← Chapters

တစ်ခုခုကတော့ ဖြစ်တော့မယ်

Vol. 9 Ch. 130

တစ်ခုခုကတော့ ဖြစ်တော့မယ်

Vol. 9 Ch. 130

နောက်တစ်ရက်ကို ရောက်ရှိလာခဲ့ပါပြီ။

လင်းဖန်ကတော့ သူ့ဘဝကို သာသာယာယာပဲ ဖြတ်သန်းလျှက်ရှိပါတယ်။

ဝူရွှန်းယွဲ့ရဲ့ 'အသံသစ်' ပြိုင်ပွဲကတော့ နောက်ဆုံးကို ရောက်သွားပါပြီ။ဘာပြသနာ ထွေထွေထူးထူးမှ ထပ်မဖြစ်တော့ပဲ သူမ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။

အဲ့နေ့ညတုန်းက လင်းဖန်လည်း အားပေးခဲ့တဲ့ ပရိသတ်တွေ ကြားထဲမှာ တစ်ယောက်အပါအဝင်ပါပဲ။တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့တဲ့ အခိုက်အတန့်လေးလို့ တောင်ပြောလို့ ရပါတယ်။

လင်းဖန် ဝူရွှန်းယွဲ့ အတွက် ဟောပေးခဲ့တဲ့ အရာကလည်း အတော် တိကျပါသည်။သူမက သီချင်းဆိုတဲ့ နေရာမှာ အမှန်တကယ် ကောင်းချီပေးခံထားရတာပါ။

ချန်ပီယံ ဖြစ်လာပြီးနောက်မှာတော့ ဝမ်မင်ယန် ရဲ့ အဖွဲ့တွေဟာ ဝူရွှန်းယွဲ့ရဲ့ သီချင်းသီဆိုမူ အနာဂတ်အတွက် စတင်အစီစဥ်တွေ ဆွဲနေကြပါပြီ။

ဝမ်မင်ယန်မှာရှိနေတဲ့ ပိုက်ဆံနဲ့ဆိုရင် ဝုရွှန်းယွဲ့ကို သာယာဖြောင့်ဖြူးတဲ့ လမ်းကြောင်း ဖန်တီးပေးဖို့ ဆိုတာက အရမ်းလွယ်ကူမှာပါ။သို့ပေမယ့် တောက်ပတဲ့ အနာဂတ်အတွက် သူမကိုယ်တိုင်ကလည်း ကြိုးစားဖို့ လိုအပ်ပါတယ်။

နောက်တစ်နေ့ မနက်။

လင်းဖန်ဟာ ဆိုင်မှာထိုင်နေပြီး လဘက်ရည်လေးသောက်ကာ ဖုန်းထဲက သတင်းတွေကို ဖတ်နေခဲ့ပါတယ်။

ယင်းနောက် သူ အချိန်ကို ကြည့်လိုက်တဲ့ အချိန်မှာ မနက် ၉ နာရီ ရှိနေခဲ့ပါပြီ။ဒါက သူ ကိုယ်ခံပညာ အဖွဲ့အစည်းကို သွားရတော့ မယ့် အချိန်ပါပဲ။

ကိုယ်ခံပညာ သရုပ်ပြပွဲ စဖို့အတွက် က နှစ်ရက်သာလိုပါတော့တယ်။ဒါကြောင့် လင်းဖန်ဟာ ကလေးတွေကို သက်တောင့်သက်သာနေပြီး ပြပွဲအတွက် မကြောက်ဖို့ ပြင်ဆင်ခိုင်းထားခဲ့သည်။

သူတို့ဟာ လင်းဖန်ရဲ့ စကားကို နားထောငိပြီး အပြောင်းအလဲ တစ်ချို့ကို လုပ်ဆောင်ခဲ့ကြပေမယ့်လည်း မနက် ၇ နာရီကနေ ည ၇ နာရီ အထိ နေ့စဥ်လေ့ကျင့်နေကြတုန်းပါ။

လင်းဖန် သူ့ဆိုင်ထဲမှ လူတွေကို ကြည့်ကာပြောလိုက်သည်။

"နောက်နှစ်ရက်ကရင် သရုပ်ပြဖျော်ဖြေပွဲတစ်ခုရှိတယ်။ကျွန်တော် လေ့ကျင့်ပေးနေတဲ့ ကလေးတွေလည်း ပါဝင်ကြမှာ။ခင်ဗျားတို့ စိတ်ဝင်စားရင် လာအားပေးကြလေ"

လူလိမ် ထျန်ဟာ ဆေးလိပ်သောက်နေရင်း ပြန်ဖြေလိုက်ပါတယ်။

"ဒါပေါ့ ပြသနာ မရှိဘူး"

လူလိမ် ထျန်ဟာလည်း ဒီပွဲကို အနည်းငယ်စိတ်ဝင်စားပါတယ်။လင်းဖန် သူ့ကို မပြောဘူး ဆိုရင်တောင် မှ သူသွားကြည့်ဦးမှာပါ။

သူကိုယ်တိုင်လည်း စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို လေ့ကျင့်ပြီး ၊ လင်းဖန် သူ့တပည့်တွေကို ဘယ်လို လေ့ကျင့်ပေးထားလဲ သူ ကြည့်ချင်ပါသေးတယ်။

ကလင် ကလင်

ကျောင်းဖေးဆီမှ ဖုန်းခေါ်တဲ့ ဖုန်းမည်သံဟာ ထွက်ပေါ်လာခဲ့ပါတယ်။

လင်းဖန် ပြုံးကာ ဖုနး်ကိုင်လိုက်သည်။

"အကြီးအကဲ ကျောင်း ဘာများတုန်း"

ကျောင်းဖေးဟာ လင်းဖန် စိတ်ကောင်းဝင်နေတာကို သိလိုက်ပြီး အံ့သြသွားခဲ့ပါတယ်။ယင်းနောက် သူဟာ ပြောလိုက်သည်။

"မာစတာ လင်း , ဘာတွေဖြစ်နေပြီ လဲ သိပြီးပြီလား"

"ဘာဖြစ်လို့လဲ"

လင်းဖန်ဟာ မေးလိုက်သည်။ယင်းနောက် သူကပဲ ဆက်ပြောလိုကိပါတယ်။

"ကျွန်တော်ခနနေ စာသင်ခန်းကို လာတော့မှာ အဲ့ကျမှ ပြောကြမယ်လေ"

"မဟုတ်ဘူး..မာစတာ လင်း"

ကျောင်းဖေးဟာ ပြောရခက်နေခဲ့ပါတယ်။သူ ဒီသတင်းကို လင်းဖန်ဆီ ဘယ်လို စပြောရမယ်ဆိုတာတောင် မသိတော့ပါဘူး။

"ခင်ဗျား ပြောချင်တာကိုသာ ရဲရဲ ပြောပါ။ဘာလို့ တွန့် ဆုတ်နေတာလဲ"

လင်းဖန် မေးလိုက်သည်။

ကျောငိးဖေးဟာ နောကိဆုံးတော့ ကြိုစား ပြောလိုက်ပါတယ်။

"ကိုယ်ခံပညာ အဖွဲ့အစည်းက လူတွေက ကလေးတွေရဲ့ အချက်အလက်တွေကို ကြည့်ကြတယ်။ပြီးတော့ ခင်ဗျားရဲ့ ကလေးတွေကို ပြိုင်ပွဲဝင်ဖို့ ခွင့်မပြုဘူး"

လင်းဖန်ဟာ အံ့သြသွားပြီး အချိန်ခနလောက် ကြောင်အသွားခဲ့ပါတယ်။ယင်းနောက် သူဟာ ဒေါသ ထွက်စွာပြောလိုက်သည်။

"အိုး..ကျုပ်အခုပဲ လာခဲ့မယ်"

"ကျုပ်ခင်ဗျားကို ဝင်ပေါက်မှာ စောင့်....."

ကျောင်းဖေး ပြောလို့တောငိ မဆုံးသေးတဲ့ အချိန်မှာ လင်းဖန်ဟာ ဖုန်းကို ချသွားခဲ့ပါပြီ။

ဆိုင်ထဲတွင်။

လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန် အနည်းငယ် အံ့သြပြီး ဝမ်းနည်းနေတဲ့ ပုံဖြစ်နေတာ သတိထားမိလိုက်ပါတယ်။

လူလိမ် ထျန်ဟာမေးလိုက်သည်။

"ဘာမှားလို့လဲ"

လင်းဖန် လက်ကို ဝေ့ယမ်းပြပြီး ကားဆီကို သာ အလျန်အမြန်သွားလိုက်ပါတယ်။

လမ်းတစ်လျောက်လုံးတွင် လင်းဖန်ဟာ ဒေါသထွက်နေခဲ့သည်။ဒါက သူ့အတွက် လက်ခံနိုင်ဖို့ အတော်ခက်ခဲပါတယ်

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်း။

ဝမ်ယန်ဂျီဟာ သု့ရာထူးမှာ သူ ပြန်အဆင်ပြေနေခဲ့ပါပြီ။

အစည်းအဝေး ခန်းမတွင်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြောလိုက်သည်။

"သရုပ်ပြဖျော်ဖြေပွဲအတွက် အချက်အလက်တွေကို အထက်ကို တင်ပြပြီးလို့ အထက်က ခွင့်ပြုလိုက်ပြီ။ကျေးဇူးပြုပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို သိထားကြပါ။ဘာပြသနာ မှ မဖြစ်ပါစေနဲ့"

ဝမ်ယန်ဂျီဟာ ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ၊ ကျွန်တော် ဘာမှ အမှားအယွင်း မရှိအောင် အကောင်းဆုံးကြိုးစားမှာပါ"

ဒါချန်းချွန် ရဲ့ သဘာပတိ ဟာ ဝင်ပြောလိုက်သည်။

"စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ပြပွဲကနေ ဖယ်ရှားတယ် ဆိုတာ ကောင်းတဲ့ အရာဖြစ်နိုင်ပါ့မလား"

သူဟာ လင်းဖန်ကို အနည်းငယ် ကြည့်လို့မရပေမယ့်လည်း သူ့ရဲ့ဦးဆောင်မူအောက်မှာ ကလေးတွေဟာ အသေအကြေ ကြိုးစားနေကြတာပါ။

အခု သူတို့ ဘာ အကြောင်းပြချက် ကြီးကြီးမားမားမှ မရှိဘဲ ပြပွဲကနေ ထုတ်ပယ်ခံလိုက်ကြရပါတယ်။သူတို့သာ ဒီကိစ္စကို သိရင် ကျိန်းသေ အသဲကွဲ ကြရမှာပါ။

သဘာပတိ ဝမ်ဒီရှန်းဟာလည်း ဘာမှမပြောပဲ ခေါင်းကို သာခါယမ်းလိုက်ပါတယ်။ဒီကိစ္စကတော့ တကယ်ကို စည်းကျော်သွားတာပါ။

"ဘာကို ဆိုးရွားရမှာလဲ"

ဝမ်ယန်ဂျီဟာ မေးလိုက်သည်။

"ပြပွဲအတွက် ပရိတ်သတ်တွေမှာ အပြောင်းအလဲရှိပြီး၊ ရှန်ဟိုင်းရဲ့ ခေါင်းဆောင်တွေကလည်း အရေးကြီး ဧည့်သည် တွေနဲ့ အတူတူ ကြည့်ရမှာလေ။ဒီ မသန်စွမ်း ကလေးတွေကို တကယ်ဖျော်ဖြေခိုင်းသင့်တယ်လို့ ခင်ဗျား ထင်နေတာလား။တကယ်လို့ ပြပွဲလုပ်နေတုန်း တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူနိုင်မှာလဲ။ ခင်ဗျားလား...."

ဒင်းဒီ ဟာ ခေါင်းကို ခါယမ်းပြီး ပြောလိုက်ပါတယ်။

"ကိစ္စက ဒီလိုဆိုရင်တောင် ဒါက ပြသနာကြီးလို့ မခေါ်နိုင်ဘူးလေ။မင်း လင်းဖန် ရဲ့ ဒေါသကို သိသင့်တယ်။တကယ်လို့ သူသာ ဒီကိစ္စကို သိသွားရင် သူဘာလုပ်မလဲ ငါစောင့်ကြည့်နေဦးမယ်"

လင်းဖန်ရဲ့ နာမည်ကို ကြားလိုကိတဲ့ အချိန်မှာ ဝမ်ယန်ဂျီဟာ ပိုပြီးတောင် ဒေါသထွက်လာခဲ့ပါတယ်။

"သူ့ဒေါသ ဆိုတာ ခင်ဗျား ဘာကို ပြောတာလဲ။ဒါဆို သူလုပ်ချင်တာ အကုန်ပေးလုပ်ပြီး လွှတ်ထားရမှာလား။သူ ဒီအပြောင်းအလဲကို မကျေနပ်ဘူး ဆိုရင်တောင် လက်ခံရမှာပဲ"

ဝမ်ယန်ဂျီဟာ ဒီလိုပြောနေပေမယ့်လည်း ဒီလို အခြေအနေပြောင်းလဲ သွားအောင် နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့တဲ့ လူကသူပါ။ဘာပဲ ဖြစ်ဖြစ် လင်းဖန်က သူ့ကို လာရှုပ်ခဲ့ပါတယ်။

ပြပွဲအတွက် စာရင်းအချက်အလက်တွေ ကို သူပြင်ဆင်ရတာပါ။ထပ်ပြောရရင် သူကိုယ်တိုင် ဒုတိယဥက္ကဌ ဂေါင်ကို ပြသနာဖြစ်နိုင်ခြေများစွာပြောပြီး ၊ ပြပွဲ ဘယ်လောက်အ​ရေးကြီးကြောင်း ချဲ့ကားပြောခဲ့ခြင်းဖြစ်သည်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကိုကြောက်ရွံ့သွားပြီးတော့ မရင်းနှီးရဲ့တော့ပေ။အဆုံးမှာတော့ သူစွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ဖယ်ထုတ်ဖို့ သဘောတူခဲ့ပါတယ်။

အခုတော့ သူအချက်အလက်ကို အထက်ကို တင်ပြပြီးပြီ ဖြစ်ပြီး ခွင့်ပြုချက်လည်း ရပြီးထားပါပြီ။လင်းဖန် ဒီကိစ္စကို ဝမ်းနည်းရင်တောင် ဘာမှ ပြန်ပြင်လို့ ရတော့မှာ မဟုတ်ပါဘူ။

"ကောင်းပြီ ငါနောက်မှ သူ့ကို ဒီအကြောင်းပြောလိုက်မယ်။အဖွဲ့အစည်းထဲမှာ နောက်လာမယ့် အစီစဥ်တွေ အကြောင်းကို ပြောရအောင်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြောလိုက်သည်။

.......

ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ရှေ့မှာ ကားလေးတစ်စီးဟာ ရပ်တန့်သွားခဲ့ပါတယ်။

​ေကျာင်းဖေးဟာ ရှေ့ကို တက်သွားခဲ့သည်။

"မာစတာ လင်း စိတ်အေးအေးထား၊ ခင်ဗျား တည်ငြိမ်နေမှ ရမယ်"

ကျောင်းဖေးဟာ လင်းဖန်နောက်ထပ် ပြသနာရှာမှာကို ကျောက်ရွံ့နေခဲ့တာပါ။

လင်းဖန် စိတ်ဆိုးစွာပြောလိုကိသည်။

"အကြီးအကဲ ကျောင်း ၊ ပြောပါဦး။ဘာတွေဖြစ်နေတာလဲ။သူတို့က ဘာလို့ ဖျော်ဖြေလို့ မရတာလဲ"

ကျောင်းဖေးဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်ပါတယ်။

"အခုလို အပြောင်းအလဲဖြစ်တဲ့ အကြောင်းအရင်းက ရှန်ဟိုင်းရဲ့ ခေါင်းဆောငိတွေပါ အရေးကြီး ဧည့်သည်တွေနဲ့ အတူတူပြပွဲကို ကြည့်ကြမှာ။ဒုတိယ ဥက္ကဌ ဂေါင်က တစ်ခုခု ချွတ်ယွင်းမှာကို ကြောက်တယ်လေ ဒီတော့..."

လင်းဖန်ဟာ ခါးသက်စွာရယ်ပြီး ပြောလိုက်သည်။

"ဘယ်လို ဟာသလဲ။ဘာပြသနာ ဖြစ်မှာ မို့လို့လဲ။ဒီကလေးတွေက ပြသနာဖြစ်မယ် လို့ သူတို့ ဘာလို့ ထင်နေတာလဲ။ပြသနာရှာချင်နေတာက သူတို့ ကိုယ်တိုင်ပဲ"

ကျောင်းဖေးလည်း လင်းဖန်ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပါဘူး။

"ငါလည်း မသိဘူး ဒါပေမယ့် စာရင်းအချက်အလက်တွေက အတည်ပြုပြီး သွားပြီ။ဒေါသထွက်လို့ လည်းဘာမှ မထူးတော့ဘူး။အဖွဲ့အစည်းက မင်းကို အသိမပေးတာက မင်းဝမ်းနည်းမှာကို စိုးရိမ်လို့ပဲ"

"ဟားးးးဟားးး"

လင်ဖန် ခါးသက်စွာ ရယ်မောလိုက်သည်။

"သူတို့ ကျုပ်လုပ်ခဲ့တာတွေကို မကြေနပ်ကြလို့ အခုလို ပြန်ပြီး လက်စားချေကြတာပေါ့.ဟုတ်လား"

ကျောင်းဖေးဟာ စိတ်ပူစွာပြောလိုက်သည်။

"မဟုတ်ဘူး ..အဲလိုမဟုတ်ပါဘူး။အတွေးမလွန်ပါနဲ့ မာစတာ လင်း။အဲလို မဟုတ်ဘူးလေ.."

လင်းဖန် ဘာမှ ထပ်မပြောတော့ပဲ အဆောက်အအုံတွေဆီကို လျောက်သွားလိုက်ပါတယ်။

ကျောင်းဖေးဟာတော့ နောက်ကနေလိုက်သွားပြီး လင်းဖန် တည်ငြိမ်အောင် နားချနေခဲ့ပါသည်။

ဒါပေမယ့် လင်းဖန် ဒါတွေကို နားထောင်မနေနိုင်တော့ပါဘူး။

ဒီကောင်တွေက လူတွေကို အနိုင်ကျင့်ချင်တဲ့

မအိမ်လုံး တစ်သိုက်ပဲ....

စာသင်ခန်းထဲတွင်။

လင်းဖန်ဟာ အပြုံးတုတစ်ခုကို တတ်ဆင်လိုက်ပြီး အခန်းထဲကို ဝင်လိုက်ပါတယ်။

"နည်းပြ လင်း"

ကျန်းတောင် နဲ့ တစ်ခြားလူတွေဟာ ချွေးတွေနဲ့ ရွှဲနစ်နေကြပါတယ်။

လင်းဖန်ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်တယ် ဆက်ပြီး ကြိုးစားထားကြ။နောက် နှစ်ရက်ပဲ လိုတော့တာလေ။ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်စေကြနဲ့နော်"

သူတို့ဟာ ပြန်ဖြေလိုက်ကြသည်။

"နည်းပြလင်း စိတ်မပူပါနဲ့ ကျွနိတော်တို့ သိပါတယ်"

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ ဆက်ကြိုးစားကြ ငါပြီးမှ ပြန်လာခဲ့မယ်"

ယင်းနောက် သူအခန်ထဲမှ ပြန်ထွက်လာခဲ့သည်။

လင်းဖန် အခန်းထဲမှ ကလေးတွေကို ညွှန်ပြပြီး စိတ်ဆိုးစွာ ပြောလိုက်ပါတယ်။

"ဂေါင်ချန်း နဲ့ ဘုတ်အဖွဲ့ဝင်တွေက စောက်ရူးတွေလား။သူတို့မှာ မျက်လုံးမပါကြဘူးလား။ဒီကလေးတွေက မနက် ၆ နာရီ ထပြီး ၇ နာရီဆိုရင် လေ့ကျင်ကြပြီး ညဘက် ဆိုရင် လည်း ၇/၈ နာရီလောက်မှ နားကြတာ။ဒါကို သူတို့က ဒီကလေးကို မပါဝင်သင့်ဘူးလို့ ဘယ်နေရာကို ကြည့်ပြီး တွေးလိုက်တာလဲ။ဝမ်ယန်ဂျီနဲ့ သူ့သင်တန်းသားတွေကို ကြတော့ ဘာလို့ မပြောတာလဲ။သူတို့က မနက် ၉/၁၀ နာရီလောက် စပြီး ညနေ ၄/၅ နာရီဆိုရင် ပြန်ပြီ။သူတို့ကြတော့ ပြသနာ မရှိဘူးလား"

ကျောင်းဖေးလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ်မကျေနပ်ပါဘူး။သို့ပေမယ့် ဒါက သူဘာမှ မတတ်နိုင်တဲ့ အရာပါ။

"မာစတာ လင်း ငါဒါတွေကိုသိပါတယ်.ဒါပေမယ့်...."

လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

"ကောင်းပြီ ထပ်မပြောပဲနေရအောင်။ဒီကောင်တွေ ဘယ်လို သောက်ရေးမပါတာတွေပြောမလဲ ဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။ကျုပ်အခုပဲ သွားရှင်းတော့မယ်"

ကျောင်းဖေဟာ လင်းဖန်ရဲ့ နောက်ကျောကိုသာ ကြည့်နေခဲ့ပါတယ်။ကိစ္စအကြီးကြီးတစ်ခု ထပ်ဖြစ်တော့မယ် ဆိုတာတော့ သူသိလိုက်ပါပြီ။

ဒုတိယ ဥက္ကဌ ဂေါင်က သူလုပ်တာကို ဘာလို့ အဆုံးထိ မတွေးထားတာလဲ......

All Chapters