ဗရမ်းဗတာ ဖြစ်ကုန်ပြီ
Vol. 9 Ch. 131
လင်းဖန် ကတယ် စိတ်တိုနေခဲ့တာပါ။ဒီလူတွေက သူ့ကိုတောင် လာပြီး အမြတ်ထုတ်ရဲပါသေးတယ်။
သူတို့ကန်းနေတာလား....
သူတို့ ကလေးတွေ ကြိုးစားနေတာ မမြင်ကြဘူးလား..
သို့ပေမယ့် ဒါကပုံမှန်ပါပဲ။ဒီနေ့လို ခေတ်မျိုးမှာ မင်းသာ အဆက်အသွယ် မရှိရင် အောင်မြင်မှာမဟုတ်ပါဘူး။
မင်းမှာသာ အဆက်အသွယ် ဒါမှမဟုတ် ကျောထောက်နောက်ခံ တစ်ယောက်ယောက် မရှိရင် မင်းဘယ်လောက်ပဲ ကြိုးစားပြီး အရည်အချင်းတွေ ရှိနေပါစေ ခရီးအဝေးကြီး ရောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။
လူအများစုက သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ထားကြပြီး ကပ်ဖားယပ်ဖား လုပ်ကြတာ များပါတယ်။
တစ်ကယ်လို့ ဒီနေရာမှာ တစ်ခြားလူဆိုရင်တောင် သူဂရုစိုက်ဦးမှာ မဟုတ်ပါဘူး။ဒါပေမဲ့ ဒီတစ်ကြိမ် အမြတ်ထုတ်ခံလိုက်ရတဲ့ လူက သူဖြစ်နေခဲ့ပါတယ်။
ငါက အနိုင်ကျင့်လို့ လွယ်တဲ့ ပုံစံ ပေါက်နေလို့လား.....
အဖွဲ့အစည်းက မန်ဘာဝင်တွေဟာ လင်းဖန် ဒေါသတစ်ကြီး ဖြတ်သွားတာကို ဝိုင်းကြည့်နေကြပါတယ်။
"မာစတာ လင်းက ဒီနေ့ ဘာဖြစ်နေတာလဲ။သူ့ကြည့်ရတာ အတော် ဒေါသထွက်နေသလိုပဲ"
"မင်းမသိဘူးလား၊ သရုပ်ပြပွဲမှာ စွမ်းအားရှစ်မျိုးလက်သီးသိုင်းကို ဖယ်ထုတ်လိုက်ကြတယ်လေ"
"မဖြစ်နိုင်တာ ဒီကလေးတွေက နဂိုကတည်းက သနားဖို့ကောင်းနေတာကို။ပြီးခဲ့တဲ့အခေါက်ကဆို ငါမျက်ရည်တောင် ကျတယ်"
"မျက်ရည် ကျတော့ရော ဘာဖြစ်လဲ။မာစတာ လင်းက သဘာပတိ ဝမ်နဲ့ တစ်ခြားလူတွေကို ရှုပ်ထားတာလေ။သူတို့က လွယ်လွယ်လွတ်ပေးမယ်လို့ ထင်နေတာလား"
"အခု မာစတာ လင်းက လာရှာနေပြီဆိုတော့ ပြသနာ အကြီးကြီး တစ်ခုတော့ဖြစ်တော့မယ်"
"သွားကြမယ်၊ ငါတို့ စစ်ဆေးကြည့်ရအောင်"
..........
သူတို့ဟာ အဖွဲ့အစည်း အဆောက်အဦးထဲကို လိုက်ဝင်လိုက်ကြပါတယ်။
ခန်းမထဲက အဖွဲ့အစည်း မန်ဘာဝင်များဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ တစ်ချို့က ခေါင်းငုံ့၊ တစ်ချို့က ငေးကြည့်ပြီး ၊ တစ်ချို့က နောက်ကနေ တိုးတိုး တိုးးတိုး စကားပြောနေကြပါတယ်။
လင်းဖန် ခြေလှမ်းတွေကို ရပ်ပြီး မေးလိုက်သည်။
"ဂေါင်ချန်း၊ ဝမ်ယန်ဂျီ နဲ့ ကျန်တဲ့ လူတွေ ဘယ်မှာလဲ"
သူတို့မာစတာ လင်း ရဲ့ စကားကို ကြားပြီး ဆွံ့အသွားခဲ့ကြပါတယ်။မာစတာ လင်းက ရင်ထဲမှာ ရှိနေတဲ့ ဒေါသကို ထုတ်ဖော်တဲ့ နေရာမှာ တော့ တကယ်ကို ဆရာတစ်ဆူပါပဲ။
လင်းဖန် နောက်တစ်ကြိမ်ထပ်မေးလိုက်ပါသည်။ဒီတစ်ခါမှာ သူ့အသံက ပိုပြီး မသာမယာ ဖြစ်လာခဲ့ပါတယ်။
မိန်းကလေး တစ်ယောက်ဟာ ပြန်ဖြေလိုက်သည်။
"အစည်းအဝေး ခန်းထဲမှာ"
ဒီမိန်းကလေးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သိထားပါတယ်။သူမကိုယ်တိုင်လည်း အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျပါဘူး။
သို့ပေမယ့် သူမမှာ မြင့်မားတဲ့ ရာထူးမရှိတော့ သွားပြောရင်လည်း အပိုပါပဲ။အခု မာစတာ လင်းရောက်လာပြီ ဆိုတော့ သူမ သတင်းပေးပြီး ကူညီလိုက်ပါတယ်။
"ကျေးဇူးပဲ"
လင်းဖန် ခေါင်းညိမ်ပြလိုက်ပါတယ်။
လင်းဖန်ဟာ ဘာမှ ထပ်မပြောတော့ပဲ အပေါ်ထပ်ကို တက်သွားလိုက်ပါတယ်။သို့ပေမယ့် ပြသနာ အကြီးကြီး ဖြစ်တော့ မယ်ဆိုတာ လူတိုင်း သိနေတဲ့ အရာတစ်ခုပါ။
"ငါတို့ ဘာလုပ်ကြမလဲ ပြသနာ အကြီးကြီးဖြစ်တော့မယ် တင်တယ်"
"မာစတာ လင်းက အဖွဲ့အစည်းထဲရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့ဒေါသကို တော့လူတိုငိးသိနေကြပြီ။သူက ပုံမှန်ဆို ယဥ်ကျေးတဲ့ လူတစ်ယောက်ပဲ၊ ဒါပေမယ့် အခုသူ အမြတ်ထုတ်ခံရတော့ လွယ်လွယ်နဲ့ လွတ်ပေးမယ့်ပုံမပေါ်ဘူး"
"ငါတို့ ရဲခေါ်သင့်လား"
"ဘာအတွက်လဲ မင်းက အခြေအနေတွေကို ပိုကျယ်ပြန့်စေချင်တာလား"
"မာစတာ လင်းက တကယ်ကြင်နာတတ်တဲ့လူပဲ။သူက အဖွဲ့အစည်းထဲရောက်တာ မကြာသေးပေမယ့် သူ့တပည့်တွေကို အရေးကြီး ပုဂ္ဂိုလိတွေလို ဆက်ဆံတယ်။ပြပွဲမှာ ပါဝင်တာက ဘယ်လောက်တောင် အရေးပါလဲ မင်းသိလား"
"ဒါပေါ့ လူတိုင်းက ပါဝင်ချင်ကြတာကြီးပဲ"
သူတို့ တီးတိုးပြောနေတဲ့ အချိန်မှာပဲ ကျယ်လောင်တဲ့ အသံတစ်ခုကို အပေါ်ဘက်ကနေ ကြားလိုက်ကြရပါတယ်။
ဒီအသံက တံခါးကို ကန်ဖွင့်လိုက်တဲ့ အသံပါ။
သူတို့ဟာ တစ်ယောက်မျက်နှာ တစိယောက်ကြည့်လိုက်မိတယ်။တစ်စုံတစ်ခု ကြီးမားတာတော့ ဖြစ်တော့မှာဖြစ်ပြီး ရှောင်လွှဲလို့ မရလောက်ပေ။
အစည်းအဝေး ခန်းမထဲတွင်။
လင်းဖန် တံခါးကို ကန်ဖွင့်လိုက်ပြီး ဝင်သွားလိုက်ပါတယ်။
ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ကျန်တဲ့ လူတွေဟာ သူ့ကိုမြင်ပြီး ကြောက်လန့်သွားခဲ့သည်။
ဝမ်ယန်ဂျီဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ်။
"မင်းဘာလုပ်ချင်နေတာလဲ။ဒီမှာ စည်းမျဥ်းတွေ မရှိဘူးလို့ မင်းထင်နေတာလား"
သူဟာ လင်းဖန် ဝင်လာကတည်းက မကျေမနပ်ဖြစ်သွားခဲ့ပါတယ်။အထူးသဖြင့် ဒီကောင်ရဲ့ အမူအကျင့်တွေက အတွေးဆိုးရွားတာပါ။
ဘာတွေ ဖြစ်ကုန်တာလဲ...
တံခါးမခေါက်ပဲ ကန်ဖွင့်တာက စည်းမျဥ်းတွေကို လုံးဝ ဂရုမစိုက်တဲ့ သဘောပါပဲ။
လင်းဖန်ဟာ အခန်းထဲ ဝင်လိုက်တာနဲ့ အော်ဟစ်လိုက်သည်။
"မင်းတို့ ယီးတွေ လုပ်နေတာလား။တကယ်လို့ ပြသနာ ရှိရင် ငါနဲ့ရှင်းလေ။ကလေးတွေကို ကန်ထုတ်ရအောင် မင်းတို့ လူတွေဟုတ်သေးရဲ့လား"
ဝမ်ယန်ဂျီဟာ လင်းဖန်ကို လက်ညိုးထိုးပြီး ပြောလိုက်ပါတယ်။
"မင်းလေသံကို သတိထား၊ မင်းဘယ်သူ့ကိုပြောနေတယ် ထင်လို့လဲ"
"လက်ပြန်ချလိုက်"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ မတ်တတ်ရပ်ပြီး ဝမ်ယန်ဂျီကို ပြောလိုက်ပါတယ်။ယင်းနောက်တွင် သူဟာ ဆက်ပြောလိုက်သည်။
"မာစတာ လင်း အခြေအနေတွေက ရှုပ်ထွေးနေတာလေ။ဒါက မင်းထင်သလို မဟုတ်ပါဘူး။ကျေးဇူးပြုပြီး ထိုင်ပါဦး ၊ ငါရှင်းပြပါရစေ"
ဘက်စုံကိုယ်ခံပညာ(MMA) သဘာပတိ ဝူရွှန်းကလည်း ကြားဝင်ဖြန်ဖြေပေးဖို့လုပ်လိုက်ပါတယ်။
"မာစတာ လင်း ဒါကအဖွဲ့အစည်းလေ ဒီလိုမျိုး မပြုမူသင့်ဘူး။ဒုတိယ ဥက္ကဌ ဂေါင်ပြောတာကို နားထောင်ပြီး ထိုင်လိုက်ပါ။ပြီးမှ စကားပြောကြလေ"
လင်းဖန် သူတို့ကို ဘာ လေးစားမူမှ ပေးဖို့ စိတ်ကူးမရှိပါဘူး။
"ကျုပ်ကို ဖြတ်မပြောနဲ့။ဒီကို ဂေါင်ချန်းနဲ့ ဝမ်ယန်ဂျီ အတွက်လာတာ။ခင်ဗျားတို့နှစ်ယောက် ဒီနေ့ အဲ့ကိစ္စကို ရှင်းအောင်လုပ်ရင်လုပ် မလုပ်ရင် ကျုပ်ကို အဆိုးမဆိုနဲ့"
ဝူရွှန်းဟာ ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ပြန်ထိုင်လိုက်ပါတယ်။သူဒီကောင်လေးနဲ့ ပြိုင်မပြောနိုင်ပါဘူး။သူပြန်ထိုင်ပြီး အခြေအနေတွေကို စောင့်ကြည့်ဖို့သာ တတ်နိုင်တော့သည်။
အဖွဲ့အစည်း မန်ဘာဝင်တွေ အများကြီးဟာတော့ ကော်ရစ်ဒါ မှာ စုဝေးနေကြပါပြီ။သူတို့ အနီးထိတော့ မကပ်ရဲကြပါဘူး။သို့ပေမယ့် အသံတွေဟာ အရမ်းကျယ်တော့ သူတို့ အကုန်ကြားနေရပါတယ်။
သူတို့ မာစတာ လင်းရဲ့ စကားတွေကို ကြားတဲ့ အချိန်မှာ မကုန်ဆွံ့အသွားကြသည်။ဒါက အတော်ဒေါသ ထွက်နေတဲ့ လေသံပါ။ပြီးတော့ နာမည်ကို တောင်တိုက်ရိုက်ခေါ်လိုက်ပါသေးတယ်။
ဂေါင်ချန်း
ဝမ်ယန်ဂျီ
တစ်ခုခု ဆိုးဆိုးရွားရွားတော့ ဖြစ်တော့မှာပါ။ကော်ရစ်ဒါမှာလူတွေအများကြီးရှိကြပေမယ့် တစ်ယောက်မှ အသံမထွက်ရဲကြပဲ ငြိမ်သက်စွာနားထောင်နေကြပါတယ်။
လင်းဖန်ရဲ့ အမူအရာတွေက ဒုတိယဥက္ကဌ ဂေါင်ကို အပျော်မရွှင် ဖြစ်စေတာတော့ အမှန်ပါပဲ။ဝမ်ယန်ဂျီကတော့ ပိုတောင် ဒေါသထွက်နေခဲ့ပါသည်။
"လင်းဖန် မင်းမှာ မကန့်အသတ်မရှိဘူးလား။ဒါက အဖွဲ့အစည်းလေ။ပြီးတော့ ဒုတိယဥက္ကဌ လည်း ရှိနေတယ်။မင်း ဒီလေသံနဲ့ ဘယ်လိုပြောရဲတာလဲ။အထက်က မင်းကို ဖိတိခေါ်ခိုင်းထားတာနဲ့ မင်းလုပ်ချင်တာ လုပ်လို့ ရပြီထင်နေတာလား"
,
ဒုတိယ ဥက္ကဌ ဂေါင်ဟာ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ပြီး ပြောလိုက်ပါတယ်။
"အခုလို့ စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ဖယ်ထုတ်တာက တကယ်ငါတို့ ဆုံးဖြတ်လိုက်တာပါ။ဒါကလည်း အခြေအနေ အပြောင်းအလဲ
တွေရှိလို့လေ။ရှန်ဟိုင်းရဲ့ အကြီးအကဲပိုင်းတွေက အရေးကြီးဧည့်သည်တွေနဲ့ အတူတူကြည့်ကြရမှာ။အခုချိန်က အဖွဲ့အစည်းရဲ့ ပုံရိပ်ကောင်းကို ဖော်ထုတ်ရမယ့် အချိန်ပဲ။ဒါက အဖွဲ့အစည်း တစ်ခုလုံးကို စိတ်ပူပန်စေတယိ။စွမ်းအားရှစ်မျိုးလက်သီးသိုင်းကို ထုတ်ပယ်လိုက်တာတောင် ဘာမှ သိပ်အကူညီ မဖြစ်ဘူး"
လင်းဖန် အေးစက်စွာရယ်လိုက်သည်။
"ဘာကို ပုံရိပ်ကောင်း ပြသမှာလဲ။ဒါက အကူညီမဖြစ်နိုင်ဘူး ဆိုတာက ရော ဘာကို ဆိုလိုတာလဲ။ဝမ်ယန်ဂျီရဲ့ စောက်ရှက်မရှိတဲ့ မျက်နှာတောင် ပါဝင်နေတာကို ကလေးတွေရဲ့ ဖျော်ဖြေမူက ဘာဖြစ်မှာမို့လို့လဲ"
ဒုတိယ ဥက္ကဌ ဂေါင်ဟာပြောလိုက်သည်။
"မာစတာ လင်း, မင်းငါတို့ တွေ့နေတဲ့ ပြသနာကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ဒီကလေးတွေက အပြည့်အဝ မစွမ်းဆောင်နိုင်ပဲ၊ အခုပြပွဲကလည်း အရမ်းအရေးကြီးနေတယ်လေ။တကယ်လို့ တစ်ခုခုဖြစ်သွားရင် ငါတို့ ဒါကို တာဝန်မယူနိင်ဘူး"
လင်းဖန် နှာခေါင်းရှုတ်လိုက်သည်။
"ခင်ဗျား ကန်းနေတာလား။ဘာကို အရမ်းအရေးကြီးတဲ့ ပြပွဲလဲ။တစ်ခုခုဖြစ်သွားရင်လား။ဒီကလေးတွေ ပြပွဲအတွက် ဘယ်လောက်တောင် ကြိုးစားလေ့ကျင့်နေကြလဲ ခင်ဗျားသိရဲ့လား။အခုခင်ဗျားရဲ့ ကြုံရာကျပမ်း စိုးရိမ်မူကြောင့် သူတို့ ကြိုးစားသမျှတွေက အချည်းနည်းဖြစ်သွားတော့မယ် ခင်ဗျားလူမှ ဟုတ်ရဲ့လား"
တစ်ချို့ နားထောင်နေတဲ့ အဖွဲ့ဝင်တွေဟာ လှည့်ထွက်သွားခဲ့ကြပါတယ်။ဒါက အမှနိတွေ ဆိုတာ သူတို့ သိထားကြပြီးသားပါ။ဒီကလေးတွေက အရမ်းကြိုးစားချင်စိတ် ရှိကြပါတယ်။
"လင်းဖန် မင်းမကျေနပ်တာကို ငါတို့ နားလည်တယ်။တကယ်လို့ တစ်ခုခုဖြစ်သွားရင်ရော မင်းတာဝန်ယူနိုင်လို့လား။ဒုတိယ ဥက္ကဌ က အကုန်လုံးအတွက် စဥ်းစားပေးနေတာ။လူတိုင်းအတွက်။သိပ်လည်း မမောက်မာနဲ့"
ဝမ်ယန်ဂျီဟာ ပြောလိုက်သည်။
လင်းဖန် စားပွဲကို ပိတ်ကန်ပြီး ပြောလိုက်ပါတယ်။
"ဘာကို ဒုတိယ ဥက္ကဌ လဲ ။ဒါလေးတောင် တာဝန်မယူနိုင်ရင် တာဝန်ယူနိင်တဲ့ လူကို ထိုင်ခုံပေးလိုက်လေ။ကိုယ့်ကိုကို အားလုံးအတွက်တွေးနေတယ်လို့ မပြောနဲ့။ရိုးသားလိုက်စမ်းပါ ငါမင်းတို့ကို လုပ်ထားတာတွေ မကျေနပ်လို့ လက်စား ပြန်ချေတာမလား။ဒါက မင်းတို့ရဲ့ တုန့်ပြန်မူလား။မင်းတို့သာ ယောက်ျားတွေဆိုရင် ဆက်ပြီး ဟန်ဆောင် မနေနဲ့ ပေါ်တင်ပြောလိုက်"
"ထွက်သွား...ဒါက အဖွဲ့အစည်းပဲ။မင်း ထင်ရာစိုင်းလို့ ရတဲ့နေရာမဟုတ်ဘူး။ငါက ဒုတိယ ဥက္ကဌ ပဲ ဘယ်သူ ပါမယ် မပါဘူး ဆိုတာ ငါဆုံးဖြတ်မယ်ကွာ။ငါ့မှာ အာဏာရှိတယ်။အခုအကုန်လုံးကို သတ်မှတ်ပြီးသွားပြီ။မင်းမကျေနပ်လည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူး။အခု ငါ့ရှေ့ကနေထွက်သွားလိုက်။ငါ အထက်ကလူတွေကို ဖုန်းဆက်ပြီး မင်းလိုကောင်ကို အဖွဲ့အစည်းထဲမှာ မထားနိုင်ဘူးဆိုတာ ပြောရမယ်"
ဒုတိယဥက္ကဌ ဂေါင်ရဲ့ သည်းခံနိုင်စိတ်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ရှန်ဟိုင်း ကိုယ်ခံပညာရှင် အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ အနေနဲ့ သူ့ကို ဒီလို မျိုး မဆက်ဆံရဲကြတာ မဟုတ်ပါဘူး။
လင်းဖန် သူတို့နှစ်ယောက်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"မအေလုံး နှစ်ကောင်"
ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီဟာ ဒေါသထွက်သွားခဲ့ပါတယ်။
"မင်းငါတို့ကို ဆဲရဲတယ်လား"
"အဲတော့ ..** ဖြစ်လား ၊ ငါအခု မင်းတို့ကို သေအောင် ရိုက်နှက်တော့မလို့....."
အချိန်မှာပဲ အစည်းအဝေးခန်းမဟာ ဗရမ်းဗတာတွေ ဖြစ်လာပါတော့တယ်။