← Chapters

ငါလာနေပြီ

Vol. 9 Ch. 125

ငါလာနေပြီ

Vol. 9 Ch. 125

လင်းဖန်ဟာ ဆောင်းဦးဓားမှာ ဒီလိုမျိုး အရည်အချင်းတွေ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။စွမ်းဆောင်နိုင်စွမ်း ပိုရှိလေ ခန္တာကိုယ်ပိုကြီးလေ ဆိုတဲ့ စကားဟာ တကယ်မှန်တဲ့ ပုံပါပဲ။

အခုလိုမျိုး ပန်ကိတ် ကိစ္စပိုပိုပြီး ဆိုးရွားလာတာ ဆောင်းဦးဓား နောက်ကွယ်ကနေ ကြိုးကိုင်နေတယ် ဆိုတာ သူယုံကြည်ပါတယ်။

ဒါက သု့အပေါ်ကို လုံးဝ ကြီးမသက်ရောက်ပေမယ့်လည်း လင်းဖန် ဝိုက်ဘိုပေါ်မှာ ပို့စ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ငါက အမြဲတမ်း နာမည်ကြီးချင်နေတဲ့ လူတစ်ယောက်ပါ။ဒါပေမဲ့ အခုလို ပန်ကိတ်တစ်ခုကြောင့် နာမည်ကြီးလာမယ်လို့ မထင်ထားခဲ့ဘူး။တကယ် ခံစားလို့ကောင်းတယ် :)"

မှတ်ချက်များဟာ ရူးသွပ်စွာနဲ့ များပြားလာခဲ့ပါတယ်။

"666 ..... ငါဘယ်သူ့ကိုမှ မအားကျဖူးဘူး၊ ဒါပေမဲ့ မာစတာ လင်းကိုတော့ အားကျနေမိပြီ"

"နာမည်ကြီးချင်တဲ့ မာစတာလင်း နောက်ဆုံးတော့ ပန်ကိတ်ကြောင့်နာမည်ကြီး လာပြီပေါ့"

"ဟားဟားး ရယ်ရတာ အူပါတက်တယ်။မာစတာ လင်းဒီလို လူမျိုးမဟုတ်တာ ငါသိပြီးသား။ဒီလို အရသာရှိတဲ့ ပန်ကိတ်က ဘယ်လိုလုပ် တရားမဝင်ပစ္စည်း ပါဝင်နိုင်မှာလဲ"

"ဒီနေ့ သတင်းထောက်တွေက အကျိုးအကြောင်း မဆင်ခြင်ကြတော့ဘူး။သူတို့ ပန်ကိတ်တစ်ခါမှ မစားဖူးပဲနဲ့ ဒီလို သတင်းတွေ ရေးရဲတယ်"

လင်းဖန်ကို ဖော်လိုထားတဲ့ လူအများစုက လင်းဖန်ရဲ့ ပရိတ်သတ် အစစ်အမှနိတွေပါ။သူတို့တွေဟာ ပန်ကိတ်ကို အရင်က စားဖူးပြီး တစ်ခြားလူတွေ မယုံကြည်ရင်တောင် သူတို့ လင်းဖန်ကို ယုံကြည်ကြပါတယ်။

ဝိုက်ဘိုပေါ်က ဝေဖန်သူတစ်ယောက်ဟာ လင်းဖန်ကို ဝေဖန်လိုက်တယ်။

"မင်းဘာလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရယ်နိုင်သေး၊ ဂုဏ်ယူနိင်သေးတာလဲ ငါစဥ်းစားလို့တောင် မရဘူး။ဒါက ကပ်ဆိုးတစ်ခုပဲ ၊ မင်းကျော်ကြားလာတာကလဲ မကောင်းတဲ့ နည်းလမ်းမျိုးနဲ့လေ"

"မစ္စတာ ဝမ်ပြောတာ မှန်တယ်။ဒီလို လူမျိုးတွေက ထောင့်မကျိုးဘူး"

"အစားအသောက်ထဲမှာ မူးယစ်ဆေးထည့်တဲ့ ကောင်တွေကို ဖမ်းဆီးပြီး သေအောင် ပစ်သတ်သင့်တယ်"

......

လင်းဖန်ဟာ ဝိုက်ဘို ပေါ်မှာ မှတ်ချက်တွေကို ဖတ်နေပြီး မစ္စတာ ဝမ် ရဲ့ ဝေဖန်တဲ့ မှတ်ချက်ကို မြင်လိုက်ပါတယ်။လင်းဖန်ဟာ ဒါကို မြင်ပြီး မပျော်မရွှင် ဖြစ်သွားခဲ့သည်။

သူ ဘယ်သူ့ကို ဝေဖန်နေတာလဲ......

ယင်းနောက် သူ မစ္စတာ ယန်ကို စာပြန်လိုက်သည်။

"နာမည် ဝမ်ဆိုတဲ့ကီးဘုတ်စစ်သည်တော် ရေ , ငါ့ကို အသုံးချပြီး နာမည်ကြီးဖို့ ကြိုးစားနေတာ ရပ်လိုက်ပါတော့ကွာ၊ စောက်ရမ်း ရှက်ဖို့ကောင်းတယ်"

တစ်ခြားလူတွေဟာ ဒါကို မြင်ပြီး ရယ်မောလိုကိကြပါတယ်။

"ဟားဟား မာစတာ လင်းစိတ်ဆိုးသွားပြီနော်"

"ဟုတ်တယ် ဒီနေ့ခေတ်လူတွေ အရှက်ကင်းမဲ့လာကြပြီ။မာစတာ လင်း အောင်မြင်နေတာမြင်တာနဲ့ ဒါကို အသုံးချပြီး နာမည်ကြီးချင်နေတယ်"

"ဒီလူကို ဝိုင်းပြီး သင်ခန်းစားပေးလိုက်ရအောင်၊နာမည်ကြီး ချင်ရင် ကိုယ့်ဟာကို ကြိုးစားရမယ် ဆိုတာ ဒီကောင် သိဖို့ လိုအပ်တယ်"

ဝေဖန်လိုက်တဲ့ မစ္စတာ ဝမ်ဟာ သူရေးလိုက်တဲ့ မှတ်ချက်ကို သူကြေနပ်နေခဲ့တာပါ။သို့ပေမယ့် မာစတာ လင်းရဲ့ မှတ်ချက်ကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့သည်။

အထူးသဖြင့် သူ့အောက်မှာ တစ်ခြားလူတွေဝင်မန့်နေကြတဲ့ မှတ်ချက်တွေက သူ့ကို ပိုပြီး စိတ်တိုစေပါတယ်။

မာစတာ လင်းလောက် စောက်ရှက်မရှိတဲ့ လူကို သူတစ်ခါမှ မမြင်ဖူးပါဘူး။

"မာစတာ လင်းက ပြောပြီသွားပြီ သူ့ကို အသုံးမချနဲ့တဲ့"

"မင်းအောင်မြင်ချင်ရင် ကိုယ့်ဟာကို ကြိုးစား။ငါတို့ရဲ့ မာစတာ လင်းက ပန်ကိတ်နဲ့ နာမည်ကြီးတာ ၊ မင်းက ရော ဘာနဲ့ နာမည်ကြီးမှာလဲ.."

ဘယ်လိုတွေတောင်တုန်း၊ အမြင်မတူတာနဲ့ ပဲ နာမည်ကြီးချင်တဲ့ လူတစ်ယောက်ဖြစ်သွားရောလား တကယ်ကြောက်ဖို့ကောင်းတယ်....

.........

လင်းဖန်ဟာ ငုတ်တုတ်ထိုင်ပြီး ဖုန်းသုံးနေခဲ့ပါတယ်။သူဒီကိစ္စကို သိပ်ပြီး စိတ်ထဲမထားတော့ပါဘူး။

သစ္စာရှိတဲ့ ပရိတ်သတ်တွေဟာတော့ လင်းဖန်ဆီကို လာမြဲအတိုင်းရောက်လာကြပါတယ်။အင်တာနက်ပေါ်မှာ တိုက်ခိုက်ကြတဲ့ လူတွေ များပေမယ့်လည်း ဒီမှတ်ချက်တွေက ဘာကိုမှ မဆိုလိုပါဘူး။

ဘယ်သူမှ သူတို့ကို ပန်ကိတ် အတင်းစားဖို့ မတိုက်တွန်းထားပေ။အခု ရောက်လာနေကြတဲ့ လူတွေဟာ မာစတာ လင်းပန်ကိတ်ထဲ ဘာမှ မထည့်ထားဘူးဆိုတာ ယုံကြည်ကြတဲ့ လူတွေပါ။

"သူဌေးလေး ကျွန်တော်တို့ကို နံပါတ် ဝေပေးတော့လေ"

လင်းဖန် အစကတော့ ဒီနေ့နားရပြီ ထင်ထားတာပါ။အခုလို လူတွေ ရောက်လာကြလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

သူ အံ့သြသွားပြီး ဒီကာစတန်မာတွေ သူ့အပေါ်မှာ အတော် သစ္စာရှိကြတယ်လို့ တွေးလိုက်မိပါတယ်။

သူတို့ဟာ ရလာဒ်ထွက်လာတဲ့ အထိတောင် မစောင့်ပဲ လာဝယ်ကြတာပါ။

"ခင်ဗျားတို့ မကြောက်ကြဘူးလား"

လင်းဖန်ရယ်မောကာ မေးလိူက်သည်။

ကာစတန်မာ တွေဟာ ခေါင်းကို ခါယမ်းလိုက်ကြသည်။

"ငါတို့က ဘာကိုကြောက်ရမှာလဲ။ငါတို့ မင်းကို

ယုံတယ်"

"ဟုတ်တယ် သူတို့ဘာမှ သိတာမဟုတ်ဘူး၊သူတို့က သတင်းအတုရေးဖို့ကိုပဲ သိကြတာ"

"ဒီနေ့က လူနည်းတော့ ငါတို့အတွက် အခံင့်အရေးပိုရှိတာပေါ့"

လင်းဖန်ဟာ ​ပြုံးပြီးပြောလိုက်သည်။

"ကျုပ်နံပါတ်တွေ အရင်ဝေပေးမယ်"

သူ့ကို ယုံကြည်တဲ့ လူတွေ အတွက်ကတော့ ဘာမှထပ်ပြောစရာ မရှိပါဘူး။

ဟုတ်တာပေါ့ သူ ပန်ကိတ်လုပ်ပေးဖို့ပဲ တတ်နိုင်ပါတော့တယ်။

တစ်ချို့ ဖြတ်သွားတဲ့ လူတွေဟာ တန်းစီနေတဲ့ လူတွေ များတာကို မြင်ပြီး ဓာတ်ပုံရိုက်ကာ ပိုစ်တင်လိုက်ကြပါတယ်။

"ဒီလူတွေက အသက်ရှင်ရတဲ့ ငြီးငွေ့နေကြတဲ့ လူတွေပဲ ဖြစ်လိမ့်မယ်။ပန်ကိတ်မှာ ပြသနာရှိနေတယ် ဆိုတာတောင် စားရဲကြတုန်းပဲ"

"ဘယ်သူသိမှာလဲ ငါပန်ကိတ်ကို တစ်ခါသွားတန်းစီဖူးတယ်။ ကံကောင်းလို့ အရွေးမခံရတာ။မဟုတ်ရင် အန္တရာယ်ရှိတဲ့ အစားအစာကို စားမိတော့မလို့။ဘယ်သူမှ ကိုယ့်ကျန်းမာရေးကို တာဝန်မယူပေးနိုင်ဘူး။ကိုယ့်ကိုကိုပဲ ဂရုစိုက်ရမှာ"

.......

အစားအသောက်နှင့် ဆေးဝါး စီမံခန့်ခွဲရေးဌာနတွင်။

စစ်ဆေးမူ ရလာဒ်ကထွက်လာပြီး ၊ အဖြေတွေ အားလုံးရရှိထားပြီးပါပြီ။ပြသနာ မှမရှိပါဘူး။

အစားအသောက်နဲ့ ဆေးဝါ စီမံ ခန့်ခွဲရေးဌာနက ဒုတိယ ဥက္ကဌဟာ ပြောလိုက်သည်။

"အကြီးအကဲ ကျန််း ၊ အဖြေကတော့ ထွက်လာပြီ"

အကြီးအကဲ ကျန်းဟာ ရလာဒ်နဲ့ ပတ်သက်ပြီး သံသယ ရှိနေတာဖြစ်ပြီး ချက်ချင်းမေးလိုက်ပါတယ် ။

"အခြေအနေ ဘယ်လိုလဲ။ပြသနာ တစ်ခုခုရှိနေလား"

"ဘာပြသနာ မှမရှိဘူး။အကုန်လုံးက ကျန်းမားရေ စည်းမျဥ်းနဲ့ အညီပဲ"

အကြီးအကဲ ကျန်းဟာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ဒါက ကျန်းမာရေး စည်းမျဥ်းနဲ့ အညီဖြစ်နေတယ် ဆိုရင် ပန်ကိတ်တွေက ဘာလို့ အရမ်းအရသာ ရှိနေရတာလဲ"

"ဟားဟား အရသာကတော့ ကျွန်တော် လည်းသေချာ မသိဘူး။ပြောစရာ မရှိရင် ဖုန်းချလိုက်တော့မယ်နော်"

"အိုး ခနလေးနေပါဦး၊ ပါဝင်ပစ္စည်းတွေ ဖော်ပြထားတဲ့ စစ်ဆေးချက် အချက်အလက်တွေကို ငါ့ကို ပေးလို့ရနိုင်မလား"

အကြီးအကဲ ကျန်းဟာ ပန်ကိတ်မှာ ဘာလျို့ဝှက်ချက်မှ မရှိဘူးဆိုတာ သူမယုံကြည်ပါဘူး။

သို့ပေမယ့် သူ နည်းလမ်းအသစ်ကို စဥ်းစားမိလိုက်ပါတယ်။ဒီ ကောင်လေး မပူးပေါင်း ချင်မှတော့ ပန်ကိတ်လုပ်တဲ့ အညွှန်းကို သူ့ဟာသူ ရှာဖွေရတော့မှာပါ။

ဒါက အထူး အညွှန်းတစ်ခုရဲ့ ပါဝင်ပစ္စည်းတွေဖြစ်ပြီး ၊ တိကျသေချာတဲ့ အချိုးအစားတွေပါပါဝင်ပါတယ်။

သူသာ နည်းနည်းလောက်ထပ်ပြီး ခွဲခြမ်းစိတ်ဖျာလိုက်ရင် ဒီ ထူးဆန်းတဲ့ ပန်ကိတ်တွေနောက်က လျို့ဝှက်ချက်ကို ရှာဖွေနိုင်မယ်လို့ ကျိန်းသေယုံကြည်ထားတာပါ။

ငါသာ ဒီအညွှန်းကို ရှာတွေ့ရင် ချက်ချင်း စက်ရုံတစ်ခုထောင်ပြီး ပန်ကိတ်တွေ ထုတ်လုပ်ပစ်မယ်။ပြီးရင် ငါတော့ အဆုံးမရှိ ချမ်းသာပြီပဲ။

သူ့ရဲ့ သူငယ်ချင်းဟောင်းကတော့ စိတ်ရှုပိထွေးသွားခဲ့ပါတယ်။ဒိီပန်ကိတ် ပါဝင်ပစ္စည်းတွေက တစ်ခြားဆိုင်တွေနဲ့ အတူတူပါပဲ။အကြီးအကဲကျန်း အတွက်လိုချင်တာလဲ ဆိုတာ နားမလည်ခဲ့ပေ။

"ကောင်းပြီလေ ကျွနိတော် တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းလိုက်မယ်"

"မဟုတ်ဘူး။ငါ ကိုယ်တိုင် လာယူလိုက်မယ်။မကြာခင်ရောက်မယ်"

ဖုန်းချပြီးနောက်မှာ အကြီးအကဲ ကျန်းဟာ ပြုံးလိုက်ပါတယ်။

ဒီလို အရာကို ဘယ်လိုလုပ်တစ်ခြားလူကို ထည့်ပေးခိုင်းရမှာလဲ။ငါ ကိုယ်တိုင်သွားယူမှ ရမယ်...

အကြီးအကဲ ကျန်းဟာ အညွှန်းက အစားအသောက်နဲ့ ဆေးဝါး အဖွဲ့အစည်းမှာ ရှိနေတာတောင် စိုးရိမ်နေတုန်းပါ။ယင်းနောက် သူ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ချကာ အညွှန်းယူရန် ထွက်ခွာသွားခဲ့သည်။

ဒင် ဒေါင်

"ဝင်ခဲ့ပါ"

ဒုတိယ ဥက္ကဌဟာ ပြောလိုက်သည်။

"ဆာ ရလာဒ်က ပြသနာ မရှိဘူးဆိုတော့ ထွက်လာတဲ့ အဖြေကို ပိုင်ရှင်ဆီ ပြန်ပို့လိုက်တော့မယ်"

ဒုတိယ ဥက္ကဌဟာ ခေါင်းမော့လာခဲ့ပါတယ်။

"အဲ့လူကို ဖုန်းခေါ်ပြီး ၊ ရလာဒ် လာယူနိုင်မလားလို့ မေးလိုက်"

ရှောင်လီ ဟာ အလျင်အမြန်ပဲ ငြင်းပယ်လိုကိသည်။

"ဒုတိယ ဥက္ကဌ ၊ကျွန်တော် ကိုယ်တိုင်သွားပို့တာ ပိုကောင်းမယ် ထင်တယ်။ကျွန်တော်တို့က ပြည်သူလူထုကို ဝန်ဆောင်မူပေးဖို့ ရှိနေတဲ့ လူတွေလေ။ဒါကြောင့် ဒီလိုမလုပ်သင့်ဘူး"

ဒုတိယ ဒုက္ကဌ ဟာ ဒါကိုကြားပြီး ပြုံးကာ ပြော

လိုက်သည်။

"မဆိုးဘူး မင်းက တွေးခေါ်တတ်တာပဲ။မင်းသွားလို့ရတယ်"

ရုံးခန်းထဲက ထွက်လာပြီးနောက်မှာ ရှောင်လီဟာ ​ပျော်ရွှင်နေခဲ့ပါတယ်။သူ ပန်ကိတ်ကို စစ်ဆေးပြီး နောက်မှာ ဘာမှပြသနာ မရှိဘူးဆိုတာ သိလိုက်ပြီး ဗိုက်ဆာနေတာနဲ့ ကျန်တဲ့ဟာကို သူစားလိုက်တာပါ။

ဒါစားပြီးနောက်မှ ဒီပန်ကိတ် ဘယ်လောက်အရသာရှိလဲ ဆိုတာ သူသိလိုက်ပါတယ်။

အရသာရှိတယ်..အရမ်းအရသာရှိတယ်။

သူသေချာ လေ့လာကြည့်တဲ့ အချိန်မှာ ဒီဆိုင်က တစ်နေ့မှာ ပန်ကိတ် ၁၀ လုံးပဲ ရောင်းတာ တွေ့လိုက်ရပါတယ်။

ဒါကိုသွားဝယ်ဖို့ ဆိုရင် စားရဖို့ အခွင့်အရေးက နည်းလွန်းပါတယ်။အကယ်၍ သူသာ ပန်ကိတ်ရဲ့ စစ်ဆေးချက်ကို ပိုင်ရှင်ဆီ သွားပို့ပေးရင် ဝမ်းသာပြီး သူ့အတွက် ပန်ကိတ်တစ်ခု လုပ်ပေးရင် လုပ်ပေးမှာပါ။

ရွှေကောက်ရတာပဲ...ဒီတစ်ခါတော့ ငါတကယ်ကို ရွှေကောက်ရတာပဲ...

ငါ လာပြီ.. အရသာရှိတဲ့ ပန်ကိတ်ကလေးရေ.....

All Chapters