← Chapters

အခန်း (၁၄၅)

Vol. 10 Ch. 145

အခန်း (၁၄၅)

Vol. 10 Ch. 145

ဖှေး ခေါင်းကိုခါရမ်းလိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာတွင် အတန်ငယ်ထူးဆန်းသည့် အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ “မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး...အဲ့အတွက်ကြောင့် မင်းငါ့ကိုတိုက်ခိုက်စရာမလိုဘူး...လူတချို့ကတော့ အနာဂတ်ပြသနာတွေကို ဖြေရှင်းဖို့အတွက် မင်းကိုသတ်ချင်ပေမယ့်...ငါကတော့ မင်းကို ငါ့အတွက်တစ်ခုပဲ လုပ်ပေးစေချင်တယ်...အဲ့တာပြီးရင် မင်းကို အရှေ့ဘက်တောင်ကနေ ဘေးရန်မသီခပဲ ချက်ချင်း ထွက်သွားခွင့်ပြုမယ်...”

“ဘာလုပ်ပေးရမှာလဲ....”

ဖှေး တစ်ဖက်သို့ လှည့်ကာ ပြိုကျထားသော နတ်စင်အပျက်စီးများထံသို့ လမ်းလျှောက်သွား၏။ ထို့နောက်တွင် ကျောက်စများကို သူ၏ ဓားဖြင့် ဖယ်ရှားလိုက်ပြီး မြေပြင်မှ တစ်စုံတစ်ခုကို ကောက်ယူလိုက်သည်။ ပေါ့ပါးပြီး အနုစိတ်သည့် ဒီဇိုင်းအသွင်ပြင်၊ သွေးများစွန်းထင်းနေသော်လည်း တောက်ပကာတစ်မျိုးထည်ဝါဆဲဖြစ်နေသည့် ဘုရင့်သရဖူပင်။

ဇီးနစ်အင်ပါယာအား ကိုယ်စားပြုသည့် မင်းသမီးတာနာရှာမှ ဖှေး၏ ဦးခေါင်းတွင် ဝတ်ဆင်ပေးကမည့် သရဖူပင်ဖြစ်သည်။ သရဖူသည် ဂုဏ်သရေနှင့် အာဏာကို ကိုယ်စားပြုသည်။ သို့သော် ဖြစ်ရပ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီး ဖှေး၏ နန်းတက်ပွဲမှာ ပျက်စီးခဲ့သည်။ သရဖူအား ကိုင်ဆောင်ထားခဲ့သည့် အစောင့်စစ်သည်လည်း တိုက်ပွဲအတွင်းတွင် အသတ်ခံလိုက်ရပြီးဖြစ်သည်။ ဘုရင့်သရဖူမှာ သွေးများစွန်းထင်းပြီး ကျောက်တုံးများအောက်တွင် ရောက်နေခဲ့သည်။

ဖှေး သရဖူပေါ်မှ ဖုန်များကို ညင်သာစွာခါလိုက်ပြီး အန်ဂျယ်လာ၏ ဘေးသို့ပြန်လာခဲ့သည်။ ထို့နောက်တွင် အန်ဂျယ်လာပြင်ဆင်လာခဲ့သည့် ကောင်းကင်ပြာရောင် မင်းဝတ်တန်ဆာကို ဝတ်ဆင်လိုက်၏။ လက်တစ်ဖက်တွင် ဓားနှစ်လက်၊ လက်တစ်ဖက်တွင် သရဖူကိုကိုင်ထားရင် ဖှေး ပဲရစ်ကိုပြောလိုက်သည်။ “မင်းငါ့ကို သရဖူတင်ပေးရင် အရှေ့ဘက်တောင်ထိပ်ကနေ ထွက်သွားခွင့်ပေးမယ်....”

ထိုစကားလုံးများ ထွက်လာပြီးနောက်တွင် လူတိုင်း၏ မျက်နှာများ ရုတ်တရက် အရောင်ပြောင်းကုန်ကြသည်။

“ရူးနေတာလား အလတ်ဇန္ဒား...မင်းရူးနေတာလား...” အမျိုးသမီးစစ်သည် ဆူဇန်မှာ ဒေါသဖြစ်သွား၏။ “မင်းက မင်းသမီးကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ အရှက်မရှိတဲ့ အမျိုးသမီးကို မင်းရဲ့နန်းတက်အခမ်းနား ကျင်းပခိုင်းမလို့မလား....မင်း ဘာလုပ်နေတယ်ဆိုတာကိုရော မင်းသိရဲ့လား...”

“မင်းရူးနေပြီ အဲ့လိုမလုပ်သင့်ဘူး...” မင်းသမီးဘက်မှ သံတမန်များကလည်း ပြောကြ၏။

“အလတ်ဇန္ဒား ဒါက ဘယ်လိုအဓိပ္ပါယ်ကိုဖော်ပြနေလဲဆိုတာကို မင်းသိတယ်မလား...” ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာပြောလိုက်သည်။

“ဟုတ်တာပေါ့ ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်....” ဖှေးမှာ အာရှဗင်၏ အသံနေအသံထားအတွင်းတွင်ရှိသော ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ချေ။ “ငါက ရန်သူကို ဦးညွတ်စေချင်တာပဲ...ရန်သူက ငါ့ကို သရဖူတင်မြှောက်ပေးကမယ်...”

အရှေ့ဘက် တောင်ထိပ်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဤရိုးရှင်းသည်ဟု ထင်ရသော စကားလုံးများတွင် လွှမ်းမိုးနိုင်သည့် အဓိပ္ပါယ်များကို သယ်ဆောင်လာသည်။ ခေတ်အဆက်ဆက် အေဇာရုတိုက်ပေါ်တွင် ရန်သူမှ သရဖူတင်မြှောက်ပေးရသည့်ဘုရင်ဟူ၍ မရှိခဲ့ချေ။ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည့် ဘုရင်လဲမရှိချေ။

မင်းသမီး၏ အပြာရောင်မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။

ဖှေး ပဲရစ်ထဲသို့ တစ်လှမ်းခြင်း လမ်းလျှောက်သွားပြီး သွေးများစွန်းထင်းနေဆဲဖြစ်သည့် သရဖူကို ကမ်းပေးလိုက်သည်။ “ငါ့ဆီမှာ အညံ့ခံလိုက်....ငါ့အတွက် သရဖူတင်မြှောက်ပေး...အဲ့တာဆိုမင်းကို ထွက်သွားခွင့်ပေးမယ်...”

“တကယ်လို့ ငါငြင်းမယ်ဆိုရင်ရော....” ပဲရစ် အနည်းငယ်ရယ်မောလိုက်သည်။ လေညင်းကြောင့် အနည်းငယ်ရှုပ်ထွေးနေသည့် သူမ၏ ဆံပင်ကို လက်ဖြင့်သပ်ကာ ပြုပြင်လိုက်သည်။

“မင်းငြင်းမယ်ဆိုရင်တော့ ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်မှာ အမျိုးသမီးဝိဉာဥ်နောက်တစ်ယောက်တိုးလာမှာကို ငါစိုးတယ်...” ဖှေး၏ အပြုံးမှာ နေရောင်အောက်တွင် အထူးတောက်ပနေသည်။ သို့သော် စကားလုံးများကြားထဲတွင်ရှိသည့် သတ်ဖြတ်ရန်ရည်ရွယ်ချက်မှာ ပဲရစ်၏ နှလုံးသားကို တုန်ခါစေသည်။

လေညင်းတစ်ခု တိုက်ခတ်သွားသည်။

သွေးအေးပြီး ရက်စက်တတ်သည့် အမျိုးသမီး ပဲရစ်မှာ လူများအားလုူံ၏ အကြည့်များအောက်တွင် သူမ၏ သေးသွယ်သောလက်များဖြင့် ဖှေးလက်ထဲမှ သရဖူကို ညင်သာစွာလှမ်းယူလိုက်သည်။ အပြစ်ကင်းသော မိန်းမလှလေးတစ်ယောက်၊ တောက်ပနေသော သရဖူ၊ သွေးစက်များ၊ မနက်ခင်းနေရောင်ခြည်၊ အေးမြသော လေညင်း ထိုအရာတို့မှာ အရှေ့ဘက်တောင်တန်းပေါ်ရှိ လူများအားလုံး တစ်သက်လုံးမမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုဖြစ်သည်။ ပဲရစ်သူမ၏ မာနထောင်လွှားသော ဦးခေါင်းအား နှိမ့်ချကာ သရဖူကို မြင့်မားသွာကိုင်မြှောက်ပြီး အနိုင်ရရှိသူ ဖှေး၏ ဦးခေါင်းပေါ်သို့ တည်ငြိမ်အေးချမ်းသော အမူအယာဖြင့် တင်မြှောက်ပေးလိုက်တော့သည်။

ပန်းပွင့်များ၊ မီးရှူးမီးပန်းများ၊ အားပေးအော်ဟစ်သံများ လုံးဝမရှိချေ။

ဤနေရာတွင်ရှိနေသည်များမှာ အပျက်စီးပုံများ ၊ လေထုအတွင်းရှိ ဖုန်မှုန့်များနှင့် သွေးသံရဲရဲနှင့် ခြေပြတ်လက်ပြတ်များ အလောင်းများပင်။ ကံဆိုးမိုးမှောင်ကျခြင်းကို ကိုယ်စားပြုသည့် ငှက်ဆိုးများမှာလည်း ကောင်းကင်ပေါ်တွင် ပျံဝဲနေကြသည်။

ဤသည်မှာ ထူးခြားသည့် နန်းတက်အခမ်းနားပင်။

ဤမြင်ကွင်းကို မြင်ရသောအခါ ဇီးနစ်မှ ထီးနန်းတင်မြှောက်ပေးမည့် သံတမန်အဖွဲ့၏ မျက်နှာများအရောင်ပြောင်းကုန်ကြသည်။ ဒေါသဖြစ်သော်လည်း ဘာမှမတက်နိုင်ကြချေ။ ဇီးနစ်မှ အဖွဲ့အား လျစ်လျူရှူပြီး ဖှေးကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်လိုက်ခြင်းမှာ သူ့အားထူးခြားသည့် ဂုဏ်ကျက်သရေတစ်ခု ရရှိစေရုံသာမက ဇီးနစ်အင်ပါယာ၏ မျက်နှာကိုလည်း ဖြတ်ရိုက်လိုက်ခြင်းပင်။

“ဘုရင်ကို ဘုရားသခင်စောင့်ရှောက်ပါစေ....”

ချမ်းဘော့ဒ်တိုင်းပြည်၏ နောက်ဘုရင်တစ်ပါးမွေးဖွားလာခြင်းကို မြင်နေရင်းဖြင့် ချမ်းဘော့ဒ်မှလူများ ဒူးထောက်လိုက်ကြသည်။ သွေးစွန်းနေသော သရဖူအားဝတ်ဆင်ပြီး အပျက်စီးပုံများအပေါ်တွင် သွေးများတစက်စက်စီးကျနေသည့် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ဖှေးရပ်နေသည်။

ပဲရစ် ဖှေး၏ အရှေ့တွင် ရှုပ်ထွေးသော အမူအယာဖြင့် ရပ်နေသည်။ သူမ အချိန်အနည်းငယ်ကြာ တွေဝေသွားသည်။ ထို့နောက်တွင် ဒဏ်ရာများစွာဖြင့် ဖုံးလွှမ်းနေသည့် နှင်းတောင်၌ပုန်းကွယ်နေသူအား သယ်ဆောင်ပြီး အလွန်ထူးဆန်းသည့် လမ်းကြောင်းတစ်ခုမှ ပြေးထွက်သွားတော့သည်။ ဖှေး ပြေးမလိုက်တော့ပေ။ ပဲရစ် အမဲရောင်ခွေးကြီး၏ လမ်းလျှောက်ပုံကို မှတ်သားပြီး ထောင်ချောက်ကင်းသောနေရာများကို မှတ်သားထားကြောင်း ဖှေးသိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် ပဲရစ်ဤကဲ့သို့ အလွယ်တကူ ထွက်ပြေးလွတ်မြောက်သွားနိုင်ခြင်းဖြစ်သည်။

သို့သော် ပဲရစ်မသိလိုက်ရသည်မှာ ဖှေးသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ထောင်ချောက်တည်နေရာများကို လွယ်ကူစွာပြောင်းလဲနိုင်သည်ကိုပင်။ သို့သော် ဖှေးမလုပ်ခဲ့ချေ။

ပဲရစ်နှင့် နှင်းတောင်၌ပုန်းကွယ်သူတို့ ကိုယ်လွတ်ရုန်းသွားသည်ကိုတွေ့ရသောအခါ ရှနူအီတိုင်းပြည်၊ ချတာတိုင်းပြည် စသည့်တိုင်းပြည်တို့မှ သံတမန်များ ကြောက်လန့်လွန်းသဖြင့် စကားပင်မပြောနိုင်ကြတော့ချေ။ အဝါရောင်ဓားကောက်နှင့် လုပ်ကြံသူနှစ်ယောက်သည်လည်း ပဲရစ်ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်းထွက်​ပြေးမည်ပြင်ဆဲတွက် ဖှေး၏ စကားကြောင့် နေရာတွင် မလှုပ်မယှက်ရပ်တံ့သွားတော့သည်။

“ငါဘုရင် မင်းတို့ကို ထွက်သွားခွင့် ပေးလိုက်လို့လား...”

All Chapters