← Chapters

အတွေးလွန်ခြင်းကို ကြောက်ရွံ့သင့်တယ်

Vol. 9 Ch. 121

အတွေးလွန်ခြင်းကို ကြောက်ရွံ့သင့်တယ်

Vol. 9 Ch. 121

နောက်တစ်ရက်။

မနက်ခင်းလေထုဟာ အေးစက်နေပြီး ၊ မနေ့က နွေးထွေးတဲ့ လေထုနဲ့ မတူခဲ့ပါဘူး။

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းမှာ လင်းဖန် ကလေးတွေ နဲ့ လေ့ကျင့်နေတုန်း ကျောင်းဖေးဟာ ရောက်လာခဲ့ပါတယ်။

"မာစတာ လင်း ဒုတိယ ဥက္ကဌ ဂေါင်က သတင်းစာရှင်းလင်းပွဲ လုပ်နေတယ် ကျွန်တော် တို့ သွားကြည့်ကြမလား"

ဒီနေ့ခေတ်မှာ လူတစ်ယောက်ကို သတ်ဖို့က သေနတ်မလိုတော့ပါဘူး။အင်တာနက်ပေါ်မှာ ပြည်သူလူထုရဲ့ တိုက်ခိုက်မူတွေက မင်းကို စိတ်ညစ်ပြီး သတ်သေဖို့ အတွက်လုံလောက်ပါတယ်။

အခုချိန်မှာ ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းဟာ ပြည်သူလူထု ရဲ့ တိုက်ခိုက်မူတွေကို မကိုင်တွယ်နိင်တော့ပါဘူး။သူတို့ဟာ ဒီပြသနာတွေရဲ့ အစက ဝမ်ယန်ဂျီ ဆီကလာတယ် ဆိုတာကို သို့ပေမယ့်လည်း အပြစ်တင်နေကြတဲ့ လူတွေများစွာ ဘယ်လို့လိုက်ဖြေရှင်းပေးရမလဲ မသိကြပေ။

လင်းအချိန်အနည်းငယ် တွေးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"သွားကြမယ်"

အဖွဲ့အစည်း၏ ပရိသတ်တွေ ရှိနေသည့် နေရာအနားတွင်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ မေးလိုက်ပါတယ်။

"မင်း သတင်းထောက်တွေကို အနီရောင် စာအိတ်တွေ ပေးလိုက်လား"

"ဟုတ်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒီအဖွဲ့အစည်းမှာ ဒုတိယဥက္ကဌ ရာထူးနဲ့ ရှိနေတာ ကြာပါပြီ။သို့ပေမယ့် သူ ဒီလို အဖြစ်မျိုးတစ်ခါမှ မကြုံးတွေ့ဖူးခဲ့လို့ ကြောက်ရွံ့နေခဲ့ပါတယ်။

သူထင်ထားတာက သူသာ သတင်းထောက်တွေကို ပိုက်ဆံ အနည်းငယ် ပေးလိုက်ရင် သူတို့ မျက်နှာလွှဲပြီး ထပ်မရေးကြတော့ဘူးလို့ပါ။

သတင်းထောက်တွေဟာ အစောကြီးကတည်းက ရောက်နေပြီး ထိုင်နေကြပါတယ်။သဘာပတိ အနည်းငယ်ဟာ လည်း ပရိတ်သတ်များနေရာ တွင် ထိုင်နေခဲ့ကြသည်။

ကျန်နေတာ ဆိုလို့ ဒုတိယ ဥက္ကဌ နဲ့ ဝမ်ယန်ဂျီတို့ပဲ ရှိပါတော့တယ်။

"သူတို့က ဘာလို့ ဒီလောက်အထိကြာနေရတာလဲ။ ရာသီဥတုက လည်း ပူနေတာပဲ"

"ခနလောက်ပဲ သည်းခံလိုက်ပါ။အဖွဲ့အစည်းဘာတွေပြောမခဲ စောင့်ကြည့်ရအောင်။ဒါပေမယ့် ဒီအဖွဲ့အစည်းက မိုက်တယနော်။တစ်ယောက်ချင်းစီတိုင်းကိုတောင် စာအိတ်ပေးနိင်တယ်"

"သူတို့ရောက်ပြီ"

ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီတို့ဟာ စင်နောက်ဘက်ကနေ စင်ပေါ်ကို တက်လာကြပြီး သတင်းထောက်တွေဟာ အလျင်အမြန်ပဲ ဓာတ်ပုံတွေ ရိုက်ကူးလျုက်ကြပါတယိ။

ဒီနေရာက တရုတ်ကိုယ်ခံပညာ အဓိက ဌာနချုပ်မဟုတ်ပေမယ့်လည်း အကိုင်းအခွဲတွေထဲမှာ အတော်ကြီးမားတဲ့ နေရာလို့ပြောလို့ရပါတယ်။

လင်းဖန်နဲ့ကျောင်းဖေးတို့ဟာ အနီးအနားတွင် ထိုင်လိုက်ကြသည်။သတင်းထောက်တွေဟာ သူတို့ကို မြင်ပြီး ချက်ချင်းဝိုင်းလာကြပါတယ်။သို့ပေမယ့် လင်းဖန်ဟာ သူတို့ မေးခွန်းကို မဖြေပဲ စင်ပေါ်မှာသာ အာရုံစိုက်ထားဖို့ ပြောလိုက်သည်။

"ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ကျန်တဲ့ လူတွေ အရင်ပြောပါစေ"

ဒုတိယ ဥက္ကဌ ဂေါင်ဟာတော့ လင်းဖန်ကို လူအုပ်ထဲမှာ မြင်လိုက်ပြီး စိတ်ပျက်သွားခဲ့ပါတယ်။သူ လင်းကို သတင်းစာရှင်းလင်းပွဲ အကြောင်းအပြောထားတာက ဒီကောင် နောက်တစ်ခါ ပေါက်ကရတွေ ထပ်ပြောပြီး ရှုပ်ထွေးအောင် လုပ်မှာ စိုးလို့ပါ။ဒါတောင် ဒီငနဲ ကရောက်ချလာပါသေးတယ်။

ဒုတိယ ဥက္ကဌ ရဲ့အမြင်မှာတော့ လင်းဖန်က ပြသနာကို မီးထွန်းရှာချင်နေတဲ့ ဂြိုလ်ကောင်ပါ။သို့ပေမယ့် သူ ပြည်သူတွေ အမြင်စောင်းမှာကိမလုပ်နိုင်ပဲ ဒီတိုင်းထားဖို့သာ တတ်နိုင်ပါတော့တယ်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ခေါင်းဆိုးကာ လည်ချောင်းရှင်းလိုက်ပြီး စတင်ပြောလိုက်သည်။

"အထူးဧည့်သည်တော်များနဲ့ သတင်းထောက်များကို ကြိုဆိုပါတယ်။လတ်တ​ေလာမှာ ကံဆိုးစွာပဲ မတော်တဆ မူတစ်ခုဖြစ်သွားပြီး၊ အခုအဲ့အကြောင်းကို အားလုံးကို ရှင်းပြချင်ပါတယ်။ဒီလို အချိန်အတွင်းမှာ ဂရုစိုက်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို လည်း အဖွဲ့အစည်းက စိတ်ရင်းနဲ့ ကျေးဇူးတင်ရှိပါတယ်"

"ယန်တိုင်ချီ အဖွဲ့အစည်းရဲ့ သဘာပတိ ဝမ်ယန်ဂျီဟာ အစားအသောက်ခန်းမမှာ ကျောင်းသားတစ်ယောက်နဲ့ ငြင်းခုန်မူဖြစ်ပွားခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ စီစဥ်မူအပိူင်းက အပြစ်ဒဏ်အတွက်ပြင်ဆင်နေပါပြီ"

ဝမ်ယန်ဂျီဟာ ဒုတိယ ဥက္ကဌ ဂေါင်ရဲ့ အကြည့်ကို သတိထားမိလိုက်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ လူအုပ်ကြီးကို ဦးညွှတ်လိုက်ပါတယ်။သတင်းထောက်တွေကတော့ ဓာတ်ပုံတွေရိုက်နေခဲ့ကြသည်။

* ချလပ် ချလပ်*

"ကျွန်တော် ဝမ်ယန်ဂျီ , ယန်တိုင်ချီ အဖွဲ့အစည်းရဲ့ သဘာပတိ တစ်ယောက်ဖြစ်ပြီး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပြောပါရစေ။ကျွန်တော် ကျောင်းသားတစ်ယောက်နဲ့ ငြင်းခုန်မိပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင် ဖြစ်ခဲ့ရပါတယ်။ဒါဟာ လုံးဝ ကျွန်တော်ရဲ့အမှားဖြစ်ပြီး ဒီကိစ္စက အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာပိုင်းကို ညိုးနွမ်း စေခဲ့ပါတယ်။အချိန်များစွာ ဆင်ခြင်ပြီးနောက်မှာ ကျွန်တော်ရဲ့ အမှားကို ပြန်မြင်နိုင်ခဲ့ပြီး နောင်တရနေခဲ့ပါပြီ။အားလုံးပဲ ကျွန်တော်ကို ခွင့်လွှတ်ပေးကြမယ်လို့ မျှောလင့်ပါတယ်"

ဝမ်ယန်ဂျီဟာ ဒီစကားတွေ ပြောနေတာဟာ အတော်အဆင်မပြေခဲ့ပါဘူး။သို့ပေမယ့် သူ အံ့ကြိတ်ပြီး ပြောလိုက်ပါတယ်။တကယ်လို့ သူသာ ဒီလိုမျိုး ဖြေရှင်းချက် မပေးရင် အဖွဲ့အစည်းက သူ့ကို ကျိန်းသေ ကန်ထုတ်တော့မှာပါ။

ရလာဒ်အနေနဲ့ သူ့ရဲ့ အမုန်းတရားတွေကို လင်းဖန်အပေါ်မှာသာ ပုံအောချဖို့ တတ်နိုင်ပါတော့တယ်။ဒါအပြင် လင်းဖန်နဲ့ ဖြေရှင်းဖို့ အနာဂတ်မှာ အချိန်တွေ အများကြီးရှိနေပါသေးတယ်။

အင်တာဗျူး။

"ဟဲလို မစ္စတာ ဝမ်၊ ကျွန်တော်က ရှန်ဟိုင်းသတင်းဌာနကပါ။လိုင်းပေါ်မှာ ခင်ဗျား အစားအသောက်ခန်းမကို ဝိုင်သောက်ရအောင်သွားတယ် ဆိုတဲ့ ကောလဟာလ တွေထွက်နေပါတယ်။ဒါအမှန်ပါလားခင်ဗျ"

ဝမ်ယန်ဂျီဟာ နောက်ကို အနညး်ငယ် ခဆုတ်လိုက်ပြီး ခေါင်းကိုညိမ့်ကာ ပြန်ဖြေလိုကိသည်။

"ဟုတ်ပါတယ်"

လင်းဖန်ကတော့ လူအုပ်ထဲမှာ ဒါကိုကြားပြီးရယ်ချင်နေခဲ့ပါတယ်။သူ ရိုးသားတာပဲကောင်းပါတယ်။တကယ်လို့ သူသာလိမ်ညာခဲ့ရင် အမှန်တရားကို ဖော်ထုတ်ဖို့ လင်းဖန် ဝန်လေးနေမှာ မဟုတ်ပါဘူး။

ဝမ်ယန်ဂျီဟာ မေးခွန်းများစွာကို မေးခံနေရပြီးလူအုပ်ထဲမှာ လင်းဖန်ရှိနေတဲ့ အတွက် အကုန်လုံးကို အမှန်အတိုင်းပဲ ဖြေကြားခဲ့ပါတယ်။

သတင်းစားရှင်းလင်းပွဲ ပြီးခါနီးအထိ ဘာပြသနာ မှ မရှိခဲ့ပါဘူး။သို့ပေမယ့် သတင်းစာရှင်းလင်းပွဲပြီးခါနီး အချိန်မှာ သတင်းထောက်တွေဟာ လင်းဖန်ကို ဝိုင်းကာ မေးခွန်းတွေ မေးနေကြပါတော့တယ်။

"မာစတာ လင်း၊ ခင်ဗျား ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲရှင့်"

"အဖွဲ့အစည်းကို စိတ်တိုင်းမကျတာတွေ ဘာတွေ ရှိသေးလားရှင့်"

"မာစတာ လင်းတစ်ခုခု ဖြေကြားပေးပါ"

လင်းဖန်ဟာ ထွက်သွားတော့ဖို့ ပြင်ဆင်နေခဲ့တာပါ။သို့ပေမယ့် သတင်းထောက်တွေ ဝိုင်းလာတာကြောင့် ​ပြန်ဖြေကြားလိုက်သည်။

"သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတွေ အကုန်လုံးက အမှန်တွေချည်းပါ။ဝမ်ယန်ဂျီ အမှားကို အမှားမှန်း သိတာက တကယ်ကောင်းတဲ့ ကိစ္စပဲလေ။ဘယ်နေရာတွေ မှားနေလည်း ဆိုတာ နားလည်ကြမယ်ထင်ပါတယ်။အဖွဲ့အစည်းကို စီမံခန့်ခွဲ့တဲ့ဌာနက လူတွေပိုင်တာမဟုတ်ပဲ နိုင်ငံတော်ကပိုင်တာပါ။သဘာပတိ တွေကလည်း သူတို့ကိုယ်သူတို့ ကိုယ်စားမပြုပဲ နိုင်ငံကို ကိုယ်စားပြုနေကြတာပါ။ပြည်သူလူထု အခွန်တွေ ပေးနေကြရတာက တစ်စုံတစ်ယောက် ကောင်းစားဖို့အတွက်မဟုတ်ပါဘူး။ဒီနေ့ကစပြီး အဖွဲ့အစည်းဟာ ပြောင်းလဲနိုင်ပြီး အဖွဲ့အစည်းရဲ့ ပြောင်းလဲမူတွေကိုလည်း သတင်းထောက်တွေသေချာစောင့်ကြည့်နေကြမယ် လို့မျှောလင့်မိပါတယ်"

ဒီဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကိုကြားပြီးမျက်မှောင်ကျုတ်သွားခဲ့သည်။သတင်းထောက်တွေ ဒီလိုစောင့်ကြည့်နေဖို့ ဆိုတာက သူ့ကို အတော် ဖိအားကြီးမားစေပါတယ်။

သူသာ ပြသနာတွေကို မဖြေရှင်းနိုင်ရင် လင်းဖန်ကိုသာမက သတင်းထောက်တွေ လာလာပြီး ကြည့်ကြမှာကိုပါ ကြောက်ရွံ့ရမယ့် ပုံပါပဲ။ဒါက နောက်ထပ်သတင်းတစ်ပုဒ်တောင် ဖြစ်သွားစေနိုင်ပါတယ်။

စင်ပေါ်မှာ ရှိနေသေးတဲ့ ဝမ်ယန်ဂျီဟာလည်း ဒါကိုကြားပြီး ဒေါသ ထွက်သွားခဲ့ပါတယ်။လင်းဖန်ကြောင့်သာမဟုတ်ရင် ဒါတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ သူ့စိတ်ထဲမှာ မှတ်ထားတာပါ။

အထူးသဖြင့် လင်းဖန် သတင်းထောက်တွေရှေ့မှာ ပြောနေတဲ့လေသံက သူ့ကို သင်ခန်းစာ လာပေးနေတဲ့ ပုံစံနဲ့တူနေပါတယ်။ဒါဟာ ဝမ်ယန်ဂျီကို ပိုပြီး စိတ်တိုလာစေခဲ့သည်။

သို့ပေမယ့် လက်ရှိအခြေအနေအရ လင်းဖန်ကို ပြသနာ သွားရှာလို့မရသေးပါဘူး။အဖွဲ့အစည်းက သူနဲ့ မဖြေရှင်းဘူးဆိုရင်တောင် သူနဲ့ ဖြေရှင်းမယ့် လူတစ်ယောက် အမြဲရှိနေမှာပါ။

ဘယ်သူဘာကောင်လဲ ဆိုတာ သိရဖို့ အချိန်တစ်ခုပဲ လိုပါတယ်။

အချိန်တစ်ခုပဲ လိုတယ်......

......

ညနေ ၅ နာရီ တိမ်ဖြူလမ်းတွင်။

"တစ်ယောက်ယောက် ဒီမှာ ရှိလား"

သက်လတ်ပိုင်းလူကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ ရပ်ပြီးမေးလိုက်သည်။

လူလိမ် ထျန်ဟာ အံ့သြစွာခေါင်းမော့ ကြည့်လိုက်ပြီး လင်းဖန်လည်း စိုက်ကြည့်လိုက်ပါတယ်။

ဒီလူက စောက်ရူးများလား.....

ငါတို့ နှစ်ယောက်စလုံး သူ့ရှေ့မှာ ငုတ်တုတ်ကြီးတွေ ထိုင်နေတာကို ဒီမှာ လူရှိလား လာလုပ်နေသေးတယ်.....

လူကြီးဟာ ဘယ်သူမှ ပြန်ဖြေတာ မတွေ့နဲ့ ဆိုင်ထဲ ဝင်လာဖို့ လုပ်လိုက်ပါတယ်။

ဝူယူလန်ဟာ ရှေ့ကို အမြန်ထွက်ကာ မေးလိုက်သည်။

"ခွင့်ပြုပါ ဆရာ ဘာများကူညီပေးရမလဲ။ပန်ကိတ်တွေ ရောင်းကုန်သွားပါပြီ။ဗေဒင်မေးဖို့ကလည်း အကန့်အသတ် ပြည့်သွားခဲ့ပါပြီ။တကယ်လို့ လိုချင်တာရှိရင် မနက်ဖြန်မှ ပြန်လာခဲ့ပါ"

"ပန်ကိတ်ကော ၊ ဗေဒင်မေးဖို့ကော မဟုတ်ဘူး မာစတာ လင်းကို လာတွေ့တာပါ"

လူကြီးဟာ အပြုံးလေးနဲ့ ပြောလိုက်ပြီး ဝူယူလန်ကို နာမည်ကဒ်လှမ်းပေးလိုက်ပါတယ်။

ဝူယူလန်ဟာ နာမည်ကဒ်ကို ကြည့်လိုက်ပြီး ကမ္ဘာအဆင့်မှီဟော်တယ် တစ်ခုရဲ့ အကြီးအကဲ တစ်ယောက်ဆိုတာ သိလိုက်ရပါတယ်။

လင်းဖန်လည်း ကဒ်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာများ ကူညီပေးရမလဲ"

"မာစတာ လင်းကျွန်တော် ပန်ကိတ်လုပ်တဲ့ အညွှန်းကို ဝယ်ချင်လို့ပါ။စျေးနှုန်းက ပြသနာ မရှိပါဘူး"

အကြီးအကဲ ကျန်းဟာ အဓိကကိုပဲ ပြောလိာက်ပါတယ်။

သူ လင်းဖန်ရဲ့ ပန်ကိတ်ဟာ အရမ်းကောင်းပြီး တိမ်ဖြူလမ်းက လူတွေ အသဲစွဲဆိုတာကို လည်းသိထားပြီးသားပါ။သူ လည်း တစ်ခုစားဖူးပြီး ဒါက အရမ်းကို အရသာရှိလွန်းပါတယ်။

သူ စားပြီးတဲ့ နောက်မှာ ဖြစ်လာတဲ့ ချဲ့ကားတဲ့ အမူအရာတွေဟာ ဘေးနားက လူတွေကိုတောင်

ကြောက်ရွံ့သွားခဲ့ပါတယ်။

သူ့အတွက်ကတော့ လင်းဖန်က စီးပွားရေးအမြင်ဘာမှ မရှိတဲ့ လူတစ်ယောက်ပါ။ပန်ကိတ်တွေ ဒီလောက် အရသာရှိနေမှတော့ နိုင်ငံရဲ့ တံဆိပ်တစ်ခု ပြုလုပ်ပြီး ကမ္ဘာ့အဆငိ့မှီ အောင် လုပ်လို့ရပါတယ်။

ဒါဟာ အရမ်းကို အရသာရှိတဲ့ အရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တစ်ခုလုံးကို ဖြန့်လိုက်ရင် ချမ်းသာလာဖို့ ဆိုတာက ပြသနာ တစ်ခုမဟုတ်တော့ပါဘူး။လူတိုင်းက ဒီပန်ကိတ်ကို ဆက်တိုက် စားချင်နေကြမှာဖြစ်ပြီး ဝယ်သူ လျော့ကြသွားမှာလည်း လုံးဝ စိတ်မပူစရာ မလိုတော့ပေ။

ဒါဟာ စွယ်စုံကျမ်းရဲ့ စွမ်းအားတွေပါပဲ။လင်းဖန်လည်း လုပ်ပြောမယ်မှန်းတောင် မသိတော့ပဲ ညှင်သာတဲ့ အသံတစ်ခုသာ ရေရွတ်လိုက်သည်။

"အိုး"

အကြီးအကဲ ကျန်းဟာ လင်းဖန် တွေဝေနေတာ တွေ့ပြီးဆက်ပြောလျုက်ပါတယ်။

"မာစတာ လင်း ခင်ဗျားပန်ကိတ်တွေက တကယ် အရသာရှိလွန်းတယ်။ခင်ဗျား ပန်ကိတ်တွေကို တွန်းလှည်းလေးနဲ့ ဒီလို တစ်နေ့ ဆယ်လုံးပဲ ရောင်းနေမယ်ဆို ဖြုန်းတီးရာကျလိမ့်မယ်နော်။သေချာတွေးကြည့်ရင် ကျုပ်တို့ တံဆိပ်တစ်ခု လုပ်မယ်၊ကျုပ်အကုန်အပိုင်စီးမှာ မဟုတ်ဘူး။အရင်ဆုံး စူပါမားကပ် ဝယ်ပြီး ထုတ်လုပ်မယ်လေ။ခင်ဗျားရဲ့ ပန်ကိတ်တွေက ကမ္ဘာ့အဆင့်မှီ စျေးကွက်တစ်ခုဖြစ်သွားမှာ"

အကြီးအကဲ ကျန်းဟာ ပိုပိုပြီးတောင် စိတ်လှုပ်ရှား လာခဲ့ပါတယ်။

"သေချာ တွေးကြည့်စမ်းပါ ကျုပ်တို့သာ စျေးကွက် ချဲ့ ထွင်ပြီး ကျယ်ပြန့်အောင် လုပ်နိုင်ရင်။တစ်ကမ္ဘာလုံးမှာ ဆိုင်ခွဲတွေ ပတ်ဖွင့်မယ်လေ။ဘယ်လောက်ကောင်းလိုက်မလဲ"

"အိုး"

လင်းဖန်ဟာ ထပ်ရေရွတ်လိုက်သည်။

လူလိမ် ထျန်ကလည်း ဝင်ပြောလိုက်ပါတယ်။

"ကျုပ်ကရော ဘာလုပ်ရမှာလဲ"

အကြီးအကဲ ကျန်းဟာ မပြောခင် အနည်းငယ် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လိုက်လိုက်သည်။

"ညီအစ်ကို ခင်ဗျားက အဝေးကြီးတွေးနေတာပဲ။ဒါပေမယ့် စိတ်မပူနဲ့ ခင်ဗျားကို ဥရောပ ဌာနခွဲတစ်ခုမှာ ထားပေးမယ်"

လူလိမ် ထျန်ဟာ ကျယ်လောင်စွာရယ်မောပြီး ပြောလိုက်သညါ။

"ကျုပ်လိုလူကလည်း သူဌေးဖြစ်လာမှာလား"

အကြီးအကဲ ကျန်းဟာ လင်းဖန်ရဲ့ လက်ကို ကိုင်လိုက်ပါတယ်။သူ ဒီလို ပိုက်ဆံ ဖန်တီးနိုင်တဲ့ အစီစဥ်မျိုးကို အရင်က မတွေးမိခဲ့ဖူးပါဘူး။ဒ

"မာစတာ လင်း ကျုပ်တို့ ကမ္ဘာ့အဆင့်မှီ ထိုးဖောက်နိုင်ရင် ခင်ဗျား ပိုက်ဆံတွေ ဘီလီယံ ချီဝင်ဖို့ကို ကျုပ်တာဝန်ယူတယ်။ဒါပေါ့ ကျုပ်က ပစ္စည်းတွေကို စိုက်ထားတာဆိုတော့ အကျိုးအမြတ်ကို ကျုပ်က ၆၀ ရာခိုင်နှုန်းယူပြီး ခင်ဗျားကို ၄၀ ရာခိုင်နှုန်းပေးမယ်လေ"

လင်းဖန်ဟာ သူ့ဖုန်းကိုသာ ကြည့်လိုက်ပြီး ဒီလူပြောနေတာကို စိတ်မဝင်စားတော့ပါဘူး။သူ အကြီးအကဲ ကျန်းပြောနေတာကိုတောင် မကြားတော့ပေ။

သူအချိန်ပို ကြည်လိုက်တဲ့အချိန်မှာ ၆ နာရီ ရှိနေခဲ့ပါပြီ။

လင်းဖန် လှည့်ကာပြောလိုကိသည်။

"၆ နာရီရှိပြီ ပိတ်ကြမယ်"

လူလိမ် ထျန်ဟာ သူ့ကိုယ်ကို အကြောဆန့်ရင်း ပြောလိုက်ပါတယ်။

"သွားကြမယ် အိမ်ပြန်ဖို့ အချိန်ပဲ"

ယင်းနောက် လင်းဖန်ဟာ အကြီးအကဲ ကျန်းကို ကြည့်ကာပြောလိုက်သည်။

"ညီအစ်ကို ခင်ဗျား ကြော်ညာသွားတာ စောက်ရမ်းကောင်းတယ်ဗျာ။ကျွန်တော် ခင်ဗျားကို အမှတ်ပြည့်ပေးတယ်"

အကြီးအကဲ ကျန်းဟာ မေးလိုက်သည်။

"မာစတာ လင်း ဘာကိုပြောတာလဲ"

လင်းဖန် သူ့ကို ကြည့်ကာ ပြောလိုက်ပါတယ်။

"ခင်ဗျားက အခုဘာပြောနေတာလဲ"

အကြီးအကဲ ကျန်းဟာ ကြောင်အသွားပြီး ဒေါသထွက်လာခဲ့သည်။

"ကျုပ်ပြောသွားတာ အများကြီးပဲလေ။ခင်ဗျား ဘာမှ မကြားလိုက်ဘူးလား"

လင်းဖန်ဟာ ရယ်မောပြီးပြောလိုက်သည်။

"ကျုပ်နည်းနည်းတော့ ကြားလိုက်ပါတယ်။ဒါပေမယ့် ကျုပ်မှာ ပြောစရာ တစ်ခုပဲ ရှိတယ်။အခု ခင်ဗျား အိပ်ပြန်ပြီး အနားယူသင့်တယ်။ယောက်ျားတစ်ယောက် ကြောက်သင့်တာက စိတ်ကူယဥ်ပြီး အတွေးလွန်နေမှာကိုပဲ"

အကြီးအကဲ ကျန်း : .....................

All Chapters