ကျေနပ်သွားတဲ့ လီဘင်
Vol. 9 Ch. 126
သတင်းတွေဟာ အင်တာနက်ပေါ်မှာ ပိုပိုပြီး ပျံ့နှံ့လာသလို လင်းဖန်ရဲ့ နာမည်ဟာလည်း ပိုပိုပြီး ကျော်ကြား ခဲ့ပါတယ်။
သို့ပေမယ့် သူကျော်ကြားတဲ့ ပုံစံက နည်းလမ်းမှားနေပေမယ့်လည်း သူ့မှာ မျှတတဲ့ အခြေအနေတော့ ရှိနေပါသေးတယ်။
လင်းဖန်ဟာ ကျော်ကြားမူရဲ့ ဘေးထွက်ဆိုးကျိုးကို ကျင့်သားရနေပြီ ဖြစ်ပြီး အင်တာနက်ပေါ်မှာတော့ သူ့ကို လူတွေ အများကြီး ဝိုင်းပြီး အပြစ်တင်နေကြပါတယ်။
သို့ပေမယ့် သူ ဒါကို လုံးဝ ဂရုမစိုက်ပေ။ဒီလူတွေ ပြောနေတဲ့ အရာတွေ ကိုသူလုံးဝ မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။
ကလင် ကလင်
ဖုန်းဝင်လာခဲ့သည်။
ဝမ်မင်ယန်ဟာ မေးလိုက်ပါတယ်။
"ညီအစ်ကို လိုင်းပေါ်မှာ ဘာတွေဖြစ်နေတာလဲ"
လင်းဖန် ။
"ဘယ်သူ သိမှာလဲ ။သူတို့က ဘာအလုပ်မှ မရှိတဲ့ လူတွေ စိတ်မပူနဲ့။ကျုပ်က နိမ့်ချပြီးပဲ နေတာ"
ဝမ်မင်ယန်ဟာ ဂုဏ်ယူစွာပြောလိုက်သည်။
"မင်းက တကယ်အကောင်းမြင်တတ်တာပဲ။ဒီလောက် လူအများကြီးက တိုက်ခိုက်နေတာတောင် မင်းက ဘာပြသနာမှ မရှိဘူး"
လင်းဖန် ပြန်ဖြေလိုကိသည်။
"ဘာ ပြသနာရှိရမှာလဲ။ပြသနာရှိနေတယ် ဆိုရင်တောင် အဲ့ပြသနာကို ကျွန်တော် ရပ်တန့်ပစ်လိုက်မယ်။စိတ်တည်တည်ငြိမ်ငြိမ်ထားတာက အကောင်းဆုံးပဲ"
"ကောင်းပြီ ကောင်းပြီ မင်းက အမြဲတမ်းတော် နေတာပဲ"
ဝမ်မင်ယန်ဟာ ဘာမှ ပြောစရာ မရှိတော့ပဲ ဖုနး်ချလိုက်ပါတယ်။
......
ယန်ရှုရန် ဟာလည်း လင်းဖန်နဲ့ ပတ်သက်တဲ့ ဘယ်သတင်းမဆို သေချာစောင့်ကြည့်နေခဲ့တာပါ။
သူ ဒီကိစ္စကို မြင်တဲ့ အချိန်မှာ လင်းဖန်အတွက် စိတ်ပူသွာခဲ့ပါတယ်။
ပန်ကိတ်က ဘာကိစ္စ ပြသနာရှိရမှာလဲ....?
ဘယ်ကောင်က ဒီလို မျိုး တွေးလိုက်တာလဲ....?
သူ ဒီအကြောင်းတစ်ခါမှ မမေးဖူးပေမယ့်လည်း သူကောင်လေးဖန် အကြောင်းကို ကောင်းကောင်းသိပါတယ်။ကောင်လေး ဖန်က ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။
"ကောင်လေး ဖန် ဝမ်နည်းမနေပါနဲ့။သတင်းထောက်တွေက အကြောင်းကျိုး မသိတဲ့ကောင်တွေ။ဒါက သူတို့ ဇာတ်လမ်း ဆင်ဖို့ ကြိုးစားနေကြတာ"
ယန်ရှုရန်ဟာ လင်းဖန် ဝမ်နည်းပြီး ပြသနာရှိနေမယ် ဆိုတာ သိထားပါတယ်။သူမထဆုံးတွေးမိတဲ့ အရာက ကောင်လေးးဖန်ကို ဖုန်းခေါ်ပြီး နှစ်သိမ့်ပေးဖို့ပါ။
လင်းဖန်လို ကြုံရတဲ့ ဘယ်သူမဆို ဝမ်းနည်းကြမှာ ပါပဲ။
လင်းဖန်ဟာ ဒါကို ကြားပြီး အနည်းငယ် ကြောင်အသွားပြီးမှ ရယ်မောလိုက်ပါတယ်။
"ငါက ဘာလို့ ဝမ်းနည်းရမှာလဲ။နောက်မှ ပြောကြမယ်။ငါ အခု ဒေါင်လော့ လုပ်ထားတဲ့ ဂိမ်းဆော့နေတာ မြက်ပင်ကြားထဲမှာ မှောက်ခုံမှောက်ပြီး ပုန်းနေရတယ်။ ဂိမ်းပြီးသွားမှ အေးဆေးပြောကြတာပေါ့"
ယန်ရှုရန်ဟာ ကြောင်အသွားခဲ့သည်။
"ဂိမ်းဆော့နေတာလား။စောက်ကျိုး...ကောင်းပြီ ကောင်းပြီ ဆော့ဆော့ "
ကောင်လေးဖန် ဂိမ်းဆော့ နေနိုင်ဦးမယ် လို့သူတစ်ခါမှ မတွေးထားခဲ့ပါဘူး။ဒါက တကယ်ရူးသွပ်ပါတယ်။
ဒါပြီးနောက်မှာ လင်းဖန်ဆီကို နောက်ထပ် ဖုန်းကောတွေ ဝင်လာခဲ့ပါတယ်။သူ ကြာတော့ စိတ်ပျက်လာခဲ့သည်။သူ မြက်ခင်းထဲမှာ မှောက်နေပြီး ရန်သူကို သတ်ဖို့ ချောင်းနေတာ အတော်ကြာပါပြီ။
သို့သော်လည်း နောက်ထပ်ဖုန်း တစ်ခု ဝင်လာခဲ့ပြန်ပါတယ်။သူ တွေဝေခြင်းမရှိ ဖုန်းချလိုက်ပြီး
ဂိမ်းထဲကို ပြန်ဝင်တဲ့ အချိန်မှာတော့ သူကိုင်ထားတဲ့ ဂိမ်းထဲက လူက သေနေခဲ့ပါပြီ။
သူ့အဖွဲ့သား တွေက သူ့ကို ဝိုင်းဆဲနေကြပြီး၊လင်းဖန် ဂိမ်းထဲက ထွက်လိုက်ပါတယ်။ဒါက စိတ်ပိုင်းဆိုင်ရာ အတော် ထိခိုက်စေတဲ့ ဂိမ်းတစ်မျိုးပါ။
"လင်းဖန် ဆိုတာ ဒီမှာ ရှိလားမသိ"
အသံတစ်ခုဟာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သညိ။
လင်းဖန် ခေါင်းကို မော့ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။သူ ဒီလူကို တစ်ခါမှ မမြင်ဖူးပါဘူး။
"ကျွန်တော်ပဲ..ခင်ဗျားက.."
ရှောင်လီဟာ အနည်းငယ်စိတ်ဝင်စားသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ စိတ်လှုပိရှားနေခဲ့ပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်တော်က အစားအသောက်နဲ့ ဆေးဝါး ဌာနက လက်တွေ့စမ်းသပ်တဲ့ နည်းပညာရှင် လီဘင်ပါ။ရှောင်လီ လို့ပဲ ခေါ်နိုင်ပါတယ်"
လူလိမ် ထျန်ဟာ တစ်ချက်လှမ်းကြည့်လိုက်သည်။
ဝူတန်ဟီနဲ့ သူ့သမီးဟာလည်း အနားကို ကပ်လာကြပါတယ်။
ဘာတွေ ဖြစ်နေတာလဲ.....
လင်းဖန် စိတ်ရှုပ်ထွေးသွားခဲ့သည်။
အစားအသောက်နဲ့ ဆေးဝါးဌာနက နည်းပညာရှင်က ငါနဲ့ ဘာလုပ်မလို့တုန်း.....
တစ်ခုခုတော့မှားနေပါပြီ....
လီဘင် ဟာ ဆိုင်ကို တစ်ချက် အကဲခတ်လိုက်ပါတယ်။ဒါက ပုံမှန်ပါပဲ။ပန်ကိတ်လှည်းကလည်း အိုဟောင်းနေပြီး တစ်ခြားလမ်းဘေးဆိုင်က ပန်ကိတ်သည်တွေနဲ့ သိပ်မကွာခြားပါဘူး။
အရသာရှိတဲ့ ပန်ကိတ်တွေက ဒီလို လှည်းကနေ ထွက်လာတာလား.....
သူဟာ ဘယ်လိုမှ တွေးလို့ မရသလို ထပ်ပြီးလည်း မတွေးချင်တော့ပေ။သူ ဒီကို လာတာ စစ်ဆေးချက်အဖြေကို လက်ဆင့်ကမ်းပြီး နောက်ထပ်အရသာ ရှိတဲ့ ပန်ကိတ်ကို စားဖို့ပါ။ဟုတ်တာပေါ့ ပန်ကိတ်စားဖို့က သူဌေးလေး လုပ်ပေးချင်စိတ် ရှိဖို့လည်း လိုအပ်ပါတယ်။
လီဘင်ဟာ စာရွက် အပိုင်းအစ တစ်ခုကို ထုတ်လိုက်ပါတယ်။
"စစ်ဆေးချက်အဖြေတွေက ထွက်လာပြီလေ။ဘာပြသနာမှ မရှိဘူး။ကျွန်တော် ဒါကို လာပို့ပေးတာ"
လင်းဖန်ဟာ ဝမ်းသာသွားခဲ့သည်။
"ကောင်းပြီ ကျေးဇူးတင်ပါတယ်။ဒါကို လာပို့ပေးရတာ ဆိုတော့ ခင်ဗျားကို ဒုက္ခပေးသလို ဖြစ်သွားရပြီ"
"ပြည်သူလူထုကို ဝန်ဆောင်မူပေးဖို့က ကျွန်တော့်အလုပ်ပါပဲ။ဒီ ကိစ္စက ဒီလောက် အာရုံစိုက်စရာ ဖြစ်သွားပြီး အင်တာနက်ပေါ်ပျံ့နှံ့သွားလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး။ဒီကိစ္စအတွက် ခင်ဗျား အတော် အဆင်မပြေဖြစ်သွားမှာပဲ။ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။သတင်းထောက်တွေက အမှန်တရားကို အမြဲတမ်း ဖုံးကွယ်ထားကြတယ်လေ။ဒါက တကယ် အဓိပါယ်မရှိဘူး"
လီဘင်ဟာ လင်းဖန်ကို စာရွက်ကမ်းပေးလိုက်ပြီး ပြောလိုက်ပါတယ်။ဒါပေမယ့် သူ့မှာပြန်မယ့် အစီစဥ် မရှိပါဘူး။သူ ဒီကို လာတဲ့ တကယ့်ရည်မှန်းချက်က မပြည့်သေးပေ။
"ကျေးဇူးပါ"
လင်းဖန်ဟာ တစ်ကြိမ်ထက်မက ကျေးဇူးတင်ပြီး စာရွက်ကို ကြည့်လိုက်ပါတယ်။သူ ဘာတွေ ရေးထားလဲ ဆိုတာ နားမလည်ပေမယ့် စာလုံးတစ်လုံးကို တော့ နားလည်ပါသေးတယ်။
အောင်မြင်သည်...
ထွက်မသွားချင်သေးတဲ့ လီဘင်ဟာ စကားရှာပြီး ပြောလိုက်ပါတယ်။
"ပြောမနေပါနဲ့တော့ ဒါက ပြသနာ မဟုတ်ပါဘူး"
ယင်းနောက်တွင် လင်းဖန်က သူ့ကို ပန်ကိတ်နဲ့ ဧည့်ခံမှာ မဟုတ်ဘူးဆိုတာ သူနားလည်လိုကိပါတယ်။ဒါကြောင့် သူ လင်းဖန်ကို နည်းနည်း အချက်ပြပြီး သူ့စိတ်ထဲရှိတဲ့ အရာကို ဖော်ပြသင့်တယ်လို့ ခံစားမိလိုက်သည်။
"စမ်းသပ် စစ်ဆေးဖို့က ပန်ကိတ် သေးသေးလေးပဲ လိုတာလေ။အဲတာပြီးတော့ ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ ကျန်တဲ့ဟာကို စားလိုက်တယ်။ဒါကို ကျွန်တော် ပြောပြသင့်တယ်ထင်လို့။ပန်ကိတ်စားပြီးတာနဲ့ ကောင်းကင်ပေါ်မှာ ပျံနေတဲ့ အတိုင်းပဲ။ဒါကို ဘယ်လို ဖော်ပြရမလဲ တောင်မသိတော့ဘူး။ဒါပေမယ့် ဒါက အရသာရှိလွန်းတယ်။တကယ် အရသာရှိလွန်းတယ်"
လီဘင်ဟာ လင်းဖန်ကို ချီးကျူးလိုက်ပါတယ်။ဒီ အချက်ပြမူက လင်းဖန်ကို နားလည်စေဖို့ လုံလောက်မှာပါ။ဒါတောင် မှ သူပန်ကိတ်စားခွင့် မရသေးရင်တော့ တကယ်ရှက်ဖို့ကောင်းပြီး ဝမ်းနည်းစရာ ဖြစ်သွားရတော့မည်ဖြစ်သည်။
လူလိမ် ထျန်ဟာ စီးကရက် သောက်နေရင်း လီဘင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်ပါတယ်။
"သူက ဒီနေရာကို နေပူပူကြီးကနေ ရလာဒ် လာပို့ပေးရတာလေ။ဘာလို့ သူ့ကို ပန်ကိတ်လေး ဘာလေး ကျွေးပြီး ဧည့်မခံတာလဲ"
ဒီကောင်လေး ပန်ကိတ်စားချင်နေတယ် ဆိုတာ သူသေချာပြောနိုင်ပါတယ်။ပြီးတော့ သူ ပန်ကိတ်ကို တော်တော် သဘောကျနေတာပါ။
ထျန်က ဒါကို မမြင်နိုင်ပဲ နေမလား...
သို့ပေမယ့် ဒီကောင်လေးရဲ့ ပန်ကိတ်က တကယ်ကို ထူးခြားပါတယ်။ဘယ်သူပဲ ဖြစ်ဖြစ် ပန်ကိတ်ကိုစားမိတဲ့ လူတိုင်း တသက်လုံး မေ့မရဖြစ်သွားမှာပါ။
တစ်ချိန်တည်းမှာပဲ လီဘင်ရဲ့ မျက်နှာဟာ အနည်းငယ် နီရဲ သွားခဲ့သည်။သူ လူလိမ် ထျန်ကို မရဲတရဲ ကြည့်လိုက်ပါတယ်။သူဟာ ကျေးဇူးတင်လွန်းလို့ လူလိမ် ထျန် အာဘွားတောင် ပေးချင်နေတာပါ။
လင်းဖန်လည်း အစကတော့ သေချားနားမလည်ပါဘူး။ဒါပေမယ့် လီဘင် သူ့ပန်ကိတ် အကြောင်းပြောလာတဲ့ အချိန်မှ နားလည် လိုက်ပါတယ်။
ကြည့်ရတာ ဒီကောင်လေး ထွက်မသွားတာက သူ့ပန်ကိတ်ကို စားချင်နေလို့ပါ။
"ခင်ဗျား စားချင်လို့လား"
လင်းဖန် ရယ်မောပြီး မေးလိုက်ပါတယ်။
လီဘင်ဟာ ရှက်နေပေမယ့်လည်း ပြန်ဖြေလိုကိပါသေးတယ်။
"အင်ဟင်"
လင်းဖန် ဖုန်းကိုထုတ်ကာ ရယ်မောလိုက်ပါတယ်။
"ကောင်းပြီလေ ဒါပေမယ့် ကျုပ်ဗီဒီယို အရင်ရိုက်ရမယ်။ဒီပြသနာက အင်တာနက်ပေါ်မှာ ကျွန်တော်ကို အပြစ်တင်နေကြတာ ခင်ဗျား သိတယ်မလား။ခင်ဗျားက ကျုပ်ရဲ့ သက်သေအဖြစ်လုပ်ပေးရမယ်"
လီဘင်ဟာ ဝမ်းသာသွားခဲ့သညိ။
"ဒါပေါ့ ပြသနာ မရှိဘူး။ဒါက တာဝန်ရဲ့ တစ်သိတ်တစ်ပိုင်းပဲလေ"
လင်းဖန်ဟာ လီဘင်ရဲ့ အိုင်ဒီကတ်ကို ဗီဒီယိုရိုက်ရင်း ကင်မရာ ရှေ့မှာ စကားပြောခိုင်းလိုက်ပါတယ်။
လီဘင်က စကားပြောတဲ့ နေရာမှာ အတော်အဆင်ပြေပါတယ်။ပန်ကိတ်ရဖို့အရေး သူအစွမ်းကုန်ကြိုးစားနေခဲ့တာပါ။
ကံကောင်းကောင်းစွာပဲ သူအရင်က ဆရာတစ်ယောက် လုပ်ခဲ့ဖူးပြီး ဘယ်လို စကားပြောရမလဲ ဆိုတာ ကောင်းကောင်း သိထားပါတယ်။သူ့ရဲ့ ကျွမ်းကျင်မူတွေနဲ့ တစ်ခြားလူတွေ လင်းဖန်အပေါ် အမြင်မစောင်းတော့အောင် အစွမ်းကုန်ကြိုးစားပေးလိုကိပါသည်။
ဗီဒီယိုကို သိမ်းပြီတဲ့ နောက်မှာ လင်းဖန် လှည်းဆီကို လျောက်သွားလိုက်ပါတယ်။
"ခင်ဗျားက ဒီကို ခက်ခက်ခဲခဲ လာထားရတာ ဆိုတော့ ခင်ဗျားကို ပိုလုပ်ပေးလိုက်မယ်"
ဒါက သူ့ကို တိုက်ခိုက်နေတဲ့ လူတွေကို သင်ခန်းစာပေးဖိုပ လုံလောက်ပါတယ်။
မင်းတို့က ငါပန်ကိတ်မှာ ပြသနာရှိနေတယ်လို့ပြောရဲတယ်ပေါ့....
နောက်ဆုံးမှာတော့ လီဘင်တစ်ယောက် ပန်ကိတ်သုံးခုရသွားခဲ့ပါပြီ။ဒါက ရတနာ ကို ရလိုက်သလိုပါပဲ။သူဟာ လှည်းနားမှာရပ်နေပြီး တစ်ကိုက်ကိုက်စားလိုက်သည်။
သူ့မျက်နှာကတော့ ကျေနပ်မူတွေ အပြည့်နဲ့ပါ။
"အရသာရှိတယ် ဒါက အရမ်းအရသာရှိလွန်းတယ်။ငါ ထီပေါက်သွားသလိုပဲ"
လီဘင်ရဲ့ မယုံကြည်နိုင်စရာ အမူအရာဟာ ထွက်ပေါ်လာခဲ့ပါတယ်။
ဖြတ်သွား ဖြတ်လာလူများဟာ ဒီအဖြစ်အပျက်ကို မြင်ပြီး ခေါင်းခါယမ်းလိုက်ကြသည်။ဒီဆိုင်ရဲ့ ပန်ကိတ်က ပြသနာရှိတယ် ဆိုတဲ့ သတင်းပြန့်နေတာတောင် ဒီလူက လာစားရဲ ပါသေးတယ်။ဒီလူတကယ် ရူးနေပါပြီ။
လီဘင်ဟာတော့ ကျေနပ်တဲ့ အမူအရာနဲ့ ထွက်ခွာသွားခဲ့ပါတယ်။သူ့မျက်နှာကတော့ ချဲ့ကားတဲ့ အမူအရာနဲ့ပါ။
လင်းဖန်ဟာ လီဘင်ရဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ နောက်ကျောကို ကြည့်ရင်း ရယ်မောလိုက်ပါတယ်။
တကယ်လို့ လီဘင်သာ နောက်တစ်ခါ ထပ်စားချင်ရင် ဒီမှာ တသက်လုံး တန်းစီရတော့မှာပါ။
သူက ဘာလို့ အဲလောက်တောင် ပျော်နေရတာလဲ....?
အခုကတော့ အင်တာနက်ပေါ်က ပြသနာကို ဖြေရှင်းရမယ့် အချိန်ပါပဲ။သူတို့ က လင်းဖန်ရဲ့ ဝိုက်ဘိုကို ဝိုင်းပြီး တိုက်ခိုက်နေကြတာပါ။
ဘယ်လောက် လူသားမဆန်လိုက်လဲ....