ပန်ကိတ်တွေရဲ့ ကောင်းချီးပေးမှု
Vol. 9 Ch. 122
အကြီးအကဲကျန်းဟာ မယုံကြည်နိုင် ဖြစ်နေခဲ့ပြီး ပြန်မေးလိုက်ပါတယ်။
"မာစတာ လင်း ခင်ဗျား ကျွန်တော် ကို မယုံကြည်ဘူးလား"
လင်းဖန် ပြန်ပြောလိုက်သည်။
"ခင်ဗျားကို မယုံကြည်တာမဟုတ်ဘူး။ဒီအကြောင်းကို စိတ်မဝင်စားတာ"
အကြီးအပဲ ကျန်းကတော့ လင်းဖန် သူ့ကို မယုံကြည်ဖူးလို့ပဲ တွေးနေပါသေးတယ်။ဒါကြောင့် သူဟာ ထပ်မေးလိုက်သည်။
"ကျုပ် ဘယ်သူလဲ သိလား။ဟိုက အဆောက်အဦး အကြီးကြီးကို ကြည့်လိုက်။အဲတာ ကျုပ်ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးပဲ။ကျွန်တော် ပြောသမျှတွေ အကုန်လုံးက တကယ်ဖြစ်လာနိုင်တဲ့ အရာတွေကို ပြောနေတာ။တကယ်လို့ ခင်ဗျားသာ ဒီအခွင့်အရေးကို မဆုပ်ကိုင်နိုင်ဘူးဆိုရင် တစ်သက်လုံး ဒီအခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်"
လင်းဖန် သူ စိတ်မဝင်စားဘူး ဆိုတာ ဒီလူကို ဘယ်လို ရှင်းပြရမယ်မှန်း မသိတော့ပေ။သူ လေးလေး နက်နက် ထပ်ပြောလိုက်သည်။
"ပထမ အချက် ၊ ကျုပ်ခင်ဗျားနဲ့ အတူတူ မလုပ်ချင်ဘူး။ကျုပ်ရဲ့ ပန်ကိတ်တွေကို ဒီလို နေရာသေးသေးလေးမှာ ရောင်းရတာကိုပဲ ကျေနပ်တယ်။ဒုတိယ အချက် ကျုပ် ဒီလိုမျိုးလုပ်ချင်ရင်တောင် ခင်ဗျားကို လက်တွဲဖော်အဖြစ်ရွေးချယ်မှာ မဟုတ်ဘူး။ကျုပ် သူငယ်ချင်းရှိတယ်။နောက်ဆုံးအချက် ကျုပ်ခင်ဗျားနဲ့ ဘာမှ ထပ်မပြောချင်တော့ဘူး"
လူလိမ် ထျန်ဟာလည်း တွေဖြစ်နေလည်း နားလည်လိုကိပါတယ်။ဒီပန်ကိတ်တွေဟာ ဒီလောက်တောင် အရသာရှိပြီး လုပ်ပုံလုပ်နည်း အညွှန်းကလည်း လင်းဖန် ဆီမှာပဲရှိတာပါ။
ဘယ်သူမှ ဒီလိုပန်ကိတ် မျိုးထပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ထပ်ပြောရရင် ဒီကမ္ဘာ့အဆင်မှီတဲ့ ပန်ကိတ်တွေဟာ ထင်သလောက်မရိုးရှင်းလို့ လင်းဖန်က အကြီးအကဲ ကျန်းပြောနေတာတွေကို စိတ်မဝင်စားတာပါ။
ဒီလို ပန်ကိတ်မျိုးက စီးပွားရေး အကြီးအကျယ်လုပ်ရင် အောင်မြင်မယ် ဆိုတာ အကုန်လုံးခန့်မှန်းနိုင်ပါတယ်။တကယ်လို့ ပန်ကိတ်တွေသာ ရိုးရှင်းရင် လင်းဖန် နဲ့ ဝမ်မင်ယန် ဒီစီးပွားရေး လုပ်ပြီးတာ ကြာနေလောက်ပါပြီ။အခုလို တစ်စုံတစ်ယောက် လာစရာ တောင် မလိုပါဘူး။
အကြီးအကဲ ကျန်းကတော့ မယုံကြည်နိုင်သေးပေ။
"မာစတာ လင်း ၊ ခင်ဗျား ကျုပ်ရဲ့ ကမ်းလှမ်းချက်မှာ ပြသနာ ရှိနေရင် ကျုပ်တို့ ညှိနှိုင်းလို့ရပါသေးတယ်။ဒီလိုတော့ ပြောစရာ မလိုဘူးလေ ဟုတ်တယ်မလား"
"ကျုပ်ဘယ်ချိန်က ခင်ဗျားကို လိမ်လို့လဲ"
လင်းဖန် ဆွံ့အသွားခဲ့သည်။
"ခင်ဗျားပြောတာ ကျုပ်နဲ့ မလုပ်ချင်ပဲ တစ်ခြား ပါတနာ တစ်ယောက်ရှိတယ်ဆို။ကျုပ်အဲတာကို မယုံဘူး"
လင်းဖန်ဟာ ဒါကိုကြားပြီး ခေါင်းခါယမ်းကာ ရယ်မောလိုက်ပါတယ်။သူ ဒါကို ထပ်အချိန်မပေးချင်တော့ပဲ တည့်တည့်ပြောလိုက်သည်။
"ခင်ဗျား ဝမ်မင်ယန်ကိုတော့ ကြားဖူးတယ်မလား"
"အင်း ကြားဖူးတယ်"
အကြီးအကဲ ကျန်းဟာ ခေါင်းညိမ့်ပြီး ပြိ်ဖြေလိုက်သည်။
"ကောင်းတယ်၊ အဲတာ ကျုပ်ရဲ့ ညီအစ်ကိုပဲ။ကျုပ်သာ စီးပွားရေး တကယ်လုပ်ချင်ရင် တစ်ခြားလူရဲ့ အကူညီ လိုဦးမယ် ထင်လို့လား"
လင်းဖန်မေးလိုက်သည်။
အကြီးအကဲ ကျန်း ဒါကိုကြားတဲ့ အချိနိမှာ သံသယ ဖြစ်နေခဲ့ပါတယ်။သို့ပေမယ့် သူနောက်ထပ်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ လင်းဖန်ဟာ လပ်ဝေ့ယမ်း တာ တွေ့လိုက်ရသည်။
"အိုကေ ဒီလောက်ပဲ ကျုပ်ကိုထပ်မနှောက်ယှက်နဲ့တော့"
"မာစတာ လင်း မာစတာ လင်း"
အကြီးအကဲ ကျန်းဟာ နောက်ကနေ အော်လိုက်ပေမယ့်လည်း လင်းဖန်ဟာ ပြန်တောင် လှည့်မကြည့်တော့ပေ။
လူလိမ် ထျန်ဟာ အကြီးအကဲ ကျန်းကို တစ်ချက်ကြည့်ပြီးတာနဲ့ ဝူတန်ဟီ ၊ ဝူရွှန်းယွဲ့ တို့ဆီကို သွားကာ ဆိုင်ပိတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။
အခုတလော လူလိမ် ထျန်ရဲ့ တစ်နေ့တာဟာ ဝူတန်ဟီ အနားတွင်သာ ကပ်နေတာ များပါတယ်။သူတို့ဟာ တစ်နေ့လုံး စကားပြောလိုက် ၊ စစ်တုရင် ကစားလိုက် ၊ ရယ်စရာ တွေပြောလိုက်နှင့်သာ အချိန်ကုန်နေခဲ့သည်။
အကြီးအကဲ ကျန်းဟာ ရှုံးနိမ့်မူကို လက်ခံရပြီး ပြန်လာလိုက်ခဲ့ပါတယ်။သို့ပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ ဒါကို လက်မခံချင်ခဲ့ပေ။
ကားထဲတွင်။
"သွားမယ်"
အကြီးအကဲ ကျန်းရဲ့ အမူအရာဟာ ဒေါသထွက်နေခဲ့သည်။
"ဒီ လင်းဖန် ဆိုတဲ့ကောင်က ဘာစီးပွားရေး အမြင်မှ မရှိဘူး။ငါ ဒီလောက် အခွင့်အရေူပေးထားတာတောင် ဆုပ်ကိုင်ရမှန်းမသိဘူး။ဒါက သူ ကံကောင်းစေတဲ့ အဆောင်ကို မြောင်းထဲ ပစ်ချလိုက်သလို မျိုးပဲ"
ဒရိုက်ဘာ ဟာပြန်ပြောလိုကိသည်။
"အကြီးအကဲ ကျန်း ၊ ကျွန်တော် နည်းနည်းတော့ သံသယ ဖြစ်မိတယ်နော်။ဆရာနဲ့ တစ်ခြားလူတွေက ဒီပန်ကိတ်ကို တကယ် အထင်အမြင်ကောင်းတွေ ပေးကြတယ်။ဒါပေမယ့် ကျွန်တော်ကတော့ အဲလို မထင်ဘူး။တစ်လောက ကျွန်တော် ရုပ်သံတစ်ခုမှာ ကြည့်ရတာ လူကြီးတစ်ယောက်က ပဲငံပြာရည် ဆော့ ရောင်းရင်း လူတွေ သူ့ ပဲငံပြာရည်ကို စွဲသွားအောင် ပဲငံပြာရည်ထဲကို မူးဝေစေတဲ့ အရာတစ်ခုခု ထည့်ထားတယ်တဲ့။အခုဟာလည်း သဘောတရား အတူတူပဲ ဖြစ်လိမ့်မယ်"
"မောင်းပဲ မောင်းစမ်းပါ"
အကြီးအကဲ ကျန်းဟာ ပြောလိုက်သည်။သူ စိတ်တိုနေတာ ထင်ရှားပါတယ်။
သို့ပေမယ့် အကြီးအကဲ ကျန်းဟာလည်း ဒါအတော် ထူးဆန်းတယ်လို့ တွေးလိုက်မိပါတယ်။သူ ပန်ကိတ်ဝယ်တဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်တဲ့ အချိန်မှာ ဒါဟာ အရမ်း ဒရမ်မာဆန်နေပြီး၊ မူးယစ်ဆေးဝါးတစ်မျိုးလိုပါပဲ။
အကြီးအကဲ ကျန်းဟာ ထိုင်ခုံမှာ ထိုင်နေပြီး အတွေးနက်နေခဲ့ပါတယ်။လင်းဖန် သူနဲ့ ဘာလို့ အလုပ်တွဲမလုပ်တာလဲ ဆိုတာ စဥ်းစားမရဖြစ်နေခဲ့ပါသည်။
ငါကပဲ တစ်ခုခု လွဲမှားနေတာ ဖြစ်နိုင်မလား...?
တစ်ခြား အကြောင်းအြချက် ဖြစ်နိုင်မလဲ....?
အာ ချီးပဲ ငါဘာလို့ ဒီလောက်အထိ အသုံးအကျ ဖြစ်သွားရတာလဲ....
အကြီးအကဲ ကျန်းဟာ တစ်ခုခုကို သဘောပေါက်လိုက်သလို မျိုး သူ့နှာဖူးသူ ရိုက်လိုက်ပါတယ်။
ငါ ဘယ်လောက် အသုံးမကျလိုက်လဲ....
သူသာ ဒီပန်ကိတ်ကို ယူပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်လိုက်ရင် သူလို ချင်နေတဲ့ အဖြေကို ရပါပြီ။
......
နောက်တစ်ရက် မနက်ခင်း။
ဆိုင်စဖွင့်တဲ့ အချိန်မှာပဲ လူတွေဟာ အများကြီး ဖြစ်နေခဲ့ပါပြီ။
လင်းဖန်ဟာ နေ့တိုင်းလိုလို မနက်ခင်း ပန်ကိတ်ရောင်းပြီး နေ့လည်ကို ကိုယ်ခံပညာ အဖွဲ့အစည်းဆီ သွားနေကြပါ။
သူ့ရဲ့ နေ့ရက်တိုင်းဟာ တူညီနေခဲ့ပြီး ၊ တူညီတဲ့ အချိန်တိုင်းမှာ လူတွေဟာ ပြည့်နေကြစမြဲပါ။တကယ်လို့ သူ့ ဘဝမှာ ပြောင်းလဲ မူတွေ ဖြစ်လာရငါ လည်း သူဖြည့်ဖြည်းချင်း ကျင့်သားရအောင် လုပ်ယူမှာပါ။
အသက်ရှင်တယ် ဆိုတာ စိတ်လှုပ်ရှားမူတွေ ၊ အဓိပါယ်ရှိမူတွေနဲ့ ပြည့်နှက်နေဖို့ လိုအပ်ပါတယ်။
မြို့သားတွေဟာ တော့ ထုံးစံအတိုင်း ပန်ကိတ်ကို စိတ်ရှည်ရှည်နဲ့ တန်းစီကာ စောင့်နေခဲ့ကြပါသည်။
ဘေးနားဝန်းကျင်က ဆိုင်ပိုင်ရှင်များဟာ ဒါကို ကြည့်ပြီး ပြောလိုက်ကြသည်။
"သူဌေးလေးရဲ့ အလုပ်က တစ်နေ့တစ်နေ့ ပိုပိုကောင်းလာပြီး တန်းစီတဲ့ လူတွေကလည်း တစ်နေ့တစ်နေ့ ပိုပိုပြီး များလာကြတယ်"
("ဒါက သိသာတယ်လေ။သူဌေးလေးရဲ့ ပန်ကိတ်တွေက ကျော်ကြားတာကို။တကယ်တော့ ဒီကို လာဖို့အဝေးကြီးကနေ ကားမောင်းပြီးလာကြတဲ့ လူတွေတောင်ရှိတယ်"
"သူတို့ ရူးများနေကြတာလား မသိဘူး"
"ဟီးဟီး ဒီထက်ရူးသွပ်တာတွေတောင်ရှိသေးတယ်။ပန်ကိတ်တွေကို ပွဲစားတွေ ဆီကနေပြန်ဝယ်ရင် ဘယ်လောက်တောင်ပေးရလဲသိလား"
"ဘယ်လောက်လဲ"
"ဒီလောက်"
သူဟာ လက်သုံးချောင်းထောင်ပြီး ပြန်ပြောလိုက်သည်။
"သုံးရာလား"
"ဟဟ မရူးချင်စမ်းပါနဲ့။သုံးရာက လုံလောက်ပြီလို့ တကယ်ထင်နေတာလား။ငါပြောလိုက်မယ်..ဒါက ဒေါ်လာ သုံးထောင်ဖြစ်ပြီး ဝယ်တဲ့လူကလည်း ကျေကျေနပ်နပ် ဝယ်ချင်နေသေးတယ်"
"ငါ ယုံတာ မယုံသာ အသာထား။ပန်ကိတ်တွေကို ဒီလောက်စျေးနဲ့ ရောင်းရတယ် ဆိုကတည်းက မယံနိုင်စရာကောင်းနေပြီ"
"ငါကတော့ ပြောပြီးသွားပြီ။တစ်ချက်ကြည့်တာနဲ့ မင်းပန်ကိတ်ကို မစားဖူးသေးဘူးဆိုတာ သိသာတယ်။ငါလ ဆိုင်က ပစ္စည်းတွေကို သွားပြင်ဆင်လိုက်ဦးမယ်။ဒီလူတွေ ခနနေရင် တို့ဆိုင်တွေကို လာတော့မှာ"
......
မြို့သားတွေဟာ နေ့တိုင်းလင်းဖန်ရဲ့ ဆိုင်မှာ လာပြီး တန်းစီနေရတာကို သဘောကျနေကြပါတယ်။ဒါကပဲ သူတို့ရဲ့ နေ့စဥ် အလုပ်တစ်ခုလိုဖြစ်နေခဲ့ပါပြီ။
ဒီလူတွေထဲက တစ်ချို့ဟာ ပန်ကိတ်ကို အတော်စားချင်နေကြပြီး၊ ဘာနဲ့မှ မလဲနိုင်ပါဘူး။တစ်ချို့ကတော့ ပိုက်ဆံလေးတွေ စုထားကြပြီး အချိန်အတော်ကြာ စဥ်းစားကာ အရွေးမခံရရင်တောင် ဝယ်စားဖို့ ရောက်လာကြတာပါ။
ဒီလူတွေကြားထဲမှာ ပန်ကိတ်ကို လာဝယ်စားတဲ့ ချမ်းသာ တဲ့ လူတွေလည်း ပါဝင်ပါတယ်။
တိမ်ဖြူလမ်းမှာတော့ ပျံ့နှံ့နေတဲ့ စကားတစ်ခွန်းကို လူတိုင်းသိကြသည်။
"ပန်ကိတ်တန်ဖိုးကို ရွှေတွေ အများကြီးနဲ့တောင် မတိုင်းတာနိုင်ဘူး"
ဝူယူလန်ဟာ တုန်ကင်နံပါတ် တွေကို ရင်းနှီးစွာပဲ စတင် ဝေပေးလိုက်ပါတယ်။သူမ ဒီမြင်ကွင်းကို နေ့တိုင်းမြင်ရတာ အသားကျနေခဲ့ပါပြီ။
သူမမျက်လုံးနဲ့သာ မမြင်ရရင် ပန်ကိတ်တွေ ထိလောက်အထိ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နိုင်မှာတောင် မဟုတ်ပါဘူး။
"သူဌေးလေး အလုပ်တွေများနေတာလား၊ နေ့လည်ပိုင်းဆို ပျောက်နေတယ်နော်"
"ဟုတ်တယ် ငါဗေဒင်မေးဖို့ လာရင် သူဌေးလေးနဲ့ စကားပြောခွင့်တောင် မရဘူး"
"မင်းတို့ သတင်းမဖတ်ဘူးလား။သူဌေးလေးက ကိုယ်ခံပ အဖွဲ့အစည်းမှာဝင်ထားတယ်လေ။သူက ဖြောင့်မတ်တယ်။ကလေးတွေကို ကူညီပြီး ခေါင်းဆောင်ပိုင်းတွေနဲ့တောင် စကားများခဲ့သေးတယ်"
"အိုး အဲလိုတွေ ဖြစ်သွားခဲ့တာလား။ပြန်ရောက်မှပဲ သတင်းသေချာ ဖတ်ကြည့်ရမယ်"
လင်းဖန် ရယ်မောလိုက်ပြီး နံပါတ်တွေကို စတင်ရွေးချယ်လိုက်ပါတယ်။
"နံပါတ် 1 ,14 , 25...."
လင်းဖန် နံပါတ်တွေကို အော်တဲ့ အချိန်မှာ လူအုပ်ကြီးဟာ ရင်ခုန်နေခဲ့ကြပါတယ်။ဒါက စာသင်းခန်းထဲမှာ ဆရာမက ကျောင်းသားတွေရဲ့ အောင်စာရင်းကို တစ်ယောက်ချင်း အော်ပေးနေသလိုပါပဲ။
စိတ်လှုပ်ရှားမူ။
ကြောက်ရွံ့မူ။
အထူးသဖြင့် သူတို့ရွေးခံလိူက်ရတဲ့ အချိန်မှာတော့ စာမေးပွဲကို အမှတ်ပြည့်နဲ့ အောင်မြင်လိုက်သလိုခံစားရပြီး ပျော်ရွှင်သွားခဲ့ကြပါတယ်။
နံပါတ် ၁ က လူငယ်လေးတစ်ယောက်ပါ။သူ ဒီမှာ ရွေးခံရတာ အကြိမ်အနည်းငယ် ရှိနေပါပြီ။
လှည့်မှာ အလှုပ်ရှုပ်နေတဲ့ လင်းဖန်ဟာ ကောင်လေးကို မြင်ကာ ပြောလိုက်ပါတယ်။
"မင်းကံတရားက မဆိုးဘူးပဲ။ဒါနဲ့ဆို မင်းရွေးခံရတာ သုံးခါရှိပြီ"
တွန်းလှည်းနားမှာ ရပ်နေတဲ့ ကောင်လေးဟာတော့ သူ့ ရဲ့ စိတ်ခံစားမူတွေကို မထိန်းချုပ်နိုင်ပဲ တံတွေး မျိုချလိုက်ပါတယ်။သူဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ကျွန်တော် ကံကောင်းနေတာ။ဒီတစ်ပတ်အတွင်းမှာတင် အရွေးခံရတာ သုံးကြိမ်ရှိပြီ"
ဘေးနားက လူတွေဟာတော့ ကောင်လေးကို မနာလို ဖြစ်နေကြပါတယ်။
ကောင်လေးအတွက်ကတော့ တပတ်မှာသုံးကြိမ် အရွေးခံရတာဟာ အရသာရှိတဲ့ ပန်ကိတ်တွေကို နေ့တိုင်းစားနေရသလိုပါပဲ။