သူတို့က အနိုင်ကျင့်ချင်နေကြတာပဲ
Vol. 9 Ch. 128
အခြေအနေအပြောင်း အလဲက အရမ်းကို မြန်ဆန်ပြီး ဆောင်းဦးဓားဟာ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။သူ့ရဲ့ ဘဝဟာ တစ်ကယ်ကို သနားစရာကောင်းပြီး ကံဆိုးပါတယ်။
သူ မီဒီယာကို ပိုက်ဆံလွှဲပြီးလို့ မကြာသေးခင်မှာပဲ ဟိုကောင် လင်းဖန်က သူ့ကိုသူ အပြစ်ကင်းကြောင်း သက်သေပြသွားခဲ့တာပ်။
ထပ်ပြောရရင် ဒီ ခွေးမသား မီဒီယာကလည်း ပိုက်ဆံ ပြန်ပေးဖို့ လုံဝ စိတ်ကူး မရှိကြပါဘူး။
ဘယ်သူကများ ဒီလို ဝေဒနာကို နားလည်နိုင်မှာလဲ...?
ဖြစ်နိုင်တာက ဒီလို အဖြစ်အပျက်မျိုး ခံစားဖူးတဲ့ လူကသာ နားလည်နိုင်မှာပါ။
လင်းဖန်ဟာ စစ်ဆေးချက် စာရွက်ကို ဝူယူလန်ကို ပေးလိုက်ပြီး ရှေ့နားက ဆိုင်မှာ ကတ်လောင်း ဖို့ ပြောလိုက်ပါတယ်။ပြီးရင် အဲဒါကို ဆိုင်ပေါက်ဝမှာ ကပ်ထားရမှာပါ။
သူဖုန်းကို ဖွင့်လိုက်သည်။
သူ့ရဲ့ ဂုဏ်သိက္ခာကို ပျက်ဆီးအောင်လုပ်ခဲ့တဲ့ မီဒိီယာတွေကို လင်းဖန်လိုက်ကြည့်လိုက်ပါတယ်။
ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာန။
ရှန်ဟိုင်း ဖက်ရှင် သတင်း ပလက်ဖောင်း။
ကြယ် သုံးဖွင့် ဖျော်ဖြေရေး သတင်းဌာန။
သူတစ်ချက်ကြည့်လိုက်တာနဲ့ သတင်းဌာန ဆယ်ခုလောက်ကို တွေ့ရှိရပါတယ်။သို့ပေမယ့် ဒီမီဒီယာ တွေက အရမ်းကြီး လူသိမများကြပါဘူး။သူ့ပေမယ့် သူတို့မှာ ဝိုက်ဘို အကောင့်တွေတော့ ရှိကြပါသေးတယ်။
လင်းဖန် ဝိုက်ဘိုပေါ်မှာ ပို့စ်တစ်ခုတင်လိုက်ပါတယ်။
"ကျွန်တော် တပ်တွဲပြီး ဖော်ပြ ထားတဲ့ မီဒီယာတွေ, ကျေးဇူးပြုပြီး ကျွန်တော် အကြောင်း တင်ထားတဲ့ သတင်းအမှားတွေကို ပြန်ဖျက်ပြီး အခုချက်ချင်းတောင်းပန်ပါ။ပူးပေါင်း မူအတွက် ကျေးဇူးတင်ပါတယ်။မဟုတ်ရင် နောက်ဆက်တွဲ တွေကို ရင်ဆိုင်ရပါလိမ့်မယ်"
အမှန်တရား ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ ပြည်သူတွေဟာ မာစတာ လင်းဘက်ကို ပြန်ရောက်လာကြပါပြီ။
"မာစတာ လင်းကို ထောက်ခံတယ်။ဒီ မီဒီယာတွေက သတင်းအမှားတင်ဖို့ လောက်ပဲ သိတာ"
"လေးစားတယ် .. မာစတာ လင်းက တကယ်တော်တာ။ဒါပေါ့ မာစတာ လင်းကို ဘယ်သူမှ ထပ်ပြီး ပြသနာ မရှာရဲကြတော့ ဘူးဆိုတာ သေချာတယ်"
"ကြည့်ရတာ ငါ မီးတောက် စသ်ပွဲအင်ပါယာကိင သနားမိတယ်"
"ကောင်းပြီ ဒါက မထင်မှတ်ထားတဲ့ အရာပဲလေ"
.....
ရှတ်ဟိုင်း ဖျော်ဖြေရေး သတင်းဌာန တစ်ခု၏ ရုံးခန်းတွင်။
"ဒီပန်ကိတ်သည် က ကျွန်တော်တို့ကို ဝိုက်ဘိုပေါ်မှာ တပ်တွဲထားတယ်။သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖျက်ပြီး တောင်းပန်ပါတဲ့။သူက ရူးနေတယ် လို့ မထင်ဘူးလား"
"ဟားဟား သူတကယ်ကို ရူးနေတာပဲ။သူက မီဒီယာတွေ အကြောင်းတောင် မသိဘူးလား"
"သူ့ကို မေ့ထားလို့က် ငါတို့က သတင်းအမှားဆိုပြီး မတင်ပဲနေရင် ပြည်သူတွေ စိတ်ဝင်စားမူ ဘယ်လို ရပါတော့မလဲ"
"ဒါကို ထားခဲ့လိုက်တော့ ငါတို့မှာ သတင်းအသစ်တစ်ခုရှိတယ်။မြန်မြန် ရေးပြီး တင်ဖို့ လုပ်တော့။ခေါင်းစဥ်က "မိန်းမငယ်လေး ပိုက်ဆံအတွက် သူမ ခန္တာကိုယ်ကို ရောင်းစားခဲ့သည်'."
"အယ်ဒီတာ ခေါင်းဆောင် ဒီမိန်းကလေးက သူ့အဖေကို ကယ်ဖို့အတွက်လုပ်တာလေ"
"မင်းရူးနေလား မင်ခေါင်းစဥ်က ပိုပြီး ဆွဲဆောင်မူရှိလဲ မင်းစဥ်းစားလေ"
အယ်ဒီတာ ခေါင်းဆောငိဟာ ဆူလိုက်တယ်။
"ကောင်းပါပြီ ကောင်းပါပြီ အယ်ဒီတာ ခေါင်းဆောင် ကျွန်တော် အခုပဲ ရေးလိုက်ပါ့မယ်"
ဂျီလီဟာ ရှန်ဟိုင်း ဖျေယ်ဖြေရေး သတင်းဌယနရဲ့ အယ်ဒီတာ ခေါင်းဆောင်ပါ။သူ့အလုပ်က လူတွေ သူတို့ရဲ့ သတင်းခေါင်းစဥ်ကို အာရုံစိုက်မိပြီးဝင်ဖတ်ကြဖို့ပါ။
သတင်း မှန်တာ မမှန်တာကတော့ သူလုံးဝ စိတ်မဝင်စားပါဘူး။
သူဟာရုံးခန်းကို ပြန်လိုက်ပြီး ဝိုက်ဘိုကို ဖွင့်ကာ မာစတာ လင်းရဲ့ အကောင့်ကို ကြည့်လိုက်ပါတယ်။ယင်းနောက် သူဟာ ရယ်မောလိုက်တယ်။
ပူးပေါင်းရမှာလား? ဒီကောင် နောက်နေတယ်ထင်တယ်....
သူ တည့်တည့်ပဲ သီးသန့် မက်ဆေ့ ပို့လိုက်သည်။
"ငါတို့ ပလက်ဖောင်းက တစ်ခါတင်ပြီးသား ပို့စ်ကို ဘယ်တော့မှ ပြန်မဖျက်ဘူး။ပြီးတော့ ငါတို့ တောင်းပန်မှာလည်း မဟုတ်ဘူး"
ရှန်ဟိုင်း ဖက်ရှင် သတင်း ပလက်ဖောင်းက ဝိုက်ဘိုပေါ်က ဆွေးနွေမူတွေကို ဂရုမစိုက်ပါဘူး။ဒါကြောင့် လင်းဖန်ရဲ့ ပို့စ်ကို လက်လျူရူထားလိုက်ပါတယ်။
...
လင်းဖန်ဟာ မနက်ခင်း ပန်ကိတ်ကို ရောင်းပြီးနောက်မှာ အဖွဲ့အစည်းက ကလေးတွေကို လေ့ျကျင့်ပေးဖို့ ထွက်လာခဲ့ပါတယ်။
ဖျော်ဖြေပွဲက နီးကပ်လာလေလေ ကလေးတွေက ကြိုးစား လာကြလေလေ ပါပဲ။သူတို့ဟာ မနက် ၆ နာရီ ကနေ သလေ့ကျင့်ကြပြီး ညဘက် ၈ နာရီ အလင်းရောင် ပျောက်သွားတဲ့ အချိန်ကြမှ ပြန်အိပ်ကြပါတယ်။
အဖွဲ့အစည်းတွင်။
"ကောင်းသော မနက်ခင်းပါ နည်းပြလင်း"
သူ့ကို မြင်တဲ့ အဖွဲ့အစည်းက အဖွဲ့ဝင်ကောင်လေး နှစ်ယောက် ဘေးဘယ်ညာကို အရင်သေချာကြည့်လိုက်ပါတယ်။ဘေးနားမှာ ဘယ်သူမှ မရှိတာသေချာမှ နှုတ်ဆက်လိုက် ကြတာပါ။
လင်းဖန်ဟာဒါကိုကြည့်ပြီး ရယ်မောလိုက်သည်။
"ငါက ၁၀ နာရီမှ လာတာ နောက်ကျနေပြီ"
သူတို့ ဘေးပတ်လည်ကို အရင်ကြည့်တာကို သူနားလည်ပါတယ်။သူတို့က လူမြင်မှာကို ကြောက်နေကြတာပါ။လင်းဖန်က အဖွဲ့အစည်းထဲမှာ ဆိုးရွားတဲ့ ပုံရိပ်ရှိပါတယိ။
တစ်ခြားလူတွေ မပြောနဲ့ ဒုတိယ ဥက္ကဌ ဂေါင်တောင်မှ ညစာစားပွဲမှာ အရက်မူးပြီးရင် လင်းဖန်မကောင်းကြောင်း ကို ထထပြောနေကြပါ။
လင်းဖန်သူ တို့ကို ကျော်သွားမှ သူတို့ ထဲမှ တသ်ယောက်ဟာ မေးလိုက်ပါတယ်။
"အစ်ကို ချန် , သူက အဖွဲ့အစည်းထဲမှာ အန္တရာယ် ရှိတဲ့လူလေ။တကယ်လို့ ကော်မတီ အဖွဲ့ဝင်တွေ ငါတို့ နှုတိဆက်တာ မြင်သွားရင် ပြသနာ တက်လိမ့်မယ်"
အစ်ကို ချန်ဟာ ပြန်ဖြေလိုက်သည်။
"ဘာပြသနာလဲ ဘယ်သူမှ မမြင်ဘူး။အဖွဲ့အစည်းက အပြောင်းအလဲတွေက မာစတာ လင်းကြောင့်သာ ဖြစ်လာတာ။ငါတို့ မာစတာ လင်းကိုတောင် ကျေးဇူးတင်ရဦးမယ်။မာစတာ လင်းကြောင့်သာ မဟုတ်ရင် ဒီနေရာက ကိုယ်ခံပညာ အဖွဲ့အစည်းနဲ့တောငိ တူမှာ မဟုတ်ဘူး။သူတို့ ပြောနေတာကို ငါဂရုမစိုက်ဘူး။ငါ မာစတာ လင်းကို လေးစားတယ်။ဒီလောက် ငယ်ငယ်လေးနဲ့ သူက တကယ့်မြင့်မြတ်တဲ့ လူပဲ"
"ဒါအမှန်ပဲ..."
လတ်တလော ပြောင်းလဲ မူတွေက တကယ်ကို များပြားပါတယ်။ကော်မတီ ရုံးခန်းတွေကို ပြင်ဆင်ပြီး မရှိသင့်တဲ့ အရာတွေကို လည်း ပြန်လည် ဖယ်ရှားခဲ့ကြသည်။သတင်းထောက်တွေ ပြောစရာ ဘာမှ မကျန်အောင် လုပ်ဆောင် ခဲ့ကြတာပါ။
ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန်ကို ကြောက်ရွံ့ကြပါတယ်။သူတို့ ဒီပြသနာကို ထပ်ပြီး ပေးမရှည်ကြတော့ပေ။
.....
လင်းဖန် သူ့အခန်းနား ရောက်တော့မယ့်အချိန်မှာပဲ ဝမ်ယန်ဂျီကို တွေ့လိုက်ပါတယ်။
ဝမ်ယန်ဂျီက လင်းဖန်ကို လုံးဝ မုန်းတီးနေတဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူလင်းဖန် မျက်နှာကို မြင်တဲ့ အချိန်မှာပဲ နှာခေါင်းရှုတ်လိုက်သည်။
လင်းဖန်ဟာ ရယ်မောပြီး ပြောလိုက်ပါတယ်။
"ဟေး ဒါကစောင့်ကြည့်ခံနေရတဲ့ သဘာပတိ ဝမ်မလား"
ဝမ်ယန်ဂျီ အစကတော့ ဒီစောက်ရေးမပါတဲ့ ကောင်နဲ့ စကားမပြောဖို့ ဆုံးဖြတ်ထားတာပါ။သို့ပေမယ့် လင်းဖန်ရဲ့ စကားလုံးက သူ့ကို ဒေါသထွက်စေပါတယ်။
"သိပ်လည်း ကျေနပ်မနေနဲ့။မင်းလုပ်တာတွေ ပြန်ခံရလိမ့်မယ်။အဲ့ခါကြမှ နောင်တမရနဲ့"
လင်းဖန်ဟာ ရယ်မောလိုက်သည်။
"ဘာလို့ နောင်တရရမှာလဲ။ကျုပ်က အမြဲ မှန်မှန်ကန်ကန်ပဲ လုပ်ခဲ့တာ။ကျုပ် ဆိုးယုတ်တာ ဘာမှ မလုပ်သလို ၊ ဆိုးယုတ်တဲ့ ကံတရားကိုလည်း မဖန်တီးဘူး။စကားပြောဖို့ အချိန်မရှိဘူး သွားလေ့ကျင့်ပေးတော့မယ်"
လင်းဖန်ရဲ့ နောက်ဘက်ကို ကြည့်ပြီး ဝမ်ယန်ဂျီဟာ အေးစက်စွာ ရယ်မောလိုက်ပါတယ်။
လေ့ကျင့်မယ်ဟုတ်လား..ဟမ့် လေ့ကျင့်နိုင်တုန်း လေ့ကျင့်ထားစမ်းပါ။
နောက်မှ ငါ့ရှေ့မှာ လာငိုပြရလိမ့်မယ်....
ဒုတိယ ဥက္ကဌ ၏ ရုံးခန်းထဲတွင်။
ဝမ်ယန်ဂျီဟာ တံခါးခေါက်ပြီး ဝမ်လာခဲ့ပါတယ်။သူက စောင့်ကြည့်ခံနေပေမယ့် လည်း၊ အဖွဲ့အစည်းထဲက သူ့ရဲ့ အဆင့်အတန်းကတော့ မပြောင်းလဲပဲ ရှိနေပါသေးတယ်။
"အဲ့ ငနဲကောင်ကို ဒီနေ့မြင်ရတာ အတော်မောက်မာနေတာပဲ။ဒီကောင် ဘယ်လောက်ထိ ရယ်နိုင်မလဲ စောင့်ကြည့်ရဦးမယ်"
ဝမ်ယန်ဂျီဟာ ဒုတိယဥက္ကဌ ဂေါင်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိပြီး မကြာခန စကားပြောဖြစ်ပါတယ်။
ဒုတိယ ဥက္ကဌ ဂေါင်ဟာ မျက်မှောင် ကျုတ်လိုက်သည်။
"ခုနောက်ပိုင်း ကစောင့်ကြည့်ခံနေရတာ။သူနဲ့ နောက်တစ်ခါပြသနာ ထပ်မရှာနဲ့တော့။တကယ်လို့သာ ထပ်ဖြစ်လာရင် တကယ် ပြသနာ တက်နိုင်တယ်"
"အေးဆေးပါ အစ်ကိုဂေါင် ၊ ကျွန်တော်လုပ်နေတာ ကျွနိတော် သိပါတယ်"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ခေါင်းညိမ့်လိုက်ပါတယ်။
"မင်းက စောင့်ကြည့်ခံထားရပေမယ့် ကလေးတွေကို သေချာ လေ့ကျင့်ပေးသင့်တယ်။သရုပ်ပြပွဲနေ့မှာ ဘာမှဖြစ်တာ ငါမတွေ့ချင်ဘူးနော်"
"အေးဆေးပါ အစ်ကိုဂေါင် , ကျွန်တော်ရဲ့ တာဝန်ကို ကျွန်တော်သိပါတယ်။စိတ်မပူပါနဲ့ ပြပွဲ နေ့ကြရင် အထက်လူကြီးတွေ အကုန်သဘောကျသွားစေရမယ်"
ဝမ်ယန်ဂျီဟာ ဂုဏ်ယူစွာပြောလိုက်သည်။
"ဒါဆို ကောင်းတယ်"
........
ညဘက်အချိန်။
လင်းဖန်ဟာ အဖွဲ့အစည်းကနေ ညနေ ၅ နာရီလောက်မှ ပြန်လာခဲ့ပါတယ်။ကလေးတွေ ကြိုစားနေကြတာမြင်တော့ သူလည်း စောစော ပြန်မလာချင်ပါဘူး။
အိမ်ထဲတွင်။
သူ ဝိုက်ဘို ကို ဖွင့်ပြီး မီဒီယာ တွေကို တစ်ချက်ကြည့်လိုက်ပါတယ်။သူ မြင်လိုက်တဲ့ အချိန်မှာတော့ ဒေါသထွက်သွားခဲ့သည်။
သူတို့က ငါတင်ထားတဲ့ ပို့စ်ကို မြင်တာတောင် လျစ်လျူရူရဲသေးတယ်လား...
သူတို့က တင်ပြီးသား သတင်းကို ပြန်မဖျက်ဘူးပေါ့ ....?
သူတို့က မတောင်းပန် နိုင်ဘူးပေါ့....?
သူတို့က ပန်ကိတ်ရောင်းနေတဲ့ ဗေဒင် ဆရာဆီက အမြတ်ထုတ် ချင်တယ်ပေါ့......?
ကောင်းတယ်..
သိပ်ကောင်းတယ်...
မင်းတို့တော်ပါတယ်..
ဒါဆိုလည်း တိုက်ပွဲ စလိုက်ကြရအောင်။ငါက မင်းတို့ကို ကြောက်မယ် များ မှတ်နေတာလား။
ဒီလူတွေက လင်းဖန်လို ရိုးသားတဲ့ လူတွေကို အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြတာပါ။
ဟုတ်တာပေါ့ သူ့မှာ အစွမ်းအစရှိရင်တောင် သူဒီလူတွေကို တစ်ယောက်ထဲတိုက်ခိုက်မှာ မဟုတ်ပါဘူး။သူ တစ်ခြားအကူအညီတွေကို ယူဖို့ လိူအပ်ပါတယ်။