ပြပွဲစတင်ပြီ
Vol. 9 Ch. 133
နှစ်ရက်ကြာပြီးနောက်။
ဒီနေ့က နေသာပြီး ကြည်လင်တဲ့သာယာတဲ့ နေ့လေးတစ်နေ့ပါ။တရုတ်ကိုယ်ခံပညာအဖွဲ့အစည်းရဲ့ ဝန်းထဲမှာတော့ အဆင့်မြင့် ကိုယ်ပိုင်ကား နှစိစီးဟာ ပါကင်ထိုးထားခဲ့ပါတယ်။
ဒီကားဟာ အဖွဲ့အစည်း မန်ဘာတွေရဲ့ အာရုံးစိုက်မူကို ခံနေရပြီး ဒီကားတွေဘာလို့ ရောက်နေတာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြပေ။
အကြီးအကဲ နီကတော့ ဝင်ပေါက်က ထိုင်ခုံတစ်လုံးမှာ ထိုင်နေခဲ့ပါတယ်။သူဟာ ဆေးလိပ်ကို ဇိမ်ကျကျ သောက်နေပြီး ဒီကားနှစ်စီးကို သေချာကြည့်နေခဲ့သည်။
ယင်းနောက် ဒီကားနှစ်စီးထဲက တစ်စီးဟာ မာစတာ လင်းရဲ့ ကားမှန်း မှတ်မိလိုက်ပါတယ်။
အဆောက်အဦးထဲတွင်။
လင်းဖန်ဟာ လက်ခုတ်တီးပြီး ပြောလိုက်သည်။
"ကောင်လေးတို့ ပြိုင်ပွဲဝတ်စုံကို လဲလိုက်ကြတော့။ငါတို့ ခနနေ သွားကြရတော့မှာလေ"
"ဟုတ် နည်းပြလင်း"
ကလေးတွေဟာ ပြုံးလိုက်ပြီး ဝမ်းသာစွာ ပြန်ဖြေလိုက်ကြပါတယ်။
ဒီဝတ်စုံတွေက တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းနဲ့ ဘာမှ မဆိုင်ပါဘူး။လင်းဖန် သူတို့အတွက် သီးသန့် ချုပ်ပေးထားတာပါ။
ဒီဝတ်စုံတွေဟာ ဝတ်ရတာ သက်တောင့် သက်သာရှိပြီး၊ သူတို့ရဲ့ သရုပ်ပြမူ အတွက်လည်း အတော် အဆင်ပြေစေမှာပါ။
ကျောင်းဖေးဟာ လင်းဖန်ကို ကြည့်ပြီးပြောလိုက်သည်။
"နည်းပြ လင်း၊ တစ်ခြားလူတွေ အကြောင်း မပြောနဲ့တော့။ဒီနေ့ ကျုပ်ခင်ဗျားနဲ့ပဲ အတူရှိနေမယ်"
လင်းဖန်ဟာ ရယ်မောပြီး ပြောလိုက်သည်။
"ဘာဖြစ်လို့တုန်း။ကျုပ်ပြသနာရှာမှာကို ခင်ဗျားက ကြောက်နေတာလား။စိတ်မပူပါနဲ့ ကျုပ်ဒီနေ့ ဘာပြသနာမှ အဖြစ်မခံနိုင်ဘူး။ကျုပ်ကို လိုက်ကြည့်နေစရာ မလိုဘူးလေ"
ကျောင်းဖေးဟာ ဘာမှ ပြန်မပြောပေမယ့် လည်းတစ်ခုခု ထူးခြားတာ ဖြစ်တော့မယ် ဆိုတာကိုတော့ ခံစားနေရပါတယ်။
သူတို့ အားလုံး စုဝေးနေကြပြီး ထွက်ခွာဖို့ အကုန်အဆင်သင့် ဖြစ်နေကြပါပြီ။
အဆောက်အဦး လျောက်လမ်း နေရာတွင်။
ဒုတိယ ဥက္ကဌ ဂေါင် ၊ ဝမ်ယန်ဂျီ ၊ ယွန်ဂေါင်နဲ့ တစ်ခြားလူတွေဟာ လည်း စုဝေးနေကြပါတယ်။
ဒုတိယ ဥက္ကဌ ဂေါင်ဟာ လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်မကြည့်တော့ပေ။သူ လင်းဖန်လို ကောင်နဲ့ ဘာစကားမှ မပြောချင်ပါဘူး။
ဝမ်ယန်ဂျီဟာ လည်း အသက်မသာ ခံစားလိုက်ရပြီး အားလုံးကြားအောင် အသုံကို နိမ့်ပြီး ပြောလိုက်ပါတယ်။
"သူတို့ ဝတ်စုံတွေက သေချာပြင်ဆင်ထားပြီး စနစ်တကျ ရှိနေတယ်နော်။သူတို့ ဖျော်ဖြေခွင့်ရမယ် လို့ တကယ်ထင်နေကြတာလား မသိဘူး"
ဝမ်ယန်ဂျီရဲ့ မျက်နှာဟာတော့ လင်းဖန်ကြောင့် ရောင်ကိုင်းနေဆဲပါ။သူ ဒီလောက်အချိန်တိုလေး အတွင်းမှာ ဒဏ်ရာအကုန်လုံးကို ပျောက်အောင် မကုနိုင်ခဲ့ပါဘူး။
သူအခု သေချာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါပြီ။ဒီ ငနဲက တကယ့် စောက်ရူးပါ။သူနဲ့ ထပ်ပြီး ရန်ဖြစ်နေလို့လဲ ဘာမှ ထူးမှာ မယုတ်ပါဘူး။
ဝမ်ယန်ဂျီဟာ သူတို့ ဝတ်စုံတွေ ကို စနစ်တကျ ဝတ်ဆင်ထားတာ နဲ့ ပတ်သက်ပြီး အတော် မသက်မသာ ဖြစ်နေခဲ့ပါတယ်။အစီအစဥ်စာရင်းထဲမှာ သူတို့ နာမည် မပါတာတောင် သူတို့က ဖျော်ဖြေချင်နေပါသေးတယ်။
ယင်းနောက် သူဟာ တစ်ခုခုကို တွေးမိသွားပြီး ဒုတိယ ဥက္ကဌ ဂေါင်ကို တီးတိုးပြောလိုက်ပါတယ်။
ဒုတိယ ဥက္ကဌ ဂေါင်ဟာ အစက လင်းဖန်ကို ဂရုမစိုက်ပဲ နေဖို့ ဆုံးဖြတ်ထားတာပါ။သို့ပေမယ့် ဝန်ယန်ဂျီရဲ့ စကားကို ကြားတဲ့ အချိန်မှာ ကြောက်ရွံ့သွားခဲ့ပါတယ်။
ယင်းနောက် သူဟာ ဒင်ဒီကို အခြေနေ စုံစမ်းဖို့ လွှတ်လိုက်သည်။သူတို့က ဖျော်ဖြေဖို့ ဝတ်စုံတွေတောင် ဝတ်ထားကြပြီး တစ်ကယ်လို့ တစ်ခုခုဖြစ်ရင် စောက်ပြသနာပါပဲ။
ဒင်းဒီဟာ ကြည့်ပြီး ပြောလိုက်သည်။
"မာစတာ လင်း , ဘာတွေ လုပ်မလို့တုန်း"
လင်းဖန် သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့က ပရိတ်သတ်ကြားထဲမှာပဲ ထိုင်ကြည့်မှာပါ။ဒါပြသနာ မရှိဘူးမလား"
ဒါဆိုကောင်းတယ် ...
ဒုတိယ ဥက္ကဌ ဂေါင်ဟာ စိတ်ထဲကနေ တွေးလိုက်ပါတယ်။ယင်းနောက် သူဟာ လက်ကို ဝေ့ယမ်းပြီး ပြောလိုက်သည်။
"ကောင်းပြီ လူစုံပြီဆိုတော့ သွားကြရအောင်"
ယန်တိုင်ချီ နဲ့ ဒါချန်းချွန် သင်းတန်းသားတွေဟာ ကျန်းတောင် နဲ့ တစ်ခြားလူတွေကို ကြည့်ပြီး တီးတိုးရေရွတ်နေကြပါတယ်။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဒီကလေးတွေက သူတို့ မတူဘူးလို့ပဲ တွေးထားကြတာပါ။သူတို့က ပုံမှန် ကလေးတွေဖြစ်ပြီး ဒီကလေးတွေကတော့ မသန်စွမ်း ကလေးတွေပါ။
တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်း၏ ဝင်ပေါက်ဝတွင်။
ဒုတိယ ဥက္ကဌ ဂေါင်ဟာ သင်တန်းသားတွေကို သူတို့ငှားရမ်းထားတဲ့ ဘတ်စ်ကားပေါ်ကို တက်ဖို့ အချက်ပြလိုက်ပါတယ်။ဒါက နေ့တစ်ဝက် ငှားဖို့အတွက်တောင် ဒေါ်လာ ရာချီပြီး ပေးထားရတာပါ။
အကြီးအကဲ နီဟာ ရယ်မောပြီး ပြောလိုက်သည်။
"ကံကောင်းပါစေ ကောင်လေးတို့"
ကျန်းတောင်နဲ့ ကျန်တဲ့ ကလေးတွေဟာတော့ ဝင်ပေါက်ဝမှာ ရပ်နေကြပြီး၊ သူတို့ကို ဘယ်ကားနဲ့ ခေါ်မှာလဲ ဆိုတာ မသိကြပါဘူး။
ဝမ်ယန်ဂျီဟာတော့ တစ်ခြားလူတွေကို ဘတ်စ်ကားပေါ် တက်ဖို့ ညွှန်ကြားပေးနေခဲ့ပါတယ်။
ယင်းနောက် သူ လင်းဖန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ဒီလို အချိန်မှာ အငှားကားခေါ်ဖို့ ဆိုတာ ခက်ခဲပါတယ်။ဒီဘတ်စ်ကားမှာ နေရာတွေ လွတ်နေသေးပေမယ့်လည်း သူတို့ကိုတက်ခွင့်ပေးဖို့ စိတ်ကူးမရှိပေ။
ဒင်းဒီဟာ ပြောလိုက်သည်။
"နည်းပြလင်း၊ ဘတ်စ်ကားပေါ်မှာ နေရာလွတ်ရှိသေးတယ် တူတူလိုက်ခဲ့ပါလား"
ဝမ်ယန်ဂျီဟာ ကြားဖြတ်ပြီး ပြောလိုက်သည်။
"နည်းပြလင်းက သူ့နည်းလမ်းနဲ့သူရှိမှာပေါ့"
လင်းဖန်ဟာ အဆင့်မြင့်ကိုယ်ပိုင်ကား ဆီကို လျောက်သွားလိုက်ပြီး ကားတံခါးကို ဆွဲဖွင့်ကာ ဝမ်ယန်ဂျီ ကို ပြောလိုက်ပါတယ်။
"ခင်ဗျား သိတာကောင်းတယ်"
"မင်း .."
ဝမ်ယန်ဂျီဟာ ဒေါသထွက်သွားခဲ့သည်။သူတို့ ကားထဲကို ဝင်သွားတာ မြင်တဲ့အချိန်မှာ သူ နောက်ကို မသိိစိတ်နဲ့ ဆုတိလိုက်မိပါတယ်။ယင်းနောက် သူ ဘတ်စ်ကားပေါ်ကို အမြန်တက်သွားခဲ့သည်။
ကလေးတွေကတော့ အဆင်မြင့်ကား ဖြင့်သွားရမှာကို သိပြီး ပျော်ရွှင်နေခဲ့ပါတယ်။လင်းဖန်ဟာ ဒီကားနဲ့ ဒရိုင်ဘာကို ဝမ်မင်ယန်ဆီမှာ အကူညီတောင်းပြီး ငှားထားတာပါ။ဝမ်မင်ယန်လို သူဌေးတစ်ယောက် အတွက်ကတော့ အပေါဆုံးအရာက ဒီလို အဆင့်မြင့်ကားမျိုးတွေ ပါပဲ။
လူလိမ် ထျန်နဲ့ကျန်တဲ့ လူတွေဟာလည်း ပြပွဲနေရာကို ကြည့်ဖို့ အသီးသီး လာခဲ့ကြမှာပါ။
..........
ကားပေါ်တွင်။
ဝမ်ယန်ဂျီဟာ ပြောလိုက်သည်။
"အစ်ကိုဂေါင် ဒီကောင်လေး ဒီလောက် လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မယ်လို့ မထင်ဘူးနော်"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြန်လှည့်လာပြီး ပြောလိုက်သည်။
"သူ ပြသနာ ရှာရဲမယ်လို့ မင်းက ထင်နေတာလား"
ဝမ်ယန်ဂျီဟာ ပြပွဲကို လာမယ့် ဧည့်သည်တော် တွေအကြောင်းကို တွေးလိုက်တဲ့ အချိန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
ဒီကောင် က ကိာယ်တွယ်ရ ခက်ခဲတဲ့ကောင်ပါ ဒါပေမယ့် ဒီလောက် အရေးကြီးတဲ့ ဧည့်သည်တွေ ရှေ့မှာတော့ ပြသနာ မရှာရဲလောက်ပါဘူး။
သို့ပေမယ့် နောက်မှာ ထိုင်နေကြတဲ့ ဒင်ဒီ အပါအဝင် သဘာပတိတွေကတော့ မသက်မသာ ခံစားနေကြရပါတယ်။လင်းဖန် မှန်မှန်ကန်ကန် လုပ်ပါစေလို့သာ သူတို့မျှော်လင့်နေကြသည်။
အခု သရုပ်ပြဖို့က ကလေးတွေ သရုပ်ပြဖို့ပဲ မဟုတ်ပါဘူး။နိုင်ငံရဲ့ ရိုးရာ ယဥ်းကျေးမူကို လည်း မြင့်တင်ဖို့ပါ။ဒီတစ်ကြိမ်က ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့အကြီးအကဲတွေအပါအဝင်၊ တရုတ်ကိုယ်ခံပညာကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသာ အထူးဧည့်သည်တော် တွေပါ လာကြည့်ကြမှာပါ။
သူတို့ဟာ တရုတ်တွေမဟုတိပေမယ့်လည်း တရုတ်ကိုယ်ခံပညာကို အမှန်တကယ်လေးစား အားကျတဲလ လူတွေပါ။
တချိန်တည်းမှာပဲ ဒီသရုပ်ပြပွဲက အမေရိကန်နဲ့ တရုတ် ကိုယ်ခံပညာ သင်တန်းကျောင်းတစ်ခု မဖွင့်မှီ နောက်ဆုံး ပြိုင်ပွဲတစ်ခုပါ။ဒါကြောင့် ဒီပြပွဲက လူများစွာရဲ့ အာရုံစိုက်မူကို ခံနေရတယ် ဆိုရင် လည်း မမှားပေ။
ပြပွဲကျင်းပရာ နေရာ အပြင်ဘက်တွင်။
သရုပ်ပြမယ့် လူတွေဟာ စင်နောက်ဘက်ကို သွားရမယ့် နေရာကနေ ဝငိသွားခဲ့ကြပါတယ်။
အဲ့အချိန်မှာ လင်းဖန်နဲ့ သူ့တပည့်တွေဟာတော့ စာရင်းထဲမှာ မပါတဲ့ အတွက် တစ်ခြားဝင်ပေါက်ကသာ ဝင်ခဲ့ကြရပါတယ်။
လင်းဖန်နဲ့ ကလေးတွေဟာ လူလိမ်ထျန်တို့ ထိုင်နေတဲ့ နေရာရဲ့ မလှမ်းမကမ်းမှာ သွားပြီး ထိုင်ကာ ပြပွဲကြည့်ဖို့ လုပ်လိုက်ကြပါတယ်။
သတင်းထောက်တွေဟာ လည်း စင်နောက်ဘက်တွင် အလုပ်ရှုပ်နေခဲ့ကြပါသည်။
ဒီပြပွဲဟာ အင်တာနက်ပေါ်မှာပါ တိုက်ရိုက် ထုတ်လွင့်ထားခဲ့သည်။
"ဘာ အဓိပါယ်မှ မရှိဘူး။ဒီပြပွဲက အဓိပါယ်မရှိဘူး"
"ဟုတ်တယ် ဒါ ပြပွဲတစ်ခုပဲလေ ။ငါတစ်ခြားဟာ သွားကြည့် တော့မယ်"
"ငါကြားတာတော့ ရှန်ဟိုင်းမှာ ပထမဆုံး နိုင်ငံတကာ ကိုယ်ခံပညာကျောင်း ဖွင့်တော့မှာတဲ့။ဒါက တစ်ခြား တက္ကသိုလ်တွေလိုပဲလေ ကျောင်းဆင်း လက်မှတ်ပေးမှာ"
"အဲတာ ဘာဖြစ်လဲ ..ငါတို့နဲ့ ဘာမှ မဆိုင်ဘူး"
...
ခနအကြာမှာ အစီအစဥ်တင်ဆက်သူတွေဟာ စင်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။
ယောက်ျားလေး အစီစဥ် တင်ဆက်သူဟာ ပြောလိုက်သည်။
"ခေါင်းဆောင်များနဲ့ ဧည်သည်တော် များကို နှုတ်ဆက်ပါတယ်"
လူအုပ်ကြီးဟာ ပြန်ဖြေလိုက်သည်။
"နှုတ်ဆက်ပါတယ်"
"နှစ်ပေါင်း ထောင်သောင်းချီ သက်တမ်းရှိတဲ့ တရုတ်ကိုယ်ခံပညာ။ဒီလို ကြီးကျယ်မူနဲ့ တန်ဖိုးရှိမူ တွေဟာ ပင်လယ် လေးခုကိုတောင် ကျော်ဖြတ်ပြီး အောင်မြင်ခဲ့တယ်"
.....
အစီစဥ်တင်ဆက်သူ နှစ်ယောက်ဟာ ပြပွဲကို စတင်ဖွင့်လှစ်နေခဲ့ပါတယ်။
ပရိတ်သတ်တွေကတော့ ထိုင်နေခဲ့သည်။
ကျန်တောင်နဲ့ သူ့သူငယ်ချင်းတွေဟာတော့ ကြောက်ရွံ့နေခဲ့ကြပါပြီ။ကျန်းတောင် ဟာ သူ့ရဲ့ တစ်ဖက်ထဲရှိတဲ့ လက်ကလေးနဲ့ သူ့အက်ျီကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။
သူ့ရဲ့ အသက်ရူသံတွေကတောင် မြန်နေခဲ့ပါသည်။သူတို့ ဒီလို ဖျော်ဖြေရမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လူတိုင်းထက် သူတို့ စွမ်းဆောင်နိုင်တယ် ဆိုတာ သက်သေပြချင်နေကြပါတယ်။
လင်းဖန်ဟာ ပြောလိုက်သည်။
"အရမ်းမကြောက်နဲ့ ။ကိုယ့်ကိုကို ယုံကြည်ပြီး လုပ်စရာ ရှိတာကိုပဲ လုပ်သွား"
"နည်းပြလင်း ကျွန်တော်တို့ တကယ် စင်ပေါ်မှာ ဖျော်ဖြေရမှာလား"
လင်းဖန်ဟာ ပြုံးပြီးပြောလိုက်သည်။
"ငါ့ကို ယုံကြည်စမ်းပါ။ မင်းတို့ ဖျော်ဖြေရအောင် ကျိန်းသေ လုပ်ပေးမယ်"
"ကျေးဇူးပါ နည်းပြလင်း"
"ကျေးဇူးတင်စရာ မလိုဘူး။ငါက မင်းတို့ ဆရာဆိုတော့ ငါမှာ တာဝန်ရှိတယ်"
လင်းဖန်ဟာ ပြုံးပြီ ပြောလိုက်သည်။သူဟာ ပြင်ဆင်စရာ ရှိတာတွေကို အကုန်ပြင်ဆင်ထားပြီး မကြာခင် စတင်ပါတော့မယ်။
ဒါက တစ်ခြားလူတွေကို သွားရှုပ်သလို ဖြစ်နိုင်ပေမယ့်လည်း သူလုံးဝ ဂရုမစိုက်ပေ။
ယောက်ျားလေး အစီစဥ်ကြေညာ သူဟာ ပြောလိုက်သည်။
"အခုပဲ သရုပ်ပြပွဲကို စတင်ပါတော့မယ်။ကျေးဇူးပြုပြီး တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒါချန်းချွန် အဖွဲ့ကို နွေးထွေးစွာပဲ ကြိုဆို လိုက်ကြရအောင်"
အဲ့အချိန်ဟာတော့ သရုပ်ပြပွဲကို တရားဝင်စတင်လိုက်ပါပြီ။
ပထမ ဆုံးဖျော်ဖြေရမယ့် လူက ဒင်းဒီရဲ့ တပည့်တွေပါ။
စဥ်နောက်တွင်။
ဒင်ဒီ ကိုယ်တိုင်တောင်မှ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်။
"အကောင်းဆုံး ကြိုးစားကြ။မကြောက်ကြနဲ့"
သူ့တပည့်တွေဟာ ပြန်ဖြေလိုကိကြသည်။
"ဟုတ်"
"သွားကြတော့......."