← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

နေထွက်သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သောကြောင့် အပူချိန်မှာနွေးထွေးစပြုလာပြီဖြစ်သည်။

အရှေ့ဘက်တောင်ထိပ်တွင် ချမ်းဘော့ဒ်ဘက်မှလူများနှင့် မင်းသမီးတို့အဖွဲ့သာ ကျန်ရှိတော့သည်။

မင်းသမီး၏ ကျွမ်းကျင်စစ်သည်၂၀၀ခန့်မှာ ယခုအချိန်တွင် ၂၀ခန့်သာ ကျန်ရှိတော့သည်။ သူရဲကောင်း ကပ္ပတိန်ရိုမန်နှင့် အမျိုးသမီးစစ်သည်ဆူဇန်တို့မှာ ဒဏ်ရာရရှိထားကြသည်။ ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေး ဇီယျန်နှင့် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်တို့မှာ ပို၍ပြင်းထန်သော ဒဏ်ရာများရရှိထားသောကြောင့် နေရာ၍ပင်ထိုင်ကာ အတွင်းအားများအသုံးပြုပြီး မိမိကိုယ်မိမိ ကုသရန်ကြိုးစားနေကြသည်။

ဤသည်မှာ အောင်ပွဲအချိန်ဖြစ်ပြီး တစ်ချို့စစ်သည်များမှာ အောင်ပွဲခံရန်ပင်အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သို့သော် လေထုမှာ ထင်ထားသကဲ့သို့ ရွှင်ရွှင်ပြပြမဖြစ်ချေ။

မင်းသမီးမှာ ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှမပြောချေ။

ဖှေး ထိုနေရာ၌ပင်ရပ်ပြီး မင်းသမီးနှင့် အာရှဗင်တို့ကို တိတ်ဆိတ်စွာကြည့်နေသည်။ သူ၏မျက်လုံးများမှာ ပဲရစ်နှင့် ရန်သူများကို ကြည့်စဥ်ကထက်ပင် ပို၍အေးစက်နေသည်။

မင်းသမီးနှင့် အာရှဗင်တို့ကဲ့သို့သော ဉာဏ်ပညာရှိသူများသည် ဤဘုရင်ငယ်အဘယ်ကြောင့် ဒေါသဖြစ်နေသည်ကို သိရှိ၏။

အရှေ့ဘက်တောင်ထိပ်တွင် အပျက်စီးများဖြင့်ပြည့်နှက်နေပြီး ချမ်းဘော့ဒ်မြို့အတွင်းတွင်လည်း အဆောက်ဦးတချို့မီးလောင်ကျွမ်းနေရာ မီးခိုးများဖြင့် ပြည့်နှက်နေသည်။ ဤကိစ္စအားအဓိကဖြစ်ပွားစေခဲ့သည့် ပဲရစ်အပြင် မင်းသမီးနှင့် မင်းသားအာရှဗင်တို့တွင်လည်း တာဝန်ရှိသည်။ အကယ်၍ မင်းသမီးသာ ချမ်းဘော့ဒ်တိုင်းပြည်အား တိုက်ပွဲနေရာအဖြစ် ရွေးချယ်ခြင်းမပြုခဲ့ပါက ချမ်းဘော့ဒ်သည် ဤကဲ့သို့အဖြစ်မျိုးကြုံတွေ့ရမည်မဟုတ်ပေ။

အာရှဗင်မှာ ဘာမှမပြောချေ။ သူ၏ မီးဂုဏ်သတ္တိရှိ အတွင်းအားများကိုအသုံးပြုပြီး မိမိကိုယ်မိမျအမြန်ကုသနိုင်ရန် ကြိုးစားနေ၏။

အမျိုးသမီးသူရဲကောင်းဆူဇန်ပင် ဖှေးမှ သူတို့အပေါ်ရန်လိုနေမှုကိုခံစားနေမိသည်။ ထို့ကြောင့် သူမ၏ လက်နက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း သူရဲကောင်းကပ္ပတိန်ရိုမန်နှင့် အသက်​ရှင်ကျန်ရစ်သော ဇီးနစ်ကျွမ်းကျင်စစ်သည် ၂၀တို့နှင့် အတူ မင်းသမီးနှင့် မင်းသားတို့အား ကာကွယ်ထားသည်။ ဖှေး စိတ်လွတ်ပြီး မင်းသမီးအားတိုက်ခိုက်မည်ကို သူတို့အားလုံး စိုးရိမ်နေကြ၏။ ဖော်ပြ၍မရသော ခံစားချက်တစ်ခုအား ခံစားနေသူမှာ ကပ္ပတိန်ရိုမန်ပင်။ သူ ဤဘုရင်ငယ်နှင့် လွန်ခဲ့သည့်၁၀ရက်ခန့်က အောင်ပွဲခံပါတီတွင်ဆုံခဲ့စဥ်က သူ၏ပြိုင်ဘက်ဟုပင် မသက်မှတ်ခဲ့ချေ။ ဖှေးသည် အလွန်အားနည်းနေသဖြင့် ဖှေးနှင့်တိုက်ခိုက်လိုစိတ်ပင် မရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင် ဖှေး သူ၏အရှေ့တွင် ထက်မံရပ်နေချိန်တွင် သူသည်ဖှေး၏ ပြိုင်ဘက်မဟုတ်တော့ကြောင်းသိလိုက်ရသည်။

တစ်ယောက်ခြင်းအစွမ်းအရဆိုပါက ရိုမန် ဖှေးအား အစွမ်းကုန်သုံးတိုက်ခိုက်လျှင်ပင် အနိုင်မရရှိနိုင်ချေ။

သို့သော် သူရဲကောင်းကပ္ပတိန်တစ်ယောက်အနေဖြင့် ရိုမန်၏ အကြီးဆုံးစွမ်းရည်မှာ တစ်ကိုယ်ရည်စွမ်းရည်မဟုတ်ပေ။ စစ်သည်များအား အမိန့်ပေးခြင်းနှင့ တိုက်ပွဲဗျူဟာကျွမ်းကျင်ခြင်းမှာ သူ၏အကောင်းဆုံးစွမ်းရည်ပင်။ သူ့တွင် စစ်သည်အယောက်၂၀၀ခန့်ပါဝင်သောအဖွဲ့ရှိပါက ဖှေးအား ချက်ချင်းပင် အနိုင်ယူပစ်နိုင်သည်။ သို့သော် ယခုအခါတွင်စစ်သည်အင်အားလုံလုံလောက်လောက် မကျန်ရှိတော့သည့််တွက် အရှုံးပေးသည်မှာ အကောင်းဆုံးရွေးချယ်မှုပင်။

လေထုမှာ ယခင်က သွေးသံရဲရဲနှင့် တိုက်ပွဲထက်ပင် ပို၍တင်းမာနေသည်။

“အ အ အ အ”

အသားစားငှက်များသည် အလောင်းများကြောင့် အရှေ့ဘက်တောင်ထိပ်တစ်ဝိုက်မခွာပဲ ပျံသန်းနေကြသည်။ သူတို့၏ အော်သံများသည် အရှေ့ဘက်တောင်ပေါ်ရှိလူများအား ပို၍ စိတ်ရှုပ်လာစေသည်။

“ဖုန်း....”

ဖှေး ရုတ်တရက် ကောင်းကင်ပေါ်သို့ လက်သီးဖြင့် ထိုးလိုက်သည်။

အားအရှိန်မှာအပေါ်သို့ ပြန်သန်းသွားပြီး လေထုပင် ပေါက်ကွဲသွားသည်။ ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ မြင်နိုင်သည့် လေလှိုင်းများ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ငှက်အုပ်မှာ အမြန်ပျံမပြေးနိုင်လိုက်ပေ။ ငှက်အကောင်လေးငါးဆယ်ခန့် ကောင်းကင်ပေါ်တွင် ပေါက်ကွဲကာသေဆုံးသွားကြသည်။ ကျန်ရှိနေသည့်ငှက်များလည်း ထိတ်လန့်ကာ အဝေးသို့ပျံသန်းကာထွက်ပြေးသွားကြတော့သည်။

“ချွင် ချွင် ချွင် ချွင်”

ဆူဇန်နှင့် စစ်သည်များ ရုတ်တရက်လန့်ဖြန့်သွားပြီး သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သူတ်ို့ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

“အခုမှပဲ တိတ်သွားတော့တယ်....​တောင်းပန်ပါတယ်...မင်းသမီးကိုထိတ်လန့်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး....”

ဖှေး ပြောလိုက်သည်ကြောင့် ဆူဇန်နှင့် စစ်သည်များ စိတ်အေးသွားကြသည်။ ဤလူသည် အရာအားလုံးကို စဥ်းစားပြီး ဆုံးဖြတ်ချက်ချပြီးသွားပုံရသည်။ သို့သော် အစမှအဆုံးသည့် လုံးဝပင် စိုးရိမ်ခဲ့ခြင်းမရှိသောသူမှာ မင်းသမီးတာနာရှာပင်။ သူမသည် ဖှေး ဤကဲ့သို့ဆုံးဖြတ်လိမ့်မည်ကို ကြိုတင်တွက်ဆထားပြီးပုံရသည်။ သူမ၏ အပြာရောင် သမုဒ္ဒရာကဲ့သို့မျက်လုံးများသည် နေရောင်ခြည်အား အလင်းပြန်ကာ ဖျတ်ကနဲဖြစ်သွားသည်။ထို့နောက်တွင် ရှားပါးသည့်အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာပြီး ခေါင်းငြိမ့်လိုက်သည်။ “ဘုရင်အလတ်ဇန္ဒား ဒီနေ့အရာအားလုံးအတွက် ကျေးဇူးပါပဲ...”

ဖှေး ပြန်လည်ပြုံးပြလိုက်ပြီး ဘာမှထပ်မပြောချေ။

ရိုးရိုးသားသားပြောရပါက ဖှေး အစကတည်းက ဤအမျိုးသမီးအား လုံးဝလျှော့မတွက်ခဲ့ချေ။

ဖြစ်ပျက်ခဲ့သည့်အရာအားလုံးအရ သူသည် မင်းသမီးအား အန္တရာယ်အတွင်းမှ ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ဦးကဲ့သို့ဖြစ်နေခဲ့သော်လည်း ဖှေးတွင် ထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေသည်။ သူရောက်လာပြီး ရန်သူများအားလုံးကို မနှိမ်နှင်းခဲ့လျှင်တောင် မင်းသမီးတွင် ဝှက်ဖဲများစွာရှိနေဆဲဖြစ်သည်ဟု ခံစားမိသည်။ သူမ ထိုဝှက်ဖဲများထုတ်သုံးလိုက်ပါက အန္တရာယ်များအားလုံးရှင်းလင်းသွားမည်ဖြစ်သည်။ သို့သော် သူမတွင်မည်ကဲ့သို့ဝှက်ထဲများ ရှိနေသည်ကို သိရှိရန်အတွက် ဖှေးတွင်နည်းလမ်းမရှိပေ။ ဖှေးသိသည်မှာ ဤနေမကောင်းနေသည့်ပုံရှိသည့် အမျိုးသမီးမှာ ဖြစ်စဥ်အစကတည်းက သူမတွင် စိုးရိမ်စရာတစ်ခုမှ မရှိနေသကဲ့သို့ အမူအယာမှာ တည်ငြိမ်လွန်းလှသည်ဟူသော အချက်ပင်။

ဖှေး လုပ်ကြံသူဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်ပြီး မှော်ထောင်ချောက်များကို လျှင်မြန်စွာ ရုတ်သိမ်းလိုက်သည်။

ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်မှာ အပြင်းထန်ထိခိုက်ပျက်စီးသွားသည်။ ပင်မအဆောက်ဦး၊ ဘုရင့်နတ်စင်တို့မှာ အပျက်စီးပုံကြီးဖြစ်သွားပြီဖြစ်၏။ သမိုင်းဝင်ဘုရင်များနှင့် သူရဲကောင်းများကို ကိုယ်စားပြုသော ရုပ်တုတစ်ဝက်ခန့်မှာလဲ ကျိုးပဲ့ပျက်စီးသွားပြီဖြစ်သည်။ နေရာတိုင်းတွင် အပျက်စီးများပြန့်ကျဲနေသည်။ လျှင်မြန်စွာပင် အချက်ပြလိုက်သောအခါ ချမ်းဘော့ဒ်မှ [သံမဏိစစ်သည်]တစ်ရာကျော်ခန့် ဖာနမ်ဒို တိုးရီစ်နှင့် ပီတာတို့၏ ဦးဆောင်မှုအောက်တွင် ရောက်ရှိလာကြသည်။ ဤစစ်သည်များမှာ ဖှေးအတွက် ဘရွတ်နှင့် ပီတာတို့ အသေချာရွေးချယ်ပေးထားသည့် အထူးစစ်သည်များဖြစ်ကြသည်။ သူတို့အားလုံး ရေရောထားသည့် ဟော့ခ်ဆေးပုလင်းများ သောက်သုံးထားကြသူများဖြစ်ပြီး သူတ်ို့၏ခန္ဓာကိုယ်တွက် ဟော့ခ်ဆေးပုလင်းအစွမ်းသတ္တိအနည်းငယ်ရှိနေသည်။ သန်မာကြသူများဖြစ်ပြီး အလေးချိန်များစွာရှိသည့် ကျောက်တုံးများ၊ အုတ်ကျိုးအုတ်ပဲ့များကို လွယ်ကူစွာပင် မနိုင်သည်။ အပျက်စီးများကိုရှင်းလင်းသည်မှာ စနစ်ကျမြန်ဆန်လှသောကြောင့် ဇီးနစ်အင်ပါယာမှ လွှမ်းမိုးနိုင်သောလူများ၏ အရှေ့တွင် ပုံရိပ်ကောင်းတစ်ခုကို ရရှိလိုက်သည်။ သူတို့ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်၏အစွမ်း၊ ချမ်းဘော့ဒ်စစ်သည်များ၏အစွမ်းကို မျက်မြင်သိရှိသွားပြီဖြစ်သည်။

လူဖြောင့် အဖိုးကြီးဘတ်စ်ပြုံးကာ စာအုပ်တစ်အုပ်ကိုကိုင်ပြီး မင်းသမီးတို့အရှေ့သို့ရောက်ရှိလာသည်။

“အရှင့်သမီး နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...ချမ်းဘော့ဒ်က ဒီတစ်ခေါက် တော်တော်ဆုံရှုံးသွားပါတယ်....အဲ့ဆုံးရှုံးမှုတွေရဲ့တစ်စိတ်တပိုင်းက မင်းသမီးတို့အဖွဲ့ကြောင့်လဲပါတော့..ဟီးဟီး ဇီးနစ်အင်ပါယာက ဘဏ္ဍာရေးမှူးစီကနေ ကျွန်တော်တို့ချမ်းဘော့ဒ်အတွက် လျှော်ကြေးငွေရအောင်များ ကူညီပေးနိုင်မလား...ကျွန်တော်တို့ချမ်းဘော့ဒ်နဲ့ ဘုရင်က မင်းသမီးကို ကာကွယ်ဖို့အကောင်းဆုံး လုပ်ဆောင်ခဲ့တာလေ....”

ဆူဇန်နှင့် စစ်သည်များ ပါးစပ်အဟောင်းသား​ဖြစ်သွားသည်။

“ဒီအဖိုးကြီးက မင်းသမီးစီရနေတောင် လျှော်ကြေးတောင်းရဲတာပါ့လား....” သူတို့တွေးလိုက်မိကြသည်။

သို့သော် မင်းသမီးပင် ဤအဖိုးကြီး၏ တောင်းဆိုမှုကို ငြင်းဆန်ရန်အတွက် အကြောင်းပြချက်ရှာမရပေ။ သူမလည်း ရှနူအီတိုင်းပြည်မှမင်းသားကဲ့သို့ပင် ဘတ်စ်နှင့် သဘောတူညီချက်စာချုပ်တွက် လက်မှတ်ထိုးလိုက်ရတော့သည်။

သူ၏ယောက်ခမလောင်းသည် တာဝန်ပြီးဆုံးသွားသော်လည်း ဖှေး ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်၏ ရှေ့တွင် ရပ်နေဆဲပင်။ ဤကျော်ကြားသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးသည် ယနေ့အိမ်မှထွက်မလာခင် တနေ့တာဗေဒင်ဟောစာတမ်းအား ကြည့်ခဲ့မိသည့်ပုံမရပေ။ သူ၏ သေချာစီစဥ်ထားသော ဗျူဟာမှာ အဆင်မပြေပဲ အလစ်ဝင်တိုက်ခြင်းခံရပြီး ဤဝေးလှံခေါင်ဖျားသည့် တိုင်းပြည်ငယ်လေးတွင် သေလုနီးနီးပင် ဖြစ်ခဲ့၏။ သူ၏ ဂုဏ်သရေကျော်ကြားမှုတို့မှာ ဤဖြစ်ရပ်အပြီးတွင်အနည်းငယ်ပင် လျှော့ကျသွားနိုင်သည်။

သို့သော် ဂုဏ်သရေအနည်းငယ်ကျဆင်းသွားခြင်းမှာ အထိကပြသနာမဟုတ်ချေ။

သူဒဏ်ရာအပြင်းထန်ရရှိသွားခြင်းမှာ ပြသနာပင်။ ယခုအချိန် ဇီးနစ်အင်ပါယာ၏ မြို့တော်မှ အခြေအနေများသည် ဖရိိုဖရဲဖြစ်နေသည်။ အင်ပါယာအား နှစ်ပေါင်း၆၀ကြာ အုပ်ချုပ်ခဲ့သည့် အင်ပါယာအရှင်သခင်ယရှင်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမို၍ အားအင်ချိနဲ့လာပြီဖြစ်သည်။ သူနှင့် ဒုတိယမင်းသား ဒိုမင်ဂူတို့မှာ ထီးနန်းအားဆက်ဆံရရှိရန်အတွက် အလားလာရှိဆုံးလူနှစ်ယောက်ဖြစ်ကြသည်။ သူတို့နှစ်ယောက်၏ကြားမှ တိုက်ပွဲမှာလည်း အရှိန်အမြင့်ဆုံးအနေထားသို့ရောက်ရှိနေပြီဖြစ်သည်။ ဒိုမင်ဂူသည် လိမ္မာပါးနပ်ပြီး ရဲစွမ်းသတ္တိရှိသည့် ရန်သူတစ်ယောက်ပင်။ ဝန်ကြီးများ၊ ဆွေကြီးမျိုးကြီးများစွာတို့၏ အထောက်ပံ့ကိုလဲ ရရှိထားသည်။ အာရှဗင် ဒဏ်ရာအပြင်းထန်ရရှိသွားခြင်းသည် သူနှင့် သူ့အားထောက်ခံသူများအတွက် အရေးနိမ့်သွားသည့် အ​ခြေအနေတစ်ခုပင်။ သူအချိန်မှီမကုသနိုင်ပါက ဤထီးနန်းလုသည့် တိုက်ပွဲတွက် ရှုံးနိမ့်သွားနိုင်သည်။

သို့သော် သူ၏ ဒဏ်ရာများမှာ နှစ်ဝက်ခန့်ကြာသည်အထိ ပြန်လည်ပျောက်ကင်းနိုင်သည့် ဒဏ်ရာမျိုးမဟုတ်ပေ။

သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည့် [သားသတ်သမား] ဆန်ဒရို၏စွမ်းအင်များမှာ လျို့ဝှက်ထူးဆန်းသည့် လက်စွပ်နှစ်ကွင်းဖြင့် တိုးမြင့်ခြင်းခံထားရသည့် စွမ်းအင်များဖြစ်ကြသည်။ စွမ်းအားများမှာ ပေါက်ကွဲစေတတ်ပြီး တိုက်ရိုက်ထိခိုက်စေသော စွမ်းအားများဖြစ်သည်။ သူ၏ ကြယ်ခြောက်လုံးအဆင့်အတွင်းအားများဖြင့်ပင် ထိုစွမ်းအားကို တားဆီး၍မရပဲဖြစ်နေ၏။ ထိုစွမ်းအားများကို ဖိနှိပ်ကာ သူ၏ ခန္ဓာကိုယ်အားဆက်လက်ဖျက်ဆီးနေခြင်းမှ ကာကွယ်ထားရုံသာတက်နိုင်သည်။ ထိုစွမ်းအား သူ၏ခန္ဓာကိုယ်အတွင်းမှ ပျောက်ကွယ်သွားအောင်လုပ်နိုင်သည့် နည်းလမ်းကို ရှာမရသေးချေ။

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ အခြေအနေမှာလဲ အာရှဗင်ကဲ့သို့ပင်။ သူမ၏ မျက်နှာပေါ်တွင် ချွေးများစီးကျနေပြီး မိမိကိုယ်ကိုကုသနေခြင်းမှာ သူမထင်ထားသလို ထိရောက်မှုမရှိသည့်အတွက် စိုးရိမ်နေသည်။

“ဟေး...စောနက ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပဲနော်....” ဖှေး ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးထံသို့ လမ်းလျှောက်သွားကာ သူမအား [ပြန်လည်သစ်လွင်ဆေးပုလင်း]တစ်လုံးပေးကာ ပြောလိုက်သည်။ “ဒီဆေးပုလင်းက နင့်ကို ကူညီပေးနိုင်လိမ့်မယ်...”

ကောင်မလေးမှာ ဖှေးအားမော့ကြည့်လိုက်သည်။

ဖှေး၏ အပြုံးမှာ နေရောင်ထက်ပင်တောက်ပနေသည်ကို တွေ့လိုက်ရပြီး သူမအနည်းငယ်တွံ့ဆုတ်နေသည်။ သို့သော် လုပ်ကြံသူသူ့အား ချောင်းမြောင်းနေစဥ်က သူမဖှေးအား သတိပေးခဲ့ပုံနှင့် ဖှေးဆေးပုလင်းတစ်ပုလင်းကို သောက်သုံးအပြီးတွင် သူ၏ကြီးမားသည့်ဒဏ်ရာကြီး ချက်ချင်းပျောက်ကင်းလာခဲ့ပုံတို့ကို ပြန်လည်သတိရပြီး ဆေးပုလင်းအား ယူရန်ဆုံးဖြတ်လိုက်ပြီး အနည်းငယ်နွေးထွေးသော ဆေးရည်အား မော့သောက်လိုက်သည်။

ဖော်ပြ၍မရသော အတွေ့ထိခံစားမှုတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာခဲ့သည်။ ပေါက်ကွဲတတ်သော စွမ်းအားမှာ ဆေးပုလင်းအာနိသင်၏ဖုံးလွှမ်းလိုက်ခြင်းက်ု ခံလိုက်ရပြီး ပူပြင်းသောနေရောင်အောက်မှ နှင်းမှုန်များကဲ့သို့ လျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ခရမ်းရောင်အတွင်းအား မီးတောက်များမှာ ရိပ်ကနဲတောက်ပသွားပြီး သူမခန္ဓာကိုယ်သို့ပြန်ရောက်လာပြီဖြစ်သည်။ သူမ၏ အခြေအနေအား ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ သူမခံစားထားခဲ့ရသည့် ဒဏ်ရာအများစုမှာ ပျောက်ကင်းသွားပြီဖြစ်ကြောင်းကို အံ့သြဖွယ်တွေ့ရှိလိုက်ရသည်။ တစ်လတာခန့်အနားယူပြီးနောက်တွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိနိုင်လောက်၏။

“ကျေးဇူးပါ ဘုရင်အလတ်ဇန္ဒား...”

ကောင်မလေး အရိုအသေပေးလိုက်၏။ သူမ၏ ဖှေးအပေါ်အမြင်မှာ အမြင်မကြည်မှုမှ ခင်မင်ရင်းနှီးအဖြစ်သို့ပြောင်းလဲသွားသည်ကို သူမပင် သတိမထားမိချေ။ “အရိုင်းအစိုင်းကောင်”ဟု ခေါ်နေခြင်းမှ ဘုရင်အလတ်ဇန္ဒားဟုပြောင်းလဲသွားသည်။

ဖှေး ပြုံးလိုက်သည်။

သူတစ်ဖက်သို့လှည့်ကာ မင်းသားအာရှဗင်အား [ပြန်လည်သစ်လွင်ဆေးပုလင်း]တစ်လုံးချပေးခဲ့ပြီး သူ၏ ဇနီးလောင်းအန်ဂျယ်လာနှင့်အတူ အမဲရောင်ခွေးကြီးပေါ်သို့ခုန်တက်ပြီး စကားတစ်ခွန်းမှမပြောပဲ အရှေ့ဘက်တောင်ထိပ်မှ ထွက်ခွာလာခဲ့တော့သည်။

အာရှဗင်သည် ပါးနပ်သူတစ်​ယောက်ဖြစ်ပါက ဖှေးအား အညိိုးမထားမပဲ သူ့ဘက်သို့ပါလာအောင် ဆွဲဆောင်ရမည်ဖြစ်သည်။ သွေးအေးသော အမျိုးသမီးပဲရစ်နှင့် ဒုတိယမင်းသားဒိုမင်ဂူတို့ကလည်း သူ့အား သူတို့ဘက်ပါလာအောင် ဆွဲဆောင်နိုင်သည်။

ဖှေး ပဲရစ်အား ထွက်သွားခွင့်ပြုလိုက်ခြင်းမှာ သူမ၏အလှတရားကြောင့်မဟုတ်။ နှင်းတောင်၌ပုန်းကွယ်သူ ဒန်နီ၏ ခိုင်မြဲသော အချစ်အား လေးစားသောကြောင့်လဲမဟုတ်ချေ။ ချမ်းဘော့ဒ် တိုင်းပြည်၏ အနာဂတ်အတွက် ပဲရစ်အား လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

All Chapters