← Chapters

ကောင်းကင်ဘုံ ၃၃ ဘုံအဆင့်

Vol. 76 Ch. 992

ကောင်းကင်ဘုံ ၃၃ ဘုံအဆင့်

Vol. 76 Ch. 992

ချင်မူ၏ သူငယ်အိမ်များ ကျုံ့သွားစဉ် သူ့လက်ထဲရှိ ဓားသည် ပျံထွက်သွားပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ချေမှုန်းခြင်းဓား ဖြစ်လာ၏။

ယင်းက ကမ္ဘာလောကကြီး၏ မတရားမှု၊ နတ်ဘုရားမိစ္ဆာများ ကမ္ဘာအပေါ် ဒုက္ခပေးသောင်းကျန်းနေမှုများ၊ မိမိကံကြမ္မာကိုယ် မိမိမပိုင်သော သက်ရှိသတ္တဝါများ၏ ဆင်းရဲဒုက္ခတို့ကို မြင်တွေ့ပြီးနောက် ဖန်ဆင်းထားသော ဓားကွက်တစ်ကွက် ဖြစ်ပေသည်။

ဤဓားကွက်သည် ကြောင်သူတော် ကြက်သူမျိုး၊ သူယောင်မယ်မိစ္ဆာကဝေများကို သတ်ဖြတ်ခြင်းဖြင့် မတရားမှုမှန်သမျှ ချေမှုန်းပေး၏။

ခိုင်ဧကရာဇ်မှာ ဤဓားကွက်က လမ်းစဉ်အဆင့်သို့ ဝင်ရောက်သွားသော သူ၏ပထမဆုံး ဓားကွက်ဖြစ်မည်မထင်ထားခဲ့ပေ။

သူ ဓားလမ်းစဉ်သို့ ဝင်ရောက်ခဲ့သည့်အချိန်တွင် ချုံဧကရာဇ်ကပ်ဘေး၏ နောက်ဆက်တွဲများကို ရင်ဆိုင်နေရသော အတောအတွင်း ဖြစ်၏။ ခိုင်ဧကရာဇ်ခေတ်သို့ မရောက်သေးသလို၊ ရဲစွမ်းသတ္တိအပြည့်ဖြင့် သွေးဆူလွယ်သော လူငယ်လေးတစ်ယောက်သာ ရှိသေးသည်။ သူက ဓားကို ဆွဲကိုင်လျက် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ ပြည့်နေသည့် ကမ္ဘာထဲတွင် နာမည်တစ်လုံး စိုက်ထူနိုင်ခဲ့သည်။

ဧရာမအားလှိုင်းကြီးတစ်လှိုင်းကြောင့် ကမ္ဘာဦးဘုံ ချိတ်ပိတ်မခံရရင် တွန့်လိမ်ပုံပျက်သွားသော မြင်ကွင်းကို သူ မြင်ခဲ့ဖူးသည်။ ကောင်းကင်ဘုံများမှာ တစ်ဘုံပြီးတစ်ဘုံ ပျောက်ကွယ်သွားခဲ့ပြီး တိတ်ဆိတ်မှုသာ ရောက်ရှိလာခဲ့သည်။ ကမ္ဘာဦးဘုံမှာ ကျုံ့သွားခဲ့လေသည်။

ထိုကမ္ဘာဦးဘုံသည် နောက်တွင် ထွက်ပေါ်လာမည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်တို့ထက် ကြီးမားသော်လည်း တကယ့် ကမ္ဘာဦးဘုံထက် များစွာ သေးငယ်နေသေးသည်။

မည်သည့် ဧရာမအားလှိုင်းကြီးသည် ကမ္ဘာဦးဘုံကို လိပ်ခေါက်နိုင်ခဲ့သနည်း။

ခိုင်ဧကရာဇ်သည် ချုံဧကရာဇ်၏ မြို့ပျက်များ၊ ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ အမွေအနှစ်များနှင့် ပြိုကျနေသော ဘုရားကျောင်းများ၊ နန်းတော်တံတိုင်းများနှင့် ၎င်းတို့အောက်ရှိ နတ်ဘုရား၊ မိစ္ဆာအလောင်းများကိုလည်း မြင်ခဲ့ရ၏။

ထိုအပျက်အစီးများအတွင်း၌ တိမ်မြုပ်နေသော သမိုင်းကြောင်းနှင့် ပတ်သက်၍လည်း သူ များစွာတွေးကြည့်ဖူးခဲ့သည်။

ကိုယ်ကျိုးစီးပွားအတွက် အခြေအနေကို အခွင့်အကောင်းဝင်ယူသော နတ်ဘုရားယုတ်များ၊ မိစ္ဆာယုတ်များကိုလည်း တွေ့မြင်ခဲ့ရသည်။ နတ်ဘုရားယုတ်တို့သည် ယဇ်ပလ္လင်များ တခမ်းတနား တည်ဆောက်၍ ချုံဧကရာဇ်ခေတ်၏ လက်ကျန်ပြည်သူများကို လိုက်ဖမ်းကာ ကောင်းကင်နတ်ဘုံသို့ ယဇ်ပူဇော်ခဲ့ကြ၏။

လူသားများကို အထက်နတ်ဘုရားဆီ ယဇ်ပူဇော်နေတုန်းက ထိုနတ်ဘုရားတို့၊ မိစ္ဆာတို့၏ အပြုံးများအား သူ ရှင်းလင်းပြတ်သားစွာ မှတ်မိနေသေးသည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ချေမှုန်းခြင်းဓားက ဤခံစားချက်တို့မှ မွေးဖွားလာခြင်း ဖြစ်သည်။

သူက ရင်ဘတ်ထဲက သူရဲကောင်းသတ္တိတို့ဖြင့် ဓားကို ဆွဲကိုင်ကာ မတရားမှုများ လိုက်လံရှင်းလင်းခဲ့၏။

ယင်းက သူ၏အစောဆုံး ဓားကွက်ဖြစ်သည်။ ထိုဓားကွက်ကို မဖန်တီးနိုင်ခင် ချင်မူနှင့် မတွေ့ရသေးသလို၊ နဂါးဟန်ခေတ်၏ ပထမနှစ်သို့လည်း အချိန်ကူးပြောင်း မရောက်ရှိသေးပေ။

ဤဓားကွက်သည် နောက်ပိုင်းဓားကွက်များလောက် မပြည့်စုံပေ။ အကြမ်းထည်ဟုပင် ဆိုနိုင်သေးသည်။ သို့တိုင်အောင် ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံအနက် ရည်မှန်းချက်အပြင်းထန်ဆုံးသော ဓားကွက်လည်း ဖြစ်သည်။ သူရဲကောင်းအဆန်ဆုံး ဖြစ်သည့်အတွက် အခြားဓားကွက်များနှင့် ကွဲထွက်နေသည်။

ချင်မူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ချေမှုန်းခြင်းဓားကို ထုတ်လွှတ်လိုက်သည်။ သူ ဓားကို ဆွဲကိုင်လျက် ရက်စက်ခက်ထန်မှုကို ရက်စက်ခက်ထန်မှုဖြင့် တိုက်ခိုက်၏။ လူငယ်သူရဲကောင်းတစ်ယောက်၏ ဓားသိုင်းက သူ့ဓားနှင့်အတူ ထွက်ပေါ်လာသည့်အခါ ခိုင်ဧကရာဇ်မှာ အတိတ်တုန်းက အမှတ်တရများကို ပြန်သတိရသွားသည်။ သူ့လက်ထဲရှိ ရွှင်ပျော်ပျော်ဓားက သူ့ကို အတိတ်သို့ ပြန်ခေါ်ဆောင်သွားသလို ခံစားလိုက်ရ၏။

သူလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံ‌ ချေမှုန်းခြင်းဓားကို ထုတ်ဖော်လိုက်သည်။ ဓားက ချင်မူ့ဓားကွက်နှင့် အတူတူပင်။ သူ ထုတ်ဖော်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ကို တိုးဝှေ့လာသည့် လေပြင်းများအား ခံစားလိုက်ရသည်။

၎င်းက သူ ငယ်ရွယ်စဉ်တုန်းက ခံစားချက်ဖြစ်သည်။ သူသည် ရည်မှန်းချက်အပြည့်ဖြင့် သူ၏ခန္ဓာကိုယ်သေးသေးနှင့် ကမ္ဘာကြီးကို ပြောင်းလဲမည် တွေးခဲ့၏။ မည်သည့်အခက်အခဲ၊ အတားအဆီးနှင့် ရင်ဆိုင်ရပါစေ ဘယ်တော့မှ ရှုံးနိမ့်မည်မဟုတ်ဟု ခံယူခဲ့သည်။

အခက်အခဲများနှင့် အတားအဆီးတို့က သူ့ကို ပိုမိုသန်မာလာစေသည့် တွန်းအား ဖြစ်လာသည်။

သူ၏ရည်ရွယ်ချက်က ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရသော ပြည်သူပြည်သားများအား ကာကွယ်ရန် ဖြစ်သည်။ သူတို့ နတ်ဘုရားများ၊ မိစ္ဆာများအား ကြောက်လန့်နေရသည်ကို မလိုလားပေ။ နတ်ဘုရားများ၊ မိစ္ဆာများ၏ သွားကြားက အသားအဖြစ်မဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ နေစေချင်ခဲ့သည်။

သူတို့၏ဓားများအောက်တွင် ဓားရောင်သည် တဝုန်းဝုန်း စီးဆင်းနေသော ရေစီးကြောင်းပမာ အားကောင်းပြင်းထန်လာရင်း ကြက်ခြေခတ်လျက် တောက်ပနေ၏။

ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်ထဲတွင် နတ်ဘုရားများနှင့် မိစ္ဆာအားလုံး မျက်တောင်ပင် မခတ်နိုင်ဘဲ ဤမြင်ကွင်းအား ကြည့်နေမိကြသည်။

ချင်မူသည် လူငယ်လေးတစ်ယောက်နှင့် တူပြီး ခိုင်ဧကရာဇ်သည် ဧကရာဇ်တစ်ပါး၏ အဟန့်အထည်ဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သို့တိုင်အောင် သူတို့မြင်ရသည်မှာ ရည်မှန်းချက်အပြည့်ဖြင့် ဓားသိုင်းကစားပြနေသော လူငယ်နှစ်ယောက်ပင်။

ဓားက သက်တံ့တစ်စင်းဆိုလျှင် တာအိုသည် ပန်းချီတစ်ချပ် ဖြစ်လိမ့်မည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါတိုင်း မိုင်ထောင်ချီ ရှည်လျားသော တောင်တန်း၊ မြစ်ချောင်းများက သူတို့ဆီ ပြေးဝင်လာသည်။

တောင်တန်းများနှင့် မြစ်ချောင်းများအတွင်းတွင် ဓားစွမ်းအင်သည် တောင်တန်းများလို၊ ရေကန်ထက် လှိုင်းကြက်ခွပ်များလို၊ အလိပ်လိပ်ထနေသော တိမ်တိုက်များလို၊ မိုးကောင်းကင်ကို ပိုင်းခွဲနေသော ရေလှိုင်းလုံးများလို လှုပ်ရှားသက်ဝင်နေ၏။

လူနှစ်ယောက်၏ ဓားရောင်တို့ ထပ်သွားပြီး ပြင်းပြင်းထန်ထန် ဖြာထွက်သွားသည့်အခါ ကျောက်စိမ်းမြို့တော်အတွင်းထဲမှ နတ်ဘုရားငယ်များ၊ မိစ္ဆာငယ်များ ပျံထွက်လာကြသည်။

သူတို့၏ ဓားရောင်သည် ကောင်းကင်အလိုတော်မုခ်ဝကို ပြိုကျသွားစေ၏။ ဓားရောင်တို့က မီးငှက်မုခ်ဝမှ လိပ်နက်မုခ်ဝသို့လည်းကောင်း၊ အန်းဖူမုခ်ဝမှ ယန်ရှီမုခ်ဝသို့လည်းကောင်း၊ ဟန်ကွမ်မုခ်ဝမှ အန်းလီမုခ်ဝသို့လည်းကောင်း၊ ရွှန်းရီမုခ်ဝမှ ကျင့်ဖန်းမုခ်ဝသို့လည်းကောင်း၊ ကျီဒဲ့မုခ်ဝမှ အန်းရှန့်မုခ်ဝသို့လည်းကောင်း ဝိုက်ဖြတ်သွားသည်။

ဓားရောင်က ဤမုခ်ဝများကို ပိုင်းဖြတ်ရင်း ကျော်လွှားသွားသည်။ ခန်းမများ၊ အဆောက်အအုံများ တစ်ခုပြီးတစ်ခု ပြိုကျလာပြီးနောက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မြင်ကွင်းဖြင့် အစားထိုးခံလိုက်ရသည်။

ထိုက်ကျိနန်းဆောင်၊ မိဖုရားဆောင်နှင့် မြစိမ်းနန်းဆောင်တို့မှာ မြင့်တက်လာသော တောင်တန်းများဖြင့် အစားထိုးခံလိုက်ရသည်။ ကောင်းမှုကျင့်စဉ်ဘုရားကျောင်း၊ ထာဝရရွှင်ပျော်ဘုရားကျောင်းနှင့် မဟာငြိမ်းချမ်းရေးကျောင်းတို့မှာ ရေကန်များဖြင့် အစာထိုးခံလိုက်ရ၏။

သူတို့ဓားရောင်များက ရုတ်တရက် စုစည်းသွားပြီးနောက် အလင်းတန်းများအသွင်ဖြင့် ဖြာထွက်လာသည်။

ဤမြင်ကွင်းမှာ အလွန်တင့်တယ်ခံ့ညားလှ၏။ ချင်မူနှင့် ခိုင်ဧကရာဇ်သည် မလှုပ်ရှား‌သော်လည်း သူတို့၏ ဓားပျံများက သူတို့ကို လှည့်ပတ်နေကြပြီး ဓားပျံတို့၏ တောက်ပသော ဓားသွားများထက်တွင် နေရာရွှေ့ပြောင်းသင်္ကေတမျိုးစုံ ထင်ဟပ်နေသည်။

နေရာရွှေ့ပြောင်းသင်္ကေတတများက နေရာရွှေ့ပြောင်းစွမ်းအား ထုတ်လွှတ်လိုက်သည့်အခါ ဓားရောင်တို့သည် သူတို့ကို ခန္ဓာကိုယ်ကို လေကိုခွင်းလျက် သယ်ဆောင်သွားပြီး သက်တံ့နှစ်စင်း ကောင်းကင်ထက်သို့ ထိုးတက်သွားသည့်အလား ထင်ရသည်။ နှစ်ယောက်သား ကျောက်စိမ်းမြို့တော်၏အပေါ်တွင် ဝင်တိုက်သွားကြ၏။

တိုက်ခတ်သွားတိုင်း ဓားရောင်က နေလုံးကြီးပမာ တောက်ပလာသည်။ သူတို့၏ပတ်ပတ်လည်ရှိ ဓားစွမ်းအင်က ဖြောင့်တန်းနေသော အလင်းများပမာ အောက်သို့ ထိုးဆင်းလာကြ၏။

ကျောက်စိမ်းမြို့တော်၏ အပြင်ပိုင်းများ ပစ်ခတ်ခံလိုက်ရသည်။ ငြိမ်းချမ်းရေးဘုရားကျောင်း၊ ကြေညာခြင်းဘုရားကျောင်း၊ တိုးတက်ရေးလမ်းစဉ်ဘုရားကျောင်း၊ ဖွင့်လှစ်ခြင်းကျောင်းတော်နှင့် တော်ဝင်လက်ထောင်ကျောင်းတော်တို့မှာ ဓားစွမ်းအင်တို့ တိုးဝင်လာသောကြောင့် ဇကာပေါက်သဖွယ် ပေါက်ကုန်ကြသည်။

ဓားကို သုံး၍ နေရာရွှေ့ပြောင်းသိုင်းကွက်များ ထုတ်လွှတ်လိုက်သော ပုံစံက စုမိုင်ချင်းလို သင်္ချာပညာရှင်များကိုပင် မှင်သက်အံ့ဩမိစေပြီး အားလုံး လက်ခုပ်လက်ဝါးတီးကာ အားပေးကြွေးကြော်မိကြသည်။

အပြင်မြို့များမှ နတ်ဘုရားငယ်များ၊ မိစ္ဆာငယ်များ ပြေးထွက်လာကြသော်လည်း သူတို့ သေချာမရပ်နိုင်ခင် ချင်မူနှင့် ခိုင်ဧကရာဇ် ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။

ထို့နောက် အုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာကာ ဓားလမ်းစဉ် ‌ကောင်းကင်ဘုံ ၃၃ ဘုံ၏ ဒုတိယဓား ထုတ်လွှတ်ခံလိုက်ရသည်။

ထိုက်မင်ရေလှိုင်းဓား၊

ဤဓားသည် နတ်ဘုရားမိစ္ဆာများကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအား ခိုင်ဧကရာဇ် နှိမ်နင်းချေမှုန်းနေသည့်အချိန်တွင် မွေးဖွားလာခြင်း ဖြစ်၏။ သူက သူရဲကောင်းဆန်ဆန် သတ္တိအပြည့်ဖြင့် သူတော်စင်တရားလက်ကိုင်ထားကာ မတရားသော လောကကြီးအား ပြောင်းလဲရန် ကျိန်ဆိုခဲ့သည်။

ကမ္ဘာလောကကြီး၏ မတရားမှုမှာ နတ်ဘုရားများ၊ မိစ္ဆာများကြောင့် မဟုတ်ပေ။ ကောင်းကင်နတ်ဘုံ၏ အမှန်တကယ် တရားမမျှတမှုသာ ဖြစ်သည်။

သူက သူတော်စင်တရားဖြင့် မတရားသော ဤလောကကြီးအား ပြောင်းလဲချင်ခဲ့၏။ ကမ္ဘာကြီး ဖြင့် ဝန်းရံလျက် ငြိမ်သက်စွာ ရှိနေကြပြီး သူတို့၏ခန္ဓာကိုယ်များမှ တောက်ပနေသော သင်္ကေတအမှတ်အသားမျိုးစုံ ဖြန့်ကျက်နေသည်။

ဤဓားသည် ရိုးသားဖြောင့်မတ်သည်၊ ရည်မှန်းချက်ကြီးသည်၊ ကြီးထွားလာနေသော တောင်တန်းများသဖွယ် အမြင့်သို့ တက်လှမ်းချင်စိတ် ပြင်းထန်လာစေ၏။ နှစ်ယောက်သာ ကောင်းကင်ထက်၊ တိမ်တိုက်များအထက် တက်သွားရင် အပြင်အာကာသထဲ ရောက်သွားသည်။

ရွှင်ပျော်ပျော်ကျေးရွာ ဒုတိယကောင်းကင်ဘုံ၏ နေစောင့်ရှောက်သူ၊ ယန်ရင်းနွမ်မှာ မချုပ်တည်းထားနိုင်တော့ပေ။ သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး မီးနဂါးနှစ်ကောင် ဖြစ်လာသည်။

သူက အထွတ်အမြတ်မီးလျှံစစ်စစ် ဖြစ်လာသည့် နေစောင့်ရှောက်သူတစ်ယောက် ဖြစ်သောကြောင့် သူ့တွင် မျက်ရည်မရှိပေ။ သူ့မျက်ရည်များက မီးတောက်များသာ ဖြစ်၏။

ဤဓားက ခိုင်ဧကရာဇ်ကို မနှိုးဘဲ သူ့ကို နိုးလာစေခဲ့ချေပြီ။

သူသည် ခိုင်ဧကရာဇ်နှင့်အတူ ရင်ဘောင်တန်း တိုက်ခိုက်ခဲ့ပြီး မတရားသော ဤလောကကြီးအား ပြောင်းလဲရန် သစ္စာဆိုခဲ့၏။

ထိုစဉ်တုန်းက လူငယ်များပီပီ တက်ကြွခဲ့ကြသည်၊ ရဲရင့်ခဲ့ကြသည်၊ သစ္စာရှိခဲ့ကြသည်။ အကြောက်အရွံ့လည်း မရှိခဲ့ကြပေ။

ယနေ့တွင်တော့ သူ လုပ်သမျှမှာ ညည်းညူနေခြင်းသာ ရှိသည်။

တမြေ့မြေ့ တောက်လောင်နေသာ မျက်ရည်မီးတောက်များအကြားတွင် သူ့ဓားအိမ်ထဲရှိ ဓားမှ အသံထွက်လာသည်။ မဟာနေဓားကြီးတစ်လက်ကား တဝှမ်ဝှမ် တုန်ခါလာပြီး သံချေးများ ကွာကျကုန်ကာ ပြန်လည်တောက်ပလာ၏။

ကောင်းကင်ထက်တွင် ဓားရောင်များ ပေါက်ကွဲသွားပြီး တတိယကောင်းကင်ဘုံ ဖြစ်လာသည်။ ခဲ့သူတစ်ယောက် ဖြစ်ခဲ့၏။ ၎င်းသည် သံမဏိနှလုံးသား ချင်းမင်ဓား၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်သော ဓားဖြစ်၏။ ဓားရောင်က နှလုံးသားအပေါ် ဖြာကျလာကာ မူလရည်မှန်းချက်များကို ပြန်လည်အမှတ်ရလာစေသည်။

ထိုအချိန်တုန်းက ခိုင်ဧကရာဇ်သည် ပျက်စီးနေသော ကမ္ဘာဦးဘုံတွင် အောင်မြင်မှုတချို့ ရထားခဲ့၏။ သူက ရည်မှန်းချက်ကို မေ့လျော့သွားပြီး အကြီးအကျယ်ရှုံးနိမ့်သွားသည့်အတွက် သူ့နောက်လိုက်များစွာ သေကြေပျက်စီးခဲ့ရသည်။ သူတို့ကို တောင်တန်းများအပေါ်တွင် မြှုပ်နှံခဲ့ရပြီး သူတို့၏ဝိညာဉ်များမှာလည်း ဓားဖြင့် ပိုင်းဖြတ်ခံခဲ့ကြရသည်။

ဤဓားက သတိပေးသော ဓားတစ်လက် ဖြစ်သည်။ ဓားရောင်သည် ကောင်းကင်ထက်မှ ကြည်လင်စွာ ဖြာကျလာရင်း ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲက လူအများ၏ မျက်နှာများအပေါ် ထင်ဟပ်လာ၏။

အတော်များများမှာ သူတို့ကိုယ်သူ ထိုဓားရောင်ထဲမှ ပြန်မြင်လိုက်ရသည်။ တချို့က သူတို့၏စိတ်ဓာတ်ကျနေမှုကို မြင်သည်၊ တချို့က အမုန်းတရားကို မြင်သည်၊ တချို့က ခါးသီးမှုကို မြင်သည်၊ တချို့က သူတို့၏ဆုတ်ယုတ်နေမှုကို မြင်သည်။

ထိုအခိုက်အတန့်တွင် သူတို့ကိုယ်သူတို့ ပြန်မြင်လိုက်ရကာ သူတို့၏တာအိုနှလုံးသားတွင် အပေါက်များပြည့်နေကြောင်း တွေ့လိုက်ရ၏။

ဓားရောင်သည် ချင်မူနှင့် ခိုင်ဧကရာဇ်ကြားက တိုက်ပွဲ၏ သင်္ကေတသာ မဟုတ်၊ သူတို့၏ တာအိုနှလုံးသားနှင့် မိမိကိုယ်မိမိ ပြန်သိမြင်ခြင်းအကြားက တိုက်ပွဲကိုလည်း ကိုယ်စားပြုသည်။

အစောင့်အရှောက်ငယ် ဖန်ရုံကျီမှာ မျက်ရည်များသုတ်နေသော်လည်း သုတ်မဆုံးနိုင်ဖြစ်နေသည်။

ချင်မူနှင့် ခိုင်ဧကရာဇ်က ဓားလမ်းစဉ်၏ စတုတ္ထကောင်းကင်ဘုံကို ထုတ်လွှတ်သည်။

အမှောင်သန္ဓေသားကောင်းကင်ဘုံ၏ အမှောင်သန္ဓေသားဓား။

ဤဓားက အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် အဆင့်အတန်းများ၊ စိတ်နေစိတ်ထားများနှင့် တာအိုနှလုံးသားကို ပြန်လည်ထူထောင်သော ဓားဖြစ်သည်။

ခိုင်ဧကရာဇ်ခေတ်၏ စစ်သည်တော်များသည် စိတ်အားပြန်လည်တက်ကြွလာခဲ့ကြပြီး ကောင်းကင်ဘုံကို အံတု၍ နတ်ဘုရားများ၊ မိစ္ဆာများကို တိုက်ခိုက်ရင်း အရှုံးမပေးတော့ဘဲ သူတို့၏အမှောင်သန္ဓေသားတို့အား ပြန်လည်နိုးထလာစေခဲ့၏။

ခိုင်ဧကရာဇ်ကောင်းကင်ဘုံ၏ အစောင့်အိုကြီးများမှာ ထိုဓားရောင်၊ ထိုဓားလမ်းစဉ်၊ ထိုစိတ်ဝိညာဉ်ကို မြင်လျှင် ထိုခေတ်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ သူတို့ရင်ထဲရှိ သူရဲကောင်းစိတ်ဓာတ်တို့ ပြန်လည်လှုပ်ရှားလာသည်။

ယခုလို မခံစားခဲ့ရသည်မှာ အင်မတန့်အင်မတန် ကြာခဲ့ချေပြီ။

နှစ်နှစ်သောင်းတိုင်တိုင် ဇွဲတင်းထားခဲ့ရမှု၊ ယုံကြည်ခဲ့ရမှုနှင့် ကြိုးစားခဲ့ရမှုတို့က ရွှင်ပျော်ပျော်ကျေးရွာသို့ ဆုတ်ခွာလိုက်သည့်အချိန်တွင် အိပ်မက်များသဖွယ် ‌ပျောက်ကွယ်သွားခဲ့သည်။ ရွှင်ပျော်ပျော်ကျေးရွာတွင် နေထိုင်ရင်း ဦးတည်ချက်များ တဖြည်းဖြည်း ဝေဝါးသွားခဲ့၏။

ယခုတော့ အရာအားလုံး နိုးထလာခဲ့ချေပြီ။

ဓားလမ်းစဉ်၏ ပဉ္စမကောင်းကင်ဘုံ ထွက်ပေါ်လာပြီး ယွမ်မင်စာပေဓား ဖြစ်လာ၏။ ယင်းက ခိုင်ဧကရာဇ် နဂါးဟန်ခေတ်၏ပထမနှစ်မှ ပြန်ရောက်လာသည့်အချိန်တွင် ဖန်တီးခဲ့သော ဓားကွက်ပင်။ သူက ပြုပြင်ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ခဲ့ပြီး လူငယ်မျိုးဆက်သစ်များအတွက် အတွေးဒဿနများစွာ ပြည့်နှက်နေသည့် ခေတ်တစ်ခေတ်အား ဖော်ဆောင်ပေးခဲ့သည်။

ထို့နောက် ပြုပြင်ပြောင်းလဲမှုလမ်းစဉ်အား လျှောက်လှမ်းခဲ့သည်။

ယွမ်မင်စာပေဓားက စာကျက်မှတ်ရန် ဆိုလိုခြင်းမဟုတ်၊ စာပေမှတစ်ဆင့် စိတ်ကို ကျင့်ကြံရန် ဖြစ်သည်။

စာပေပညာဖြင့် သူတို့ ကောင်းကင်ဘုံများ ဖွင့်လှစ်နိုင်ခဲ့သည်။ စာပေပညာဖြင့် ကောင်းကင်ဘုံများကို ထမ်းရွက်ခဲ့ကြသည်။ စာပေပညာဖြင့် ခိုင်ဧကရာဇ်၏ စိတ်ဝိညာဉ်ကို သယ်ဆောင်ခဲ့ကြ၏။ ပြည်သူပြည်သားအတွက် ကံကြမ္မာတစ်ခု ရေးထိုခဲ့ကြပြီး ပြိုင်ဘက်ကင်းသိုင်းပညာရပ်များနှင့် အသိအမြင်များအား လက်ဆင့်ကမ်းနိုင်ခဲ့ကြသည်။

ကောင်းကင်ထက်၌ ချင်မူနှင့် ခိုင်ဧကရာဇ်က ဆက်လက်တိုက်ခိုက်နေသည်။ ဓားချက်တိုင်း၊ ဓားကွက်တိုင်းက ခိုင်ဧကရာဇ်ခေတ်၏ စိတ်ဝိညာဉ်အပေါ် အခြေခံ၏။ ထိုစိတ်ဝိညာဉ်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အစောင့်အိုကြီးများ ခံစားခဲ့ရသော စိတ်ဝိညာဉ်ဖြစ်ခဲ့သည်။ ၎င်းက သူတို့၏ ယခင်စိတ်ဝိညာဉ်ဖြစ်ကာ သူတို့ခေတ်၏ နာမည်ကျော်ကြားသော ပြယုဂ်ဆိုလည်း မမှားချေ။

ယနေ့တွင် ချင်မူနှင့် ခိုင်ဧကရာဇ် ဓားကွက်များ ထုတ်ဖော်နေသည်ကို ကြည့်ရင်း ထိုခေတ် ပြန်လည်ရှင်သန်လာသကဲ့သို့ သူတို့ ခံစားနေရသည်။ ပိတ်လှောင်ခံထားရသော မှတ်ဉာဏ်များ နိုးထလာပြီး ပျောက်ကွယ်နေသည့် သတ္တိတို့ ပြန်ရောက်လာသည်။ အေးနေသော သွေးတို့လည်း ပြန်လည်ဆူပွက်လာချေပြီ။

ခိုင်ဧကရာဇ်ခေတ်၏ စိတ်ဝိညာဉ်သည် ဘယ်တုန်းက ခိုင်ဧကရာဇ်၏ စိတ်ဝိညာဉ်တစ်ခုတည်း မဟုတ်ခဲ့ပေ။ စိတ်ဝိညာဉ်က ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်သော လူအားလုံးနှင့် သက်ဆိုင်သည်။

ဘယ်အချိန်တုန်းက ဤခေတ်သည် သူတစ်ယောက်တည်းနှင့် သက်ဆိုင်ခဲ့သနည်း။

ဘယ်အချိန်တုန်းက သူတို့က သူတို့ခေတ်၏စိတ်ဝိညာဉ်ကို သူတစ်ယောက်တည်းနှင့် သက်ဆိုင်စေခဲ့သနည်း။

ဘယ်အချိန်တုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအား ရွှင်ပျော်ပျော်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့မှုအတွက် သူ့တစ်ယောက်တည်းအပေါ် အပြစ်တင်ခဲ့မိသည်နည်း။

ခိုင်ဧကရာဇ်သည် ခိုင်ဧကရာဇ်သာ ဖြစ်နေသေးသော်လည်း ဘယ်အချိန်တုန်းက ယခင်ခိုင်ဧကရာဇ်နှင့် မတူတော့သနည်း။

ကောင်းကင်ထဲတွင် ချင်မူနှင့် ခိုင်ဧကရာဇ်ကား ပိုမိုကြမ်းတမ်းခက်ထန်လာသည်။ သူတို့ကား ၃၃ ဘုံမြောက် ကောင်းကင်ဘုံ၊ မဟာလင်းရောင်ဓားအထိ တိုက်ခိုက်နေကြချေပြီ။

ဤဓားနှင့်အတူ ခိုင်ဧကရာဇ်သည် ဓားနယ်ပယ်ကို ‌ဖော်ဆောင်ကာ ပြိုင်ဘက်ကင်းဓားသမား ဖြစ်လာခဲ့၏။

သို့တိုင်တောင် ထိုအချိန်က ခိုင်ဧကရာဇ်ကပ်ဘေး ပေါ်ထွက်လာသော အချိန်လည်း ဖြစ်သည်။ သူ ဓားကို ဖွင့်လှစ်ပြီးနောက် အဖြစ်အပျက်များစွာ ဆက်တိုက်ဖြစ်ပျက်ခဲ့၏။

ကောင်းကင်ထက်၌ သူတို့၏ဓားများ ထိခတ်နေသည်မှာ ကြောက်စရာကောင်းလှသည်။ နှစ်ယောက်စလုံး လက်ရည်တူနေသည့်အလား ထင်ရပေသည်။

မဟာလင်းရောင်ဓား၏ စွမ်းအား ကုန်ခမ်းသွားသည့်အခါ သူတို့၏ဓားရောင်များ အတန်ကြာ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားက ထပ်မံမြောက်တက်လာကာ ချင်မူမှာ အရိုးထဲအထိ စိမ့်နေအောင် အေးခဲသွားသည်။

မဟာလင်းရောင်ဓားပြီးနောက် ၃၄ ခုမြောက် ကောင်းကင်ဘုံ ရှိနေသေးသည်။

All Chapters