← Chapters

ရွှင်ပျော်ပျော်ကျေးရွာ၏ အမှန်တရား

Vol. 76 Ch. 987

ရွှင်ပျော်ပျော်ကျေးရွာ၏ အမှန်တရား

Vol. 76 Ch. 987

“နှစ်ဆယ်ချက်မြောက် ဓားကွက်၊ နှစ်ဆယ်ချက်မြောက် ဓားကွက်.....”

ခိုင်ဧကရာဇ်သည် သူ့ဓားကို ဆွဲထုတ်ပြီး သိသိသာသာ ဇဝေဇဝါ ဖြစ်နေ၏။ သူက ရွှင်ပျော်ပျော်ဓားကို ဖြစ်သလို လွှဲယမ်းရင်း နှစ်ဆယ်ချက်မြောက် ဓားကွက်အား ရှာဖွေနေသည်။

ယန်ယွင်ရှီ၏ မျက်ဝန်းများ လင်းလက်သွားသည်။ “အရှင်မင်းကြီးက သူ့ဓားကွက်ကို လေ့လာနေတယ်... သူကရော အခု ဘာလုပ်နေလောက်လဲ”

“ရွှင်ပျော်ပျော်ကျေးရွာထဲ ခိုးဝင်နေလိမ့်မယ်”

ခိုင်ဧကရာဇ်က တွန့်ဆုတ်ခြင်းမရှိ ဖြေသည်။ “ဓားသိုင်းကောင်းကင်နတ်သိုင်းရဲ့ လျှို့ဝှက်ချက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ့် နည်းလမ်း လိုက်ရှာနေလိမ့်မယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ စပြီး ဝင်လာမှာ... သူ နှစ်လအချိန်ယူခဲ့တဲ့ အကြောင်းရင်းက ငါ့ဓားသိုင်းကို နားလည်အောင် လုပ်ဖို့ပဲ ဖုန်းကျင့် ယိုတု တည်ဆောက်နေတာကို စောင့်ဖို့ မဟုတ်ဘူး”

“နှစ်ယောက်လုံးက မြေးအဘိုး ပီသပါပေတယ်... အတွေးအစ တူနေတယ်”

ယန်ယွင်ရှီသည် သဘောကျစွာ ရယ်မောရင်း နောက်ဆုတ်ကာ ပြော၏။ “အရှင်မင်းကြီး နှစ်ဆယ်ချက်မြောက် ဓားကွက် တွေးခေါ်နေတာကို ကျုပ် မနှောင့်ယှက်တော့ပါဘူး... ကံကောင်းပါစေ”

ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ။

ရှုကျွင်းက ချင်မူ့နောက် တကောက်ကောက် လိုက်နေသည်။ သို့သော် ချင်မူသည် တက္ကသိုလ်များသို့ မသွားဘဲ တောင်ကုန်းများ၊ သစ်တောများထဲ ဝင်ကာ မြေပြင်နှင့် တောင်ကုန်းများအား ကြည့်ရှုနေ၏။

သူက ချီစွမ်းအင်ကိုပင် သုံး၍ ဓားတစ်လက် ဖွဲ့တည်ကာ လွန်သွားဓားချက်ဖြင့် တောင်ကုန်းအတွင်းသို့ အပေါက်ဖောက်လိုက်သည်။

“အထွတ်အမြတ်ကလေးငယ်၊ ဘာတွေ ရှာနေတာလဲ” ရှုကျွင်း ဇဝေဇဝါ ဖြစ်နေသည်။

“ခင်ဗျားကလည်း ဘာလို့ အထွတ်အမြတ်ကလေးလို့ လိုက်ခေါ်နေတာလဲဗျာ” ချင်မူမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။

ရှုကျွင်းက ဖြေသည်။ “ငါက ဖန်ဆင်းရှင်လေ... မင်းကို အဲဒီလို ခေါ်ရမှာပေါ့... ဒါက ငါတို့ရဲ့ အစဉ်အလာပဲ... ဒါနဲ့ မင်း ဘာရှာနေတာတုန်း”

ချင်မူသည် ချီစွမ်းအင်ဖြင့် ဓားတစ်လက်ဖွဲ့တည်ကာ မြေကြီးအောက်မှ ကျောက်အစအနတချို့အား ထိုးဖောက်တူးထုတ်လိုက်၏။ ထို့နောက် တချို့ကို ကောက်ယူ၍ လက်ဝါးထဲတွင် ဖြစ်ကြည့်ရင်း ပြောသည်။ “ခိုင်ဧကရာဇ်ရဲ့ ဓားတစ်ချက်နဲ့ ကောင်းကင်ဘုံ ၃၃ ဖွဲ့တည်လာပြီး ပရမတ္တကမ္ဘာကို နှစ်ပိုင်းကွဲလုနီးနီး ဖြစ်စေခဲ့တယ်... ဒီဖြစ်ရပ်က ထူးဆန်းတယ်”

ရှုကျွင်းမှာတော့ ပို၍ပင် အူကြောင်ကြောင် ဖြစ်နေတော့သည်။

“ကျွန်တော်တို့ ဒီကို ရောက်နေတာ အချိန်တစ်ခုရှိပြီ... ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေ နေထိုင်နေတဲ့ မြေထုနှင့် အဲဒီအပေါ်က ဘယ်အရာကိုမဆို မြင်ယောင်ဖန်ဆင်းထားခဲ့ကြတာ... ဒီမြေထုကလည်း ဟင်းလင်းပြင်ထဲမှာ ဒီတိုင်းပျံဝဲနေတယ်... ချိတ်ဆက်နေတာမရှိဘူး”

ချင်မူက ချီစွမ်းအင်ဖြင့် ဓားတစ်လက် ဖွဲ့တည်လိုက်ပြန်ကာ ရွှင်ပျော်ပျော်ကျေးရွာ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ တောင်တစ်လုံးအတွင်းသို့ စိုက်ထည့်လိုက်သည်။ ဓားသည် တောင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။ “ဓားတစ်ချက်နဲ့ ကောင်းကင်ဘုံ ၃၃ ဘုံ ဖွဲ့တည်လာတာက ကြောက်စရာကောင်းတယ်... ခိုင်ဧကရာဇ်က ဓားတစ်ချက်နဲ့ ပရမတ္တကမ္ဘာရဲ့ မြေထု ၃၃ ခုကို ဖွင့်လှစ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ ဖန်ဆင်းခဲ့တာဆိုရင် သူ့တန်ခိုးက ဖန်ဆင်းရှင်အားလုံးနဲ့ နတ်ဘုရင်လန်ဝူထက်တောင် သာသေးတယ်... ဒါဆို ဖန်ဆင်းရှင်တွေက ရွှင်ပျ်ေပျော်ကျေးရွာကို နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ဘယ်လိုတောင့်ခံခဲ့တာလဲ”

ရှုကျွင်းမှာ မှင်သက်သွားသည်။ “ခိုင်ဧကရာဇ်က ဓားတစ်ချက်နဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို ဖွင့်လှစ်ခဲ့တာ သေချာတယ်... ကောင်းကင်ဘုံ ၃၃ ဘုံက ပရမတ္တကမ္ဘာရဲ့ မြေထုတစ်ဝက်ကျော်ကို သိမ်းပိုက်ထားတယ်... ဒါပေမဲ့ ခိုင်ဧကရာဇ်ရဲ့ ဓားက ပရမတ္တကမ္ဘာကို နှစ်ပိုင်းခြမ်းခဲ့တာတော့ မဟုတ်နိုင်ဘူး”

ချင်မူ တောင်ထဲမှ ကျောက်အစအနတချို့ ထုတ်ကာ ရယ်လိုက်မိသည်။ “နတ်ဘုရင်ရှုကျွင်း၊ ခင်ဗျားက ရိုးသားလွန်းတယ်... ခိုင်ဧကရာဇ်က ရိုးသားတဲ့ပုံပေါ်ပေမယ့် ဘယ်လောက်ဉာဏ်များမှန်း ခင်ဗျား သိတဲ့ပုံမပေါ်ဘူး”

သူက အစအနများကို ဆုပ်လိုက်သည့်အခါ အတွင်းထဲ၌ သတ္ထုဓာတ်တစ်မျိုး မြင်လိုက်ရသည်။

ချင်မူက ကျောက်အစအနများကို မှုတ်ထုတ်ကြည့်လိုက်ရာ အစအနများ ပျံ့လွင့်သွားသော်လည်း အမှုန်တော့ ကျန်ခဲ့သည်။ “ဓားတစ်ချက်နဲ့ သူက တောင်တန်းတွေ၊ မြစ်တွေ၊ ချောင်းတွေပါတဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို ဖွင့်ပေးနိုင်ခဲ့တယ်... ခိုင်ဧကရာဇ်သာ ဓားလမ်းစဉ်မှာ နံပါတ်တစ် မဟုတ်ရင် ဖန်ဆင်းရှင်တွေ ဖွင့်ထားတာ ဖြစ်မယ်... မဟာဧကရာဇ်မှာတော့ အဲဒီလိုအစွမ်းအစမျိုး ရှိလောက်ပေမယ့် သူ့အသိစိတ်အလျဉ်အဆင့်က သိပ်မမြင့်မားတော့ ဖြစ်နိုင်တာက....”

ချင်မူ လက်ချောင်းတစ်ချောင်း မြှောက်ကာ အရှေ့ရှိ တောင်သို့ လက်ညှိုးထိုးလိုက်သည်။ သူ့လက်ချောင်းကို ညင်ညင်သာသာ လှုပ်ယမ်းလိုက်ရသည့်အခါ ဓားရောင်တစ်ချက်က တောင်ကို နှစ်ခြမ်းပိုင်းသွား၏။ သူက ပြုံး၍ ပြုံးလေသည်။ “ရွှင်ပျော်ပျော်ရဲ့ ကောင်းကင်ဘုံ ၃၃ က သူ ရောက်မလာခင်ကတည်းက တည်ဆောက်ထားပြီးသားပဲ”

နှစ်ခြမ်းကွဲသွားသည့် တောင်အတွင်းမှ တောင်အဖြစ် ဖွဲ့တည်ပေးထားသော သတ္ထုရိုင်းများနှင့် ကျောက်ခဲများ ပေါ်ထွက်လာသည်။

ရှုကျွင်းမှာ တောင်အဖြစ် ပုံဖော်ထားသော ရှုပ်ထွေးလှသည့် ဖွဲ့စည်းပုံကို ကြည့်ရင်း တုန်လှုပ်သွားသည်။

ဤတောင်သည် နတ်ရွှေများနှင့် အခြားနတ်သတ္ထုများဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။ နတ်ရွှေကို သင်္ကေတအမှတ်အသားများအလိုက် အစိတ်အပိုင်းများအဖြစ် သွန်းလုပ်ထားရာ ဧရာမယန္တရားကြီးတစ်ခု၏ အပိုင်းအစတစ်ခုပမာ ထင်ရပေသည်။

တောင်၏ အောက်ခြေတွင် နတ်ရွှေနှင့် နတ်သတ္ထုများသည် မြေကြီးအတွင်းထဲအထိ ခင်းကျင်းထားခံရ၏။

သိသိသာသာပင် ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကား နတ်ရွှေ၊ နတ်သတ္ထုများဖြင့် ဖန်တီးထားသော လူလုပ်အရာဝတ္ထုတစ်ခု ဖြစ်နေသည်။

ဤရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မရေမတွက်နိုင်သော ကျွမ်းကျင်လုပ်သားများဖြင့် ဖန်တီးထားသည့် ကောင်းကင်ဘုံတစ်ဘုံ ဖြစ်သည်။

“ထင်ထားတဲ့အတိုင်းပဲ”

ချင်မူက နှစ်ဖက်ကို အတူပူးကပ်၍ တောင်နှစ်ခြမ်းကို ပြန်ပိတ်ကာ ဆက်ပြောသည်။ “ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားတဲ့ ကာလအတွင်း ခိုင်ဧကရာဇ်က သိကြားဗုဒ္ဓ၊ လီရုံလန်ကို အမိန့်ပေးပြီး အလုပ်သမားတွေနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့တယ်... သစ်ခုတ်သမားက ဆန့်ကျင်ခဲ့ပေမယ့် ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာကို ဆက်တည်ဆောက်ဖို့ လီရုံလန်ဆီ အမိန့်ပေးခဲ့တယ်”

ရှုကျွင်းမှာ မူးဝေနေသည်။ “ရွှင်ပျော်ပျော်ကျေးရွာက ခိုင်ဧကရာဇ်ရဲ့ ဓားကြောင့် ပွင့်လာတာပါ... နတ်ဘုရင်လန်ဝူ မမှားနိုင်ဘူး... လီရုံလန် ဖန်တီးခဲ့တာ ဘယ်လိုလုပ်ဖြစ်မှာလဲ”

“လီရုံလန်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ကောင်းကင်စစ်နတ်မင်းလို့ ကျော်ကြားတယ်... အဲဒီလိုကျော်ကြားတာက ခေါင်း‌ဆောင်နိုင်စွမ်းကြောင့်တင် မဟုတ်ဘူး... နတ်လက်နက်တွေ ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်လို့ပဲ”

ချင်မူက ရှင်းပြသည်။ “သူက ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ပြီး ကျွမ်းကျင်ပန်းပဲဆရာအားလုံးနဲ့ ဧရာမနတ်လက်နက်ကြီး ၃၃ လက်ကို သွန်းလုပ်ရင်း ခိုင်ဧကရာဇ်ဓားလမ်းစဉ်ရဲ့ သ‌ဘောတရားတွေကို ထည့်ထားခဲ့ကြလိမ့်မယ်.... အခြားတစ်နည်းနဲ့ ပြောရရင် နတ်လက်နက် ၃၃ လက်က ခိုင်ဧကရာဇ် ဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံပဲ”

သူက ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေအထားကို ကြည့်ကာ ပြောသည်။ “တောင်တန်းတွေ၊ မြစ်ချောင်းတွေ၊ ပထဝီမြေပြင်အနေအထားတွေက သူ့ဓားသိုင်းရဲ့ လမ်းစဉ်ပဲ.. မြို့တွေ၊ ရွာတွေနဲ့ အဆင်တန်ဆာတွေလည်း ပါဝင်တယ်”

ရှုကျွင်းမှာ နားမလည်သေးသဖြင့် ရေရွတ်နေသည်။ “ဒါ မဖြစ်နိုင်ဘူးမလား... သူ ဓားတစ်ချက်နဲ့ ကောင်းကင်ဘုံ ၃၃ ဘုံ ဖွင့်လှစ်ခဲ့တာကို မြင်ခဲ့တဲ့ ဖန်ဆင်းရှင်တွေ တစ်ပုံကြီးပဲလေ... နတ်ဘုရင်လန်ဝူလည်း ကိုယ်တိုင်မြင်ခဲ့ရတယ်... သူ့အနေနဲ့ နတ်ဘုရင်လန်ဝူ၊ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေကို သွားရှုပ်လို့ မရဘူးလေ....ဒီနေ့ခေတ်ရဲ့ ခေါင်းဆောင်တွေက ဟိုတုန်းက ငါ့လို သန်မာအားကောင်းကြတယ်... နတ်ဘုရင်လန်ဝူဆို ပြောမနေနဲ့ ... ငါ့ထက် အများကြီး အစွမ်းထက်နေပြီ”

ရှုကျွင်းက သူ့နောက်မှ ခပ်သွက်သွက် လိုက်လာရင်း ပြောသည်။ “အဖိုးထိုက်ရတနာတစ်ခုကို ပေါ့အောင် လုပ်ဖို့က မလွယ်ဘူးမလား”

“လီရုံလန်က ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် စက်မှုလက်မှုပညာရှင် ဆိုတော့ သူ တည်ဆောက်ထားတဲ့ ရွှင်ပျော်ပျော်ဓားက အမှန်တကယ် ပေါ့နိုင်တယ်... ဒါပေမဲ့ ထူးဆန်းတာက ကျွန်တော် ဓားရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့တာ ရှားတယ်”

ချင်မူ ပြောနေမိသည်။ “သဘာတရားအရ ကျွန်တော့်အနေနဲ့ ဓားထဲမှာ ခတ်နှိပ်ထားတဲ့ သင်္ကေတအမှတ်အသားတွေကို အသက်သွင်းနိုင်သင့်တာ... ဒါပေမဲ့ ဓားစွမ်းအားကို မထုတ်လွှတ်နိုင်ခဲ့ဘူး... ရွှင်ပျော်ပျော်ဓားက အထဲမှာ ဟောင်းလောင်းပေါက် ဖြစ်နေသလို ခံစားခဲ့ရတယ်”

နောက်ဆုံးတော့ ရှုကျွင်း နားလည်သွားသည်။ “မင်း ဆိုလိုတာက ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို ရွှင်ပျော်ပျော်ကျေးရွာထဲမှာ ဖွက်ထားခဲ့ပြီး ပရမတ္တကမ္ဘာကို ရောက်တော့ ဓားနဲ့ ထိုးစိုက်လိုက်တဲ့အချိန်မှာ ရွှင်ပျော်ပျော်ကျေးရွာက ပျံထွက်လာပြီး ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်သွားတယ်... အဲဒီလိုလား”

ချင်မူက ခေါင်းညိတ်၍ ဆက်ပြောသည်။ “ခိုင်ဧကရာဇ်ရဲ့ လက်အောက်မှ အစွမ်းအစရှိတဲ့ လူတွေ တစ်ပုံကြီးပဲ... ကျွန်တော့်ဆရာ၊ ဝမ်တျန်းကဲက သူ့ရဲ့ တန်ခိုးရှင်သစ်ခုတ်သမား၊ ကောင်းကင်ဆရာသခင်ကျစ်ရှီက ဝင်္ကပါအခင်းအကျင်းပညာရှင်၊ သိကြားဗုဒ္ဓလီရုံလန်က ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် စက်မှုလက်မှုပညာရှင်... သူတို့ရဲ့ အသိအမြင်တွေ၊ လုပ်ရည်ကိုင်ရည်တွေနဲ့ဆို ရွှင်ပျော်ပျော်ကျေးရွာကို ရွှင်ပျော်ပျော်ဓားထဲမှာ ဝှက်ထားလို့ရတယ်.... သူတို့က အဲဒီလို တစ်ကြိမ် လုပ်ခဲ့ဖူးသားပဲဟာ”

သူသည် မင်တုကောင်းကင်နတ်မင်း ထျန်းရှု ပိတ်မိနေခဲ့သော တော်ဝင်မုခ်ဝနတ်ဓားမကို သတိရလိုက်၏။ ၎င်းတွင် မည်သည့်နေရာကိုမဆို ဝှက်ထားနိုင်သည်မဟုတ်ပါ‌လော။

“ကလိမ်ကကျစ်ကောင်” ရှုကျွင်းက ဒေါကြီးမောကြီး ထဆဲသည်။

ချင်မူ စိတ်တိုသွားပြီး သူ့ခေါင်းကို ရိုက်ချလိုက်၏။ “အဲဒါ ကျွန်တော့်ဘိုးဘေးကြီးဗျ... ကျွန်တော်ပဲ ဆဲမယ်.. ခင်ဗျားတော့ လာမဆဲနဲ့”

ရှုကျွင်းမှာ ဆွေ့ဆွေ့ခုန်သွား‌တော့သည်။ “လီးကို မဆဲရမှာလား”

နှစ်ယောက်သား မြို့ထဲ ရောက်လာသည့်အခါ ချင်မူက ရွှင်ပျော်ပျော်ကျေးရွာသားများဆီမှ တက္ကသိုလ်များအကြောင်း စုံစမ်း၏။ ရှုကျွင်းက မနေနိုင်ဘဲ ဝင်ပြောသည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံက ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံမှန်း မင်း သဘောပေါက်သွားရဲ့သားနဲ့ ဘာလို့ တက္ကသိုလ်တွေမှာ ပညာရှာနေဦးမှာလဲ”

ချင်မူက တတိယမျက်လုံးကို ဖွင့်လျက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတက္ကသိုလ်ထဲသို့ ဝင်သွားသည်။ အထဲရှိ နတ်ဘုရားတိုင်း၊ ကောင်းကင်နတ်သိုင်းပညာရှင်များသည် သူတို့ကို အဖက်ပင်မလုပ်ဘဲ ဝင်လာခွင့်ပေးကြ၏။

အဘယ်ကြောင့်ဆိုသော် ချင်မူ၏အသိစိတ်အလျဉ်က တက္ကသိုလ်တစ်ခုလုံး လွှမ်းခြုံထားသော ပုံရိပ်ယောင်တစ်ခုအား ဖန်တီးထား၍ပင်။

ယခုအချိန်တွင် ချင်မူ၏အသိစိတ်အလျဉ်ကား များစွာ သန်မာအားကောင်းနေပြီဖြစ်သည်။ နဂါးသွဲ့ရေကန်အဆင့်အသာထား၊ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများကို လှည့်စားနိုင်၏။

မှန်သည်၊ ယင်းက သူ တိုက်ခိုက်မနေသော အခြေအနေအောက်တွင်သာ အကျုံးဝင်၏။ သူသာ တိုက်ခိုက်လိုက်လျှင် သူ့အား သိသွားကြလိမ့်မည်သာ ဖြစ်ချေသည်။

“ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းတွေကို စူးစမ်းတာက ကျွန်တော့်ရည်ရွယ်ချက်တွေထဲက တစ်ခုပဲ ရှိသေးတယ်.... တခြားရည်ရွယ်ချက်က ရွှင်ပျော်ပျော်ကျေးရွာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တိုးတက်လာခဲ့သလဲ ကြည့်ဖို့ပဲ”

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ခိုင်ဧကရာဇ်ခေတ်မှာ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ အကြီးအကျယ် တိုးတက်ခဲ့တယ်... အသစ်အသစ်တွေလည်း ထွက်ပေါ်လာခဲ့တယ်... အဲဒီလိုပြုပြင်ပြောင်းလဲမှုတွေက သူတို့ ရွှင်ပျော်ပျော်ကျေးရွာမှာ ပုန်းနေတဲ့နောက်ပိုင်း ဘယ်လိုဖြစ်နေပြီလဲ မြင်ချင်သေးတယ်”

ချင်မူသည် တက္ကသိုလ်စာကြည့်တိုက်ဆီ လျှောက်သွားပြီး အစောင့်နတ်ဘုရားများအရှေ့၌ ရပ်ကာ ပြောနေ၏။ “တန်ခိုးရှင်သစ်ခုတ်သမား ပြောဖူးတယ်....သူ့ဘဝမှာ နောင်တအရဆုံးက ရွှင်ပျော်ပျော်ကျေးရွာဆီ မသွားဖို့ ခိုင်ဧကရာဇ်ကို မဖျောင်းဖျနိုင်တဲ့တာတဲ့... သူ့အထင် မှန်လား ကျွန်တော် မြင်ချင်တယ်”

စာကြည့်တိုက်ထဲတွင် ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိနေကြသည်။ ချင်မူက စာအုပ်စင်တစ်စင်၏ အရှေ့တွင် ရပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်၏။ မရေမတွက်နိုင်သော ချင်မူသေးသေးလေးများက သူ့အိမ်မက်ထဲမှ ပျံထွက်လာပြီး ဟိုဟိုသည်သည် လျှောက်သွားကာ စာအုပ်မျိုးစုံ မွှေနှောက်ဖတ်ရှုနေကြသည်။

တစ်နေရာလုံး ဆူညံပွက်လောရိုက်နေသော်လည်း စာကြည့်တိုက်ထဲရှိ မည်သူမှ မမြင်သည့်အလား သူတို့အလုပ်နှင့်သူတို့ အလုပ်များနေကြသည်။

ရှုကျွင်းလည်း စာအုပ်များ ဖတ်နေသည်။ သို့သော် သူ၏ဖတ်ပုံဖတ်နည်းက မတူ။ သူသည် စာအုပ်များကို အသိစိတ်အလျဉ်ဖြင့် တိုက်ခိုက်ကူးယူနေခြင်း ဖြစ်ရာ အင်မတန် လျင်မြန်၏။

သို့‌သော် ချင်မူ အိပ်မက်မှတစ်ဆင့် လေ့လာနေခြင်းက စာကြည့်တိုက်၏ စာအုပ်များကို လျင်မြန်စွာ ဖတ်ရှုနိုင်သည်သာမက ချင်မူအသေးလေးများကိုလည်း ကောင်းကင်နတ်သိုင်းများ စမ်းလေ့ကျင့်ခိုင်း၍ ရသည်။ ၎င်းက ရှုကျွင်း လုပ်နိုင်သော အရာမဟုတ်ပေ။

ချင်မူကား နေ့တစ်ဝက်အတွင်း မှတ်တမ်းအားလုံး ဖတ်ပြီးသွားသည်။

ရှုကျွင်း ဖတ်မပြီးခင် ချင်မူက စာကြည့်တိုက်အပြင် ထွက်သွားပြီး ကျောင်းသားများ ကောင်းကင်နတ်သိုင်းတို့ ကျင့်ကြံနေကြသည်ကို သွားကြည့်သည်။

ကျောင်းသားများသည် မြင်ယောင်ဖန်ဆင်းခြင်းအား အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်ဖြင့် ပေါင်းစည်းထား၏။ သူ မြင်တွေ့နေရသော လမ်းစဉ် ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကား ဖန်ဆင်းရှင်များ၏ ကျင့်စဉ်စနစ်နှင့် ဆင်တူလေသည်။

ယင်းက ပြုပြင်ပြောင်းလဲမှုတစ်ခုပင် ဖြစ်သည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မြင်တွေ့ခဲ့ရသော ပြုပြင်ပြောင်းလဲမှုအား ချင်မူ မမြင်ရပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ခိုင်ဧကရာဇ်ခေတ်ထက် ပိုများသော အခြေခံသင်္ကေတအမှတ်အသားများအား သူတို့ ပိုင်ဆိုင်ရရှိခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ သင်္ကေတအမှတ်အသားများတွင် ကောင်းကင်ယင်သင်္ကေတများ၊ သံလိုက်မုန်တိုင်းသင်္ကေတများလည်း ပါဝင်ခဲ့သည်။

ထို့အပြင် ချင်မူ ကောင်းကင်နတ်ဘုံမှ ယူဆောင်လာခဲ့သော ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေအမှတ်အသားများလည်း ရှိသေးသည်။

ဤအရာများ ရွှင်ပျော်ပျော်ကျေးရွာတွင် မရှိပေ။

ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံ ရွှင်ပျော်ပျော်ကျေးရွာသို့ ပြောင်းရွှေ့ပြီးနောက် အခြေခံသင်္ကေတအမှတ်အသားများနှင့် ပတ်သက်သည့် သုတေသနများ ရပ်တန့်သွားဟန်တူ၏။

‘ဒီနယ်ပယ်က လေ့လာသင့်တဲ့ နယ်ပယ်ပဲ....’

ချင်မူ မျက်တောင်ပုတ်ခတ်ရင်း တက္ကသိုလ်ထဲ၌ သင်ကြားနေကြသော ရွှင်ပျော်ပျော်ကျေးရွာသားတို့ကို စောင့်ကြည့်နေ၏။ ဤကျောင်းသားများက ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ကြသည်။

ရွှင်ပျော်ပျော်ကျေးရွာသို့ သူတို့ ပြောင်းရွှေ့လာပြီးနောက် ပြုပြင်ပြောင်းလဲမှု ဘာကြောင့် ရပ်တန့်သွားကြောင်း သူ အလွန်ဇဝေဇဝါ ဖြစ်မိသည်။ ပြုပြင်ပြောင်းလဲမှုကား ခိုင်ဧကရာဇ်ခေတ်တုန်းက အရှိန်အဟုန်ကောင်းခဲ့သည်မဟုတ်ပါလော။

သူ ကောင်းကင်နတ်သိုင်းပညာရှင်များကို လေ့လာနေစဉ် သူ့ဆီသို့ စပ်စပ်စုစု လှမ်းကြည့်နေသည့် သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ယောက်အား သတိထားမိလိုက်သည်။

ချင်မူ အနည်းငယ် မှင်သက်သွား၏။ သူ၏ အသိစိတ်အလျဉ်က တက္ကသိုလ်တစ်ခုလုံးအား လွှမ်းခြုံနေသည့်အတွက် အခြားသူများ သူ့ကို အဖက်မလုပ်ကြပေ။ သို့တိုင်အောင် ဤသက်လတ်ပိုင်းအရွယ် တာအိုရသေ့သည် သူ့ကို မြင်နေရသကဲ့သို့ လှမ်းကြည့်နေသည်။

ချင်မူက တာအိုရသေ့ကို လှမ်းပြုံးပြလိုက်ရာ တာအိုရသေ့ကလည်း လှမ်းပြုံးပြသည်။

“ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲဗျ” ချင်မူ သူ့ဆီသို့ လမ်းလျှောက်သွားပြီး နှုတ်ဆက်လိုက်၏။

ထိုတာအိုရသေ့က ပြန်လည်နှုတ်ဆက်သည်။ “တာအိုဂိုဏ်းရဲ့ အစွန့်ပစ်ခံ ဂိုဏ်းသားတစ်ယောက်၊ စုမိုင်ချင်း... ကောင်းကင်နတ်အရှင်မူကို ဂါဝရပြုပါတယ်”

“တာအိုဂိုဏ်းရဲ့ အစွန့်ပစ်ခံ ဂိုဏ်းသားတဲ့လား”

ချင်မူ သူ့ကို သွေးတိုးစမ်းကြည့်လိုက်သည်။ “စုမိုင်ချင်း၊ ကမ္ဘာဦးဘုံရဲ့ တာအိုဂိုဏ်းနဲ့ ခင်ဗျားက ဘယ်လိုပတ်သက်လဲ”

ထိုတာအိုရသေ့က မြင်းမြီးယပ်ကို ဝှေ့ယမ်းကာ ရယ်လေသည်။ “ကျုပ် ဖန်တီးခဲ့တာလေ”

All Chapters