အင်တာနက်ပေါ်က ရုပ်ရုပ်သဲသဲ ဖြစ်ပွားမှု
Vol. 9 Ch. 124
ယူနီဖောင်းဝတ် အရာရှိများဟာ ပန်ကိတ်တစ်လုံးနဲ့ အတူ အချက်အလက်တစ်ချို့ကို မှတ်သားပြီး ပြန်သွားကြပါတယ်။
"ဘာတွေ ဖြစ်နေတာလဲ။အစားအသောက်နဲ့ ဆေးဝါး စီမံရေးဌာနက တကယ်လာစစ်ဆေးတာလား။ဒါက ထူးဆန်းတယ်"
လူလိမ် ထျန်ဟာ မယုံကြည်နိုင်စွာ ပြောလိုက်ပါတယ်။
"တစ်ယောက်ယောက်က ငါတို့ကို ဆန့်ကျင် တိုက်ခိုက်နေတာ ဖြစ်လောက်တယ်။မင်းဘယ်သူလို့ ထင်လဲ"
လင်းဖန်ဟာ ပုခုံးကို တွန့်ကာ ပြန်ဖြေလိုကိသည်။
"ဘယ်သူသိမှာလဲ"
မြို့သားတွေဟာ လည်း အနားမှာ စုဝေးလာကြပါတယ်။
"သူဌေးလေး စိတ်မပူနဲ့ ငါတို့ မင်းကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်"
"ဟုတ်တယ် ဘယ်ခွေးသားက သွားတိုင်လိုက်တာလဲ မသိဘူး။အဲ့ကောင် ရူးနေတာပဲ ုဖစ်ရမယ်"
"သူဌေးလေးရဲ့ စကေးတွေက ကျွမ်းကျင်ပြီး စီးပွားရေးတွေက အရမ်းကောင်းနေတာလေ။တစ်ယောက်ယောက်က မနာလိုဖြစ်ပြီး ပြသနာရှာ တာပဲ ဖြစ်ရမယ်။ဒါပေမယ့် မင်းမှာ ငါတို့ရှိသေးတယ်။ငါတို့ မင်းကို ထောက်ခံပေးမယ် သူဌေးလေး"
လူအုပ်ကြီးဟာလည်း သူတို့ ကြားထဲမှာ အချင်းချင်း တီးတိုးပြောနေခဲ့ကြပါသည်။သူတို့ အကူန်လုံး လင်းဖန်ကို ယုံကြည်ကြပါတယ်။သူတို့ ပန်ကိတ်ရဲ့ ဆွဲဆောင်မူ အောက်ကနေ ရုန်းမထွက်နိုင်ကြတော့ပါဘူး။
တစ်နေ့ကို ဆယ်လုံးသာ ရောင်းချပေးပေမယ့်လည်း ဒီမှာ လာတန်းစီရတာကိုပဲ သူတို့ဟာ သဘောကျနေကြတာပါ။မတော်လို့ သူတို့ ရွေးချယ်ခံရရင် ဒါ ထီပေါက်သလို ခံစားချက်ပါပဲ။ဒါက သူတို့ ကို ပျော်ရွင်မူပေးပါတယ်။
ဒီလူအုပ်ကြီး သူ့ကို ထောက်ခံတာ မြင်တဲ့ အချိန်မှာ လင်းဖန် ရိုသေလေးစားတဲ့ အနေနဲ့ လက်အုပ်ချီပြီး ပြန်ပြောလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်"
ယင်းနောက် လင်းဖန်ဟာ ဆိုင်ထဲကို ပြန်သွားလိုက်ပြီး အနားယူလိုက်ပါတယ်။
......
အစားအသောက်နဲ့ ဆေးဝါး ဌာနက လူတွေဟာ လင်းဖန်ဆိုင်က ပြန်ပြီး တာနဲ့ ဓာတ်ခွဲခန်းကို တန်းသွားလိုက်ကြပါတယ်။
အကြီးအကဲ ကျန်းက သူတို့ ဆီကအကြောင်းပြန်တာကို စောင့်နေခဲ့တာပါ။အစားအသောက်နဲ့ ဆေးဝါးအဖွဲ့ အစည်းရဲ့ ဒုတိယ သဘာပတိနဲ့ သူက ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်သည်။
သူ ဒီပန်ကိတ်တွေ ကို စမ်းသပ်စစ်ဆေးပြီး နောက်ကွယ်က အကြောင်းအရာကို ဖော်ထုတ်ကြည့်ဖို့ လိုအပ်ပါတယ်။
သို့ပေမယ့် ဒီလို ရိုးရှင်းတဲ့ ပန်ကိတ်တွေက ဘယ်လို ဖြစ်ပြီး ဒီလောက် အရသာရှိနေတာလဲ ဆိုတာကို တော့ သူစဥ်းစားလို့မရ ဖြစ်နေခဲ့ပါသည်။
တစ်စုံတစ်ယောက်က ဒီပန်ကိတ်ကို မစားဖူးရင် ဒီပန်ကိတ်ဘယ်လို အရသာ ရှိလည်း ဆိုတာ လုံးဝ သိမှာမဟုတ်ပါဘူး။သူလည်း တစ်ခေါက်သွားဖူးလို့သာ သိထားတာပါ။ဒါက လုံးဝ မူးယစ်ဆေးဝါးလိုပါပဲ။တစ်စုံတစ်ယောက်ဟာ စားပြီးတာနဲ့ ဒီအရသာကို မေ့နိုင်တော့မှာ မဟုတ်ပေ။
အကြီးအကဲ ကျန်းဟာ သူ့ဖုန်းကို ထုတ်လိုက်ပြီး ဒုတိယ သဘာပတိကို ဖုန်းခေါ်လိုက်ပါတယ်။
"ဟေး ဘော်ဒါကြီး အခြေနေ ဘယ်လိုရှိလဲ"
"အစ်ကို ကျန်း ၊ အရာရှိကပြန်လာပြီ။စစ်ဆေးချက်ထွက်လာရင် ကျွန်တော် ဖုနး်ဆက်ပေးမယ်လေ"
"ကျေးဇူးပါပဲကွာ ဒီညအားရင် တွေ့ကြရအောင်လေ"
"ဒီအတွက်တော့ မလိုတော့ပါဘူး။ဒါက ကိစ္စကြီးမဟုတ်ဘူးလေ။တကယ်လို့ အစားအသောက်ကသာ တကယ် ချွတ်ယွင်းချက်ရှိနေရင် စိုးရိမ်သင့်တဲ့ လူက ကျွန်တော်ပဲ ဖြစ်သင့်တာပါ"
အကြီးအကဲ ကျန်းဟာ ဒုတိယ သဘာပတိနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေး မရှိပေမယ့်လည်း ထိတွေ ဆက်ဆံမူတော့ ရှိနေပါသေးတယ်။
သူတို့အတွက် ဆိုရင် ဒီလို ပန်ကိတ်ကို စစ်ဆေးတာက အသေးအဖွဲလေးပဲ လို့ပြောလို့ရပါတယ်။ထပ်ပြောရရင် ဒီသူဌေးလေးက သူ့ရဲ့ ပူပေါင်းမူကို မတူမတန်သလို ဆက်ဆံခဲ့တာပါ။
....
နောက်တစ်ရက်။
များပြားလှတဲ့ သတင်းခေါင်းစဥ်တွေဟာ လူအများကြီးကို ဆွဲဆောင် ထားနိုင်ခဲ့ပါတယ်။
"တိမ်ဖြူလမ်းမှ ပန်ကိတ်များဟာ တရားမဝင်ဆေးဝါးတွေ ပါဝင်နေ။အားလုံး သတိထားစေရန်.."
"မာစတာ လင်းရဲ့ ကျော်ကြားတဲ့ ပန်ကိတ်တွေဟာ လူထု၏ တိုင်ကြားမူ ခံခဲ့ရသည်။ရလာဒ်အနေဖြင့် အစားအသောက်နဲ့ ဆေးဝါး ဌာနက ကိုင်တွယ်လျက်ရှိ"
"ပန်ကိတ်စားပြီးတဲ့ လူတိုင်းဘာလို့ မူးယစ်ဆေးဝါးသုံးထားသလို ချဲ့ကားတဲ့ အရာရှိနေတာလဲ ဆိုတာ အဖြေပေါ်ပြီ"
ဒီသတင်းတွေဟာ အရေးကြီး သတင်းတွေလို့ ပြောလို့မရပေမယ့် လည်း ညတွင်းချင်းပဲ ပျံ့နှံ့သွားခဲ့ပါတယ်။
UC ကြားဖြတ်သတင်း ဌာန၊ ဝိုက်ဘို သတင်းဌာန၊နဲ့ တစ်ခြားသတင်းဌာန တွေဟာလည်း သတင်းရေးတင်ခဲ့ကြပါသည်။
........
နှင်းလို ဖြူတဲ့ ခြင် :: -ငါ ဒီဗီဒီယို ကြည့်ပြီး တကယ် အံ့သြရတယ်။ဒီလူတွေက တကယ်ကြောက်ဖို့ကောင်းတာပဲ။ကမ္ဘာမှာ ဒီလို အစားအသောက်မျိုး ဆိုတာ မရှိဘူးလေ။ပန်ကိတ်စားယုံနဲ့ ဒီလောက်ထိ ချဲ့ကားစရာ အကြောင်းမရှိဘူး။နတ်ပြည်ရောက်နေကြသလိုပဲ။ဒါက ဆေးတစ်ခုခု သုံးထားတာ ကျိန်းသေတယ်။ဒီလူကို ဖော်ထုတ်သင့်ပြီ။လူတိုင်းပဲ ဂရုစိုက်ပါ ဒီလူရဲ့ အလိမ်ညာ မခံကြပါနဲ့။
ဆေးလိပ်ဆက်တိုက် သောက်မယ်။
"ငါ ပန်ကိတ်အကြောင်း သတင်းတွေကို ဖတ်ပြီးသွားပြီ။ငါ ရီပဲ ရီနေပြီး မှ မတွေးမိဘူး။အခု ဒီသတင်းဖတ်ပြီး မှ အတော်ကြောက်ရွံ့သွားတယ်။အစားအသောက် သန့်ရှင်းမူက တကယ်အရေးကြီးတယ်။မင်းတို့ စားသောက်နေတဲ့ အရာတွေ သန့်ရှင်းလား ညစ်ပတ်လား ဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး"
ပန်ပွင့် များစွာရှိတဲ့ မင်းသားလေး
"အဲတာ တကယ်ပဲလား။ငါ မာစတာ လင်းရဲ့ ပန်ကိတ်ကို အရင်ကစားဖူးတယ်။အရသာက နတ်ပြည်ရောက်နေသလိုပဲ။ငါ့ ခန္တာကိုယ်တောင် ထိန်းချုပ်မူလွတ်သွားတာ ခံစားရတယ်"
တကယ်လို့ အိပ်မက်ဆိုးတွေသာ မလာခဲ့ရင် ::
"တစ်ယောက်အထက်မှာ တစ်ယောက်ရှိတယ်။ကောင်လေး မင်းဆေးရုံသွားစစ်ဆေးလိုက်တော့။မင်းမှာ ရောဂါတစ်ခုခု ရှိနေရင် ကြောက်စရာပဲ"
ပြည်သူလူထုတွေဟာ စတင်ပြီး ဆွေးနွေးနေကြပါတယ်။သူတို့ထဲက အများစုက ပန်ကိတ်ကို တစ်ခါမှမစားဖူးကြသေးတဲ့လူတွေပါ။
သူတို့ ဗီဒီယို ထဲက ချဲ့ကားတဲ့ အမူအရာတွေကို မြင်တဲ့ အချိန်မှာ အလွန်အမင်း အံ့သြနေခဲ့ကြပါတယ်။
"ချီးပဲ အကုန်လုံး စောက်တလွဲတွေ မပြောလို့ မရဘူးလား။မာစတာ လင်းရဲ့ ပန်ကိတ်မှာ ဘယ်လိုလုပ် ပြသနာရှိနိုင်မှာလဲ။ထပ်ပြောရရင် အခုမှ စစ်ဆေးတုန်းပဲ ရှိသေးတာလေ ဘာမထောက်အထားရှိလို့လဲ"
"ဒီနေ့ ခေတ် သတင်းထောက်တွေက စောက်ဆန်းကြီးတွေပဲ။ရလာဒ်ကတောင် မထွက်သေးဘူး သူတို့က လျောက်ရေးပြီးနေပြီ"
"ဟားဟာ မကြာခင် တိုက်ပွဲဖြစ်လာနိုင်တယ်နော်။ဘယ်လောက် ကြောက်စရာကောင်းလဲ"
"ရလာဒ်ထွက်လာဖို့ လိုသေးလို့လားကွာ။သူတို့ အမူအရာကြည့်တာနဲ့တောင် သိသာတယ်။ပန်ကိတ်က တစ်ခုခုမှားယွင်းနေလို့ပဲ။ဒီ လူလိမ်ကောင်က ဒီကမ္ဘာကြီးကို သူလုပ်ချင်တာ လုပ်လူပ်လို့ရတယ်လို့ ထင်နေတယ်နဲ့တူတယ်။ရိုးရိုး ပန်ကိတ်က ဒီလို အမူအရာ ဖြစ်နိုင်စရာ အကြောင်း မရှိဘူး"
.....
တိမ်ဖြူလမ်းတွင်။
လင်းဖန်ဟာ ထိုင်ခုံပေါ်မှာ ဇိမ်နဲ့ ထိုင်ရင်း လညက်ရည် သောက်နေခဲ့ပါတယ်။
"မင်းက ဘယ်လိုလုပ် လဘက်ရည် သောက်နိုင်သေးတာလဲ။အင်တာနက်ပေါ်မှာ မင်းကိုပဲ တတိုက်ခိုက်နေကြတာ"
လူလိမ် ထျန်ဟာ စိုးရိမ်စွာပြောလိုက်သည်။
ဝူယူလန်ဟာ ဝင်ပြောလိုက်သည်။
"သတင်းထောက်တွေက ဘာလို့ ဒီလိုရေးနိုင်ရတာလဲ။အဖြေက ခုထိတောင် မထွက်သေးတဲ့ဟာကို"
"တို့က ဘာလို့ စိုးရိမ်ရမှာလဲ။သူတို့ရေးချင်သလိုရေးကြစမ်းပါစေ"
အပြင်ဘက်က ကြည့်ရင်တော့ လင်းဖန်ရဲ့ ပုံစံက တည်ငြိမ်နေသလိုပါပဲ။သို့ပေမယ့် အတွင်းထဲမှာတော့ သတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို လင်းဖန်ဟာ ကျိန်ဆဲနေခဲ့တာပါ။
သူတို့ ပေါက်ကရတွေ လျောက်ရေးတာက အတော်ထင်ရှားပါတယ်။ထပ်ပြောရရင် သူတို့ ဒီလို ချဲ့ကားတဲ့ အမူအရာ ဗီဒီယိုတွေကို သေချာရိုက်ကူးထားကြတာပါ။
အခုဘာတွေ ဖြစ်နေတာလဲ.....
"ငါကတော့ အခုဖြစ်နေတာတွေက ဟိုရူးသလိိုလိုကြောင်သလိုလို အကြီးအကဲ ကျန်း ကြောင့်ဖြစ်မယ် လို့ပဲ ထင်တယ်"
လူလိမ် ထျန်ဟာ စိတ်ဆိုးစွာ ပြောလိုက်သည်။
"သူ ငါတို့ကို မကျေနပ်တာ သိတာတယ်"
လင်းဖန်ဟာ ရေရွှတ်လိုက်သည်။
"အိုးး"
သူဒါကို လုံးဝဟစိတ်မဝင်စားပါဘူး။သူ ဝိုက်ဘို ကိုဖွင့်လိုက်သည့် အချိနိတွင် ဆွေးနွေးမူတွေဟာ အတော်ကြောက်ဖို့ ကောင်းနေခဲ့သည်။
"ဘာ မာစတာ လင်းလဲ၊ ပန်ကိတ်ထဲ မူးယစ်ဆေး ထည့်ပြီး ရောင်းနေတာကို..အလကား စောက်ရူး"
"ဟေး သူက နိုင်ငံသားကောင်းမဟုတ်ဘူးလား။ဒီလို မဟုတ်တာတွေ လုပ်ရတယ်လို့။တရားမဝင်တာတွေ"
"ဒါအမှန်လား ပြောစမ်းပါဦး"
"ဖော်လို ထားတာ ပြန်ဖြုတ်လိုက်ပြီ"
" + 1 "
" + 2"
လင်းဖန်ဟာ အခြေအနေတွေ ဒီလောက်ဆိုးမှန်း မသိထားပါဘူး။သူဟာ ပန်ကိတ်ရောင်းသမားလေးသာ ဖြစ်ပြီး အင်တာနက်ပေါ်မှာ လူတိုင်းရဲ့ အာရုံစိုက်မူကို ရနေခဲ့ပြန်ပါပြီ။
ဒါမျိုးနေရာမှာ ဆရာကျတဲ့ ဆောင်းဦးဓားက တော့ အနာပေါ်ကို ဆားဖြူး ဖို့ အချိန်မှီ ရောက်လာခဲ့ပါတယ်။
သူဟာ တိတ်ဆိတ်နေတာ အချိန်အတော် ကြာနေပြီဖြစ်ပြီး ဒီအဖြစ်အပျက်က သူ့ကို အခွင့်အရေးပြန်ပေးလိုကိသလိုပါပဲ။
လင်းဖန် သီးသန့် စာစောင်ကို ဖွင့်လိုက်တဲ့ အချိနိမှာ ဆောင်းဦးဓားရဲ့ မုန်းတီးတဲ့ မှတ်ချပ်တွေနဲ့ပြည့်နေခဲ့ပါတယ်။
"မင်းကသေချင်နေတာပဲ၊ ပန်ကိတ်ရောင်းစားတာတောင် ရအောင် လိမ်ညာလိုက်သေးတယ်။ဘာလို့ အရာရာတိုင်းက ထိန်းချုပ်လို့ မရဖြစ်နေလည်း သိလား။ဒီ မာစတာ ဆောင်းဦးဓားက ထိန်းချုပ်နေလို့ပဲ။ငါ့ကို လာရှုပ်တဲ့ နောက်ဆပ်တွဲကို သိစေရမယ်"
......
သီးသန့် အိမ်တစ်ခုတွင်။
ဆောင်းဦးဓားဟာ ကွန်ပြူတာ စခရင်ပေါ်မှာ လျင်မြန်စွာ စာရိုက်နေရင်း အဆက်မပြတ် ရယ်မောနေခဲ့ပါတယ်။
သူ များပြားလှတဲ့ သတင်းဌာနတွေ ပလပ်ဖောင်းတွေကို သတင်းတွေ လိုက်ပို့နေခဲ့ပြီး လင်းဖန်အကြောင်း တင်ဖို့ သတိပေးနေခဲ့ပါသည်။
လင်းဖန်ကို သူ့ရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်လောက်ဆိုးလဲ သိစေချင်ပါတယ်။
ဆောင်းဦးဓားဟာ ရေကို ပါးစပ်နဲ့အပြည့်သောက်လိုက်ပြီး စာပြန်တာကို စောင့်နေခဲ့သည်။
ရုတ်တရက် ပါးစပ်ထဲမှ ရေတွေဟာ ပြန်ထွက်ကျသွားခဲ့သည်။
လင်းဖန် :: မင်းက အရမ်းတော်တာပဲ။
ဆောင်းဦးဓားဟာ ဒါကို မြင်ပြီး ဆွံ့အသွားခဲ့ပါတယ်။
အရမ်းတော်တယ် ဟုတ်လား ......
မင်း အစ်မကရော အရမ်းမတော်ဘူးလား.....?
ဒီလူလိမ်က သူ့ကို သေတဲ့အထိ ကျိန်ဆဲမယ်လို့ ထင်ထားခဲ့တာပါ။
ဒီကောင် ဘယ်တုန်းက ယဥ်ကျေးသွားတာလဲ...
ဒါက တကယ်ကို မထင်မှတ်ထားတဲ့ အရာပါပဲ။