အခန်း (၁၄၆)
Vol. 10 Ch. 146
ဖှေး၏ စကားလုံးများသည် ထိုမင်းသားများနှင့် သံတမန်များကို မြေပြင်ပေါ်တွင် ဒူးထောက်လျှက်ဖြစ်သွားစေသည်။
ကံကောင်းထောက်မစွာပင် ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်သည် ဓားမုန်တိုင်းတစ်ခုအသွင်သို့ပြောင်းကာ သူတို့ထံသို့ရောက်ရှိမလာသေးပေ။ ဖှေး ဓားနှစ်လက်နှငွ လုပ်ကြံသမားများကို ညွှန်ပြကာပြောလိုက်သည်။ “ငါခုနကပြောသလိုပင် မင်းတို့ရဲ့လက်နက်တွေကိုအသုံးပြုပြီး ကိုယ့်ကိုယ်ကိုကယ်တင်...နိုင်ရင်အသက်ရှင်မယ် ရှုံးရင်သေမယ်...” ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် ရိပ်ကနဲဖြစ်သွားပြီး ချမ်းဘော့ဒ်မှလူများ၏ အရှေ့တွင်ပြန်ပေါ်လာ၏။ လှပသည့် အမျိုးသမီးကိုယ်ရံတော် အယ်လီနာကိုညွှန်ပြလိုက်ပြီး”မင်းတို့ရင်ဆိုင်ရမှာက သူနဲ့ပဲ...”
ဤသည်မှာ ဖှေးအယ်လီနာအတွက် အခွင့်ရေးတစ်ခု ဖန်တီးပေးနေခြင်းဖြစ်သည်။
သူမကိုလည်း ဖှေးသည် ချမ်းဘော့ဒ်နှင့် ပတ်သက်၍အာဏာတစ်စိတ်တပိုင်းချုပ်ကိုင်ခိုင်းမည်ဖြစ်သဖြင့် ယခင်ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဘတ်စ်၊ ဘရွတ်တို့ရှေ့တွင် သူမ၏ စွမ်းရည်ကို ထုတ်ဖော်ပြသစေလိုသောကြောင့် ဖြစ်သည်။ ဤအချက်သည် သူမအား ချမ်းဘော့ဒ်အဖွဲ့စည်းထဲသို့ ဝင်ရောက်ရန်လွယ်ကူသွားစေမည်ဖြစ်ပြီး လူများ၏ အသိမှတ်ပြုမှုများကို ရရှိစေမည်ဖြစ်သည်။
အယ်လီနာ သူမ၏ လေးရှည်နှင့်အတူ ရှေ့သို့ထွက်လာသည်က်ို မြင်ရသည့်အခါတွင် လုပ်ကြံသမားနှစ်ယောက်သည် ဖြေးညင်းစွာအသက်ရှူထုတ်လိုက်ကြသည်။ သူတို့သည် ဘုရင်နှင့် မယှဥ်နိုင်မှန်း သိရှိပြီးဖြစ်သည်။ သို့သော် သူတို့၏ အရှေ့တွင်ရှိသော အမျိုးသမီးမှာထိုမျှ စွမ်းအားကြီးသည့်ပုံမရှိချေ။ သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ပါက အနိုင်ရန်မှာ ခက်ခဲမည်မဟုတ်ပေ။
မကြာမှီအချိန်တွင် တိုက်ပွဲစတင်တော့သည်။
အနည်းငယ်ကြုံးဝါးသံနှင့်အတူ လုပ်ကြံသမားများစတင်လှုပ်ရှားသည်။
ဤလူနှစ်ယောက်မှာ တစ်ယောက်က ညာလက်တွင် ဓားကိုင်ထားပြီး တစ်ယောက်သည် ဘယ်လက်တွင် ဓားကိုင်ဆောင်ထားကြသည်။ အဝတ်စားကိုလည်း တူညီစွာပင် ဝတ်ဆင်ထားကြ၏။ တစ်ယောက်သည် ဘယ်ဘက်၊ တစ်ယောက်သည် ညာဘက်မှနေ၍ အယ်လီနာထံသို့ ဦးတည်လာသည်။
“ဖျောင်း ဖျောင်း ဖျောင်း...”
လူတိုင်း အယ်လီနာအတွက် စိုးရိမ်နေစဥ်မှာပင် လေးကြိုးသံများထွက်ပေါ်လာပြီး အပြာရောင်ရေခဲမြှား လေးချောင်းမှာလေထုထဲတွင် ပျံသန်းသွားသည်။ အယ်လီနာ မည်သည့်အချိန်ကမြှားများ ထုတ်ယူလိုက်သည်ကို မည်သူမျှမသိလိုက်ကြချေ။ ထိုမြှားချောင်းများသည် အယ်လီနာ၏ လှပသောလက်များ လေးကြိုးပေါ်သို့ရောက်သည့်အချိန်တွက် မှော်ဆန်ဆန်ပေါ်လာသကဲ့သ်ို့ပင်။
ရေခဲမြှားများမှာ လေထုထဲတွင် အအေးလမ်းကြောင်းတစ်ခုချန်ထားတော့မည်သကဲ့သို့ပင် အအေးဓာတ်ကို သယ်ဆောင်လာကြသည်။
ထိုမြှားများ၏အမြန်နှုန်းကို မည်သူမျှ ဖော်ပြနိုင်ခြင်းမရှိပေ။ ထိုလုပ်ကြံသမားနှစ်ယောက်မှာ မြှားများကို ထိပ်တိုက်ရင်ဆိုင်လိုက်ရုံမှတစ်ပါးရွေးချယ်စရာမရှိတော့ပေ။
“ဖျောက် ဖျောက်”
ရေခဲ ကွဲအက်သံနှင့်အတူ လုပ်ကြံသူနှစ်ယောက်မှာ အနောက်သို့အနည်းငယ် ဆုတ်သွားသည်။
ပါးလွှာသော အပြောရောင်ရေခဲလွှာများမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် စတင်ပျံ့နှံ့လာ၏။သူတို့၏ လှုပ်ရှားမှုများသည်လည်း ချက်ချင်းပင် စတင်နှေးကွေးလာကြသည်။
ဤသည်မှာ ရေခဲမြှားများအစွမ်းပင်။
ဤလှပသည့်အမျိုးသမီးမှာ မြှားပစ်ဤမျှ မြန်ဆန်လိမ့်မည်ဟု မည်သူမှထင်မထားခဲ့ကြချေ။ အညှာတာကင်းမဲ့စွာဖြင့် ပထမတိုက်ချက်ဖြင့်ပင် အသာစီးယူထားပြီးဖြစ်သည်။
လုပ်ကြံသူများ၏ သစ်သားဂုဏ်သတ္တ်အတွင်းအားများသည် ခန္ဓာကိုယ်ပေါ်ရှိ ရေခဲလွှာများကို ချက်ချင်းပင် အရည်ပျော် ပျက်စီးစေလိုက်သည်။
သို့သော် သူတို့၏ အေးစက်တောင့်တင်းနေသော ခန္ဓာကိုယ်များမှာ သူတို့အား ဒုက္ခပေးနေဆဲပင်။
သူတို့နှစ်ယောက်လုံးသည် ကြယ်လေးလုံးအဆင့်သို့ ရောက်ခါစလူများဖြစ်ကြသည်။ သူတို့တသ်ယောက်ခြင်းစီအစွမ်းကပင် အယ်လီနာထက်ပိုပြီး အစွမ်းထက်၏။ သို့သော် သူတ်ု့နှစ်ယောက်လုံး ဖှေးကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး စွမ်းအားများမှာ များစွာလျှော့နည်းနေသည်။ ဖှေး ဤအချက်ကြောင့်လည်း အယ်လီနာနှင့် တိုက်ခိုက်စေခြင်းဖြစ်သည်။
ပထမအကွက်တစ်ခုတည်းဖြင့်ပင် လုပ်ကြံသမားနှစ်ယောက်မှာ ခံစစ်အနေထားသို့ရောက်ရှိသွားကြသည်။
အယ်လီနာသည် ထိုနှစ်ယောက်အား အနားသို့ကပ်လာရန်အတွက် အခွင့်ရေးလုံးဝမပေးချေ။ လေကြိုးသံများ ဆက်လက်မြည်ဟည်းလျှက်ရှိပြီး “ဝှစ် ဝှစ် ဝှစ် ဝှစ်...”ရေကဲမြှားများမှာ ကောင်းကင်ပေါ်မှနေ၍ ထိုလုပ်ကြံသူနှစ်ယောက်အပေါ်သို့ မိုးရွာသကဲ့သို့ပင်ရွာကျလျှက်ရှိ၏။ ဒိုင်ယာဘလိုကမ္ဘာတွင် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို တိုက်ခိုက်နေကြဖြစ်သည့် အယ်လီနာအတွက် သူမ၏ တိုက်ပွဲအတွေ့ကြုံနှင့် ပါးနပ်မှုတ်ို့မှာ ထိုလုပ်ကြံသူနှစ်ယောက်ထက် များစွာ သာလွန်နေသည်။
ထိုအခိုက်တန့်တွင် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်တစ်ခုလုံး အအေးဓာတ်များဖြင့် ပြည့်နှက်နေ၏။ မြေပြင်ပေါ်တွင် စီးကျနေသော သွေးများမှာ အေးခဲကုန်ပြီး အလောင်းများမှာ ရေခဲလွှာများ ဖုန်းလွှမ်းကုန်ကြသည်။ အတွင်းအားအတင့်နှိမ့်သူများမှာ ရေခဲကိုက်ရာများ ရရှိလုနီးနီးပင်။ ထိုအချိန်တွင် ဖှေးသည် အန်ဂျယ်လာ၊ အန်မာ နှငွ ဘတ်စ်တို့အရှေ့တွင်ရပ်ကာ မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မှော်စွမ်းအင်ဖြင့် သူတို့အနားပတ်ဝန်းကျင်ရှိလေထုအား နွေးထွေးအောင်ပြုလုပ်ပေးထားသည်။
ဤတိုက်ပွဲအား ကြည့်ရှုနေကြသည့်လူများမှာ အသက်ရှူရန်ပင် မေ့လျှော့နေကြသည်။
သုံးမိနစ်ခန့်အကြာတွင် ကောင်းကင်အားဖုံးလွှမ်းနေသည့် ရေခဲမြှားမိုးများမှာ ရပ်တံ့သွားပြီဖြစ်သည်။
လုပ်ကြံသမားနှစ်ယောက်မှာ မြှားတစ်ချက်မှမထိမှန်သွားခဲ့ချေ။
သို့သော် သူတ်ို့နှစ်ယောက်လုံးရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
အပြာရောင် ရေခဲလွှာများမှာ သူတို့ခန္ဓာကိုယ်အား လုံးဝဖုံးလွှမ်းသွားကြသောကြောင့်ပင်။ ထိုနှစ်ယောက်မှာ ရေခဲမြှားများ၏ အစွမ်းကြောင့် တိုက်ရိုက်အေးခဲသွားပြီဖြစ်သည်။ ရေခဲတုံးကြီးများအတွင်းမှ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကဲ့သို့ပင် ဖြစ်သွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှ အောက်ပိုင်းအထိ အနည်းဆုံး ၅၀စင်တီမီတာခန့်ရှည်လျားသော ရေခဲလွှာဖြင့်ဖုံးလွှမ်းသွားကြ၏။ သူတို့၏ အသက်ရှူသံများရပ်တံ့သွားသည်မှာလည်း ကြာပြီဖြစ်သည်။
“ဝှစ် ဝှစ်”
အယ်လီနာ နောက်ဆုံးမြှားနှစ်စင်းကို ပစ်လွှတ်လိုက်သည်။ ထိုမြှားများမှာ ရေခဲမှော်မြှားများမဟုတ်တော့ပေ။
သာမန် မြှားများသာဖြစ်သည်။
အထဲတွင် လုပ်ကြံသူနှစ်ယောက်ပါဝင်သည့်ရေခဲတုံးကြီးမှာ အယ်လီနာ၏မြှားချက်ကြောင့် အစိတ်အစိတ်အမွာမွာကွဲအက်သွားတော့သည်။ လုပ်ကြံသူနှစ်ယောက်ဥ ခန္ဓာကိုယ်များမှာ အအေးဒဏ်ကြောင့် ကြွပ်ဆက်နေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ရေခဲတုံးနှင့် အစိတ်စိတ်အမွာမွာ ကွဲအက်သွားတော့သည်။
ဤအချိန်ရောက်သည်အထိ အယ်လီနာသည် ခြေတစ်လှမ်းမှ မရွေ့ရသေးပေ။ ထိုနေရာ၌ပင် ရပ်နေကာ ကြယ်လေးလုံးအဆင့်သို့ရောက်ခါစ စစ်သည်နှစ်ဦးအား သတ်ဖြတ်လိုက်သည်ကိုဘရပ်ကြည့်နေသူများ ကြောက်မက်ဖွယ်မြင်တွေ့လိုက်ရသည်။
ကြောက်မက်ဖွယ် စည်းချက်ထိန်းချုပ်နိုင်မှုနှင့် တိုက်ပွဲအတွေ့ကြုံပင်။
သူတို့၏ စွမ်းအင်များအသုံးပြုပြီး အသဲသန်ပြန်လည်ကုသရန်ကြိုးစားနေသည့် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်နှင့်ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေး ဇီယျန်တို့ပင် ပါးစပ်အဟောင်းသားဖြစ်သွား၏။
အယ်လီနာ သူမ၏ လေးရှည်ကိုသိမ်းပြီး ဖှေး၏ ဘေးနားသို့ ပြန်သွားသည့်အခါမှသာ လူအများစိတ်နှင့် လူနှင့် ပြန်ကပ်မိလိုက်ကြသည်။
နောက်ထပ် ကျွမ်းကျင်သူတစ်ယောက်ပဲ....
ချမ်းဘော့ဒ်တိုင်းပြည်မှာ အဲ့လိုဆရာတစ်ယောကိရှိနေသေးတာလား...
သူမက ဘယ်ကလာတာလဲ....
အယ်လီနာအား မမြင်တွေ့ဖူးသေးသည့် ချမ်းဘော့ဒ်မှလူများပင် ဤမျှလှပပြီး အစွမ်းထက်သည့် မှော်လေးသည်တော်ကို တွေ့ရသည့်အတွက် အံ့သြနေကြသည်။ ထောင်မှူး အိုလတ်ဂ်တစ်ယောက်သာ အယ်လီနာအကြောင်းအနည်းငယ်မျှသိသူဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူလည်းပဲ ပါးစပ်အဟောင်းသားဖြစ်နေ၏။ စိတ်ထဲတွင်လည်း ဤအမျိုးသမီးကို လေးလေးစားစားဆက်ခဲ့လို့ တော်ပါသေးတယ်ဟု တွေးမိနေ၏။ သူမသည် မျက်တောင်မခက်ပဲပင် သတ်ဖြတ်နိုင်သည့် ကျွမ်းကျင်သူအစစ်မှန်တစ်ယောက်ဖြစ်သည်။ ကြယ်လေးလုံးအဆင့် ကျွမ်းကျင်သူနှစ်ယောက်မှာ တခဏအတွင်းမှာပင် အစိတ်စိတ်အမွာမွာ ဖြစ်ကုန်ကြ၏။
စွမ်းအားအမြင့်ဆုံးဖြစ်သည့် လုပ်ကြံသမားနှစ်ယောက်သေဆုံးသွားသောအခါတွင် ပဲရစ်ဘက်မှ ကျန်ရှိနေသူများမှာအလွန်ထိတ်လန့်လာကြတော့သည်။
တစ်ချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အသနားခံကြတော့၏။
“ရဲရင့်တဲ့လူတွေပဲ တောင်ပေါ်ကနေ အသက်ရှင်လျှက်ဆင်းသွားနိုင်မယ်...မင်းတို့ကောင်တွေ ငါ့ရဲ့နန်းတက်ပွဲကို ဖျက်ဆီးရဲသေးတာပဲ...အဲ့တုန်းက သတ္တိတွေဘယ်ရောက်ကုန်ပြီလဲကွ...ဒီနေ့ငါမင်းတို့ကိုအခွင့်ရေးတစ်ခုပေးထားတာ လွန်ခဲ့တဲ့တစ်နာရီလောက်က သတ္တိတွေပြန်သွင်းလိုက်...မင်းတို့တွေဘယ်သူနေနေ တစ်ပွဲအနိုင်တိုက်နိုင်မယ်ဆိုရင် ထွက်သွားခွင့်ပြုမယ်...ဒါပဲ...”
မှေး စကားအဆုံးတွင် ရာထူးအသစ်ပေးထားသည့် ရွှေရောင်တောရပ်စ်သူရဲကောင်း ဒရော့ဂ်ဘာမှာ နေရာမှထလာပြီး ရပ်လိုက်သည်။
“ကျွန်တော် ကျွန်တော့ကိုအရင်ကြိုးစားခွင့်ပေးပါ...”
သူတို့ရင်ဆိုင်ရမည့်လူမှာ ကြယ်ငါးလုံးအဆင့်စစ်သည်ကိုတစ်ချက်ထဲရှင်းပစ်လိုက်သည့် ဖှေးလဲမဟုတ်။ အစွမ်းထက်သည့် အမျိုးသမီးသမီးမှော်လေးသည်တော်လည်း မဟုတ်တော့သည်ကိုတွေ့ရသောအခါ ကြယ်တစ်လူံးအဆင့်စစ်သည်တစ်ယောက်သည် သူများထက်ဦးအောင် အရင်ပြေးထွက်လာခဲ့သည်။ အစွမ်းအနည်းငယ်ရှိသူတိုင်းသည် ယခုကြိမ်ချမ်းဘော့ဒ်မှလူမှာ ဗလတောင့်ပြီး လူကောင်ကြီးသော်လည်း သူ့ထံတွင်အတွင်းအားလုံးဝမရှိသည့် သာမန်လူတစ်ယောက်သာဖြစ်ကြောင်း ခံစားမိသည်။
လူအများပြား အသက်ရှင်ရန်အခွင့်ရေးကို မြင်လိုက်ကြသည်။ သို့သော် ဤလူမှာ ရှေ့သို့အမြန်ပြေးလာပြီး အခွင့်ရေးအား ဦးအောင်ယူလိုက်သည်။
“ချွင်..”
စစ်သည်မှာ သူ၏ ခါးမှ လွယ်ထားသည့် ဓားရှည်အားဆွဲထုတ်လိုက်သည်။ အားနည်းသည့်လူနှင့်ရင်ဆိုင်နေကြသော်လည်း လျှော့မတွက်ရဲချေ။
ကျန်လူများသည် သူ့အား အားကျသည့်မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။ သို့သော်မကြာမှီတွင် အားမကျနိုင်ကြတော့ချေ။
နက်ရှိုင်းစွာ ထိတ်လန့်ခြင်းအဖြစ်သို့ ပြောင်းသွားကြသည်။
လူသန်ကြီး၏ ပုခုံးအတွင်းသို့ ဓားထိုးစိုက်လိုက်အပြီးတွင် ထိုစစ်သည်မှာ ပြုံးလိုက်သည်က်ိုတွေ့ရသည်။ သို့သော် ဆံပင်အရှည်နှင့် လူသန်ကြီး ဒရော့ဂ်ဘာမှာ နာကြင်ဟန်မရှိချေ။ မည်ကဲ့သို့မျှ မခံစားရဟန်ဖြင့် စစ်သည်ဦးခေါင်းအား ဖရဲသီးတစ်လုံးကဲ့သို့ ထိုးကာ ခြေမွပစ်လိုက်သည်။ လူတိုင်း၏ ကြောများစိမ့်အေးသွားသည်။ ထိုလူသန်ကြီးသည်လည်း ဘုရင်ကဲ့သို့ပင် ပုခုံးအားဓားစိုက်ဝင်သွားသည့်တိုင်အောင် မျက်နှာအမူယာလုံးဝ ပျက်မသွားချေ။ ကြယ်တစ်လုံးစစ်သည်၏ အသက်အား လက်ဗလာဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။
သူက လူသားရော ဟုတ်သေးရဲ့လား....
ချမ်းဘော့ဒ်က လူတွေအကုန်လုံးက သေရမှာမကြောက်တဲ့လူတွေများလား...