← Chapters

အပြည့်အဝ ဆွံ့အသွားကြပြီ

Vol. 9 Ch. 132

အပြည့်အဝ ဆွံ့အသွားကြပြီ

Vol. 9 Ch. 132

ဂေါင်းချန်းနဲ့ ဝမ်ယန်ဂျီတို့ဟာ လင်းဖန်သူတို့ကို ကိုယ်ထိလက်ရောက် လုပ်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။သို့ပေမယ့် အခုချိန်မှာတော့ သူတို့မှာ ရွေးချယ်စရာ မရှိဘဲ ယုံကြည်ကြရပါတော့မယ်။

လင်းဖန် ခုန်ပြီး လှမ်းကန်လိုက်ပါတယ်။သူ့ရဲ့ ကန်ချက်ဟာ ဂေါင်ချန်းရဲ့ ရင်ဘတ်ပေါ်ကို ကျရောက်သွားခဲ့သည်။

ဂေါင်ချန်ရဲ့ ခန္တာကိုယ်ဟာ နံရံနဲ့ ဝင်တိုက်မိသွားပြီး နာကျင်မူကြောင့် ညဥ်းညူနေခဲ့ပါတယ်။

ဝမ်ယန်ဂျီဟာ တော့ လင်းဖန် သူ့အနားကို မရောက်လာခင်မှာပဲ လင်းဖန်ဆီကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။တကယ်လို့ ဒီနေရာမှာသာ တစ်ခြားလူတစ်ယောက်ယောက်ဆိုရင် သူ့လက်သီးက ကျိန်းသေ ထိုးမိမှာပါ။

ဒါပေမယ့် လင်းဖန်က တစ်ခြားလူမဟုတ်ပါဘူး။သူဟာ ကိုယ်ကိုတိမ်းကာ ဘေးဘက်ကို ရှောင်လိုက်ပြီး ဝမ်ယန်ဂျီရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

သူ့ရဲ့ လက်ဝါးဟာ ဝမ်ယန်ဂျီရဲ့ ပါးပြင်နဲ့ မိတ်ဆက်သွားပြီး နီရဲနေတဲ့ လက်ချောင်းရာကြီးတွေတောင် ကျန်နေခဲ့ပါတယ်။

ဒါကို မြင်လိုက်တဲ့ လူတိုင်းဟာ ဆွံ့အသွားကြပါတယ်။ယင်းနောက် သူတို့ဟာ အသိစိတ်ပြန်ဝင်လာကြသည်။

"မတိုက်ခိုက်ကြနဲ့တော့ ...ရပ်လိုက်တော့..."

"မာစတာ လင်း ရပ်လိုက်ပါတော့၊ ဒီလို တိုက်ခိုက်လို့ မရဘူးလေ"

"စိတ်အေးအေးထားကြပါ....မတိုက်ခိုက်ကြပါနဲ့"

"မင်းတို့ ဘာတွေကြည့်နေကြတာလဲ မြန်မြန်ဆွဲကြလေ"

ဝူရွှန်းဟာ ရှေ့ကိုအမြန်တက်သွားလိုက်ပါတယ်။ယင်းနောက်သူ့ရဲ့ လက်နှစ်ဖက်ဖြင့် လင်းဖန်ရဲ့ခါးကို ဖတ်ကာ နောက်ပြန်ဆွဲပြီး တောင်းပန်လိုက်သည်။

"မာစတာ လင်း,ငါတောင်းပန်ပါတယ်ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့တော့။ဒုတိယ ဥက္ကဌ ဂေါင်မှားတယ် ဆိုရင်တောင် အခုဘာမှ ပြင်လို့မရတော့ဘူးလေ။မင်းဒေါသတွေ ထိန်းထားလို့ရမလား"

"မအလေိုး"

ဝမ်ယန်ဂျီရဲ့ မျက်နှာဟာနီရဲနေခဲ့ပါတယ်။ဒါဟာဒေါသကြောင့်လား အရိုက်ခံထားရလို့လား ဘယ်သူမှ သေချာ မခွဲခြားနိုင်တော့ပါဘူး။

"ငါမင်းကို ဒီနေ့ မသတ်ရရင် ငါ့ဂုဏ်သိက္ခာတွေကို လွင့်ပစ်လိုက်တော့မယ်"

"မင်းမှာ ဘာဂုဏ်သိက္ခာ ကျန်နေသေးလို့လဲ"

လင်းဖန်ဟာ ပြန်အော်ပြောလိုက်ပြီး ဝမ်ယန်ဂျီကို ဘေးဘက်ကို စောင့်ကန်လိုက်ပါတယ်။ဝမ်ယန်ဂျီဟာ ကုလားထိုင်ပေါ်ကို ပြုတ်ကျသွားပြီး နောက်ကို ရွှေ့သွားခဲ့သည်။

"ငါ့ကို လွှတ်စမ်းပါ"

လင်းဖန် အော်ဟစ်လိုက်သည်။

"မာစတာ လင်း ငါတောင်းပန်ပါတယ်၊ မတိုက်ခိုကိပါနဲ့တော့"

ဝူရွှန်း ဟာ လင်းဖန်ပြောသလို မလွှတ်ပေးရဲပါဘူး။သူဟာ ​ဆွံ့အသွားပြီး တစ်ခြားလူတွေကိုပါ အော်ပြောလိုက်ပါတယ်။

"မြန်မြန် သူတို့ကို ဝင်ဆွဲလေ။တစ်ယောက်ယောက်သေတာကို မြင်ချင်နေကြတာလား"

ယွန်ဂေါင် ၊ ဒင်းဒီ နဲ့ ဝမ်ဒီ တို့ဟာ ရှေ့ကို တက်လာပြီး ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီကို အသီးသီးတွဲလိုက်ကြပါတယ်။ဒီအခြေအနေက အတော်ကို ရှုပ်ထွေးနေပါပြီ။

ကော်ရစ်ဒါမှာ ခိုးနားထောင်နေကြတဲ့ လူတွေဟာ ည်း အဖြစ်အပျက်တွေ ဆိုးရွားလာတာကို ကြည့်ပြီး ဆွံ့အနေကြပါတယ်။

ဒီလို ရုတ်တရက်ကြီးထပြီး တိုက်ခိုက်ကြလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။သို့ပေမယ့် သူတို့ဟာ အထဲဝင်ပြီး မတားဆီးရဲကြပေ။သူတို့ ဝင်ဆွဲဖို့ အရည်အချင်းမရှိဘူးဆိုတာ သူတို့ သိကြပါတယ်။

ဝမ်ယန်ဂျီဟာ ယွန်ဂေါင် ဆွဲထားတာကို ခံရပေမယ့်လည်း ဒေါသတကြီး အော်ဟစ်လိုကိသည်။

"လင်းဖန် ဒီကိစ္စ ဒီလောက်နဲ့ ပြီးမယ်လို့ မထင်ထားနဲ့။မင်းတို့ အကုန်လုံးကို ပြပွဲမှာ ပါဝင်ခွင့်ပေးမှာမဟုတ်ဘူး။ငါ, ဝမ်ဂျီ ဒီမှာ ရှိနေသ၍ အိပ်မက်တောင် မမက်နဲ့ကွာ။ဟုတ်တယ် မင်းမှန်တယ် ငါမင်းကို စောင့်မြင်ကတ်လို့ အဲလိုလုပ်တာ။မင်းဘာလုပ်နိုင်လဲ ဟမ်"

ဒုတိယ ဥက္ကဌ ဂေါင်ကိုတော့ ဝမ်ဒီရှန်းက တွဲပေးထားပါတယ်။သူ့ ရင်ဘတ်က အခုထိနာနေတုန်းပါ။သူအခုချိန်အထိ မသက်သာသေးပေ။သူလည်းပဲ ဒေါသထွက်နေပေမယ့် ဒီလိုစောက်ရူးတစ်ကောင်နဲ့ ဖက်ပြီး မကိုက်ချင်တော့ပါဘူး။

"ကောင်းပြီ အမှန်တရားက ထွက်လာပြီ"

လင်းဖန်ဟာ ဝူရွှန်းရဲ့ လက်တွေကို ဖယ်လိုက်ပြီး ဘေးဘက်ကို တွန်းထုတ်လိုက်ပါတယ်။ဝူရွှန်းဟာ ဘက်စုံတိုက်ခိုက်ရေး သဘာပတိ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ခန္တာကိုယ်က ကြံ့ခိုင်သန်စွမ်းပြီးသားပါ။

သို့ပေမယ့် သူတောင်မှ လင်းဖန် တွန်းလိုကိတာကို တောင့်မခံနိုင်ပါဘူး။

"ကောင်းတယ်...ကျုပ်ခင်ဗျားကို လက်စား​ချေခွင့် ပေးလိုက်မယ်။မင်းရဲ့ အရှက်မရှိတဲ့ အမူအကျင့်တွေကို ဖော်ထုတ်ခွင့် ပေးလိုက်မယ်"

လင်းဖန် ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။သူ စားပွဲပေါ်က ပစ္စည်းတွေကို အကုန်သိမ်းကြုံး ယူကာ ဝမ်ယန်ဂျီကို ပစ်ပေါက်လိုက်ပါတယ်။

ဝမ်ယန်ဂျီဟာ လင်းဖန်အတွက်တော့ ပြိုင်ဘက်စ်ယောက် မဟုတ်ပေ။သူဟာ နောက်ကို နောက်တစ်ကြိမ် လန်ကျသွားကာ နာကျင်မူကို ခံစားလိုက်ရပါတယ်။

ယွန်ဂေါင်နဲ့ ကျန်တဲ့ လူတွေဟာ ကြားထဲကို အမြန်လာပြီး တားဆီဖို့ ကြိုးစားပေမယ့် လည်း သူတို့ဟာ လင်းဖန်ကို ထိန်းမနိုင်ကြပေ။

ဝူရွှန်း တံခါးနားရောက်တဲ့ အချိန်မှာတော့ ကော်ရစ်ဒါ နားမှာ လူတွေအုပ်လိုက်ကြီး ရှိနေတာကို တွေ့လိုက်ရပါတယ်။သူ ဒါကိုမြင်ပြီး အဆုတ်ကွဲ မတတ်အော်လိုက်သည်။

"မင်းတို့ ဘာရပ်ကြည့်နေတာလဲ။မြန်မြန် ဝင်လာပြီး ဆွဲကြလေ"

မာစတာ လင်းဟာ အရမ်းသန်မာပြီးတော့ သူတို့နဲ့တင် ဆွဲလို့ ဘယ်လိုမှ မနိုင်ပါဘူး။အခု လူတွေ အများကြီး ဝင်လာကြတဲ့ အချိန်မှာ ဝမ်ယန်ဂျီကို သာ သယ်ထုတ်သွားလိုက်ကြပါတယ်။

တကယ်လို့ သူတို့သာ ဒီမှာ ရှိနေသေးရင် တစ်ခုခုဆိုး ရွားတာ ထပ်ဖြစ်နိုင်ပါတယ်။

"ဒုတိယ ဥက္ကဌ ဂေါင်နဲ့ သဘာပတိဝမ်ကို အမြန်ခေါ်ထုတ်သွားကြ"

သဘာပတိ ဝမ်ယန်ဂျီရဲ့ မျက်နှာဟာ ရောင်ကိုင်းနေခဲ့ပါပြီ။တစ်ခြာ လူတွေဟာ ဒါကိုမြင်တဲ့ အချိန်မှာ သနားသွားခဲ့ကြပါတယိ။

ဘယ်လောက် ကြောက်ဖို့ကောင်းလဲ....

ဝမ်ယန်ဂျီဟာ သယ်ထုတ်သွား ခံနေရတာတောင်မှ လင်းဖန်ကို ဆဲဆိုနေပါသေးတယ်။သို့ပေမယ့် သူ့မျက်လုံးထဲမှာတော့ ကြောက်ရွံ့မူတွေ ၊ ရှက်ရွံ့မူတွေ ရှိနေတယ် ဆိုတာကို သေချာကြည့်ရင် မြင်တွေရမှာပါ။

လင်းဖန်ကိုတော့ ဝူရွှန်းနဲ့ ကျန်တဲ့ လူတွေက ဝိုင်းချုပ်ထားကြရပါတယ်။

"မာစတာ လင်း ခင်ဗျားဒေါသထွက်နေသေးရင် တစ်ခုခုကို ရိုက်ခွဲလိုက်ပါ။ဒါပေမယ့် လူတွေကို ဆက်ပြီး တိုက်ခိုက်နေလို့ မရဘူးလေ"

လင်းဖန်ရဲ့ အသက်ရူနှုန်းတွေဟာ တစ်ဖြည်းဖြည်းနှေးလာပြီး ၊ သူ့ရဲ့ ဒေါသတွေဟာ ဖြည်းဖြည်းချင်း လျော့ကျလာခဲ့ပါတယ်။

စားပွဲပေါ်မှ သရုပ်ပြပွဲအတွက် စာရင်းစာရွက်ကို ကြည့်ကာ သူ တိတ်ဆိတ်နေခဲ့သည်။

ဝူရွှန်းနဲ့ ကျန်တဲ့ လူတွေဟာလည်း တစ်ယောက်ကို တစ်ယောက်ကြည်လိုက်ကြပေမယ့် ဘာမှမပြောပဲ တိတ်တဆိတ်သာ စောင့်နေကြပါတယ်။

အဲ့အချိန်မှာပဲ လင်းဖန်ဟာ ခေါင်းမော့လာခဲ့သည်။

"သဘာပတိ ဝူ ၊ အခုလို ဖြစ်သွားတာ ကျွန်တော် တောင်းပန်ပါတယ်"

"စိတ်မပူပါနဲ့ ၊ ဒါပေမယ့် မာစတာ လင်း ထပ်တိုက်ခိုက်လို့ မရဘူးနော်။ဒီကိစ္စက ဒုတိယဥက္ကဌ ဂေါင်နဲ့ သဘာပတိ ဝမ်တို့ မှားတာ ဆိုပေမယ့် ဘာမှ ပြောင်းလဲလို့ မရတော့ဘူးလေ"

ဝူရွှန်းဟာ မာစတာ လင်း ဒေါသ​ပျောက်သွားတာ တွေ့မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

သူက မာစတာ လင်း မရပ်တန့်မှာကို ကြောက်ရွံ့နေခဲ့တာပါ။ဒါဆိုရင် အဖွဲ့အစည်းက တကယ့် ပြသနာပါပဲ။

သူ လင်းဖန်ကို ပြောပြီးတဲ့ နောက်မှာ ကျန်တဲ့ လူတွေကို စုလိုက်ပြီး သတင်းတွေ မပြန့်စေဖို့ သေချာမှာကြားလိုက်ပါသည်။ဒါပေါ့ သတင်းတွေ မပျံ့အောင် ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူးဆိုတာ သူသိပါတယိ။

ဒါပေမယ့် ဒီကိစ္စ အင်တာနက်ပေါ်မရောက်သ၍ ပြသနာ မရှိပါဘူး။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွငိ လင်းဖန်ဟာ မတ်တပ်ထရပ်လိုက်သည်။သူ့ရဲ့ ဒေါသတွေ ဟာ ပျောက်ကွယ်သွားပြီး အစီအစဥ် စားရင်း စာရွက်ကို သူ့အိက်ကပ်ထဲ ထည့်လိုကိပါတယ်။

"ကောင်းပြီ ကျွန်တော် ကလေးတွေကို ပြန်လေ့ကျင့်ပေးလိုက်ဦးမယ် စိတ်မပူပါနဲ့ ကျွန်တော် မတိုက်ခိုက်တော့ပါဘူး။ကျွန်တော် လက်တွေ အညစ်ပတ် မခံတော့ဘူး"

ဝူရွှန်ဟာ ရှက်ရွံ့စွာ ခေါင်းညိမ့်လိုက်ပါတယ်။လင်းဖန် မတိုက်ခိုက်သ၍ ကျန်တာတွေက ဖြေရှင်းလို့ ရပါသေးတယ်။

သူဟာ ကိုယ်ခံပညာအဖွဲ့အစည်းမှာ သဘာပတိလုပ်နေတာ ငါးနှစ်လောက် ရှိပြီး ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူး။ဒီတစ်ကြိမ်ကတော့ သူ့ကို အတော် မျက်စိပွင့်စေပါတယ်။

သူ မာစတာ လင်းရဲ့ ဒေါသကိုလည်း တွေ့လိုက်ရပါသည်။မာစတာလင်းဟာ သူ့ကို ကောင်းကောင်းဆက်ဆံရင် ကောင်းကောင်းပြန်ဆက်ဆံပြီး။သူ့ကို ကိုမဟုတ်မမှန်တာ လာလုပ်ရင်တော့ ဘဝနဲ့ ရင်းပြီး သင်ခန်းစာ ပေးတတ်တဲ့ လူမျိုးပါ။

သဘာပတိ ဝမ်ကတော့ နှစ်ခါတောင် အရိုက်ခံရပြီး အရှက်ကွဲခဲ့ပါပြီ။သို့ပေမယ့် သဘာပတိ ဝမ်လို လူမျိုးက အတော် အရေထူပါတယ်။သူက ဒီလို အရာကို မျက်စိတစ်မှိတ်အတွင်းမှာ မေ့ပစ်နိုင်တဲ့ လူစားမျိုးပါ။

အောက်ဘက်တွင်။

အဖွဲ့အစည်း မန်ဘာဝင်တွေဟာ လင်းဖန်ကို ဝိုင်းကြည့်နေကြပါတယ်။သူတို့ဟာ လင်းဖန်လုပ်တာတွေကို လေးစားနေကြပြီး လင်းဖန်ကို လက်မပေးချင်နေကြသည်။

ဘယ်လောက်တောင် တော်တဲ့လူလဲ...

လေးစားတယ်...

လင်းဖန်ဟာ လည်ချောင်းရှင်းပြီး ညှင်သာစွာပြောလိုက်သည်။

"ခွင့်ပြုပေးကြပါ အားလုံးကို နှောက်ယှက်မိပြီ"

လူတိုင်းဟာ ခေါင်းခါယမ်းလိုက်ကြပါတယ်။

"မာစတာ လင်း အရမ်းမိုက်တယ်"

"မာစတာ လင်း လေးစားတယ်နော်"

"မာစတာ လင်း......"

.....

လင်းဖန် ဒီလူတွေပြောတာကို ဂရုမစိုက်တော့ပဲ လက်ဝေ့ယမ်းကာ လေ့ကျင့်ရေးအခန်းကို ဥိီးတည် သွားလိုက်ပါတယ်။

ကျောင်းဖေးဟာ တစ်ခုခုပြောချင်ပေမယ့်လည်း သူ့ပါးစပ်က ဘာစကားမှ ထွက်မလာခဲ့ကေ။

ဘယ်လို မတော်တဆမူ မျိုးတွေတောင် ဖြစ်သွားတာလဲ....

ကျောင်းဖေးဟာ ဘယ်သူ့ကိုမှ မလေးစားဖူးပေမယ့် မာစတာ လင်းကိုတော့ အမှန်တကယ်လေးစား မိတာပါ။

လေ့ကျင့်ရေး ခန်းထဲကို ဝင်လိုက် တဲ့အချိန်မှာ လင်းဖန်ဟာ ပြုံးလိုက်ပြီး လက်ခုတ်တီးကာ ပြောလိုက်ပါတယ်။

"အားလုံး စုပေးကြပါဦး"

"နည်းပြလင်း , ကျွန်မ အခု......"

လီမင်မင်ဟာ အကုန်သိထားသလို သူမမျက်လုံးတွေဟာ နီရဲနေခဲ့ပါတယ်။

လင်းဖန် လည်ချောင်းရှငိးကာ ပြောလိုက်သည်။

"အခုကျန်တဲ့ နှစ်ရက်မှာ သေချာကြိုးစားကြ၊ အခုကျန်တဲ့ ရက်ကမှ တကယ်အရေးကြီးတာ နားလည်တယ်မလား"

ကျန်းတောင်ဟာ ပြန်ဖြေလိုက်သည်။

"နားလည်ပါပြီ နည်းပြလင်း"

ဟောင်ရာယွဲ့ ဟာလည်း ယုံကြည်မူတွေ ပြည့်နေခဲ့ပါတယ်။

"ကျိန်းသေ ခက်ခက်ခဲခဲ ကြိုးစားပါ့မယ်"

လင်းဖန် သဘောကျသွားခဲ့ပါတယ်။

"ဒီလို စိတ်ဓာတ်ရှိတာ ကောင်းတယ်။အခု အကွက်တွေကို အစကနေ အဆုံး ပြကြည့်ကြပါဦး။ငါ လိုတာတွေကို ကြည့်ပေးမယ်"

မင်းက ဒုတိယ ဥက္ကဌ ဆိုတော့ မင်းမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာ ရှိတယ်။မင်းက သူတို့ ပါဝင်စရာ အကြောင်းမရှိဘူးလို့ ဆုံးဖြတ်ထားတယ်ပေါ့......

ကောင်းပြီ ..ငါ့မှာ မင်းလို အာဏာ မရှိပါဘူး။

ဒါပေမယ်.....

မင်းမှာ အာဏာရှိသလို ငါ့မှာလည်း နည်းလမ်းတွေ ရှိတယ်။ဘယ်သူနိုင်မလဲ စောင့်ကြည့်ကြတာပေါ့ .

တစ်ခြားလူတွေဆိုရင်တော့ မင်းကို ဖားရင် ဖားယားကြမှာပေါ့။ဒါပေမယ့် ငါကတော့ အဲလိုလူစားမျိုး မဟုတ်ဘူး ...

နောက်နှစ်ရက် နေမှ စင်မြင့်ပေါ်မှာ တွေ့ကြသေးတာပေါ့ကွာ.....

All Chapters