← Chapters

ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်သို့ ရောက်သွားပြန်ခြင်း

Vol. 76 Ch. 996

ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်သို့ ရောက်သွားပြန်ခြင်း

Vol. 76 Ch. 996

ချင်မူမှာ ဖွန်ကြောင်မိနေသကဲ့သို့ အကြီးအကျယ် အရှက်နေတော့သည်။

‘ဖက်တီးနဂါးသာ ရရှိရင် သူ့အလှထဲ ငါ မနစ်မျောသွားအောင် သတိပေးစကား တစ်ခုခု ပြောမှာ’

နတ်ဘုရင်လန်ဝူမှာတော့ တခြားအတွေးများ မရှိဘဲ မှန်တစ်ချပ် ထုတ်ကာ သူမမျက်ခုံးနှစ်ဖက်ကြားတွင် မိုးမခသစ်ရွက် နေရာကျ၊ မကျ ကြည့်နေသည်။

ဤမိုးမခသစ်ရွက်က အလွန်ကြည့်ကောင်းသဖြင့် သူမ သဘောကျနေ၏။

၎င်းကို ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများ သွန်းလုပ်ထားခြင်း မဟုတ်ပါလော။ သူတို့သည် သူမအောက် အားနည်းကြသော်လည်း ပန်းချီ၊ ပန်းပဲစသော နယ်ပယ်မျိုးစုံတွင် တတ်ကျွမ်းကြရာ လက်ရာအလွန်မြောက်ခြင်း ဖြစ်၏။

မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းလည်း ဝင်ရောက်အားဖြည့်ပေးထားသောကြောင့် မိုးမခသစ်ရွက်ကား ထူးခြားသည်။

နတ်ဘုရင်လန်ဝူမှာ မျက်ခုံးနှစ်ဖက်ကြားတွင် ရွှေရောင်မိုးမခသစ်ရွက်နှင့် တစ်မျိုး လှနေချေသည်။

ချင်မူ သူမ၏သရဖူကို ကြည့်ကာ အနည်းငယ် အကြပ်ရိုက်သွားသည်။ သရဖူသည် နတ်ဘုရင်၏ မဟာသင်္ကေတတစ်ပါး ဖြစ်၏။ ၎င်းပေါ်ရှိ ကျောက်မျက်ရတနာများကလည်း မယုံနိုင်လောက်အောင် အဖိုးတန်သည်။ သူမ ဝတ်ထားလျှင် သေချာပေါက် စိတ်ဝင်စားခံရလိမ့်မည်။

‘ဒါပေမယ့် ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုနေနေ သေချာပေါက် စိတ်ဝင်စားကြမှာပါပဲ’

သူက နတ်ဘုရင်လန်ဝူအား သရဖူချွတ်ခိုင်းမည့် အစီအစဉ်ကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ‘တော်တော်လေး လှလိုက်တာ.... ဖန်ဆင်းရှင်တစ်ယောက်နဲ့ မတူဖို့ပဲ လိုတယ်... သူတို့နဲ့ ရှေးဟောင်းနတ်ဘုရားတွေကြားမှာ ရန်ငြိုးရှိတယ်ဆိုတော့ ငါ သတိထားမှ ဖြစ်မယ်... ရှေးဟောင်းနတ်ဘုရားအများစုက ငါ့ကို တိတ်တိတ်လေး ထောက်ခံပေးထားတာ မဟုတ်လား... သူ့သရုပ်မှန်သာ ပေါ်သွားရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်’

နတ်ဘုရင်လန်ဝူသည် အမျိုးမျိုးသော ခေါင်းဆောင်များကို ခေါ်ကာ အမိန့်ပေးနေ၏။ ချင်မူက ရှုကျွင်းကို သွားရှာကာ မေးသည်။ “နတ်ဘုရင်ကြီး၊ ကျွန်တော် ကောင်းကင်နတ်ဘုံဆီ ပြန်တော့မယ်... ပြန်လိုက်မှာလား”

ရှုကျွင်းက စဉ်းစားပြီးနောက် ပြန်ဖြေသည်၊။ “လိုက်မယ်လေ’

ချင်မူ စိတ်ရှုပ်သွားသည်။ “ခင်ဗျားပဲ ခင်ဗျားလူတွေကို ရှာချင်တယ် ပြောခဲ့တာမဟုတ်လား... အခု သူတို့ကို တွေ့ပြီပဲဟာ ဘာလို့ ကောင်းကင်နတ်ဘုံဆီ ပြန်လိုက်ဦးမှာလဲ... အဲဒီမှာ အန္တရာယ်များတယ်... ခင်ဗျား နေခဲ့တာ ပိုကောင်းလိမ့်မယ်နော်... ရွှင်ပျော်ပျော်ကျေးရွာမှာဆို ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သင်ယူပြီး ပြင်းပြင်းထန်ထန် ကြိုးစားရင် ကောင်းကင်နန်းဆောင်နဲ့ ကောင်းကင်ရတနာတွေ ဖွင့်လှစ်နိုင်လိမ့်မယ်”

“မင်းက ငါ့ကို မင်းနဲ့ အတူလိုက်ချင်လား မေးပြီး အခုကျ နေခဲ့ခိုင်းနေတယ်... မျက်နှာနှစ်ဖက် လျှာနှစ်ခွနဲ့ကောင်”

ရှုကျွင်းက အဓွန့်တက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ သင်စရာ သိပ်မရှိဘူး... သူတို့ရဲ့ ကျင့်ကြံနည်းတွေက မင်းလောက် မကောင်းဘူး... ငါ ဒီမှာ သင်ယူနိုင်သမျှက ကောင်းကင်နတ်သိုင်းတချို့၊ ကျင့်စဉ်တချို့လောက်ပဲ ရှိတာ... ဒီတော့ မနေတော့ဘူး... ကောင်းကင်နတ်ဘုံမှာ ပုန်းနေတဲ့ ဖန်ဆင်းရှင်တစ်ယောက်ကို မင်း ရှာပေးရဦးမှာ မမေ့နဲ့”

ချင်မူ ပွစိပွစိ ပြောနေမိသည်။ “ကျွန်တော်က ခင်ဗျားအတွက် တွေးပေးနေတာ... မဟာလေဟာနယ်ထဲကို ကျွန်တော် ခေါ်လာတဲ့လူတွေထဲကမှ ခင်ဗျားတစ်ယောက်ပဲ ကျွန်တော်နဲ့အတူ ပြန်လိုက်လာရင် .... ခင်ဗျားက ဘာကြီးလဲ... ခင်‌ဗျားခေါင်းကြီးက ဘယ်လိုဟာကြီးလဲ လျှောက်ပြောနေကြမှာပေါ့.....”

ရှုကျွင်းသည် ဒေါသများဖြင့် ရယ်ကာ မေး၏။ “နတ်ဘုရင်လန်ဝူကရော... သူ့ကို မမေးကြတော့ဘူးလား... ငါတို့ အပေးအယူ မပြီးမြောက်သေးဘဲ ငါ့ကို ပထုတ်ဖို့ မကြိုးစားနဲ့”

ချင်မူ ဆက်လက်စောဒတက်ရန် ပြင်နေစဉ် ရုတ်တရက် တွေးမိသွားသည်။ ‘ငါက နတ်ဘုရင်လန်ဝူကို မစွဲလမ်းသွားအောင် ရှုကျွင်းကို လိုက်ခဲ့စေချင်လို့ အဲဒီမေးခွန်းမေးလိုက်တာလေ... ဒါပေမယ့် အခုကျ မလိုက်စေချင်တော့ဘဲ နေခဲ့ခိုင်းနေတယ်.. သေလိုက်ပါတော့၊ သေလိုက်ပါတော့ ... ဖက်တီးနဂါးရေ မင်း ဘယ်မှာတုန်းကွာ’

သူတို့ ချက်ချင်း ထွက်လာခဲ့ကြသည်။

ရက်အနည်းငယ်ကြာသော် အိမ်သုံးအိမ် ရှိသော မြေထုဆီသို့ ရောက်လာကြပြီး အိမ်သုံးအိမ်အရှေ့ သွားလိုက်ကြသည်။

‘ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု အဲဒီအိမ်တွေကနေ လွတ်သွားပြီလား မသိဘူး’ ချင်မူ တွေးလိုက်မိ၏။

နတ်ဘုရင်လန်ဝူက အလယ်တံခါးကို ဖွင့်၍ ရှင်းပြသည်။ “အထဲက တံခါးတွေက အပြင်ကနေ အထဲဝင်လာတုန်းကလို ဖွင့်စရာမလိုဘူး... အထဲဝင်လိုက်တာနဲ့ လေဟာနယ်တံတားဆီ ရောက်သွားလိမ့်မယ်”

ချင်မူနှင့် ရှုကျွင်းလည်း ဝင်လိုက်သည့်အခါ အခန်းထဲ ရောက်မသွားဘဲ လေဟာနယ်တံတား၏ အစွန်းသို့ ရောက်သွားကြောင်း တွေ့လိုက်ရသည်။

သူတို့က အလယ်အိမ်၏ တံခါးအရှေ့တွင် ရပ်နေကြခြင်း ဖြစ်လေသည်။

ပြိုကွဲပျက်စီးနေသော လေဟာနယ်တံတားသည် တဖျတ်ဖျတ် လင်းလက်နေ၏။ တံတားက ဖြတ်သန်းရန် မလွယ်ကူသဖြင့် ချင်မူ မျက်မှောင်ကြုတ်သွားသည်။ သူ့မှာ ပရမတ္တလှေနှင့်အတူ အန္တရာယ်ကင်းကင်း ရောက်နိုင်ရန် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုနှင့်အတူ ပူးပေါင်းခဲ့ရလေသည်။

သူတို့အနေဖြင့် နတ်ဘုရင်လန်ဝူ၏ စွမ်းအားနှင့်ပင် တံတားအား မဖြတ်ကျော်နိုင်ပေ။

ထိုအခိုက်အတန့်တွင် အလယ်အခန်းမှ ကြောက်မက်ဖွယ်ရာ လှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှု၏ ပုံရိပ်များ နံရံပန်းချီထဲမှ ထွက်လာကြ၏။

ကောင်းကင်နတ်အရှင်နှစ်ယောက်ကား ပန်းချီကမ္ဘာ၏ သေခြင်းရှင်ခြင်းသံသရာမှ လွတ်မြောက်လာကြချေပြီ။

ချင်မူက သူတို့ထွက်လာသည်နှင့် တံခါးကို ကပျာကယာ ပိတ်ကာ အလျင်အမြန် ပြန်ဖွင့်လိုက်သည်။ တံခါးကား ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့ ရှိနေသော အခန်းနှင့် မချိတ်ဆက်တော့ဘဲ နန်းတော်တစ်ဆောင်သို့ ရောက်သွားသည်။

ချင်မူမှာ အလျင်လိုနေသောကြောင့် မည်သည့်နေရာမှန်း မမြင်မိပေ။ “ဝင်တော့ အခု”

နတ်ဘုရင်လန်ဝူက ကမန်းကတန်း ပြောသည်။ “အစဉ်တကျမဟုတ်ရင် တခြားနေရာတွေဆီ ရောက်သွားလိမ့်မယ်... ငါ အန္တရာယ်ကင်းတဲ့ နေရာကို သိ...”

“နောက်ကျနေပြီ”

ချင်မူသည် ဆက်လက်ရှင်းပြမနေတော့ဘဲ သူမလက်ကို ဆွဲ၍ အထဲ ပြေးဝင်သွား၏။ ရှုကျွင်းလည်း လိုက်ဝင်လာသည်။

တံခါးက ဒုန်းခနဲ ပွင့်သွားပြီး ကောင်းကင်နတ်အရှင်ရှု၏ ချိုကြီးနှစ်ချိုက မီးတောက်မီးလျှံများသဖွယ် ထွက်လာသည်။ ချိုကြီးများသည် ယိုတုထဲ ငရဲမီးမြစ်များသဖွယ် ကောက်ကွေးနေ၏။

သူမတစ်ကိုယ်လုံး ဒဏ်ရာအလိမ်းလိမ်း ပြည့်နှက်နေသည်။ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ လေဟာနယ်တံတား၏ အလင်းရောင်မှာ တဖျတ်ဖျတ် လက်နေပြီး လေဟာနယ်လှိုင်းများလည်း ပျက်စီးနေကြောင်း မြင်လိုက်ရ၏။ ချင်မူနှင့် ကျန်ရှိသူများလည်း မရှိတော့ပေ။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပတ်ဝန်းကျင်သို့ ကြည့်ရှုနေသည်။

ကောင်းကင်နတ်အရှင်ဟွေ့သည် အခန်းထဲမှ ထွက်လာကာ သူမဆီသို့ တည့်တည့်ကြည့်၏။

သူ့တွင်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။ ဒဏ်ရာများက လွယ်လွယ်နှင့် ပျောက်နိုင်သော ဒဏ်ရာများမဟုတ်ပေ။

သူတို့၏မျက်လုံးငါးလုံးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ ကောင်းကင်နတ်အရှင်ရှု၏ မျက်ခုံးနှစ်ဖက်ကြားတွင်လည်း မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးသဖွယ် မျက်လုံးနောက်တစ်လုံး ရှိသည်။ မကြာခင် နှစ်ယောက်သား အကြည့်လွှဲလိုက်ကြသည်။

သေခြင်းရှင်ခြင်း သံသရာထဲ ကျဆင်းသွားစဉ်တုန်းက ကောင်းကင်နတ်အရှင်ရှုသည် အလိုရှိတိုင်း အမိန့်ပေးနိုင်သော နတ်ဘုရင်များ၊ မိစ္ဆာများဖြင့် နတ်ဘုရင်တစ်ပါးအဖြစ် မွေးဖွားလာခဲ့၏။ ကောင်းကင်နတ်အရှင်ဟွေ့လည်း နတ်ဘုရင်တစ်ပါးအဖြစ် မွေးဖွားလာသည်။ နှစ်ပြည်ထောင်မှာ တစ်ဖက်နှင့်တစ်ဖက် သွေးကြွေးရှိသောကြောင့် စစ်တပ်များ ဦးဆောင်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

ထိုဘဝသံသရာကမ္ဘာနှင့် ပတ်သက်၍ ကြောက်စရာအကောင်းဆုံးမှာ အထဲ ကျရောက်သွားသည်နှင့် ဖန်ဆင်းရှင်တို့၏ သန်မာအားကောင်းသော အသိစိတ်အလျဉ်က သူတို့၏မှတ်ဉာဏ်ကို ပြောင်းလဲပစ်လိုက်ခြင်းပင်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုပင် မှတ်ဉာဏ်များ‌ ပြောင်းလဲခံလိုက်ရသည်။

သူတို့၏မှတ်ဉာဏ်များတွင် တစ်ယောက်ကိုတစ်ယောက် ခါးခါးသီးသီး မုန်းတီးစက်ဆုပ်နေကြသဖြင့် အသေအကြေ တိုက်ခိုက်ခဲ့ကြလေသည်။

ခိုင်ဧကရာဇ် ဤနေရာသို့ ရောက်လာခဲ့တုန်းက သူလည်း ကျရောက်သွားခဲ့ဖူးပြီး တာအိုနှလုံးသားမှတစ်ဆင့်သာ ထွက်လာနိုင်ခဲ့၏။

သို့သော် ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့က ကံပိုကောင်းသည်။ သူတို့သည် ကောင်းကင်နတ်အရှင်များ မဟုတ်ပါလော။ ထို့ကြောင့် သူတို့ တိုက်ခိုက်သည့်အခါ သူတို့ ထုတ်လွှတ်နိုင်သော စွမ်းအားသည် ထိုကမ္ဘာတောင့်ခံနိုင်သော ပမာဏထက် အားကောင်းပြင်းထန်နေ၏။ ထိုအခါ သူတို့၏နောက်လိုက် စစ်တပ်များ အေးခဲတောင့်တင်းသွားတတ်သည်။

သူတို့၏ပြည်သူများနှင့် သားရဲများပင်လျှင် အေးခဲတောင့်တင်းသွားခဲ့သည်။

ထူးဆန်းသော အရာများက တောင်ပံဖြန့်လျက် လေထဲတွင် ရပ်တန့်နေသော ငှက်များ၊ လေထဲ ခုန်ဝဲပျံလျက် အနေအထားဖြင့် အောက်ပြန်မကျသေးသော ကျားသစ်တစ်ကောင် အစရှိသဖြင့် ဖြစ်ကြပြီး... ရေတံခွန်မှ ရေစက်များပင် နေရာတွင်သာ ရပ်တန့်နေကြလေသည်။

ပို၍ပင် ထူးဆန်းသည်မှာ သူတို့ တိုက်ခိုက်နေသည်ကို ရပ်လိုက်လျှင် ကမ္ဘာသည် နဂိုအတိုင်း ပြန်ဖြစ်သွားသော်လည်း ကိုးရို့ကားရားအနေအထားဖြင့် ဖြစ်၏။

သူတို့နောက်လိုက် နတ်ဘုရားများ၊ မိစ္ဆာများမှာ ထူးဆန်းစွာ နေရာရွှေ့ပြောင်းကုန်ကြသည်။ တချို့က ခါးအောက်ပိုင်းနှင့် ခါးအထက်ပိုင်း ကွဲထွက်နေကြသော်လည်း ဆက်လက်တိုက်ခိုက်နေကြသည်။

တချို့ငှက်များဆိုလျှင် တောင်ပံများသာ လေထဲတွင် ပျံသန်းနေကြပြီး ခန္ဓာကိုယ်များသည် မြေကြီးပေါ်၌ ကျန်ရစ်ခဲ့ကြ၏။ ကြောက်စရာလည်း ကောင်းသလို၊ ရယ်စရာလည်း ကောင်းသည်။

ထိုအခိုက်အတန့်တွင် ဤကမ္ဘာသည် အတုဖြစ်ပြီး ဖန်ဆင်းရှင်များက သူတို့၏မှတ်ဉာဏ်များအား ပြောင်းလဲခဲ့ကြောင်း နှစ်ယောက်စလုံး သိသွားကြ၏ သို့သော် မိမိကိုယ်ကို မည်သူမှန်း မသိသေးသဖြင့် အဖြေရှာရန် ဆက်လက်တိုက်ခိုက်ခဲ့ကြရလေသည်။

နှစ်ယောက်သား နည်းလမ်းရှာမတွေ့သေး၍ တစ်ယောက်ကိုတစ်ယောက် အပြင်းအထန် တိုက်ခိုက်ရင်း ထူးဆန်းသော ဤကမ္ဘာကို ဖျက်စီးခဲ့ကြသည်။

ထိုတိုက်ပွဲကြောင့် ကောင်းကင်နတ်အရှင်နှစ်ယောက်မှာ ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း လွတ်မြောက်လာခဲ့ကြ၏။

သူတို့ လွတ်လာသော အခိုက်အတန့်တွင် မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်ရလာသည်။ သို့သော် အခန်းအပြင် ပြေးမထွက်နိုင်ခင် ချင်မူ တံခါးပိတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် နှစ်ယောက်သား ထိတ်လန့်သွားခဲ့ကြ၏။

ကံကောင်းစွာနှင့် တံခါးပြန်ဖွင့်လိုက်သည့်အခါ ဤကမ္ဘာမှ ထွက်လာနိုင်ခဲ့သည်။ ချင်မူနှင့် သူ့ဘေးရှိ လူနှစ်ယောက်ကတော့ ပျောက်ချင်းမလှ ပျောက်သွားလေသည်။

“ကျွန်မတို့ ပိတ်မိနေတုန်း ကောင်းကင်နတ်အရှင်မူက ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်သွားတာများလား”

ကောင်းကင်နတ်အရှင်ရှုက မေးသည်။ “သူ့ဘေးမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပါတယ်... ကျွန်မတို့ မဝင်ခင်တုန်းက သူ့ဘေးမှာ လော့ဝူရွှမ်ပဲ ရှိတာ... ကျန်တဲ့လူတွေက ဘယ်က‌ရောက်လာတာလဲ”

ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းယမ်းသည်။ “ငါ မသိဘူး... သူပဲ သိလိမ့်မယ်... သူ အခန်းထဲ ဝင်ခဲ့တာပဲ ဖြစ်မယ်”

နှစ်ယောက်စလုံး၏ အကြည့်များ အိမ်သုံးအိမ်အပေါ် ကျရောက်သွားသည်။ ဤအိမ်များက သူတို့ကို ကြောက်လန့်စေခဲ့၍ အထဲ ပြန်မဝင်ချင်တော့ပေ။

ဖန်ဆင်းရှင်တို့၏ စွမ်းအားသည် သူတို့ထက် မသာကောင်း မသာလိမ့်မည်၊ သို့သော် ယခုလို တိုက်ခိုက်သည့် နည်းလမ်းက သူတို့ ခုခံနိုင်သော အရာမဟုတ်ပေ။

ကောင်းကင်နတ်အရှင်ရှုက မျက်မှောင်ကြုတ်ကာ ပြောသည်။ “ကျွန်မတို့အင်အားချည်းသက်သက်နဲ့ ရွှင်ပျော်ပျော်ကျေးရွာကို မရှာတွေ့လောက်ဘူး... ရှင် ခိုင်ဧကရာဇ်ကို ဒီမှာ တွေ့ခဲ့တာ ဆိုတော့ ရွှင်ပျော်ပျော်ကျေးရွာက ဒီမှာ ရှိကို ရှိလိမ့်မယ်... အခု မေးရမှာက ကျွန်မတို့ ဘယ်လိုပြန်သွားမလဲဆိုတာပဲ”

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟွေ့သည် ရင်ထဲ လှုပ်ခတ်သွားပြီး တံခါးကို ပိတ်ကာ ပြန်ဖွင့်လိုက်၏။ အခြားကမ္ဘာတစ်ခု ပေါ်လာသည်။ ယင်းကာ ဗြောင်းဆန်နေသော နတ်ဆိုးသံတို့ ပြည့်နှက်နေသော အမှောင်ကမ္ဘာတစ်စင်း ဖြစ်ချေသည်။

ဧရာမမိစ္ဆာနတ်ဆိုးမျက်လုံးတစ်လုံးက အမှောင်ထုအတွင်းထဲ၌ ပြောလာသည်။ မျက်လုံးကြီးသည် ဧရာမကြီးမားပြီး သူတို့ဆီ လှည့်ကြည့်၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး တံခါးကို ပိတ်တော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရှုက သူ့လက်ကို ဖယ်ကာ အခန်းထဲ ဝင်သွားသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ရှု၊ မြေအောက်ဘုံအရှင်သခင်ကို အရိုအသေပေးပါတယ်”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ချီတုံချတုံဖြင့် ဝင်လိုက်ပြီး သူတို့အနောက်ရှိ တံခါး ပိတ်သွားသည်။

အခြားတစ်ဖက်တွင် ချင်မူတို့ မြေမာအပေါ် ကျသွားကြသည်။ အရှေ့သို့ အနည်းငယ် လျှောက်သွားကြည့်သည့်အခါ ပျံသန်းနေသော ငှက်များ၊ ယိမ်းနွဲ့နေသော မြက်ပင်များကို မြင်ရပြီး ကြည်လင်နေသော ရေကန်တစ်ကန်လည်း ပေါ်လာ၏။

ချင်မူ့ မျက်ဝန်းများ ပြူးကျယ်သွားပြီး တစ်ခုခု လွဲနေသလို ခံစားလိုက်ရသည်။ သူက လေဟာနယ်တံတားသို့ ပြန်သွားရန် ကပျာကယာ လှည့်လိုက်သော်လည်း တံခါးကား ပိတ်နေချေပြီ။

ချင်မူ့နဖူးမှ ချွေးများ ကျလာသည်။ ထိုအချိန်တွင် သာယာနာပျော်ဖွယ် ရယ်သံလေးတစ်သံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားတွေ ရေချိုးနေတာကို လာချောင်းကြည့်တယ် ကြားတုန်းက ကျွန်မ မယုံခဲ့ဘူး... ဒါပေမဲ့ အခုတော့ လက်ပူးလက်ကြပ်ကို မိတာပဲနော်”

ချင်မူ လှည့်ကြည့်လိုက်သည့်အခါ ပခုံးကို လုံလုံခြုံခြုံ မဖုံးထားသော အနီရောင်ဂါဝန်နှင့် မိဖုရားတစ်ပါး လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူမသည် ဆံထိုးကို မြင့်မြင့်ထုံးထားပြီး ရင်သားများက တစ်ဝက်ပေါ်နေသည်။ စီးထားသည့် ဖိနပ်မှာလည်း လေးလက်မခန့် ထူနေရာ သူမ လမ်းလျှောက်လိုက်တိုင်း တထောက်ထောက် မြည်နေသည်။

ချင်မူ ရင်ထဲ လှုပ်ရှားသွားသည်။ ဤအမျိုးသမီးသည် ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ ကောင်းကင်နတ်အရှင်ချန်း၊ နတ်အရှင်မချန်း ဖြစ်သည်။ သူမက ကောင်းကင်နတ်ဧကရီ သို့မဟုတ် အရှင်မယွမ်မု ဖြစ်နိုင်သည်ဟုပင် သူ ထင်ခဲ့ဖူး၏။

သူမ၏ တဝင်းဝင်းလက်နေသော မျက်ဝန်းများက ချင်မူ့အပေါ် ရောက်လာပြီးနောက် နတ်ဘုရင်လန်ဝူဆီ ရွေ့လျားသွားသည်။ သူမမှာ နတ်ဘုရင်လန်ဝူကို စိုက်ကြည့်ရင်း အကြည့်မလွှဲနိုင်တော့ပေ။

နတ်ဘုရင်လန်ဝူမှာ သူမ၏အကြည့်စူးစူးကြောင့် ဇဝေဇဝါ ဖြစ်သွားသဖြင့် မှန်ထုတ်ကာ သူမကိုယ်သူမ ကြည့်မိသည်။ ထူးထူးခြားခြား မည်သည်ကိုမျှ သူမ မမြင်ရပေ။

“ကျွယ်... ကျွယ်ဝူချိန်”

နတ်အရှင်မချန်း ငေးကြောင်သွားသည်။ “နင် ပေါ်လာရဲသေးတယ်ပေါ့ ကျွယ်ဝူချိန်”

‘ကောင်းကင်နတ်အရှင်ချန်းက အရှင်မယွမ်မုလည်း မဟုတ်၊ ကောင်းကင်နတ်ဧကရီလည်း မဟုတ်ဘူး... အရှင်မယွမ်မုက ကျွယ်ဝူချိန်မှန်း ကောင်းကင်နတ်ဧကရီ သိထားတယ်... ကောင်းကင်နတ်အရှင်ချန်းသာ သူတို့ထဲက တစ်ယောက်ဆိုရင် ဒီလို ပြောမှာမဟုတ်ဘူး’

ချင်မူ မှင်သက်သွား၏။ ‘ဒါဆို ဘယ်သူက ကောင်းကင်နတ်အရှင်ချန်းလဲ... မဟုတ်မှ...’

ကို့ရိုးကားရားအတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။

All Chapters