← Chapters

ထပ်ပြီး မဆိုးကြနဲ့တော့

Vol. 9 Ch. 129

ထပ်ပြီး မဆိုးကြနဲ့တော့

Vol. 9 Ch. 129

နောက်တစ်ရက်။

၁၀ နာရီခန့်။

ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာန၏ ရုံးခန်းထဲတွင်။

"အယ်ဒီတာ ခေါင်းဆောင် လီ ၊ ဒီမှာ ဆရာ့အတွက် ပါဆယ်ရောက်လာတယ်"

အလုပ်သမားတစ်ယောက်ဟာ ပါဆယ် ဗူးတစ်ခုကို ကိုင်ထားရင် အော်ပြောလိုကိပါတယ်။

လီဂျီဟာ သတင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စစ်ဆေးနေခဲ့တာပါ။လတ်တလော သူ ပါဆယ်မှ မမှာထားခဲ့ပါဘူး။

သူလှမ်းကြည့်လိုက်တဲ့ အချိန်မှာ ပါဆယ်က မဂ္ဂဇင်းလိုလို ဘာလိုလို တစ်ခုခုထူးခြား နေခဲ့ပါတယ်။

"ဖွင့်ကြည့်လိုက် တကယ်လို့ မုန်းတီးတဲ့ စာသားတွေဆိုရင် လွင့်ပစ်လိုက်"

ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာနရဲ့ အယ်ဒီတာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ များပြားလှတဲ့ မုန်းတီးစာတွေ လက်ခံရရှိဖူးပါတယ်။ဒါပေမယ့် ဒီလိုစာတွေက သူ့ကို မှ မထိခိုက်စေပါဘူး။

ဒီ အလုပ်မှာ ရှိတဲ့ လူတိုင်းကလည်း ဒီလို အကြောင်းအရာတွေနဲ့ ရိူးနေကြပါပြီ။သူ ဒီလိုစာတွေ ဆိုရင် ဖတ်ကို မဖတ်ပေ။တကယ်လို့ သူသာ ဒီလိုစာတွေ လိုက်ဖတ်နေရင် ဒီပရက်ရှင် ဝင်သွားပါလိမ့်မယ်။

ပါဆယ်ကို ဖွင့်လိုက်သည်။

အလုပ်သမားဟာ အထဲမှာ ပါတဲ့ ဟာကို ကြည့်ပြီး ကြောင်အသွားခဲ့ပါတယ်။

"အယ်ဒီတာ ခေါင်းဆောင် ဒါက ဥပဒေကြောင်းအရပို့တဲ့ စာပဲ။တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို တရားစွဲဆို ထားပြီထင်တယ်"

လီဂျီဟာ စိတ်မဝင်စားသေးပါဘူး။

"အဲ့မှာထားလိုက် ဒီနေ့လူတွေက ဥပဒေကြောင်းအရ စာပို့ရင် အကုန်လုပ်လိူ့ ရပြီထင်နေတာ။တရားရုံးက ခွင့်ပြုချက်ရပြီး စာပို့လာတဲ့ အချိန်ကြမှ ငါ့ကို အသိပေး"

ဒီနေ့ခေတ်မှာ လူတွေကို ကြောက်လန့်အောင် လုပ်တဲ့ နည်းလမ်းများစွာ ရှိကြပါတယ်။ဒီနည်းလမ်းတွေထဲက တစ်နည်းက ဒီလို ဥပဒေကြောင်းအရ စာပို့တာပါ။

တစ်စုံတစ်ယောက်ကသာ ဒီစာတွေ ဘယ်လို အလုပ်လုပ်လဲ ဆိုတာ မသိရင် တကယ်ကြောက်ရွံ့သွားကြပါလိမ့်မယ်။သို့ပေမယ့် အယ်ဒီတာ ခေါင်းဆောင်ဟာ ဒီလို အခြေအနေမျိူးကို အများကြီး ကြုံဖူးထားပြီး ပါပြီ။

ဒီစာတွေမှာ တရားရုံးရဲ့ ခွင့်ပြုချက်မပါပဲ အတုအယောင်တွေ ဖြစ်ဖို့များပါတယ်။

အလုပ်သမားလေးဟာ စာကို ဖတ်နေတဲ့ အချိန်မှာ သူ့ရဲ့ အမူအရာဟာ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့ပါတယ်။

"အယ်ဒီတာ ခေါင်းဆောင် ...တစ်ခုခု မှားနေပြီနော်"

လီဂျီဟာ ဒါကို ကြားပြီး မျက်မှောင် ကျုတ်လိုက်ပါတယ်။

"ဘာတုန်း ? ဘာလို့ ဒီလောက် ဆူညံနေတာလဲ...ဒါက အလုပ်နေရာဆိုတာ မသိဘူးလား"

အလုပ်သမားလေးဟာ ခေါင်းကို ခါယမ်းလိုက်သည်။

"အယ်ဒီတာ ခေါင်းဆောင် ဒါကတကယ်ဆိုးတယ်နော်။တရားစွဲတဲ့ လူက အရှေ့ဘက် ဟန် အုပ်စုက လူ"

ရုတ်တရက် လီဂျီဟာ သူလုပ်လက်စအလုပ် ကို ရပ်တန့်လိုက်ပါတယ်။အံ့သြသွားတဲ့ မျက်နှာဖြင့် သူဟာ စာကို ဆတ်ကနဲ လုယူပြီး ဖတ်လိုက်သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ"

လီဂျီဟာ ကြောင်အနေခဲ့ပါတယ်။သူ အရှေ့ဘက် ဟန် အုပ်စုအကြောင်းကို သိပါတယ်။ဒါက ရှန်ဟိုင်းမှာ အတော်ကျော်ကြားတဲ့ အဖွဲ့အစည်းပါ။

သူတို့သတင်းဌာနက သတင်းတစ်ချို့တောင် သူတို့နဲ့ ဆက်နွယ်တယ်လို့ ပြောလို့ရပါတယိ။သို့ပေမယ့် အရှေ့ဘက် ဟန် အုပ်စုနဲ့ ပတ်သက်လာရင် သူတို့ သတင်းကို အမှန်အတိုင်းပဲ ရေးပါတယ်။

ဒါက သူတို့ အရှေ့ဘက် ဟန် အုပ်စုကို ရန်မစရဲလို့ပါ။အခု အရှေ့ဘက် ဟန် အုပ်စုက သူတို့ကို ဥပဒေကြောင်းအရစာပို့နေပါပြီ။

ဒါဘယ်လို ဖြစ်နိုင်မှာလဲ....

အောက်က စာတွေကို ထပ်ဖတ်လိုက်တဲ့ အချိန်မှာ လီဂျီဟာ ပိုပြီးတောငိ ဆွံ့အသွားခဲ့ရပါတယ်။ဒီလို ကိစ္စဖြစ်လာတာဟာ ပန်ကိတ်ရောင်းတဲ့ ပန်ကိတ်သည်ကြောင်ဆိုတာ သူလုံးဝ မထင်ထားခဲ့တဲ့အရာပါ။

ပန်ကိတ်သည်က အရှေ့ဘက် ဟန် အုပ်စုနဲ့ ဘယ်တုန်းက အဆက်အသွယ်ရှိသွားရတာလဲ....?

ထပ်ပြောရရင် သူတို့ စာကို အစောကြီးပို့တယ် ဆိုကတည်းက ပန်ကိတ်သည်ကို အတော်အလေးထားတယ် လို့ ဆိုလိုတာပါ။

အရှေ့ဘက် ဟန် အုပ်စုရဲ့ ကြောက်စရာ ကောင်းလှတဲ့ ပါဝါနဲ့ ကျစ်လစ်တဲ့ ရှေ့နေအဖွဲ့ အစည်းအကြောင်းကို တွေးမိလိုက်တဲ့ အချိန်မှာ လီဂျီယာ ကြောက်ရွံ့သွားခဲ့ပါတယ်။

"သတင်းတွေကို အကုန်ပြန်ဖြုတ်ပြီး ၊ တောင်းပန်စာကို ချက်ချင်းပို့လိုက်"

လီဂျီဟာ နှစ်ခါတောင် မစဥ်းစားတော့ပါဘူး။ဒီအခြေအနေက သူ့ကို အမှန်တကယ် ကြောက်ရွံ့စေပါတယ်။အရှေ့ဘက် ဟန် အုပ်စုသာ အမှန်တကယ် တရားစွဲရင် သူ့နောက်မှာ ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာန တစ်ခုလုံးရှိနေရငိတောင် အနိုင်ရမှာ မဟုတ်ပါဘူး။

လီဂျီဟာ စိုးရိမ်စွာပြောလိုက်တာပါ။သို့ပေမယ့် သူ့အဖွဲ့သားတွေဟာတော့ ဘာမှမလုပ်ပဲ သူ့ကိုပဲ ဝိုင်းကြည့်နေကြပါတယ်။

"မင်းတို့ ဘာကြည့်နေကြတာလဲ။မြန်မြန်လုပ်ကြ ၊ တရားစွဲခံရပြီး ဒေဝါလီ ခံစေချင်နေကြတာလား"

သူတို့တွေ အကုန်လုံး အရှေ့တိုင်းဟန် အုပ်စုရဲ့ အလုပ်လူပ်ပုံကို သိထားကြပါတယိ။သူတို့က သူတို့ရဲ့ ရန်သူ အပြီးသတ်တဲ့ အထိ တိုက်ခိုက်ကြမှာပါ။

အယ်ဒီတာတွေ အကုန်လုံးဟာ ကြောက်ရွံ့သွားကြပါတယ်။သူတို့ အခြေနေအကုန်လုံးကို နားမလည်ပေမယ့်လည်း အယ်ဒီတာ ခေါင်းဆောင်ရဲ့ မျက်နှာအနေအထားကို ကြည့်ရတာ အမှန်တကယ် အရေးကြီးနေတဲ့ ပုံပါ။

အဲ့အချိန်မှာတော့ ရှန်ိဟိုင်း ဖျော်ဖြေရေး သတင်းဌာနတစ်ခုထဲ ဥပဒေအရစာကို ကြောက်ရွံ့နေကြတာ မဟုတ်ပါဘူး။

ရှန်ဟိုင်း ဖကိရှင် သတင်းဌာန ကလည်း ဥပဒေ ကြောင်းအရ စာကို လက်ခံရရှိခဲ့ပါတယ်။အစက တော့ သူတို့လည်းစာကို ပေါ့ပေါ့သာ တွေးကြပြီး အမှန်တကယ် ဖတ်ကြည့်တဲ့ အချိန်ကြမှ ကြောက်ရွံ့သွားကြတာပါ။

ဖယ်ရှားပစ် ၊ တောင်းပန် ၊ တောင်းပန်တဲ့အခါမှာ နှလုံးသားထဲက ပါမှ ရမယ်။

ကြယ်သုံးပွင့် ဖျော်ဖြေရေး သတင်းဌာန ရဲ့ အယ်ဒီတာ ခေါင်းဆောင်က မိန်းမလှလေးတစ်ယောက်ပါ။အခုချိန်မှာတော့ သူမအမှန်တကယ်

ကြောက်ရွံ့နေခဲ့ပါတယ်။

ဒါက သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်ခိုက် ရမယ့်တိုက်ပွဲတောင် မဟုတ်ပါဘူး။သူတို့ အသနားခံ ဖို့သာ တတ်နိုင်ပါတော့တယ်...

တစ်ချို့ ဥပဒေကြောင်းအရ စာတွေဟာ ကြောက်ရွံ့စရာ မလိုပါဘူး။ဘာပဲ ဖြစ်ဖြစ် ဒါက စာရွက် အပိုင်းအစလေးပါ။သို့ပေမယ့် ဒီတစ်ကြိမ်က ဘယ်သူ တရားစွဲတော့မှာလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။

အရှေ့ဘက် ဟန် အုပ်စု .....

ဘယ်လိုကြီးတုန်း...

ပန်ကိတ်ရောင်းတဲ့လူက အရှေ့ဘက် ဟန် အုပ်စုနဲ့ ဘာကြောင့် ရင်းနှီးနေရတာလဲ....

အဲ့အချိန်မှာတော့ များပြားလှတဲ့ ရှန်ဟိုင်း မီဒီယာ အုပ်စုများဟာ အလုပ်များနေကြပါတယ်။သူတို့ လုပ်လက်စအလုပ်များကို ရပ်တန့်ထားကြပြီး ဒီထက်အရေးကြီးတဲ့ အရာကိုလုပ်နေကြတာပါ။

ဒါကတော့ သတင်းတွေကို ပြန်ဖယ်ရှားပြီး တောင်းပန်ဖို့ပါ။

.....

သတင်းဌာန ဆယ်ခုကျော်လောက်ဟာ အင်တာနက်ပေါ်မှာ စပြီး လှုပ်ရှားလာကြပါပြီ။

"ချီးပဲ သူတို့ သရဲ ဒါမှမဟုတ် တစ်ခုခုကို မြင်ခဲ့ကြတာလား။ဒီစောက်ကျိုးနဲ မီဒီယာ တွေက ဝားတောင်းပန်နေတယ် ဆိုပဲ"

"ဝိုး ပန်ကိတ်ရောင်းတဲ့ လူက ဘယ်သူလဲ။သူက ဒီလို နေ့တိုင်း ပေါက်ကရတွေ တင်နေတဲ့ ကြယ်သုံးပွင့် သတင်းဌာနကို တောငိ တောင်းပန်ရအောင် လုပ်နိုင်တယ်။ကြည့်ရတာ အနောက်အရပ်က နေထွက်တော့မယ်ထင်တယိ"

"အယ်ဒီတာ တွေဘာဖြစ်ကုန်တာလဲဟ။တောင်းပန်စာတွေထဲမှာ ဘာလို့ ကပ်ဖားယပ်ဖား အနံ့တွေ ရနေရတာလဲ"

"အပေါ်ကကောင်ကို သဘောတူတယ်"

"ငါလည်း သဘောတူတယ်"

တောင်းပန်စာ ::: ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာနနဲ့ အလုပ်သမားများအားလုံးဟာ မာစတာလင်းကို ရိုးသားစွာ တောင်းပန်အပ်ပါသည်။ကျွန်တော်တို့ရဲ့ မှားယွင်းမူနဲ့ နားလည်မူလွဲမှားတဲ့ အခြေအနေများကြောင့်၊ ကျွန်တော်တို့ဟာ မမှန်ကန်တဲ့ သတင်းကို တင်မိပြီး မာစတာ လင်းရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်မိသလို ဖြစ်သွားခဲ့ပါသည်။ဒီကိစ္စအပြီး မှာ ကျွန်တော်တို့မှာ အမှားကိုသိပြီး နောင်တ ရနေပြီဖြစ်ပါသည်။ကျွန်တော်တို့ ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာန အနေဖြင့် နက်ရှိုင်းစွာ တောင်းပန်ပြီး ၊ မာစတာ လင်းမှ ခွင့်လွှတ်ပေးမည်ဟုလည်း မျှော်လင့်မိပါသည်။

ဒီမီဒီယာ ဂရုဟာ မတူညီတဲ့ စာသားတွေနဲ့ တောင်းပန်ကြပေမယ့်လည်း အဓိက အချက်ဟာအကုန်လုံး တူကြပါတယ်။

သူတို့ဟာ စာကို သေချာပြင်ဆင်ထားကြပြီးတော့ စကားလုံးတွေကိုလည်း သေချာရွေးချယ်ထားကြတာပါ။

ဒီ မီဒီယာ ဂရုတွေကို ဘာတွေက ဒီလို ဖြစ်လာစေတာလဲ.....?

သူတို့ကို ကြည့်ရတာ ကြေက်လန့်နေကြတဲ့ ကလေးငယ်လေးတွေ လိုပါပဲ။

ဘယ်လောက် ကြောက်ဖို့ကောင်းလဲ။

လင်းဖန်ရဲ့ဝိုက်ဘိုမှာတော့ စည်ကားနေခဲ့ပါတယ်။

"မာစတာ လင်းက မိုက်တယ်နော်၊ မီဒီယာတွေကတောင် တောင်းပန်ကြရတယ်"

"ဒီ မီဒီယာ တွေက ပေါက်ကရရှောက်ရေး တဲ့ဟာတွေ ချည်းပဲ။သူတို့ကို အဖြူကို ဆန့်ကျင်တဲ့ အနက်လို့တောင် ခေါ်ကြတယ်။လူတွေကို ကစားပြီး အာရုံစိုက်မူကို ရယူကြတာလေ။အစိုးရကတောင် ဘာမှမလုပ်နိုင်ဘူး။သူတို့ လုပ်ချင်သလို လုပ်နေကြတာ"

"ငါလေးစားတဲ့ လူတစ်ယောက်ကို ပြောပါဆိုရင် အဲတာက မာစတာ လင်းပဲ။ဒါပေမယ့် မာစတာ လင်း ဒီလူတွေ တောင်းပန်ရအောင် ဘာလုပ်လိုက်လဲ ဆိုတာကို ပိုသိချင်မိတယ်"

"ဟားဟား မာစတာ လင်းရဲ့ ဝိုက်ဘိုမှာက နေ့တိုင်း ကြည့်စရာ အသစ်အဆန်းတွေ ရှိတယ်"

"ဟေးး မီးတောက်စစ်ပွဲ အင်ပါယာ ဘယ်ကိုရောက်သွားတာလဲ။ငါ သူ့အရိပ်တောင် မမြင်ပါလား"

.....

တိမ်ဖြူလမ်းတွင်။

မာစတာ လင်းဟာ ဇိမ်ကျကျထိုင်ပြီး လဘက်ရည်သောက်နေခဲ့ပါတယ်။ဒီနေ့က သူ့အတွက် လွတ်လပ်တဲ့ နေ့လေး တစ်နေ့ပါ။

သူဝိုက်ဘိုပေါ်က အခြေအနေကို မြင်ပြီးပါပြီ။သူဒါကို ကြေနပ်ပေမယ့်လည်း အရမ်းကြီးတော့ မဟုတ်သေးပါဘူး။သို့ပေမယ့် သူတို့တောင်းပန်လာပြီ ဆိုမှတော့ သူ ကြင်နာစွာပဲ ခွင့်လွှတ်ပြီး အကြောင်းပြန်သင့်တယ် လို့ ခံစားလိုက်ရပါတယ်။

"မင်းတို့ ကိုယ့်အမှားကို သိပြီး ပြောင်းလဲချင်တယ် ဆိုရင် ဒါက ဘယ်တော့မှ နောက်မကျဘူး။ကလေးတို့ မင်းတို့ နောက်တစ်ခါ ဆိုးရင်တော့ လွယ်မှာ မဟုတ်တော့ဘူးနော်"

သူပို့စ်တင်လိုက်တဲ့ အချိနိမှာပဲ မီဒီယာတွေဟာ စာပြန်လိုက်ကြပါတယ်။

ရှန်ဟိုင်းဖျော်ဖြေရေး သတင်းဌာန

"ကျေးဇူးပါ မာစတာ လင်း၊ ကျွန်တော်တို့ နောက်တစ်ခါ သတင်းအမှန်တင်ပါမယ်"

ကြယ်သုံးပွင့် ဖျော်ဖြေရေး သတင်းဌာန

"မာစတာ လင်းရဲ့ ဆုံးမစကားတွေကို စိတ်ထဲကနေ မှတ်ထားပါ့မယ်။ဒီလို အမှားမျိုး နောက်မလုပ်တော့ပါဘူး"

......

လင်းဖန် စာတွေကို ကြည့်လိုက်ပေမယ့် စာမပြန်တော့ပါဘူး။သူဟာ ဒီတိုင်းထားလိုက်ပါတယ်။

ဖုန်းဝင်လာခဲ့သည်။

လင်းဖန်ဖြေလိုက်တယ်။

"ကျုပ် ခင်ဗျားကို ဒီတစ်ကြိမ် တကယ်ကျေးဇူးတင်ရမယ်"

ဝမ်မင်ယန်ဟာ ပြန်ပြောလိုက်ပါတယ်။

"ဘာလို့ ရှေးရိုးစွဲနေတာလဲ။ငါတို့က ညီအစ်ကိုတွေလေ မင်းသာ အစောထဲကပြောရင် ငါ စောစော ​ဂရုစိုက်ပေးလို့တောင်ရတယ်"

လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်။

"သူတို့သာ ကျုပ်ကို မစော်ကားရင် ဒီလို အကူညီတောင်းမှာ မဟုတ်ဘူး။ရိုးရိုးသားသားပြောရရင် ကျုပ်ခင်ဗျားကို ညနက်မှ ဖုန်ဆက်ပြောတာလေ။ဒါကို သူတို့ဆီ ဘယ်လိုလုပ်မနက်အစောကြီး စာရောက်သွားတာလဲ"

ဝမ်မင်ယန်ဟာ ရယ်လိုကိသည်။

"ငါ့မှာ ရှေ့နေဘယ်နှစ်ယောက်တောင် ရှိလဲ မင်းမသိပါဘူး။မင်းတောင်းဆို တာက ဘာပြသနာမှ မရှိဘူး။ငါ သူတို့ရဲ့ နေရာအထိ တစ်ယောက်ယောက်ကို စာပို့ ခိုင်းလိုက်ယုံပဲ။အရှေ့တိုင်း ဟန် အုပ်စုဆိုတာနဲ့ သူတို့က ချီးထွက်ကျအောင် ကြောက်ကြတာ"

"မိုက်တယ်"

လင်းဖန် တကယ်အံ့သြနေခဲ့ပါတယ်။ဒီလူက တကယ့် ဆရာတစ်ဆူပါ။

All Chapters