← Chapters

တိုင်ကြားခံရခြင်း

Vol. 9 Ch. 123

တိုင်ကြားခံရခြင်း

Vol. 9 Ch. 123

"အရသာရှိတယ်။ဒီကမ္ဘာကြီးက အရမ်းချစ်ဖို့ကောင်းနေသလိုတောင် ငါခံစားလိုက်ရတယ်။ဒါက ကြယ်တွေ ပြည့်နေတဲ့ ကောင်းကင်ပေါ်မှာ ပျံသန်းနေရသလိုပဲ"

ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ ကောင်လေးဟာ ပန်ကိတ်စားရင်း နှုတ်ခမ်းကိုသတ်ကာ ပြောလိုက်ပါတယ်။

ချဲ့ကားတဲ့ အမူအရာကတော့ တိမ်ဖြူလမ်းမှာ မြင်နေကြအရာ တစ်ခုလို ဖြစ်နေခဲ့ပါပြီ။

လင်းဖန်ဟာ ကောင်းလေးကို ကြည့်ပြီး ပြုံးလိုက်သည်။အစတုန်းကတော့ သူပန်ကိတ်မရောင်းချင်ခဲ့ပါဘူး။သို့ပေမယ့် အခုတော့ ဒီခံစားချက်က အတော်ကောင်းတယ် လို့ ခံစားမိလိုက်ပါတယ်။

ဒီလူတွေအတွက် ကမ္ဘာပေါ်မှာတောင် အတည်ရှိတဲ့ အရသာကို ဖန်တီးပေးရတာက သူ့အတွက် အတော်စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။

"သူဌေးလေး ဂျုံမှူန့်ကို နည်းနည်းပိုသုံးပေးလို့ မရဘူးလား။မင်းလုပ်ခဲ့တဲ့ ပန်ကိတ်တွေထက် နည်းနည်းလေး ပိုကြီးရင်ကို ကျေနပ်ပါပြီ"

အဖြူရောင်ဝတ်စုံနဲ့ အလုပ်သမားတစ်ယောက်ဟာ လှည်းရှေ့မှာ ရပ်နေရင်း ပြောလိုက်ပါတယ်။

သူဟာ ဒီမှာတန်းစီနေတာ ရက်အတော်ကြာပြီးဖြစ်ပြီး နောက်ဆုံးအရွေးခံရလို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူနောက်ဆုံးတော့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ သူဌေးလေးရဲ့ ပန်ကိတ်ကို စားခွင့်ရတော့မှာပါ။

လင်းဖန် ပြုံးပြီးပြောလိုက်သည်။

"အကုန်လုံးက အရွယ်တူပဲလေ"

လင်းဖန်ရဲ့ ကျွမ်းကျင်လှတဲ့ လှုပ်ရှားမူတွေကို ကြည့်နေရင်းမှာပဲ မွှေးကြိုင်တဲ့ ရနံ့ဟာ ထွက်ပေါ်လာခဲ့သည်။

လူကြီးဟာ အရင်က ပန်ကိတ်ကို တစ်ခါမှ မစားဖူးပေမယ့်လည်း ဒါကိုစားဖို့ကို ထပ်မစောင့်နိုင်တော့ပါဘူး။

ပန်ကိတ်ရဲ့ မွှေးကြိုင်တဲ့ ရနံ့ဟာ သူ့နှာခေါင်းထဲမှာ ပြည့်နှက်သွားပြီး ပန်ကိတ်အရည်တွေကို သောက်လိုက်မိသလိုပါပဲ။

လင်းဖန် ပန်ကိတ်ကို ပလပ်စတစ်အိပ်ထဲမှာ ထပ်ကာ ကမ်းပေးလိုက်သည်။

"ပြီးသွားပြီ"

ဒီလိုမျိုးအရသာရှိတဲ့ အစားအစာမျိုးဟာ စျေးကြီးတဲ့ ပန်းကန်ပြားပေါ်တင်ပြီး အနီရောင် ဝိုင်ကို လေးနဲ့ ဖြစ်သင့်တာပါ။ဒါကို စားနေတဲ့ အချိန်မှာလည်း နောက်ခံ တေးသီချင်းလေးတစ်ပုဒ်ကို ဖွင့်ထားသင့် ပါတယ်။

သို့ပေမယ့် ဒီလိုမျိုး ပလတ်စတစ်အိပ်နဲ့ ထုတ်ပေးတာကတော့ ပန်ကိတ်ရဲ့ အဆင့်အတန်းကို အတော် ကျဆင်းစေတာပါ။

ဒါပေမဲ့ ဒါက ပန်ကိတ်ရဲ့ အရသာကို လုံးဝ မထိခိုက်စေပါဘူး။

လူကြီးဟာ နောက်ထပ်မစောင့်နိုင်တော့ပဲ ပန်ကိတ်ကို ချက်ချင်းတစ်ကိုက်ကိုက်လိုက်သည်။ပူလောင်တဲ့ ပန်ကိတ်ဟာ သူ့လျာကို လောင်ကျွမ်းမှာကိုတောင် သူ ဂရုမစိုက်နိုင်တော့ပါဘူး။

မကြာခင်မှာပဲ ဒီလူဟာ အရက်သောက်ထားသလိုမျိုး ချဲ့ကားတဲ့ အမူအရာ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

လူတိုင်းဟာ ပန်ကိတ်ကို စားပြီးတဲ့ အချိန်မှာ မတူညီတဲ့ ခံစားချက်တွေကိုရကြပေမယ့် သူတို့ဖြစ်ပေါ်လာတဲ့ အမူအရာတွေကတော့ တစ်ပုံစံထဲပါပဲ။

မြို့သားများဟာ အရွေးခံလိုက်ရတဲ့ လူတွေရဲ့ လက်ထဲက ပန်ကိတ်များကို ကြည့်ကာ မနာလို ဖြစ်နေခဲ့ကြပါတယ်။တစ်ခြားလူတွေ ပန်ကိတ်ကို ပျော်ရွှင်စွာစားနေတာကို ကြည့်ပြီး သူတို့ နေမထိထိုင်မသာဖြစ်နေခဲ့ကြပါသည်။

ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ လူငယ်လေးဟာ လမ်းရဲ့ အဆုံးကို လျောက်သွားတဲ့ အချိန်မှာ သတင်းထောက် တစ်ယောက်ရဲ့ တားဆီးမူကို ခံလိုက်ရပါတယ်။

"ဟိုင်း ဒီပန်ကိတ်က သူဌေးလေး ဆိုင်ကဝယ်ခဲ့တား သိပါရစေ"

,

သတင်းထောက်ဟာ အပြုံးလေးနဲ့ မေးလိုက်သည်။

ကောင်လေးဟာ ပြန်မေးလိုက်ပါတယ်။

"ခင်ဗျားက"

"အစ်ကိုက အစားအသောက် အချက်အပြုတ် သတင်းထောက်ပါ။အစ်ကိုကြားထားတာက ဒီက ပန်ကိတ်တွေက အရမ်းအရသာရှိတယ်ပေါ့နော်။ဒါကြောင့် ညီလေးကို အစ်ကို အင်တာဗျူးကြည့်ခင်လို့"

သတင်းထောက်ဟာ ပြုံးပြီးပြောလိုက်သည်။

လူငယ်လေးဟာ သတင်းထောက် မာစတာ လင်းရဲ့ ပန်ကိတ်အကြောင်းကို သိချင်နေတဲ့ အချိန်မှာ သူပြောမှ ဖြစ်တော့မယ် ဆိုတာကို သိလိုက်ပါတယ်။

"အစ်ကို ပြောတာမှန်တယ် ၊ သူဌေးလေးရဲ့ ပန်ကိတ်တွေက တကယ်အရသာ ရှိလွန်းတယ်။တကယ်တော့ 'အရသာရှိတယ်' ဆိုတဲ့ အစကားလုံးက ဖော်ပြဖို့မလုံလောက်ဘူး။ဒီအရသာ ကို သိဖို့ဆို ကိုယ်ကိုတိုင် မြည့်းကြည့်ပြီးမှကို အပြည့်အဝ သိရှိမှာ"

သတင်းထောက်ဟာ ခေါင်းညိမ့်ပြီးပြန်ပြောလိုက်သည်။

"အိုး ..ညီလေး ဒါကို စားပြီးတဲ့နောက်မှာ ဘာလို့ ချဲ့ကားတဲ့ အမူအရာ ဖြစ်လာတာလဲ ဆိုတာ သိပါရစေ"

လူငယ်လေးဟာ အနည်းငယ်ကြောင်အသွားခဲ့ပါတယ်။

"ကျွန်တော် အဲတာတော့မသိဘူး။ဒါပေမဲ့ ပန်ကိတ်ကို ကိုက်လိုက်တဲ့ အချိန်တိုင်းမှာ ကျေနပ်မူနဲ့ ပျော်ရွှင်မူကို ခံစားရတယ်။ဒါက ကောင်းကင်ပေါ်မှာ ခံစားချက်ကောင်းတွေနဲ့ ပျံသန်းနေသခိုပဲ"

သတင်းထောက်ဟာ ပြုံးလိုက်ပါတယ်။ဒီ ပန်ကိတ်က တကယ်ကို တစ်ခုခုပါပဲ။

"ကောင်းပြီ ပူးပေါင်းပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ကြည့်ရတာ နောက်ထပ်လူတွေကို ထပ်မေးပြီး အချက်အလက်တွေ ပိုရှာရဦးမယ်ထင်တယ်"

သတင်းထောက်ဟာ ပြောလိုက်သည်။

ကောင်လေးဟာ ခေါင်းညိတ်လိုက်ကာ ပန်ကိတ်ကို ပျော်ရွှင်စွာစားလိုက်ပြီး ထွက်သွားခဲ့ပါတယ်။

ယင်းနောက် သတင်းထောက်ဟာ နောက်ထပ်လူတွေ ကို အင်တာဗျူးဖို့ စောင့်နေခဲ့လိုက်ပါတယ်။သိုပေမယ့် တစ်ခြားလူတွေရဲ့ အဖြေဟာလည်း တစ်ပုံစံတည်းပဲ ဖြစ်ပြီး ကြီးကြီးမားမား ကွာခြားမူ မရှိပါဘူး။

ပြသနာရှိနေပြီ...တကယ် ပြသနာ ရှိနေပြီ...

သူတို့ကြည့်နေတာ မူးယစ်ဆေးဝါး သုံးစွဲနေကြသလိုပါပဲ။

ပန်ကိတ်ထဲ မူးယစ်ဆေးတွေ ထည့်ထားတာ ဖြစ်နိုင်မလား....

ယင်းနောက် သူ ဖုန်းကို ထုတ်ကာ ဖုနး်ဆက်ပြောလိုက်သည်။

"အကြီးအကဲ ကျန်း၊ ကျွန်တော် လူနှစ်ယောက်ကို အင်တာဗျူးကြည့်တာ သူတို့ နှစ်ယောက်စလုံးက တစ်ပုံစံတည်းပဲ။ကြည့်ရတာ ပြသနာ တစ်ခုခုရှိနေတယ် ထင်တယ်"

"ဟုတ်တယ် ငါလည်း ပြသနာ ရှိနေတယ်လို့ထင်တယ်"

အကြီးအကဲ ကျန်းဟာ ဖုန်းထဲမှ ပြန်ဖြေလိုကိသည်။

........

နောက်ဆုံး ကာစတန်မာ။

"သူဌေးလေး မင်းရဲ့ ပန်ကိတ်အကြောင်းကို အသားအသောက် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတယ်။ဒီနေ့ အရွေးခံရလိမ့်မယ် လို့ တကယ် မထင်ထားခဲ့ဘူး"

အသက် ၂၇ / ၂၇ အရွယ် အမျိုးသမီး တစ်ဦးဟာ ပြောလိုက်ပါတယ်။သူမဟာ ရုပ်ရည် သာမန်သာရှိပေမယ့် ဆွဲဆောင်မူရှိတဲ့အသံ တစ်ခုရှိနေခဲ့သည်။

"အိုး ဒီလိုလား။ကြည့်ရတာ ခင်ဗျား ကံကောင်းနေတယ် ထင်တယ်"

လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိုက်ကာ သူ့အလုပ်သူ ဆက်လုပ်နေခဲ့သည်။

နောက်ဆုံးပန်ကိတ်ကို လုပ်ပြီးရင် သူ အဖွဲ့အစည်းဆီကို သွားရတော့မှာပါ။

အရွေးမခံရတဲ့ လူတွေဟာတော့ စိတ်ပျက်နေကြပါတယ်။အထူသဖြင့် ရက်ပေါင်းများစွာ တန်းစီပြီး အရွေးမခံရကြတဲ့ လူတွေပါ။

သူများတွေ စားနေတာကို ကြည့်ပြီး သူတို့ကိုယ်တိုင် မစားရတာက ညှင်းဆဲနေသလိုပါပဲ။

"ကောင်းပြီး"

လင်းဖန် နောက်ဆုံးပန်ကိတ်ကို ပလတ်စတစ် အိတ်ထဲ ထည့်ပြီးတဲ့ အချိန်မှာပဲ ယူနီဖောင်းဝတ် လူအုပ်စု တစ်ခုဟာ ရောက်လာခဲ့ပါတယ်။

သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ ရှေ့ကို တက်လာပြီး ပြောလိုက်သည်။

"ဟိုင်း ငါတို့က အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာနကပါ။မင်းရဲ့ ပန်ကိတ်တွေမှာ တရားမဝင် ဆေးဝါးတွေ ပါနေတယ်လို့ တိုင်ကြားချက်ရထားတယ်"

လင်းဖန် ကြောင်အသွားကာ ပြန်ပြောလိုကိသည်။

"အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေး ဌာနကလား။ကျွန်တော့် ပန်ကိတ်က ဖြစ်နေလို့လဲ"

"လူတစ်ယောက် ဒီက ပန်ကိတ်တွေကို စားပြီးရင် ထူးခြားတဲ့ အမူအရာတွေ ဖြစ်သွားတယ်လို့ သတင်းပို့ထားတယ်။ဒါက တရားမဝင် ဆေးဝါးတွေ သုံးထားတာ နဲ့ တစ်ပုံစံထဲပဲ။ဒါက သူတို့ကို ဒီလို အမူအရာဖြစ်ပေါ်လာစေတာပဲ"

အရာရှိဟာ ရှင်းပြလိုက်သည်။

နောက်ဆုံးကာစတန်မာဟာ ဒီစကားကို ကြားပြီးအရင်လူတွေ စားသွားတဲ့ ပုံစံကို ပြန်မြင်ယောင်လိုကိပါတယ်။သူမ မနည်းငယ်ကြောက်ရွံ့သွားခဲ့သည်။ဒါကြောင့် သူမဟာ ပန်ကိတ်ကို ထားခဲ့ပြီး တိတ်တိတ်လေး ထွက်သွားပါတော့တယိ။

"မင်းတို့ ဘာလုပ်နေတာလဲ။သူဌေးလေးရဲ့ ပန်ကိတ်ကဘာလို့ မူးယစ်ဆေးဝါးပါရမှာလဲ။ပါဝင်ပစ္စည်းတွေက ငါဆီက ဝယ်ထားတာ"

လူအုပ်ထဲက ကာစတန်မာတစ်ဦးဟာ လှမ်းပြောလိုက်သည်။

သူဟာ စျေးထဲက ဆိုင်ပိုင်ရှငိ တစ်ဦးဖြစ်ပြီး လူလိမ် ထျန်က နေ့တိုင်း သူ့ဆီကို ပါဝင်ပစ္စည်းတွေ လာလာဝယ်ပါတယ်။အကြိမ်များစွာ ဝယ်ပြီး နောက်မှာ သူတို့နှစ်ယောက်ဟာ ရင်းနှီးသွားကြပြီး ဆိုင်ရှင်ကိုယ်တိုင် ပါဝင်ပစ္စည်းပို လာပို့လေ့ရှိသည်။

"ဟုတ်တယ် ဘယ်လိုကောင်က တိုင်လိုက်တာလဲ။ငါပန်ကိတ်ကို အကြိမ်များစွာ စားပြီးပြီ ဘာပြသနာမှမရှိဘူး။ပိုတောင် ကျန်းမာလာသေးတယ်"

"ဘာလို့ ဒီလို အမူအရာဖြစ်တာလဲ သိလား။အဲတာ အရသာရှိလွန်းလို့ကွ။စစ်မှန်တဲ့ အရသာ နားလည်ပြီလား"

လင်းဖန်ရဲ့ ပန်ကိတ်ကို နှစ်သက်ကြတဲ့ လူများဟာ စတင်ပြီး ကူပြောပေးလိုက်ကြပါတယ်။သူတို့ဟာ သူဌေးလေူကို ယုံကြည်ကြပြီးတော့ သူဌေးလေးရဲ့ ပန်ကိတ်မှာ ဘာပြသနာမှ မရှိဘူးလို့ ယုံကြည်ထားကြတာပါ။

သို့ပေမယ့် လည်း လူတစ်ချို့ဟာတော့ ကြောက်ရွံ့သွားခဲ့ကြသည်။

"တကယ် ပြသနာ ရှိနေတာလား။ပန်ကိတ်စားပြီးလူတွေ ထူးဆန်းနေကြတာလေ"

"ဟုတ်တယ် တွေးလေ ကြောက်မိလေပဲ။တကယ် ပြသနာ ရှိနေတာလား"

"ပြောဖို့တော့ခက်တယ်။ဒီလို မျိုး အမူအရာကဖစ်တဲ့ အစားအစာ ဆိုတာ မင်းအရင်တုနး်က ကြားဖူးလို့လား"

"အရသာ အရှိဆုံး အစားအစာပါ ဆိုတဲ့ အရာတောင် ဒီလို မဖြစ်ဘူး"

"ငါတို့ မစားကြည့်သင့်ဘူးထင်တယ်။ပြသနာ ရှိနေနိုင်တယ်"

.....

လင်းဖန် ပြုံးပြီး ပြောလိုကိပါတယ်။

"ကျုပ်ပန်ကိတ်က ပြသနာရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ခင်ဗျားတို့ မယုံကြည်ရင် စမ်းသပ်ဖို့ ယူသွားနိုင်တယ်"

"ပူးပေါင်းမူ အတွက်ကျေးဇူးပါပဲ"

အရာရှိဟာ ပြောလိုက်သည်။

"ကျုပ် ဒီတစ်ခုကို ခုနက လုပ်ထားတာ အဲတာယူသွားလိုက်လေ"

လင်းဖန်ပြောလိုက်သည်။သူ ဒီလို ပြသနာကိုတစ်နေ့နေ့ ကြုံတွေ့ရမယ်မှန်း သိပေမယ့်လည်း ဒီနေ့ဖြစ်နေလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် ပန်ကိတ်တွေမှာဘာပြသနာ မှမရှိပေ။သူတို့ စိတ်တိုင်းကျ စမ်းသပ်နိုင်ပါတယ်။

All Chapters