အခန်း (၁၄၇)
Vol. 10 Ch. 147
လူတိုင်း သူတို့၏သွားများရိုက်ခတ်နေသံကိုပင် ကြားနေရသည်။
“ဖုန်း...”
ဒရော့ဂ်ဘာ သူ၏ ပုခုံးပေါ်တွင် စိုက်ဝင်နေသော ဓားရှည်အားဆွဲနုတ်ကာမြေပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက်တွင် ဒဏ်ရာအား လက်သီးဖြင့် နှစ်ချက်သုံးချက်ခန့် ပုတ်လိုက်ရာသွေးများပန်းထွက်လာသည်။ ပြုံးရယ်ကာ စိတ်လှုပ်ရှားလာသည့် အမူအရာတစ်ခု သူ၏ မျက်နှာပေါ်တွင်ပေါ်လာ၏။ နာကြင်မှုကို မခံစားကသောဟန်ဖြင့် သူအော်လိုက်သည်။ “နောက်ထပ်ဘယ်ကောင်လာဦးမလဲကွ ထွက်ခဲ့စမ်း..ဟားဟားဟား...”
သူ၏ အရှေ့တွက်ရှိသော လူများမှာ ကြောက်လန့်ပြီး ဒူးများပင် ခွေယိုင်လာကြသည်။
“မင်း...အေး မင်းထွက်ခဲ့စမ်...” ဒရော့ဂ်ဘာ ရှန်ဟွာတိုင်းပြည်မှ ဗလတောင့်တောင့်နှင့် အစောင့်တစ်ယောက်အား လက်ညိုးထိုးလိုက်သည်။
ထိုအစောင့်မှာ တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ထွက်လာ၏။ ကြောက်လွန်းသဖြင့် ရူးသွားခြင်းလားမသိ ရုတ်တရက်အော်ဟစ်ပြီး သူ၏ဓားကိုဝှေ့ရမ်းကာ ဒဏ်ရာရသားရဲတစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။
“ဖုန်း...”
လက်သီးတစ်ချက်ထဲပင် ဤတစ်ကြိမ်တွင်မူ အစောင့်၏ ဓားမှာ ဒရော့ဂ်ဘာဘာထံသို့ပင်မရောက်လိုက်ချေ။ ဒရော့ဂ်ဘာသည် အတိမ်းအရှောင် မကျွမ်းချင်ဟန်ဆောင်နေပြီး ရုတ်တရက်အနားရောက်သည့်အချိန်မှ ရှောင်လိုက်ပြီး အစောင့်၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးကာ ခြေမွလိုက်ခြင်းဖြစ်သည်။
ဤအစောင့်သည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကြောက်လန့်လွန်းအားကြီးနေသဖြင့် ကောင်းမွန်စွာမတိုက်ခိုက်နိုင်တော့ပေ။ ထို့အပြင် ဒရော့ဂ်ဘာသည် ဟော့ခ်ဆေးပုလင်း သောက်သုံးထားသဖြင့် သူ၏ခန္ဓာကိုယ်အရွယ်စားနှင့် ခွန်အားတို့မှာ သာမန်လူများ ထင်ထားသည်ထက်ပင် ပို၍ကြီးမားနေသည်။ ထို့အပြင် သူသည်ဉာဏ်အလွန်များသည့် လူတစ်ယောက်လဲ ဖြစ်သည်။
ဒရော့ဂ်ဘာ၏ လက်တွင် ပေကျံနေသည့် အနီရောင်သွေးများနှင့် အဖြူရောင်ဦးနှောက်စများသည် မြင်ရသူတိုင်း၏ ကျောကိုစိမ့်အေးစေသည်။
အလွန်ရက်စက် ကြမ်းကြုတ်လှသည်။
ဖှေး တစ်ယောက်ပင် အနည်းငယ်စိုးရိမ်လာ၏။ “ဒီဒရော့ဂ်ဘာဆိုတဲ့ လူက လူတွေရဲ့ ဦးခေါင်းခွံတွေ ခြေမွရတာအတော်ဝါသနာပါတဲ့ပုံပဲ...ဒါကတော့ ရူးသွပ်လွန်းပါတယ်...ဒီကောင့်ကိုနည်းနည်းတော့ ပြောင်းလဲပေးဦးမှပါ....မဟုတ်ဘူးဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ခင်မင်ရင်းနီးတဲ့ပုံရိပ်ကို ထိခိုက်နေဦးမယ်...”
ဖှေး တွေးလိုက်မိသည်။
“ဟို မြေန်ိုး မင်းထွက်ခဲ့စမ်း...” ဒရော့ဂ်ဘာ လက်ငြိုးထိုးလိုက်သည်။
ဤလက်ငြိုးထိုးခေါ်ခြင်းခံလိုက်ရသည့် ကံဆိုးသူမှာ ကြောက်လန့်လွန်းသဖြင့် ပျော့ခွေကာ သတိလစ်မေ့မျောသွားတော့သည်။
၆မိနစ်ခန့်အကြာတွင် စစ်သည်၅ယောက်ခန့် သူတို့၏ ဦးခေါင်းခွံများခြေမွခြင်းခံလိုက်ရသည်။ ဦးခေါင်းကင်းမဲ့နေသော အလောင်းများမှာ ဒရော့ဂ်ဘာ၏ ဘေးပတ်လည်တွင် လဲလျောင်းနေကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာအပေါက်သုံးခုရှိနေပြီး သွေးများစီးကျနေဆဲပင်။သို့သော် ထိုဒဏ်ရာများမှာ သေစေနိုင်သော ဒဏ်ရာများမဟုတ်သလို ဒရော့ဂ်ဘာ၏ မျက်နှာတွင်လည်း နာကျင်ဟန်လုံးဝမရှိချေ။
ဖှေး ဒရော့ဂ်ဘာအစွမ်းပြသည်မှာ လုံလောက်သွားပြီဟု မြင်မိသဖြင့်လက်ပြကာ ဒရော့ဂ်ဘာအား ပြန်ခေါ်လိုက်သည်။
ဒရော့ဂ်ဘာ၏ နေရာတွင် ရောက်လာသော နောက်တစ်ယောက်မှာ ရွှေရောင်ကပ်ပရီကွန်းသူရဲကောင်း ပီးရာ့စ်ပင်။
လူများ၏ ဦးခေါင်းခွံကိုခြေမွရန်နှစ်သက်သည့် ဒရော့ဂ်ဘာထွက်သွားပြီးနောက်တွင် ချမ်းဘော့ဒ်မှ နောက်ထပိတိုက်ခိုက်မည့်လူမှာ သာမန်လူတစ်ယောက်သာဖြစ်မည်ဟု လူများတွေးလိုက်မိကြသည်။ သို့သော် ဆယ်မိနစ်ခန့်အကြာတွင် ပီးရာ့စ်၏ ဘေးမှ နုတ်နုတ်စင်းထားသော ခန္ဓာကိုယ်အပိုင်းစများကို တွေ့ရသောအခါ လူများစိတ်ဓာတ်ကျကုန်ကြတော့သည်။
ဤဆံပင်အဖြူရောင်နှင့် လူမှာပို၍ပင် ရူးသွပ်နေ၏။
ရန်သူသည် မည်သူပင်ဖြစ်စေကာမူ သူသည် “ဘုရင်အလတ်ဇန္ဒား ကျန်းမာပါစေ...အက်စ်ကာလီဘားးးးး” ဟုကြုံးဝါးကာ ပြေးဝင်သွားမည်ဖြစ်သည်။ ထို့နောက်တွင် ရန်သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းဖြတ်ခြင်းခံရပြီး ထူးဆန်းစွာပင် နုတ်နုတ်စင်းထားသောအသားစများအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤဆံပင်အဖြူရောင်လူသည် ဓားသွားအားတစ်ခုအား ထုတ်လွတ်နိုင်ပုံရသညိ။ ချပ်ဝတ်များ ဒိုင်းများ၊ ဓားများဖြင့် တားဆီး၍မရပေ။ မြေပေါ်တွင် နုတ်နုတ်စင်းအသားစများနှင့် ကျိုးပဲ့နေသောလက်နက်များကိုမြင်သောအခါ ရန်သူများ ငိုချင်စိတ်ပင် ပေါက်လာတော့၏။
ဦးခေါင်းခွံများ ခြေမွရန်နှစ်သက်သည့် လူတစ်ယောက်ထွက်သွားပြီးနောက်တွင် လူ့ခန္ဓာကိုယ်များအား နုတ်နုတ်စင်းပစ်ရန် ဝါသနာထုံသည့် လူတစ်ယောက်ထက်မံရောက်ရှိလာခဲ့သည်။
ချမ်းဘော့ဒ်က လူတွေအကုန် ရူးသွပ်နေကြတာလား။
ရန်သူတိုင်းပြည်များမှ မင်းသားများသည် တစ်ယောက်နှင့်တစ်ယောက်ဖက်ခါ တုန်ယဥ်လျှက်ငိုကြွေးနေကြသည်။
တိုက်ပွဲမြေပြင်သို့ ထက်မံဝင်ရောက်လာသူမှာ ဘရွတ်ပင်။
သူသည် အနည်းဆုံးအနည်းငယ်ခန့် ပုံမှန်ဖြစ်သည်ဟုပြောရမည်။ သို့သော် ဘရွတ်မှာ ဟော့ခ်ဆေးပုလင်းသောက်သုံးရာမှရရှိသည့် စွမ်းအားတိုးမြှင့်မှုမှာ ကြီးမားလှသည်။ ကြယ်တစ်လုံး၊ နှစ်လုံးအဆင့် စစ်သည်များသည် သူ့အားလုံးဝယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။ ရန်သူငါးယောက်အား အနိုင်ယူတိုက်ခိုက်ပြီးနောက်တွင် သူ၏ တာဝန်မှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သည်။
ဖှေး သူ၏လူများ တိုက်ပွဲအတွေ့ကြုံရရှိစေရန်အတွက် အခွင့်ရေးပေးနေခြင်းဖြစ်သည်။ တစ်ယောက်ခြင်းတိုက်ပွဲများတွင် အတွေ့ကြုံရစေကာ လာမည့် ဇီးနစ်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကိုမင်းသမီးနှင့် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်တို့အရှေ့တွင်လည်း ဖော်ထုတ်ပြသလို၍ဖြစ်သည်။
ရှင်းလင်းစွာပင် ဖှေး၏ ရည်မှန်းချက်မှာ အောင်မြင်ခဲ့သည်။
ပဲရစ်ဘက်မှလူများတစ်ယောက်ပြီးတစ်ယောက် ချမ်းဘော့ဒ်စစ်သည်များလက်ချက်ဖြင့် ကျဆုံးသွားကြသည်ကို ကြည့်နေကြရင်းဖြင့် မင်းသမီး၊မင်းသားအာရှဗင်နှင့် တခြားလူများ၏ မျက်လုံးထဲတွင် ဒေါသမှ ထိတ်လန့်အံ့သြခြင်းနှင့် နက်နဲစွာစဥ်းစားခြင်းသို့ပြောင်းလဲသွားသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားမှာ သူတို့မျှော်မှန်းထားသည်ထက် လွန်ကဲစွာသာလွန်နေသည်။ သူတို့မမြင်နိုင်သည့် လျို့ဝှက်ဆန်းပြားသည့်အကြောင်းအရာများလည်း နောက်ကွယ်မှပါဝင်ပတ်သက်နေကြောင်း ရိပ်မိနေသည်။ ဤအခိုက်တံ့တွင် ပဲရစ်အားထွက်သွားခွင့်ပေးလိုက်သည့်အတွက် ဖှေးအားအမြင်မကြည်ဖြစ်နေသော မင်းသားအာရှဗင်ပင်လျှင် ဒေါသကိုဘေးချိတ်ကာ ဤတိုင်းပြည်နှင့် အနာဂတ်ဆက်ဆံရေးအတွက် အလေးနက်စဥ်းစားကြည့်နေတော့သည်။
နောက်ဆုံးတွင် တောင်ထိပ်ကျန်ရှိနေသည့်ရန်သူများမှာ တိုင်းပြည်အနည်းငယ်မှ မင်းသားများသာ ကျန်ရှိကြတော့သည်။
ဤမင်းသားများတွင် အစွမ်းတစ်ချို့ရှိသော်လည်း ရွှေဘုံပေါ်တွင်သာ နေထိုင်လာကြသူများဖြစ်သဖြင့် ဤကဲ့သို့မြင်ကွင်းများဖြင့် အသားမကျသေးပေ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ တုန်ခါလျှက် မိခင်အား တန်းတငိုကြွေးနေကြသည်။
သို့သော် ဖှေးဤတစ်ကြိမ်တွင် ထက်မံ၍အကွက်စမ်းတစ်ခုကိုပြသလိုက်သည်။ အတွင်းအားနှင့် မှော်အစွမ်းလုံးဝပင်မရှိသော သူ၏ ယောက္ခမလောင်းကြီး ဘတ်စ်အားစေလွှတ်လိုက်ခြင်းပင်။
“ဒီ အားနည်းတဲ့ပုံပေါက်နေတဲ့ လူဖြောင့်အဖိုးကြီးကလဲ မဟုတ်မှလွဲရော ဆရာတစ်ပါးပဲလား....”
ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်သည် ဘတ်စ်ထံမှ စွမ်းအားအနည်းငယ်ကိုမျှ မခံစားရချေ။ ဤအဖိုးကြီးသည် သူ၏ကြယ်၆လုံးအဆင့်ဖြင့်ပင် မမြင်နိုင်လောက်သည့် စွမ်းအားအဆင့်တစ်ခုသို့ပင် ရောက်ရှိနေပြီလားဟုပင် အာရှဗင်တွေးလိုက်မိသည်။ ထို့ကြောင့် သူ၏မျက်နှာမှာ တင်းမာလာတော့သည်။
သို့သော်...
“အဟမြး အဟမြး အဟမြး”
အဖိုးကြီးဘတ်စ် လည်ချောင်းရှင်းပြီး စာရင်းစာအုပ်တစ်ခုကို ထုတ်ယူကာ မနှေးလွန်းမမြန်လွန်းသော အသံဖြင့်ပြောလိုက်သည်။ “ဟုတ်ပြီလေ...ငါ့ရဲ့ဂရုတစိုက်တွက်ချက်မှုတွေအရဆိုရင် မင်းတို့ဘုရင့်နန်းတက်ပွဲကို ဖျက်ဆီးခဲ့တဲ့အချိန်၊ ချမ်းဘော့ဒ်ရဲ့ပိုင်ဆိုင်မှုတွေပျက်စီးသွားတာရယ်...အဲ့တာတွေကြောင့် အပျက်စီးတန်ဖိုးက ရွှေဒင်္ဂါး၂၃၀၀၀၀လောက်ကျမယ်..အရှင်မင်းကြီးက ပြိုင်ဘက်ကင်းလောက်အောင် ကြင်နာသနားတတ်တဲ့အတွက် မင်းတို့တွေ အဲ့၂ဆ လျှော်ကြေးငွေပြန်ပေးမယ်ဆိုရင် အသက်ရှင်လျှက် ထွက်သွားခွင့်ပေးမယ်တဲ့...”
စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသည့် အာရှဗင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
ဆရာတစ်ပါးပင်။
သို့သော် စျေးဆစ်ညှိနှိုင်းသည့် ဆရာတစ်ပါး။
သို့သော် ထိုစကားလုံးများသည် ကြောက်လန့်တုန်ခါသော မင်းသားများအတွက် ကောင်းကင်ဘုံမှ အသံကဲ့သို့ပင်။ သူတို့၏ မျက်လုံးများထဲတွင် ဤအဖိုးကြီးသည် ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်မင်းကြီးတစ်ပါးကဲ့သို့ပင်။ ဒူးထောက်ခါ ခြေသလုံးပြေးဖက်ချင်စိတ်ပင် ပေါက်နေကြ၏။
“ပေးပါ့မယ်...ကျွန်တော်တို့ပေးပါ့မယ်....ဘုရင်အလတ်ဇန္ဒားက ဉာဏ်ပညာကြီးမားသလို ကြင်နာသနားတတ်ပြီး ရက်ရောပါပေတယ်....”
မင်းသားများအတွက် ဘတ်စ်၏စကားလုံးများမှာ ချမ်းအေးသည့်ဆောင်းရာသီတွင် ထင်းချောင်းများပစ်သေးလိုက်သကဲ့သို့ပင်။ အသက်ရှင်ခွင့်ရမည်ဆိုပါက ဘယ်လောက်ပေးရပေးရ ဂရုစိုက်တော့မည်မဟုတ်ပေ။ တောင်းသည့်ငွေကြေးပမာဏမှာ အနည်းငယ်တော့ များပြားလွန်းလှသည်။
မင်းသားများ ဘတ်စ်နှင့် သဘောတူညီချက်စာချုပ်များအလုအယက်ချုပ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချမ်းဘော့ဒ်တိုင်းပြည်သည် ရွှေဒင်္ဂါး၈၀၀၀၀၀ခန့်ပိုင်ဆ်ိုင်လိုက်ရပြီး ဘဏ္ဍာတွေအမြောက်အမြားရရှိလိုက်သည်။
ယခင်က လူများသည်ဤဘုရင်၏ ရက်စက်သည့်စိတ်အား ခန့်မှန်းမိပြီးဖြစ်ရာ ထိုမင်းသားများသည် ရက်ရက်စက်စက်အသက်ခံရတော့မည်ဟုပင် မုချတွက်ထားကြ၏။ သို့သော် ဖှေးမှာဤနည်းလမ်းအား အသုံးပြုပြီး အရာအားလုံးအားဖြေရှင်းလိုက်သည်။ [ဉာဏ်ပညာနတ်ဘုရားမ] မင်းသမီးတာနာရှာပင် သေချာစဥ်းစားကြည့်ရင်း သူမ၏ မျက်လုံးများ အရောင်လတ်လာသည်။ ဤကောင်းမွန်လှသော အကြံစည်အား သူမစိတ်ထဲကပင် လက်ခုပ်တီးအားပေးမိသွားသည်။ ဖှေး ရွှေ့လိုက်သည့်အကွက်မှာ တိုင်းပြည်အချင်းချင်းဖြစ်ပွားလာနိုင်သည့် အမုန်းတရားများကို ရှောင်ရှားလိုက်နိုင်ရုံသာမက ချမ်းဘော့ဒ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ပွဲလျှော်ကြေးအဖြစ် ဘဏ္ဍာငွေအမြောက်အမြားကိုလဲရရှ်ိလိုက်သည်...ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။
သူမ အလတ်ဇန္ဒားအမည်ရှိသည့် ဘုရင်ငယ်အားလျှော်မတွက်သင့်ကြောင်း တွေးလိုက်မိသည်။
မကြာမှီတွင် ချမ်းဘော့ဒ်စစ်သည်များရောက်လာပြီး ထိုမင်းသားများအား သူခိုးဂျပိုးများကဲ့သို့ ခေါ်သွားကြသည်။ ထောင်မှူးအိုလတ်ဂ်သည် သူတို့အား မြို့အတွင်းရှိ အမဲရောင်အိမ်ငယ်လေး အကျဥ်းထောင်သို့ ခေါ်သွားမည်ဖြစ်သည်။ သူတို့၏ သက်ဆိုင်ရာတိုင်းပြည်များမှ လျှော်ကြေးငွေ မပေးပို့မခြင်း ဓားစာခံအနေဖြင့် ဖမ်းချုပ်ထားမည်ဖြစ်သည်။
[ရေးပြီးသားအပိုင်းကြီး မှားဖြတ်လိုက်မိလို့ ဒီနေ့တစ်ပိုင်းပဲတင်ချိန်ရတော့တယ်😥]