← Chapters

နှမ* လေး

Vol. 9 Ch. 127

နှမ* လေး

Vol. 9 Ch. 127

လင်းဖန်ဟာဝိုက်ဘိုကို ဖွင့်လိုက်ပါတယ်။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေးက သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားတာပါ။မှတ်ချက်ရေးတဲ့ နေရာတစ်ခုလုံးမှာ ဆောင်းဦးဓားရဲ့ မှတ်ချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။

ဆောင်းဦးဓား ::

"လူလိမ် ၊ ဒီကောင်က လူသားမျိုးနွယ်စုကို လိမ်လည် နေတဲ့ကောင်ပဲ။ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ရတယ်လို့။မင်းရဲ့ အဆိပ်ပါတဲ့ပန်ကိတ်တွေ က လူသား မျိုးနွယ်စုကို ဘယ်လောက်အထိ ဒုက္ခရောက်စေခဲ့လဲ မင်းသိရဲ့လား။မင်းက နိုင်ငံရဲ့ ပုံရိပ်ကိုကျဆင်းစေပြီး၊ ငါတို့ရဲ့ မြို့ကို သိက္ခာချနေတဲ့ လူတစ်ယောက်ပဲ။ မင်းဆီက နေ့တိုင်း ပန်ကိတ်ဝယ်နေတဲ့ လူတွေက လူငယ်လေးတွေ ချည်းပဲ။သူတို့က ငယ်ရွယ်ပြီး နိုင်ငံအတွက် အနာဂတ် ကြယ်ပွင့်လေးတွေ။ဒါပေမဲ့ အခုမင်းလုပ်လိုက်တဲ့ လုပ်ရပ်ကို ကြည့်ဦး။သူတို့က ကလေးမမွေးရသေးသလို၊ မျိုးဆက်လည်း မချန်ထားရသေးဘူး။သူတို့ ကလေးမွေးနိုင်ရင်တောင် ခြေလက်မစုံတာတွေ ၊ မသန်စွမ်းတွေ ဒီထက်ဆိုးရွားတာတွေ တောင်ဖြစ်လာနိုင်တယ်။ဒီလိုဖြစ်လာရင် မိသားစု ဘယ်နှစ်ခုလောက်ကို ဝမ်းနည်းကြေကွဲ ရမလဲ ဆိုတာ သိရဲ့လာ။သူတို့ ဒါကြောင့် ကွာရှင်းကြရရင် သူတို့ရဲ့ အဘိုးအဘွားတွေဟာ ဒီစိတ်နဲ့ သေဆုံးသွားရနိုင်တယ်။မင်းက လူသတ်ကောင်ပဲ"

"သူတို့ရဲ့ ကလေးတွေထဲမှာ အောင်မြင်မဲ့လူတွေရေ သိပ္ပံပညာရှင် ဖြစ်လာမယ့် လူတွေတောင် ရှိလာနိုင်တယ်နော်။ဒါပေမယ့် မင်းရဲ့ ပန်ကိတ်ကို စားလိုက်တဲ့ အတွက်ကြောင့် သူတို့ မအောင်မြင်နိုင်တော့ဘူး။မင်းကိုယ်မင်း ဘာလုပ်ခဲ့တယ် ဆိုတာတောင် သိရဲ့လား။ငါ ဆောင်းဦးဓားက ဘာအရည် အချင်းမှ မရှိပါဘူး။ဒါပေမယ့် မင်းဒီလိုတွေ လုပ်နေတာကို ထိုင် မကြည့်နေနိုင်ဘူး။ငါကိုယ်တိုင်ဖော်ထုတ်ပြီး မင်းမှာ ဆိုးယုတ်တဲ့ နှလုံးသားရှိတယ် ဆိုတာ အားလုံး သိသွားစေရမယ်။မင်းက နိုင်ငံရဲ့ ဒုစရိုက်သမားပဲ...."

"မင်းရဲ့ နှလုံးသားနဲ့ ထိတွေ့လိုက် ။အဲတာကို မနာကျင်စေနဲ့....."

အိမ်တစ်အိမ်တွင်။

ဆောင်းဦးဓားဟာ အသက်ပြင်းပြင်းရူနေခဲ့ပါတယ်။သူ့ရဲ့ ကြီးမားလှတဲ့ လက်ကြီးတွေဟာတော့ ကီးဘုတ်ပေါ်မှာ အလုပ်ရှုပ်နေလို့ ပါ။သူစာရိုက်လို့ ပြီးသွားတဲ့ အချိန်မှာ သူ့စကားလုံးတွေ ကိုတောင် သူသဘောကျနေခဲ့ပါတယ်။

သူ့မှာ တမူထူးခြားတဲ့ ကျွမ်းကျင်မူတွေ မရှိပေမယ့်လည်း အမြဲတမ်း မှန်မှန်းကန်ကန် နေတဲ့ လူတစ်ယောက်လိုပဲ ပြုမူနေခဲ့တယ်။ဥပဒေမဲ့ ပြုမူနေခဲ့တဲ့ လင်းဖန်နဲ့ ယှဥ်ရင်တော့ တစ်ခြားလူတွေ သူ့ကို ဘယ်လိုလို ဂရုမစိုက် နိုင်တော့ပါဘူး။

ဒီလို လူမျိုးရဲ့ နတ်ဆိုးဆန်တဲ့ နည်းလမ်းတွေကို သူကျိန်းသေ ဖော်ထုတ်ရမှာပါ။

ဆောင်းဦးဓားဟာ အောက်ဘက်က မှတ်ချက်တွေကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်။သူ့ရဲ့ ကြိုးစားမူက တကယ် ဖြုန်းတီးမူတစ်ခုမဟုတ်ခဲ့ပေ။

"လေးစားတယ်..မီးတောက် စစ်ပွဲအင်ပါယာရဲ့ စကားလုံးတွေက ငါ့နှလုံးသားကို ကိုင်လှုပ်နိုင်သွားပြီ"

"စစ်ပွဲမီးတောက် အင်ပါယာ ကတော့ တကယ်ကို စစ်ပွဲမီးတောက် အင်ပါယာပဲ။ငါ သူရေးထားတာ ကို ပြန်ဖတ်နေတာ ဆယ်ကြိမ်မကတော့ဘူး။ဒါက ငါ့ကို တကယ်လေးစားစေတယ်"

"ပန်ကိတ်တစ်ခုက ဒီလို အကျိုးဆက်တွေ အထိ့ဖြစ်လာနိုင်တာပဲ။ဒါကို မီးတောကိစစ်ပွဲ အင်ပါယာလို လူမျိုးကပဲ ဖော်ထုတ်နိုင်လိမ့်မယ်"

"ဒီနေ့ ခေတ်မှာ မီးတောက် စစ်ပွဲအင်ပါယာလို တစ်ခြားလူအတွက်စဥ်းစားပေးတဲ့ လူတွေက နည်းသွားပြီ။ငါတို့ သူလို လူမျိုးနဲ့ တွေ့ရတာ တကယ် ကံကောင်းတယိ"

ဆောင်းဦးဓားဟာ သဘောတွေကျနေခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းကို စာပြန်နေခဲ့ပါတယ်။

သူ့ကြည့်ရတာ အမှန်တကယ် ဥာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ လူတစ်ယောက်လိုပါပဲ။သူ့ရဲ့ ကိုယ်ခန္တာ အလေးချိန်က ပေါင် ၁၅၀ လောက်ရှိပြီး သူအပြင်သွားတဲ့ အချိန်တိုင်း လူတွေက သူ့ကို ကျပ်မပြည့်သလို ဝိုင်းကြည့်ကြပါတယိ။

ဒါပေမဲ့ အခုတော့ သူက ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဆိုပြီး ဂုဏ်ယူလို့ ရပါပြီ။

"ထောက်ခံပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်"

"ငါတို့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ဒီစာကို ရိုက်နေချိန်တောင် မင်းရဲ့ အဓိပါယ်ရှိတဲ့ စကားတွေကို ပြန်စဥ်းစားနေတာ"

"ဒီနေ့ ခေတ်က သိပ်မကောင်းပေမယ့် ငါတို့ ယုံကြည်ထားရမယ်။ဆောင်းဦးဓားလို လူမျိုးက သိပ်မရှိပေမယ့်လည်း ရှိတော့ ရှိသေးတာပဲလေ"

ဆောင်းဦးဓားဟာ ပထမဆုံးအနေနဲ့ လူတွေရဲ့ထောက်ခံမူကို ရဖူးတာပါ။အခုချိန်မှာသူကိုယ်သူ ဂုဏ်ယာနေပြီး ယုံကြည်မူ အပြည့်ရှိနေခဲ့ပါတယ်။

ယင်းနောက် သူ တုန့်ဆိုင်းခြင်းမရှိပဲ ဘိုင်တု မှာနောက်ထပ် ကော်ပီ ကူးချလို့ရမယ့် စာသားတွေ ထပ်ရှာဖွေလိုက်ပါတော့တယိ။

ဒီလူလိမ် ရှိနေသေးသ၍ ကတော့ ဒီတိုက်ပွဲက ပြီးဆုံးဦးမှာ မဟုတ်သေးပါဘူး။ဒါကိုတွေးလိုက်ရင် ဆောင်းဦးဓားဟာ သူ့ပုခုံးပေါ်မှာ နောက်ထပ် လေးလံတဲ့ ဖိအားတွေ ထပ်ရောက်လာသလို ခံစားလိုက်ရပါတယ်။မသိရင် လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ တာဝန်တွေဟာ သူ့ဆီမှာ ပုံကျနေတဲ့ အတိုင်းပါပဲ။

တစ်ချိန်တည်းမှာပဲ ဆောင်းဦးဓားဟာ မီဒီယာ တစ်ခုကို ဆက်သွယ်လိုက်ပါတယ်။သူ ဒီသီတင်းကို ပျံ့နှံ့ဖို့အတွက် ပိုက်ဆံ ထုတ်သုံးရဖို့တောင် လက်တွန့်နေမှာ မဟုတ်ပါဘူး။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး : ဒေါ်လာ တစ်သောင်းဆိုရင်လည်း ဒေါ်လာ တစ်သောင်းပေါ့ ဒီသတင်းကို အခုချက်ချင်း တင်ပေးတာ ငါလိုချင်တယ်။

ရှေးခေတ် မီဒီယာ အမူထမ်း : အိုကေ ပြသနာ မရှိဘူး၊ ပိုက်ဆံသာ လွှဲလိုက်တော့။

ဆောင်းဦးဓားနဲ့ ငါးသတိတဲ့ ကောင်လေး :: ကောင်းပြီလေ။

ဒီ ဒေါ်လာ တစ်သောင်းက ဆောင်းဦးဓား ခက်ခက်ခဲခဲ ကြိုးစားရှာဖွေထားရတဲ့ ငွေလေးတွေပါ။ဒီပမာဏကို ရဖို့အတော်ကြိုးစားရပြီး တကယ် မလွယ်ကူပါဘူး။

သူက အင်တာနက် အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပေမယ့်လည်း သူက ချမ်းသားတဲ့လူတစ်ယောက် မဟုတ်ခဲ့ပေ။သိုပေမယ့် ဒီလူလိမ် ကို ဖော်ထုတ်နိုင်ဖို့ဆို ဒီလောက်ရင်းနှီးရတာက ထိုက်တန်ပါတယ်။

*ဒင်*

အချက်ပေးတဲ့ နိုတီ တစ်ခုဟာ သူ့ဖုန်းကနေပြီး ကြလာခဲ့ပါတယ်။လျော့ကျသွားတဲ့ပမာဏ ကို မြင်လိုက်တဲ့ အချိန်မှာ တော့ ဆောင်းဦးဓားဟာ ခေါင်းကိုက်သလို ဖြစ်သွားခဲ့၏။

........

လင်းဖန် ဝိုက်ဘို ကမှတ်ချက်တွေကို မြင်တဲ့ အချိန်မှာ ဘယ်ကနေစပြီး စာပြန်ရမလဲတောင် မသိတော့ပေ။

ဒီဆောင်းဦးဓားက သူ့ခန္တာကိုယ်မှာတင် ပြသနာ ရှိနေတာ မဟုတ်ပဲ ဥိီးနှောက်မှာပါ ပြသနာ ရှိနေခဲ့တာပါ။

သူဝိုက်ဘို ကိုတစ်ချက်ကြည့်လိုက်တာနဲ့ ဆောင်းဦးဓား အနည်းဆုံး မှတ်ချက် တစ်ထောင်လောကိရေးထားကြောင်း မြင်နိုင်ပါတယ်။

သူ့ရဲ့မှတ်ချပ်တွေထဲက တစ်ချို့ဟာ ဆိုရင် ထောက်ခံမူ လိုက် ၂၀၀၀၀ လောက်တောင် ရနေခဲ့တာပါ။ဒါက တကယ်လေးစားစရာပ့ါပဲ။

လင်းဖန်ဟာ စစ်ဆေးချက် ရလာဒ်ဓာတ်ပုံ ၊ဗီဒီယို မှတ်တမ်းနဲ့ စာကြောင်း တစ်ကြောင်းကို ရေးကာ ဝိုက်ဘိုပေါ်မှာ ပို့စ်တင်လိုက်ပါတယ်။

"ဘယ်သူထင်ထားမှာလဲ..အတွေ့အကြုံရှိတဲ့ လက်တွေ့ နည်းပညာရှင်တောင် ငါရဲ့ ပန်ကိတ်ကို ကြိုက်နှစ်သက်တယ်"

.....

လင်းဖန်ရဲ့ ဝိုက်ဘိုကို လူအများကြီးက စောင့်ကြည့်နေကြတာပါ။အထူးသဖြင့် ဒီကိစ္စ ဖြစ်သွားအပြီးမှာ လင်းဖန်က ရှားဖွေမူစာရင်းမှာ ထိပ်ပိုင်းမှာ ရှိပါတယ်။

လင်းဖန်ရဲ့ ပို့စ်တက်သွားတာနဲ့ လူများစွာရဲ့ မှတ်ချက်တွေ ဟာ တက်လာခဲ့ပါတော့တယ်။

"ချီးပဲ မြန်ဆန်လှတဲ့ အလှည့်အပြောင်း။ဒါက အစားအသောက်နဲ့ ဆေးဝါး ဌာနရဲ့ အဖြေပဲ။ဘာပြသနာ မှမရှိဘူး"

"မာစတာ လင်းကို တိုက်ခိုက်နေကြတဲ့ လူတွေ ဘယ်ရောက်သွားပြီလဲ။ဒါကောင်းတယ် သေချာလာကြည့်ကြ"

"လူတွေ ဘာပြောပြော ယုံနေတဲ့ စောက်ရူးများ၊ရလာဒ်ထွက်လာပြီလေ။မင်းတို့ ဘာပြောချင်သေးလဲ"

"လူတိုင်းသေချာကြည့်ကြ ဒါက အစားအသောက်နဲ့ ဆေးဝါး စီမံရေးဌာန က ပညာရှင် လီဘင်ပဲ၊ သူတောင် ပန်ကိတ်ကို ကြိုက်တယ်"

"မင်းတို့ ဒါက သရုပ်ဆောင်နေတယ် လို့ မထင်ကြဘူးလား"

"မင်း စောက်ပိန်းလား။သူ့လက်မှာ ကိုင်ထားတဲ့ အိုင်ဒီကို သေချာကြည့်။ ရှန်ဟိုင်း အစားအသောက်နဲ့ ဆေးဝါး ဌာန ဝက်ဆိုဒ်ကို သွာကြည့်ရင် အဲဒါ အစစ်မှန်း သိလိမ့်မယ်"

ဗီဒီယိုထဲတွင်။

လီဘင်ဟာ ကင်မရာရှေ့မှာ စိတ်လှုပ်ရှားစွာရပ်နေခဲ့ပါတယ်။

"အားလုံးကို နှုတ်ဆက်ပါတယ်။ကျွန်တော်က အစားအသောက်နဲ့ ဆေးဝါးစီမံဌယနက လက်တွေ့ နည်းပညာရှငိ လီဘင်ပါ။မာစတာ လင်းရဲ့ ပန်ကိတ်က စည်းမျဥ်းစည်းကမ်းနဲ့ ညီပြီး ဘာဆေးဝါးမှ မပါဝင်ပါဘူး။ပထမတော့ ကျုပ်လည်း ပန်ကိတ်အရသာကို မသိခဲ့ဘူး။ဒါပေမယ့် စမ်းသပ်ပြီးနောက်မှာ ဗိုက်ဆာတာနဲ့ ကျန်နေတဲ့ ပန်ကိတ်ကိုစားလိုက်တယ်။ဒီခံစားချက်ကိုပြောရရင် ဘယ်အရာမှ မယှဥ်နိုင်ဘူး။လူတိုင်းပဲ လက်တွေ့ နည်းပညာရှင်ဘယ်လောက် ပင်ပန်းလဲ ဆိုတာ သိကြပါတယ်။နေ့တိုင်း စက်ပစ္စည်းတွေနဲ့ပဲ ထိတွေ့နေရတာလေ။ဒါပေမဲ့ မစတာ လင်းရဲ့ ပန်ကိတ်ကို စားပြီး

တဲ့အချိန်မှာ ငယ်ရွယ်နုပျိုလာပြီး အားအင်တွေ ပြည့်ဖြို့းလာသလို ခံစားလိုက်ရတယ်။အဲ့နေ့တစ်ရက် အလုပ်လုပ်တာက သုံးရက်စာလောက်

အလုပ်လုပ်သလိုပဲ။အစားအသောက်နဲ့ ဆေးဝါးဌာနက ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရင််းပြီး ပြောပါရစေ။ဒီပန်ကိတ်တွေမှာ ဘာပြသနာမှ မရှိဘူးဆိုတာ ကျွန်တော် အာမခံပါတယ်"

.......

ဆောင်းဦးဓားဟာ တစ်ခြား တူညီတဲ့ စာသားတစ်ခုကို တွေပြီး ကော်ပီကူးကာ ထပ်တင်ဖို့ လူပ်နေခဲ့တာပါ။ဒီလူတွေ သူ့ကို ထပ်ချီးကျူးမှာသေချာပါတယ်။

တစ်ချို့နေရာတွေကို လိုကိပြင်ဆင်ပြီးနောက်မှာတော့ သူပို့စ်တင်ဖို့ အဆင်သင့်ပါပဲ။သို့ပေမယ့် ဆောင်းဦးဓားရဲ့ အမူအရာဟာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်။

ဝိုက်ဘိုမှာ တစ်ခုခုမူမမှန် တာတော့ ဖြစ်နေပါပြီ။

"မီးတောက် စစ်ပွဲအင်ပါယာရဲ့ မျက်နှာတော့ ဖြတ်ရိုက်ခံလိုက်ရပြီ"

"မေးထားလိုက် ကောင်လေးတို့ ဒါက မီးတောက်စစ်ပွဲအင်ပါယာကို ရန်စသလို ဖြစ်နေလိမ့်မယ်။သူက ဘာမဟုတ်တာအတွက်အတွက်နဲ့ တစ်ခြားလူကို တစ်ညလုံးတိုက်ခိုက်ခဲ့တာလေ။သူ့နေရာမှာသာ တစ်ခြားလူဆို ဒီပရက်ရှင် ဝင်နေလောက်ပြီ"

"သနားစရာ မီးတောက်စစ်ပွဲ အင်ပါယာလေးပဲ။သူအမြဲတမ်း ဒီလို အဆုံးသတ်တယ်"

ဘာတွေဖြစ်နေတာလဲ....

ဘာတွေ ဖြစ် နေ ..တာ ..လဲ...

ဆောင်းဦးဓားဟာ အစက ရှုပ်ထွေးနေခဲ့တာပါ။သို့ပေမယ့် လင်းဖန်တင်ထားတဲ့ ဗီဒီယိုကို မြင်လိုက်တဲ့ အချိန်မှာ သူ့မျက်နှာ ဖြူဖျော့သွားခဲ့ပါတယ်။

ဆောင်းဦးဓားရဲ့ ဟာ ဒါကိုမြင်ပြီး စိတ်တိုစွာအော်ဟစ်လိုက်ပါတော့တယ်။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး :: ညီအစ်ကို အဲ့မှာရှိလား။

ရှေးခေတ် မီဒီယာ အမူထမ်း :: ??????

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး :: အစ်ကိုကြီး ငါ ပိုက်ဆံပြန်ရနိုင်သေးလား။သတင်းကို မတင်စေချင်တော့လို့ပါ။

ရှေးခေတ် မီဒီယာ အမူထမ်း :: စိတ်မကောင်းပါဘူး။ သတင်းက တင်ပြီးသွားပြီ။ပိုက်ဆံပြန်ပေးလို့ မရတော့ဘူးလေ။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ကောင်လေး:: အစ်ကို ကြီးရယ် ကျေးဇူးပြုပြီု ပိုက်ဆံပြန်ပေးပါဗျာ။ကျွန်တော် မှားသွားတာပါ အဲတာ ကျွန်တော် မိန်းမရဲ့ပိုက်ဆံ သုံးလို့မဖြစ်ဘူး"

ရှေးခေတ် မီဒီယာ အမူထမ်း :: နှုတ်ဆက်ပါတယိ။

ဟိုဘက်မှ အဆက်အသွယ်ဖြစ်လိုက်တာပါ။

ဆောင်းဦးဓားဟာတော့ ဒေါသထွက်စွာပဲ အပြင်းအထန်အော်ဟစ်လိုက်ပါတယ်။

"နှမ*လေး"

All Chapters