← Chapters

သူဘာလုပ်ဖို့ ကြိုးစားနေပြန်တာလဲ

Vol. 9 Ch. 134

သူဘာလုပ်ဖို့ ကြိုးစားနေပြန်တာလဲ

Vol. 9 Ch. 134

ဒါချွန်းချန် ဖျော်ဖြေမူအပြီး မှာတော့ လူတွေဟာ လက်ခုတ်တီးပြီး ချီးကျူးလိုက်ကြပါတယ်။ဒါက အရမ်းမကျယ်လောင်ပဲ ဖျော်ဖြေမူအပြီး အနည်းငယ် အားပေးတဲ့ ပုံစံမျိုးပါပဲ။

အဆုံးမှာတော့ ဒီလူတွေဟာ ပြပွဲကို လုံးဝ စိတ်ဝင်စားမူ မရှိကြပါဘူး။

စင်နောက်တွင်။

ဒင်းဒီ သူ့နှာဖူးက ချွေးတွေကို သူတ်လိုက်ပါတယ်။ဒါက နောက်ဆုံးတော့ ပြီးသွားပါပြီ။သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။

လူအုပ်ထဲတွင်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ တစ်ခြား ဧည့်သည်တော် တွေနဲ့ စကားပြောနေခဲ့ကြပါသည်။ဖျော်ဖြေမူတစ်ခုပြီးသွားတဲ့ အချိန်မှာ သူ​ကျေနပ်စွာ လက်ခုတ်တီးလိုက်ပါတယ်။

"မဆိုးဘူး .. မဆိုးဘူး"

အဖွင့်ဖျော်ဖြေပွဲကတော့ အပြစ်ကင်းစွာ ပြီးဆုံးသွားခဲ့ပါပြီ။သူတို့ ဖျော်ဖြေပွဲရဲ့ နောက်ပိုင်း အစီစဥ်ကို အကောင်းဆုံး ဆက်ကြိုးစားဖို့သာ လိုအပ်ပါတော့တယ်။

ယင်းနောက်တွင်ဟာ လင်းဖန်နဲ့ သူ့တပည့်တွေကို တစ်ချက်ကြည့်လိုက်သည်။ဒီကောင် ပြသနာ မရှာသ၍ အရာရာက ချောချောမွေ့မွေ့ပြီးဆုံးသွားမှာပါ။

သူကြည့်လိုက်တဲ့ အချိန်မှာ လင်းဖန်ဟာ တစ်ခြားလူတွေလိုပဲ လက်ခုတ်တီးကာ အားပေးနေတဲ့ အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ဒီကောင်လေး ပြသနာ ရှာမယ့် ပုံစံ မရှိပါဘူး။

လင်းဖန်ဟာ ကလေးတွေကို ကြည့်ကာ ပြောလိုက်သည်။

"ကြည့်ထား မင်းတို့ စင်ပေါ်ကိုရောက်ရင် အောက်က လူတွေကို လူတွေလို့ မသတ်မှတိထားနဲ့ အဲတာဆိုရင် မင်းတို့ အဆင်ပြေလိမ့်မယ်"

ကလေးတွေဟာတော့ တိတ်ဆိတ်နေကြပြီး ဘယ်လို ပြနိဖြေရမလည်း မသိကြပေ။

ဒင်းဒီ လေ့ကျင့်ပေးထားတဲ့ ကလေးတွေဟာ အဆင်ပြေပြေ သရုပ်ပြသွားကြပြီး အမှားမှ မလုပ်ခဲ့ကြပါဘူး။သို့ပေမယ့် ဒါကသူ့ရဲ့ အတွေးသာ ဖြစ်ပြီး ကျန်တဲ့ လူတွေကတော့ သူ့လို မတွေးကြပေ။

လူအုပ်ထဲတွင်။

"ဒါက ဘာမှ မထူးခြားဘူး၊ နှစ်တိုင်း ဒီလိုပဲ"

"အေးလေ သရုပ်ပြပွဲပါဆို မင်းက ဘာတွေမျှော်လင့်ထားသေးတာလဲ"

"ဒီ နိုင်ငံခြားသားတွေက ဘာတွေကို သဘောကျပြီး ဒီမှာ သင်တန်းကျောင်းကြီး လာဖွင့်ချင်နေကြတာလဲ။နောက်နေတာပဲ ဖြစ်ရမယ်"

"ဟားဟား"

တိုက်ရိုက် ထုတ်လွင့်သည့်နေရာတွင်။

"ချီးပဲ ငါတစ်ယောက်ပဲ ကြည့်နေတာ မဟုတ်ဘူးဆိုတာ တသ်ယောက်ယောက်ပြောကြစမ်းပါ။ဒါက အက ပြိုင်ပွဲမဟုတ်ဘူးဆိုတာ သေချာပါတယ်နော်။ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံကို ဂုဏ်ဆောင်နိုင်မှာလဲ"

"မဝေဖန်နဲ့တော့ မင်းဒီလောက်ကြည့်ရတာတောငိ ကံကောင်းနေပြီ"

"ဘယ်လောကိ အဓိပါယ်မရှိတဲ့ ကိုယ်ခံပညာလဲ။ကနေကြတာ နဲ့ အတူတူပဲ"

"လိုင်းပြောင်း ကြည့်တော့မယ်ဟေ့ ။ငါက ဒီတစ်ကြိမ်တော့ ပြောင်းလဲမယ် ထင်ထားတာ"

ရိုးသားပြီး အမှန်အတိုင်း ဝေဖန်ကြတဲ့ လူတွေက နိုင်ငံသားတွေပါ။သူတို့က ဘာကိုမှ ဂရုစိုက်ကြတာ မယုတ်ပါဘူး။ဒါ တကယ် စောက်သုံးမကျတဲ့ ဖျော်ဖြေပွဲဖြစ်ပြီး အဓိပါယ်မဲ့နေရင် သူတို့ စိတ်ထဲရှိရာ ဝေဖန်ကြမှာပါ။

စဥ်နောက်တွင်။

ဝမ်ယန်ဂျီဟာ ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"အကို ဒင်း အရမ်း ကောင်းတယ်။ကြည့်ရတာ ဖျော်ဖြေပွဲရဲ့ အကောင်းဆုံး တစ်ခုက ခင်ဗျားဟာ ဖြစ်တော့မယ်ထင်တယ်"

ဒင်းဒီဟာ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

"ငါ့ကျောင်းသားတွေက ပုံမှန်ပါပဲ။မင်းတို့ကိုဘယ်လို ယှဥ်နိုင်ပါ့မလဲကွာ"

ဝမ်ယန်ဂျီဟာ ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ကြည့်ရတာ သု့ကိုယ်သူ အကောင်းဆုံးနဲ့ ထိုက်တန်တယ်လို့ မှတ်ယူထားပုံပေါ်ပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်လည်း ဒီဖျော်ဖြေပွဲရဲ့ အကောင်းဆုံးတစ်ခု ဖြစ်အောင် သူ့တပည့်တွေ ဖျော်ဖြေနိုင်လိမ့်မယ် လို့ ယုံကြည်ထားပါတယ်။

ကျန်တဲ့ သဘာပတိတွေကတော့ ဘေးနားတွင် ရပ်ကာ ကြည့်နေခဲ့ကြသည်။

အဲ့အချိန်မှာတော့ အစီစဥ်တင်ဆက်သူ နှစ်ယောက်ဟာ စင်ပေါ်ကို ပြန်ရောက်လာကြပါပြီ။

ယောက်ျားလေး အစီစဥ်ကြေညာသူဟာ ပြောလိုက်သည်။

"တရုတ်ပြည်ရဲ့ ယဥ်ကျေးမူ သမိုင်းကြောင်းက ရှည်လျားပြီး အောင်မြင်မူတွေ ရှိခဲ့တယ်။တိုင်ချီရဲ့ ယဥ်ကျေးမူကတော့ အရာများစွာရဲ့ အခြေခံဖြစ်ပြီး အဓိက ယဥ်ကျေးမူ တစ်ခုလို့တောငိ ပြောလို့ရတယ်"

မိန်းကလေး အစီစဥ် တင်ဆက်သူဟာ မေးလိုက်သည်။

"တိုင်ချီက ဘာလဲ...."

ခနအကြာမှ သူမ ဆက်ပြောလိုက်သည်။

"ရိုးရိုးရှင်းရှင်းပြောရရင် တိုင်ချီဆိုတာ ယင်နဲ့ယန်ရဲ့ စက်ဝိုင်း တစ်ခုပါ"

ယောက်ျားလေး အစီစဥ်တင်ဆက်သူဟာ ထပ်ပြောလိုက်သည်။

"တိုင်ချီဟာ အခြေခံပညာရပ်တစ်ခုဖြစ်ပြီး နှစ်လေးရာ သပ်တမ်းရှိနေပါပြီ။ဒါက လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အထူးပြုပါတယ်။ထပ်ပြောရရင် ဒါက ဖြတ်လတ်မူကိုပါ တိုးတက်စေနိုင်တဲ့အရာပါ အခုပဲ ကြည့်လိုက်ရအောင်"

အမျိုးသမီး အစီစဥ်ကြေညာသူဟာလည်း ဖိတ်ခေါ်လိုက်ပါတယ်။

"တရုတိကိုယ်ခံ ပညာ အဖွဲ့အစည်းရဲ့ ယန်တိုင်ချီ အဖွဲ့ကို ဖိတ်ခေါ်လိုက်ရအောင်"

လင်းဖန်ဟာ မျက်မှောင်ကျုတ်လိုက်ပြီး ဝမ်ယနဂျီရဲ့ တပည့်တွေ စင်ပေါ်တက်လာတာကို ကြည့်လိုက်ပါတယ်။

ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဧည့်သည်တွေဟာတော့ တီးတိုးပြောနေကြပြီး သူတို့ကြည့်ရတာ ယန်တိုင်ချီအကြောင်းကို ဆွေးနွေးနေကြတဲ့ ပုံပါပဲ။

ဧည့်သည်တွေဟာတော့ ခေါင်းညိမ့်ပြီး စိတ်ဝင်စားလာခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွင့်သည့်နေရာတွင်။

"ချီးပဲ ယန်တိုင်ချီ အလှည့် ဆိုပါလား"

"ငါ့ဖင်ကြီးကို ယန်တိုင်ချီပါလား။သူတို့လည်း ကကြဦးမှာပဲ"

"ဟားဟား အကုန်သိသလို လုပ်မနေနဲ့။သူတို့့ဘယ်လို ဖျော်ဖြေမလဲ ဘယ်သူသိမလဲ"

.....

ယန်တိုင်ချီ ပြပွဲ စတင်ချိန်တွင်။

"စိတ်တောင် မကောင်းဘူး သူတို့လည်း ညင်သာတာပဲ"

"ဘယ်လောက်စိတ်ပျက်စရာလဲ။ယန်တိုင်ချီ စောက်ရူးတွေကို ကြည့်ကြပါဦး"

"ဒါက ကိုယ်ခံပညာ သရုပ်ပြပွဲလေကွာ။ဘာလို ကျောက်တုံးတွေ ဘာတွေကို ထိုးခွဲမပြတာလဲ အဲတာဆို ပိုပြီး စိတ်ဝင်စားဖို့ကောင်းမှာ"

"အဲ့က လူတွေ ဘာထိုင်ကြည့်နေကြတာလဲမသိဘူး။ငါဒီက ကြည့်တောင် အတော်ပျင်းလာပြီ"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ နိုင်ငံခြားသားတွေကို သေချာရှင်းပြနေခဲ့ပါတယ်။အရာရာ ချောချောမွေ့မွေ့ ဖြစ်နေတဲ့ အတွက် သူအတော် ကျေနပ်နေခဲ့သည်။

ကိုယ်ခံပညာ အကြောင်းသိတဲ့ လူတွေကတော့ ကလေးတွေ ဖျော်ဖြေတာ အဆင်ပြေပေမယ့်လည်း ဖြတ်လတ်မူ မရှိဘူးဆိုတာ သိကြပါတယ်။

သို့ပေမယ့် နိုင်ငံခြားသားတွေကတော့ ဒါတွေ မသိကြပါဘူး။သူတို့က အပြင်ဘက် ရလာဒ်တွေကိုပဲ စိတ်ဝင်စားကြတာပါ။သူတို့ရဲ့ အမြင်အရတော့ ယန်တိုင်ချီက ဘာမှ စိတ်ဝင်စားဖို့ မကောင်းပေ။

နိုင်ငံခြားသားတစ်ယောက်ဟာ အဆငိမပြေစွာ ပြောလိုက်ပါတယ်။

"ဒါတွေက ဘာလို့ ညင်သာနေရတာလဲ။ဒါက သန်မာတဲ့ သရုပ်ပြကွက်တွေလဲ မပါဘူး"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ရှက်ရွံ့စွာပြောလိုက်သည်

"ယန်တိုင်ချီက ဒီလိုပဲ။ဒါကို ကြည့်ပြီး ညင်သာတယ်လို့ မတွေးလိုက်နဲ့နော်။ဒါက အတွင်အား သရုပ်ပြတဲ့ ပြကွက်တွေမဟုတ်ဘူး။သူ့ရဲ့ အတွင်းအား တိုက်ကွက်တွေကို သုံးရင် အတော်သန်မာတာ"

ဧည့်သည်ဟာ မေးလိုကိသည်။

"အတွင်းအားလား...ကိုယ်ခန္တာ အတွင်းဘက်က စွမ်းအားတစ်ချို့ကို ပြောတာလား။လူတစ်ယောက်ကို လက်သီးတစ်ချက်ထဲနဲ့ လေပေါ်မြောက်သွားတာ မျိူးတွေလေ။ကျုပ်လည်း ဒါမျိုးတွေကို စမ်းကြည့်ချင်နေတာ အရင်က တစ်ခါမှ မမြင်ဖူးဘူး"

ဒုတိယ ဥက္ကဌ ဂေါင် ဘာပြောနိုင်ဦးမှာလဲ...?

အတွင်းအား...အတွင်းပိုင်းစွမ်းအား...

ဒါက အဓိပါယ်မရှိတာတွေပါ။သို့ပေမယ့် ဧည့်သည်တွေရှိနေတဲ့ အတွက် ဒုတိယဥက္ကဌ ဂေါင်ဟာ ပြုံးသာပြုံးနေခဲ့သည်။

အစကတော့ သူဝမ်ယန်ဂျီရဲ့ သရုပ်ပြမူကို ကျေနပ်နေတာပါ။အခုတော့ မ​ကျေနပ်နိုင်တော့ပေ။

ဘာလို့ ကြမ်းတမ်းတဲ့ ပြကွက်တွေ မပါတာလဲ..?

ဒီပြပွဲကို လာကြတဲ့ တစ်ချို့ခေါင်းဆောင်တွေဟာ ကျော်ကြားပြီးလူသိများကြပါတယ်။သူတို့ဟာလည်း ပြပွဲကို သာ အေးအေးဆေးဆေး ကြည့်နေခဲ့ကြပါသည်။

သူတို့ ဘာတွေဖြစ်နေလညိး သိကြပေမယ့် ဘာမှ ဝင်မပြောကြပါဘူး။တကယ်လို့ သူတို့ တရုတ်ကိုယ်ခံပညာရဲ့ ဂုဏ်သိက္ခာကို ချမိရင် သူတို့ဟာ နောက်ဆက်တွဲတွေကို ရင်မဆိုင်နိုင်ကြပါဘူး။

သူတို့ဟာ ဘာမှ မပြောပဲ ခံစားချက်မဲ့စွာသာ ထိုင်နေကြပါတယ်။ယင်းနောက် သူတို့ အချိန်ကို ကြည့်လိုက်ရာ အတော်လိုသေးမှန်သိလိုက်ကြပါတယ်။

စဥ်နောက်တွင်။

ဝမ်ယန်ဂျီရဲ့ ပုံစံဟာ ဂုဏ်ယူမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

"ဟုတိတယ် တကယ်ကောင်းတယ်။မင်းတို့ ဘာပြသနာမှ မရှိကြဘူးမလား"

သူ့တပည့်များဟာ ပျော်ရွှင်စွာရယ်မောလိုက်ကြသည်။

"နည်းပြ ကျွန်တော်တို့ ဒါတောင်တစ်လလောက်ပဲ လေ့ကျင့်ထားကြတာနော်"

ကလေးတွေအတွက်ကတော့ ဒါက သူတို့ ယန်တိုင်ချီကို အကောင်းဆုံးသရုပ်ပြသွားခဲ့ကြတာပါ။

"ဟုတ်တယ် တကယ်တော်တယ်"

ဝမ်ယန်ဂျီဟာ ခေါင်းညိမ့်လိုက်သည်။

ယင်းနောက် သူတို့ဟာ စုဝေးပြီး စင်ပေါ်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောနေခဲ့ကြပါသည်။

သူတို့ ရူးဖိနပ် ဘယ်လို အဆင်မပြေဖြစ်တယ်၊ သူတို့ရဲ့ လှုပ်ရှားမူတွေဟာ ဘယ်အချိန်မှာ နောက်တစ်ဆင့်လုပ်ဖို့ မေ့သွားကြတယ် ဆိုတာတွေပါ။

အချိန်တွေဟာ တဖြည်းဖြည်းကုန်သွားခဲ့ပြီး နောက်ဆုံးဖျော်ဖြေမူကို ရောက်နေပြီဆိုတာကို လင်းဖန် သတိထားမိလိုက်ပါတယ်။

ယင်းနောက် သူဟာ မတ်တတ်ထရပ်ကာ စင်နောက်ဘက်မှ နားနေခန်းထဲကို လျောကိသွားခဲ့လိုက်သည်။

နားနေခန်းတွင်။

အစီစဥ်တင်ဆက်သူ နှစ်ယောက်ဟာ ရေသောက်ရင်း စကားပြောကာ ပြပွဲပြီးဆုံးမယ့် အချိန်ကို စောင့်နေခဲ့ကြပါတယ်။

အချိန်က အရမ်းကြီး မကြာပေမယ့်လည်း ဒါက အတော် ဖိအားကြီးလှသည်။ဘာပဲဖြစ်ဖြစ် အောက်ဘက် ပရိတ်သတ်တွေထဲမှာ ရှန်ဟိုင်းမြို့ရဲ့ အကြီးအကဲ တွေရှိကြပါတယ်။သူတို့သာ အမှားတစ်ခုခုလုပ်မိရင် တကယ့် ပြသနာကြီးပါပဲ။

လင်းဖန်ဟာ တံခါးဖွင့်ကာ အခန်းထဲ ဝင်လာခဲ့သည်။

ယောက်ျားလေး အစီစဥ်တင်ဆက်သူဟာ အလျင်အမြန်မေးလိုက်ပါတယ်။

"ခင်ဗျား ဘယ်သူလဲ။ဒီကို အပြင်လူတွေ ဝင်လို့ မရဘူးနော်"

လင်းဖန် ပြုံးပြီးပြန်ပြောလိုက်သည်။

"ကျွန်တော်က ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ သဘာပတိ တစ်ယောက်ပါ။ဒီကို တစ်ချက်လာကြည့်တာ"

လင်းဖန် ဘယ်သူလဲ သိမှ အစီစဥ်တင်ဆက်သူဟာ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ပြောလိုက်ပါတယ်။

"ဟိုင်း ကျွန်တော် တောင်းပန်ပါတယ်။အပြင်လူတွေ ဒီကို လာလို့ မရလို့ပါ။ပြပွဲ ပြီးတော့မှာ ဆိုတော့ ထိုင်ခုံကို ပြန်သွားပေးလို့ရမလား"

လင်းဖန် ပြုံးပြီး ပြောလိုကိသည်။

"အင်း ကျွန်တော် သိတယ်"

အမျိုးသမီး အစီစဥ်တင်ဆက်သူဟာ ဝင်ပြောလိုက်သည်။

"ပြပွဲ ပြီးသွားပြီ ငါတို့ စင်ပေါ်ကို ပြန်တက်ရတော့မယ်"

အမျိုးသား အစီစဥ်တင်ဆကိသူဟာ ခေါင်းညိမ့်လိုကိသည်။

ရုတိတရက် လင်းဖန်ဟာ ရှေ့ကို တိုးကာ မိုက်ကရိုဖုန်းကို လုလိုက်ပြီး စင်ပေါ်ကို ပြေးတက်သွားခဲ့ပါတယ်။

အစီစဥ်တင်ဆက်သူ နှစ်ယောက်ဟာ ဆွံ့အသွားပြီး လှမ်းအော်လိုက်ကြပေမယ့်လည်း လင်းဖန်ဟာ နောက်တောင် ပြန်လှည့်မကြည့်ပေ။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ လင်းဖန် ထိုင်နေတဲ့ နေရာကို ကြည့်လိုက်တဲ့ အချိန်မှာ လင်းဖန် မရှိတော့တာ တွေ့လိုက်ရပါတယ်။

သူတစ်ခုခု မကောင်းတာ ဖြစ်တော့မလို ခံစားရလိုက်သည်။

ယင်းနောက် သူ စင်ပေါ်ကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ သူအံ့သြလွန်းလို့ မျက်လုံးတောင် ပြုးကျယ်သွားခဲ့ပါတယ်။

ဒီ ငနဲက စင်ပေါ်ကိုတောင် ရောက်နေပါပြီ။

ဒုတိယ ဥက္ကဌ ဂေါင်ရဲ့ နှလုံးဟာတော့ လက်ရှိအချိန်မှာ တဒုတ်ဒုတ် ခုန်နေလို့ပါ....

မင်းဘာလုပ်ဖို့ ကြိုးစား နေပြန်တာလဲကွာ.....

All Chapters