အခန်း (၁၅၀)
Vol. 10 Ch. 150
နေ့လည်အချိန်ခါကျော်လွန်သွားပြီဖြစ်သဖြင့် သူတို့နှစ်ယောက်လုံး ချမ်းဘော့ဒ်နန်းတော်သို့ပြန်လည်ရောက်ရှိလာပြပြီဖြစ်သည်။
တိုင်းပြည်အတွင်းမှ ခေတ္တရှောင်ခွာနေကြသော ချမ်းဘော့ဒ်မြို့သူမြို့သားများလည်း သူတို့၏ သက်ဆိုင်ရာနေရာသို့ တဖြည်းဖြည်းပြန်လာရောက်ရှိနေကြပြီဖြစ်သည်။ ဖှေး ဗွီစကောင့်လူးဝစ်၏အိမ်ရှေ့တွင် ကြိုးချည်ထားသော စစ်သည်ကဲ့သို့ တိုင်းတပါးသားများကိုတွေ့လိုက်ရသည်။ ထိုသူများအား ချမ်းဘော့ဒ်စစ်သည်၂၀ခန့်က စောင့်ကြပ်နေသည်။ ဖှေးဖြတ်သွားဆဲတွင် သူ၏ယောက်ခမလောင်း ဘတ်စ်နှင့် ဘရွတ်တို့ စံအိမ်အတွင်းမှ ထွက်လာသည်ကိုတွေ့လိုက်ရသည်။
"ဘုရင်အလတ်ဇန္ဒား.."
စစ်သည်များ ဖှေးရောက်ရှိလာသည်က်ုတွေ့သောအခါ အလေးပြုလိုက်သည်။ သူတို့၏ မျက်လုံးထဲတွင်ရှိသော လေးစားအားကျမှုများကိုဖုံးကွယ်မထားပေ။
ဖှေး လက်ဝှေ့ရမ်းကာ အလေးပြုနေသောစစ်သည်များကို နှုတ်ဆက်လိုက်သည်။
"အရှင်မင်းကြီး ဗွီစကောင့်လူးဝစ်....သူတို့တစ်မိသားစုလုံး သေကုန်ကြပြီ...မျိုးဆက်တစ်ယောက်မှကို မချန်ထားခဲ့ကြဘူး..." ဘရွတ် ကြိုးချည်ထားသည့် လူများကို ညွှန်ပြခါပြောလိုက်သည်။ "အဲ့တာ ဒီခွေးသားတွေကြောင့်ပဲ....လူးဝစ်အပြင်ကို မြို့ထဲမှာ ရှိနေသေးတဲ့ ကျန်တဲ့ကုန်သည်တွေရဲ့အိမ်တွေ ဆွေကြီးမျိုးကြီးတွေရဲ့အိမ်တွေကိုလည်း လိုက်ပြီးတိုက်ခိုက်လုယက်ခဲ့ကြသေးတယ်...အဲ့မိသားစုတွေအများစုက အသတ်ခံလိုက်ကြရတယ်...အစေခံတွေကလွဲပြီး ဘယ်သူ့ကိုမှ အရှင်မထားခဲ့ကြဘူး...ဒီခွေသားတွေက ပိုက်ဆံတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို လုယက်ပြီး မြို့ထဲကထွက်ခွာဖို့လုပ်နေတာ...ဒါမယ့် ကျွန်တော်တို့ရောက်လာတော့ သူတို့ကို တစ်စုံတစ်ယောက်က သတိမေ့တဲ့အထိတိုက်ခိုက်ပြီးသွားပြီ အဲ့တာကြောင့် ကျွန်တော်လဲ စစ်သည်တွေကို ကြိုးချည်ထားခိုင်းလိုက်တာ...သူတို့တွေကို စီရင်ချက်ချဖို့အတွက် အရှင်မင်းကြီးကိုစောင့်နေတာ..."
ဖှေး ခေါင်းငြိမ့််လိုက်သည်။
ဤတိုင်းတပါးသားများမှာ ပဲရစ်ငှားထားသည့် ရက်စက်ကြမ်းကြုတ်သည့် ကြေးစားစစ်သည်များဖြစ်ကြောင်း ဖှေးသိရှိပြီးဖြစ်သည်။ ပဲရစ်၏မူလအစီစဥ်အရ ချမ်းဘော့ဒ်တွင် ပြန်လည်တိုက်ခိုက်နိုင်သည့် စွမ်းအားလုံးဝမရှိဟုတွက်ဆထားသည်။ မင်းသမီးအား အောင်မြင်စွာလုပ်ကြံပြီးပါက သူမသည် ဖှေးနှင့်တကွ အရှေ့ဘက်တောင်ထိပ်ရှိ ရှိသမျှလူများကို သတ်ဖြတ်သုတ်သင်မည်ဖြစ်သည်။ ထို့နောက်တွင် မြို့တွင်းမှကြေးစားစစ်သည်များကလဲ ချမ်းဘော့ဒ်မြို့သူမြို့သားများ၏ နေအိမ်များသို့ဝင်ရောက် လုယက်၊ သတ်ဖြတ် ဖျက်စီးပြီး မျက်မြင်သတ်သေလုံးဝမရှိအောင် ဆောင်ရွက်မည်ဖြစ်သည်။ ထို့နောက်တွင် ချမ်းဘော့ဒ်အား ဇီးနစ်အင်ပါယာ၏မြေပုံမှ လုံးဝပျောက်ကွယ်သွားစေမည်ဖြစ်သည်။ ဤနည်းဖြင့် မင်းသမီး၏ လုပ်ကြံမှုမှာ မျက်မြင်သတ်သေ သဲလွန်စလုံးဝရှာမရပဲ ဖြစ်သွားမည်ဖြစ်ပြီး လုယက်ထားသည့်ငွေကြေး အဖိုးတန်ပစ္စည်းများအား မင်းသားဒိုမင်ဂူ၏ အင်အားပို၍ခိုင်မာလာစေရန်အတွက် အသုံးချမည်ဖြစ်သည်။
ဤကဲ့သို့ နည်းလမ်းများမှာ အကြိမ်ပေါင်းများစွာပြုလုပ်ဖူးသကဲ့သို့ ပဲရစ်နှင့် ရင်းနှီးကျွမ်းဝင်နေသည်။
အေဇာရုတိုက်၏ သမိုင်းများထဲတွင်လည်း အလွန်ဆင်းရဲသဖြင့် သူ၏ လူများနှင့်အတူ လုယက်တိုက်ခိုက်ခဲ့သည့် ဘုရင်များရှိသည်ဟု ဖှေး ဖတ်ဖူးသည်။ ထို့ကြောင့် ဒုတိယမင်းသားဒိုမင်ဂူပင် ကြေးစားစစ်သည်အဖွဲ့တစ်ခုငှားရမ်းကာ သူ့အတွက် လုယက်တိုက်ခိုက်ခိုင်းခြင်းမှာ အထူးဆန်းမဟုတ်ပေ။
ဖှေး စက္ကန့်အနည်းခန့် တောင်ထိပ်မှနေ၍ မီးခိုးများမြင်လိုက်ရသည့်အချိန်အား တွေးလိုက်မိသည်။ ထို့ကြောင့် အနည်းငယ်စိတ်မဖြောင့်သေးသဖြင့် မေးလိုက်သည်။ "လူးဝစ်တို့အိမ်နဲ့ သူ့တို့လူတွေအပြင် ကျန်တဲ့နေရာတွေရော ထိခိုက်မှုတွေရှိသေးလား...."
"နန်းတော်ကိုလဲ လာတိုက်ခိုက်ကြပါသေးတယ်...ဒါပေမယ့် ရန်သူတွေကိုတိုက်ခိုက်နိုင်လိုက်ပါတယ်...တစ်ခြားနေရာတွေကိုကတော့ ထိခိုက်မှုလုံးဝမရှိပါဘူး..." ဘရွတ် သံသယအနည်းငယ်နှင့်မေးလိုက်သည်။"သူတို့က ဘယ်နေရာမှာ ချမ်းသာပိုင်ဆိုင်မှုတွေရှိတယ်ဆိုတာကို အတိကျသိပုံရတယ်...သာမန်လူတွေရဲ့အိမ်က်ိုကျ လုံးဝမတိုက်ခိုက်ခဲ့ဘူး..."
ဖှေး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "သူတို့က လုယက်သတ်ဖြတ်ရာမှာ ကျွမ်းကျင်တဲ့လူတွေကိုး ဘရွတ်ရဲ့...သူတို့တွေ ဒါလေးတောင်မသိဘူးဆိုတာကမှ ထူးဆန်းနေမှာ..ဟားဟား...ဒီကောင်တွေရဲ့ ခြေတွေလက်တွေရိုက်ချိုးပြီး ထောင်ထဲကိုသာထည့်ထားလိုက်တော့...လာရွေးတဲ့လူရှိတယ်ဆိုရင် ရွှေဒင်္ဂါးတစ်ရာယူပြီ လွှတ်ပေးလိုက်...တစ်လအတွင်း ဘယ်သူမှလာမရွေးဘူးဆိုရင်လဲ ဇူလီမြစ်ထဲပစ်ချပြီး ငါးစာသာကျွေးလိုက်တော့..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."
ဘရွတ်မှာလည်း လုပ်ရည်ကိုင်ရည်ရှိကာ လက်သံပြောင်သည့် လူတစ်ဦးဖြစ်သည်။ မကြာမှီမှာပင် ထိုလူများ အယောက်၄၀ ၅၀ခန့်မှာ ခြေလက်များရိုက်ချိုးခြင်းခံရကာ နာကျင်စွာအော်ဟစ်ရင်း အမဲရောင်အိမ်ငယ်လေး အကျဥ်းထောင်သို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရတော့သည်။
"အရှင်မင်းကြီးရဲ့ နည်းလမ်းတွေက အင်မတန်ကို အမှန်တကယ် ပါးနပ်လှပါပေတယ်..."
လူးဝစ်၏စံအိမ်ကို ငေးကြည့်နေခဲ့သော ဘတ်စ်မှာ ရုတ်တရက်ထပြောလိုက်သည်။ သူဖှေးအားကြည့်သည့်ဟန်မှာ မကြုံစဖူးလေးနက်နေသည်။ ဤခပ်ဖြောင့်ဖြောင့်အဖိုးကြီးမှာ မျက်မှာပေါ်တွက် စိတ်ခံစားချက်အမူအယာသိပ်ပြလေ့မရှိသော်လည်း ယခုအချိန်တွင် သူ၏မျက်လုံးများထဲတွင် အလွန်ရှုပ်ထွေးသည့်ခံစားချက်တစ်ခုကို ပြသလျှက်ရှိသည်။ သံသယ၊ စိတ်သက်သာခြင်းနှင့် အံ့သြခြင်းတို့အပြင် အနည်းငယ်ထိတ်လန့်ခြင်းတို့ကိုပြသနေသည်။
ဖှေး အနည်းငယ်ပြုံးလိုက်သည်။ ဘာမှ ပြန်မပြောချေ။
သူ၏ ယောက်ခမဆိုလိုသည့်အရာကို ဖှေးနားလည်သည်။ ဗွီစကောင့်လူးဝစ်နှင့် တခြားလူကုံတံ မိသားစုတချို့ သေကြေပျက်ဆီးခြင်းမှာလဲ ဖှေးအကြံစည်၏ တစ်စိတ်တပိုင်းပင်။
အမဲရောင်ချပ်ဝတ်နှင့် ရန်သူများကို တိုက်ထုတ်ပြီးနောက်တွင် ပထမဆုံးကျင်းပသော ချမ်းဘော့ဒ်တိုင်းပြည်ခေါင်းဆောင်များ အစည်းဝေးမှာကတည်းက မြို့စားလူးဝစ်နှင့် လူတစ်စုမှာ သူ၏ထိန်းချုပ်မှုအောက်သို့ လုံးဝဝင်ရောက်မည့်လူများမဟုတ်မှန်း ဖှေးရိပ်မိလိုက်သည်။ ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ အနာဂတ်အတွက်အန္တရာယ်ရှိသော ကင်ဆာအကျိတ်ကဲ့သို့ပင်ဖြစ်သည်။ ထိုအကျိတ် ပြန့်ပွားကြီးထွားမလာခင် ဖြတ်ထုတ်ပစ်ရမည်ဖြစ်သည်။ ထို့အပြင်ထိုလူများသည် ဖှေး၏ အမိန့်အာဏာများကို ဗြောင်တင်းဆန့်ကျင့်ခြင်း၊ ဖီဆန်ခြင်း စသည်တို့ကိုလည်းပြုလုပ်စပြုနေပြီဖြစ်သည်။ ထို့ကြောင့် ဖှေး ထိုလူများအား သတ်ဖြတ်ခါ ချမ်းဘော့ဒ်မှ ပျောက်ကွယ်သွားအောင်ပြုလုပ်ရန်အတွက် ကြံစည်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဤသည်မှာ ဖှေး အတန်ကြာစီစဥ်နေခဲ့သည့် တ်ိုင်းပြည်သန့်စင်ရေး အစီစဥ်ပင်ဖြစ်သည်။
ဖှေး၏ မူလအစီစဥ်မှာ အယ်လီနာနှင့် ဒိုင်ယာဘလိုကမ္ဘာမှ သူပုန်စစ်သည်များကို အကူညီတောင်းကာ ရှင်းလင်းစေရန်ဖြစ်သည်။ သို့သော် ကျရောက်လာတော့မည့် အန္တရာယ်မုန်တိုင်းကို ဖှေးအာရုံခံမမချိန်တွင် ထိုကဲ့သို့ပြုရန်မလိုတော့ကြောင်းသိလိုက်ရသည်။
အရှေ့ဘက်တောင်ထိပ်လုပ်ကြံမှုမှာ အလွန်ကောင်းသော အခွင့်ရေးတစ်ခုဖြစ်သည်။
ဖှေး သူများ၏ဓားကို အသုံးပြုတ်ိုက်ခိုက်ရန်အတွက် အကောင်းဆုံးအခွင့်ရေးဖြစ်သည်။
ဖှေး မည်သည့် အန္တရာယ်မျိုး ကျရောက်လာမည်ကိုမသိသော်လည်း ကြီးကြီးမားမားတွေးကာ အစီစဥ်တစ်ချို့လုပ်ခဲ့သည်။ ဖှေး တိုင်းပြည်အတွင်းရှိ မြို့သားများအား ဇူလီမြစ်ကမ်းဘေးရှိ ယာယီစခန်းသို့ ခေတ္တပြောင်းရွေ့ရန်အတွက် အမိန့်ပေးခဲ့သည်။ မြို့စားလူးဝစ်တို့အဖွဲ့နှင့် ကျန်အဖွဲ့များမှာ နားမထောင်ခဲ့ကြချေ။ ဤသည်မှာ ဖှေး လိုချင်နေသောအကွက်ပင်။ ဖှေး ထိုသူများအား အတင်းကြပ်မရွေ့ပြောင်းစေပဲ ကျန်နေထိုင်စေခဲ့သည်။ အခြေအနေများသည် ဖှေးထင်ထားသကဲ့သို့ဖြစ်သွားသည် ချမ်းဘော့ဒ်တိုင်းပြည်သည် တိုက်ခိုက်ခံခဲ့ရပြီး သူများဓားအားအသုံးပြု သုတ်သင်ရှင်းလင်းသည့် ဗျူဟာမှာအလုပ်ဖြစ်သွားသည်။
ယခုအချိန်တွင် ဖှေးအားဆန့်ကျင်သည့်အဖွဲ့များမှာ ပဲရစ်လူများ လက်ချက်ဖြင့် သေကျေကုန်ကြပြီဖြစ်သည်။
ပဲရစ်ဘက်မှ လူများ လုယူထားသည့် ပစ္စည်းများသည်လည်း ဖှေး၏ လက်အတွင်းသို့ ကျရောက်လာခဲ့သည်။ ဤအချိန်တွင် ထိုမိသားစုများမှ ဆက်ခံသူတစ်ယောက်မှပင် မကျန်ရှိခဲ့ချေ။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေများအရ တော်ဝင်မိသားစုမှ တိုင်းပြည်ဘဏ္ဍာအနေဖြင့်သိမ်းယူရမည်ဖြစ်သည်။ ယနေ့ အရှေ့ဘက်တောင်ထိပ်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ဖှေးအတွက်ငွေရပေါက်များပင်။ လုပ်ကြံမှုတွင် အလိုတူအလိုပါဖြစ်ပါဝင်ခဲ့သည့် တိုင်းပြည်များမှ မင်းသားများထံမှ ရရှိမည့်လျှော်ကြေးငွေများ၊ မင်းသမီးထံမှ လျှော်ကြေးအဖြစ်ပေးအပ်မည့် ဘဏ္ဍာငွေအထောက်ပံ့၊ ယခုသိမ်းဆည်းရမိသည့် မြို့စားလူဝစ်တို့အဖွဲ့များ၏ ပိုင်ဆိုင်မှုများ စသည်တို့ဖြင့် ချမ်းဘော့ဒ်တိုင်းပြည်သည် လွန်ခဲ့သည့်နှစ်၂၀၀ခန့်ကထက်ပင် ပို၍ချမ်းသာသွားတော့သည်။
ပို၍ အရေးကြီးသည်မှာ ဖှေး ဆူးညှောင့်ခလုပ်များကို ရှင်းလင်းနိုင်လိုက်ခြင်းပင်။
ယခုအချိန်မှ စပြီး ချမ်းဘော့ဒ်သည် ဖှေး၏ တိုင်းပြည်ဖြစ်သွားပြီဖြစ်သည်။ သူ၏အမိန့်အား ဖီဆန်မည့်လူများလည်းမရှိတော့ပေ။ နောက်ကွယ်မှ ဓားဖြင့်ထိုးရန်ကြံစည်သည့်လူများလည်းမရှိတော့ပေ။ ဖှေးသည် ယခုအချိန်တွင် ချမ်းဘော့ဒ်ရှိတစ်ဦးတည်းသော အာဏာရှိသူဖြစ်ပြီး သူ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီစဥ်များကို အနှောင့်ယှက်ကင်းကင်းဖြင့်အကောင်ထည်ဖော်နိုင်တော့မည်ဖြစ်သည်။
အချိန်မှာ လျှင်မြန်စွာပင် ကုန်ဆုံးသွားပြီး ချမ်းဘော့ဒ်အား ညအမှောင်ထုမှ ဖုံးလွှမ်းသွားတော့၏။