့ စိတ်မကောင်းစရာပဲ ...ငါ အရှေ့ဘက်တောင်ထိပ်ကို မလာခင်က လူဆိုးဓားပြအနည်းငယ်လောက် မြို့ထဲမှာ ထားခဲ့တာကို အခုမှသတိရတယ်...အလတ်ဇန္ဒား မင်းမှော်ထောင်ချောက်တွေကို သာဖြုတ်ပြီး ငါတို့ကိုထွက်သွားခွင့်ပေးမယ်ဆိုရင်...မင်းသူတို့ကို အချိန်မှီရပ်တံ့နိုင်လောက်သေးတယ်နော်...အဲ့လူတွေက တိုင်းပြည်ထဲမှာရှိတဲ့ ဆွေကြီးမျိုးကြီးတွေကို သတ်ဖြတ်ပြီး ပစ္စည်းတွေမလုယူခင်ပေါ့...မင်းနဲ့နန်းတော်လဲ အပါအဝင်ပဲ...”
သူမ ထိုကဲ့သို့ပြောအပြီးတွင် ဆက်မပြောတော့ချေ။ ပြုံးလျှက်ဖှေးကို စိုက်ကြည့်နေ၏။
ပဲရစ်သည် မိမိကိုယ်မိမိအလွန်ယုံကြည်နေသည်။ ဖှေးသည် သေချင်ဟန်ဆောင်သောဗျူဟာကို အသုံးပြုပြီး အရှေ့ဘက်တောင်ထိပ်ရှိအခြေအနေကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူအား နောက်ဆုံးအနိုင်ရရှိသူဟု မဆိုလိုနိုင်သေးပေ။ ပဲရစ်တွင် သူနှင့် သူလူများလုံခြုံစွာပြန်လည်ထွက်ခွာနိုင်သည့် ဝှက်ဖဲတစ်ခုကျန်ရှိနေဆဲပင်။
သူမ၏ စကားလုံးများကို ကြားအပြီးတွင် နိုင်ငံပေါင်းများစွာမှ သံတမန်များ၊ မင်းသားများသည် မျှော်လင့်ချက်ပြန်ရလာကြသည်။ ထို့ကြောင့် ပြန်လည်မာနထောင်လွှား လာကြတော့သည်။ ပဲရစ်သည် မြို့တော် စိန့်ပီတာစဘာ့ရှိ ကြောက်စရာအကောင်းဆုံး အမျိုးသမီးနှစ်ဦးအထဲမှ တစ်ဦးဖြစ်သည်မှာ အစစ်မှန်ပင်။ သူမတွင် ယခုအချိန်ထိတိုင်အောင် ဝှက်ဖဲတစ်ခုကျန်ရှိနေဆဲပင်။ မင်းသားများနှင့် သံတမန်များစွာတို့မှာ ဖှေးအား မလှောင်ပြောင်ပဲ မနေနိုင်ကြချေ။
“ဟားဟား ဘုရင်ငယ်လေး မင်းရဲ့ထောင်ချောက်တွေကို အခုပဲ ဖျက်ဆီးလိုက်တော့ မဟုတ်ရင် မင်းရဲ့တိုင်းပြည်တစ်ခုလုံး ပြာကျသွားလိမ့်မယ်
..”
“မင်းရဲ့တိုင်းပြည်သာ ပျက်စီးသွားရင် မင်းက ဘယ်သူမှမဟုတ်တော့ဘူးလေ....”
“မင်း ကံဆိုးမိုးမှောင်ကျတော့မှာကို ရှောင်နိုင်လိုက်တာပဲ အတော်ကံကောင်းလှပြီ ဖင်သိပ်မယားတော့လဲ...”
“အလတ်ဇန္ဒား ကြွားဝါဖို့က အရေးကြီးတာလား မင်းရဲ့တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့က အရေးကြီးတာလား...မင်းရဲ့ တ်ုင်းသူပြည်သားတွေ အော်ဟစ်ငိုကြွေးနေကြပြီလေ သူတို့ကိုလှည့်မကြည့်တော့ဘူးလား...”
ဤစကားလုံးများမှာ ရှနူအီတိုင်းပြည်၊ လမင်းတိုင်းပြည်နှင့် ချတာတိုင်းပြည်တို့မှ လူများ၏ အသံများဖြစ်သည်။ မင်သား ဘိုယိုဆိုသူမှာ အကျယ်ဆုံးအော်ဟစ်နေသူဖြစ်၏။
ဖှေး၏ အမူအယာမှာ ပြောင်းလဲသွားသည် သို့သော် သူပျာယာခတ်မသွားချေ။
သူတစ်ဖက်သို့ လှည့်ပြီး မင်းသမီးတာနာရှာအား ကြည့်လိုက်သည်။ မင်းသမီးမှာ နားလည်ပုံရသည်။ သူမ ခေါင်းကိုငုံ့ပြီး သက်ပြင်းချလိုက်သည်။ သူမှ ဘာမှမပြောခဲ့ချေ။ သို့သော် အမျိုးသမီး သူရဲကောင်းဆူဇန်မှာ အော်ပြောလိုက်သည်။ “အလတ်ဇန္ဒား..သူတို့ကိုလွှတ်ပေးလို့မရဘူး ချက်ချင်း သတ်ပစ်လိုက်တော့....”
ဖှေးသရော်ပြုံးပြုံးကာ ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်ကို ကြည့်လိုက်သည်။
“မင်း ဒီအမျိုးသမီးကို သတ်ပေးမယ်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်ထက်ကြီးတဲ့ တိုင်းပြည်သုံးခု အပိုင်စားပေးမယ်...မင်းဇီးနစ်အင်ပါယာလက်အောက်မှာ ဆက်ပြီးဘုရင်လုပ်လို့ရသေးတယ်....”
ဖှေး အေးစက်စွာဖြင့် လျစ်လျူရှုလိုက်ပြီး ဘာမှပြန်မပြောချေ။