← Chapters

ကမ္ဘာတုန်လောက်သော

Vol. 9 Ch. 135

ကမ္ဘာတုန်လောက်သော

Vol. 9 Ch. 135

တစ်ခြားလူတွေ မလုပ်ရဲဘူးဆိုတဲ့ဟာကို သူလုပ်ရဲပါတယ်။

တစ်ခြားလူတွေ ကြောက်တယ် ဆိုတဲ့ဟာကို သူမကြောက်ပါဘူး။

လင်းဖန်အပါအဝင် ဒီမှာ ရှိနေတဲ့ လူတိုင်းဟာ ဒီပြပွဲက အရေးကြီးမှန်း နားလည်ထားကြပါတယ်။

ခြေပြောင်နဲ့လူက ၊ ဖိနပ်ဝတ်ထားတဲ့ လူကို မကြောက်ဘူးဆိုတဲ့ တရုတ် စကားပုံတစ်ခုလိုပါပဲ။

သူအခု စင်ပေါ်ရောက်လာတာဟာ တစ်ခြားလူကို အပြစ်တင်ဖို့မဟုတ်သလို တိုက်ခိုက်ဖို့လည်း မဟုတ်ပါဘူး။ အမှန်တရားကို ပြောဖို့အ တွက်ပါ။

သူအငြင်းခံရရင်တောင် သူ့မှာ ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။အနည်းဆုံးတော့ သူကြိုးစားခဲ့တယ်လို့ ဖြေသိမ့်လို့ ရပါတယ်။

အစီစဥ် တင်ဆက်သူနှစ်ယောက်ဟာတော့ စင်နောက်ကနေ လှမ်းအော်နေခဲ့တယ်။

"ညီအစ်ကို ပြန်ဆင်းလာခဲ့ပါ"

သူတို့ တစ်ကယ်ကြောင်အနေကြတာပါ။

ဘာတွေဖြစ်နေတာလဲ...

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီငနဲက မိုက်ကရိုဖုန်းကို လုပြီး စင်ပေါ်ပြေးတက်သွားခဲ့တာပါ။ဒါဟာ သူတို့ကို ကူညီရာ မဲ့စေပါတယ်။

သူတို့ စင်ပေါ်ကို အတင်းလိုက်သွားသင့်လား..

သူတို့ စင်ပေါ်ကို ရောက်သွားရင်ရော သူ့ကို ဘာပြောမလဲ.....

သို့ပေမယ့် သူတို့ မလိုက်သွားပြန်ရင်လည်း ပြပွဲကို အပြီးသတ်လို့ မရပြန်ပါဘူး။

စင်နောက်တွင်။

ဝမ်ယန်ဂျီဟာ ပြောလိုက်တယ်။

"ဒီကောင်ရူးနေပြီပဲ။သူဒီက အခြေနေတွေကို မသိဘူးလား။တကယ်လို့ တစ်ခုခုဖြစ်ရင် သူတာဝန်ရူးနိုင်လို့လား။ဘယ်လို စောက်ရူးမျိုးလဲ"

ဒင်းဒီလည်း အံ့သြနေခဲ့ပါတယ်။

"နည်းပြလင်းက တကယ် သေချင်နေတာထင်တယ်"

ယွင်ဂေါင်ဟာလည်း ပြောစရာ စကားကင်းမဲ့နေခဲ့ပါတယ်။သူ့ရဲ့ စီးကရက် ကိုင်ထားတဲ့ လက်တွေဟာတော့ တဆတ်ဆတ် တုန်ရီနေလို့ပါ။

ဝူရွှန်းဟာလည်း နဖူးထပ်မှ ချွေးများကို သုတိလိုက်သည်။

ဘယ်သူကများ သူ့လို ရူးသွပ်နိုင်ဦးမှာလဲ...?

.......

စင်အောက်တွင်။

လူလိမ်ထျန်ဟာလည်း အလွန်အမင်း အံ့သြနေခဲ့ပါသည်။

"ဘယ်လိုတောင်လဲ။ဒီကောင် ပြသနာရှာဖို့ စင်ပေါ်ကို တက်သွားတာလား"

ဝူယူလန်ဟာလည်း လင်းဖန်ကို မျက်တောင်မခတ်ပဲ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ပါတယ်။သူမ ဒီလို အဖြစ်အပျက်မျိုး ကြုံးဖူးတာ ဒါ ပထမ ဆုံးအကြိမ်ပါ။

အစီစဥ်တင်ဆက်သူတွေတောင် မိုက်အလုခံရပြီး နောက်မှာ ဘာဆက်လူပ်ရမလဲ မသိကြတော့ပါဘူး။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ အံ့သြလွန်းလို့ မတ်တတ် ထရပ်လိုက်သည်။ဒီ ငနဲက ဒီလို ကွတ်တိ အချိန်မှာ စင်ပေါ် ရောက်သွားလိမ့်မယ် လိူ့ မထင်ထားမိခဲ့ပါဘူး။အခုချိန်မှာ သူ လင်းဖန် ကို

သေချာ စောင့်ကြည့်မနေခဲ့လို့ ကိုယ့်ကိုကို တောင် ပြန်ရိုက်နှက်ချင်နေခဲ့ ပါတယ်။

ဧည့်သည်တွေဟာလည်း လင်းဖန်ကို ဝိုင်းကြည့်နေကြပြီး လင်းဖန် လို ချင်လဲ ဆိုတာ မသိကြပါဘူး။

ရှန်ဟိုင်းက အဆင့်မြင့် အကြီးအကဲ တွေဟာလည်း မျက်မှောင် ကျုတ်လိုက်ပြီး တွေဖြစ်နေလဲ ဆိုတာ အကဲခတ်လိုကိပါတယ်။

ဒီလူက ဘယ်ကနေ ရောက်လာတာလဲ?

ယင်းနောက် သူတို့ဟာ ဒုတိယ ဥက္ကဌ ဂေါင်ကို တစ်ချက်ကြည့်လိုက်သည်။

ဒုတိယဥက္ကဌ ဂေါင်ဟာ ဒီအကြီးအကဲ တွေရဲ့ သံသယ အကြည့်တွေကို တွေ့တဲ့ အချိနိမှာ ပိုတောင် ကြောက်ရွံ့လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူလင်းဖန်ကို အော်ဖို့ ဆုံးဖြတ်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ။ ပြန်ဆင်းခဲ့"

လင်းဖန် ပြန်သာ ပြုံးပြလိုက်ပြီး လစ်လျူရှုလိုက်တယ်။

တိုက်ရိုက် ထုတ်လွင့်သည့်​ေ နရာတွင်။

"ငါ တစ်ခုခု ကြီးကျယ်တာ ဖြစ်တော့ မယ်ဆိုတာ အနံ့ရနေတယ်နော်"

"ဟေး ဒါဘယ်သူလဲ။အစီစဥ်တင်ဆက်သူလို့တော့ မပြောနဲ့နော်"

"ငါလည်း မသိဘူးလေ။ဒါပေမယ့် လူအုပ်ထဲမှာ မတ်တတ်ရပ်နေတဲ့ တစ်ယောက်ကိုကြည့် စိတ်လှုပ်ရှားနေသလိုပဲ"

!ချီးပဲ တစိခုခုတော့ ဖြစ်တော့မယ်ဟေ့"

"ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ဒါက တကယ်ကို စပါယ်ရှယ် အစီစဥ်လေ။ပရိတ်သတ်ထဲကို ကြည့်လိုက် ရှန်ဟိုင်းရဲ့ ဒုတိယ အကြီးအကဲ လည်းရှိနေတယ်။ဘယ်သူ ပြသနာ ရှာရဲမှာလဲ"

........

အဲ့အချိန်မှာတော့ သတင်းထောက်တွေဟာ စင်နောက်မှာ အလုပ်ရှုပိနေခဲ့ပါတယ်။

"ဘာဖြစ်နေတာလဲ ပြသနာ တက်တော့မယ်ထင်တယ်"

"ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ဂေါင်ရဲ့ မျကိနှာကို ကြည့်ဦး ချီးမှန်ထားသလိုပဲ။သူက စင်ပေါ်ကလူကို ဆင်းခိုင်းတယ်ဆိုတော့ ဒါက အစီစဥ်ထဲမှာ မပါဘူးထင်တယ်"

"တစ်ခုခု ဖြစိတော့မယ် အမြန်မှတ်တမ်း တင်ထားကြ။ဒီလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့တောင် မထင်ထားဘူး။မဟုတ်ရင် ငါ ပျင်းလို့အိပ်တောင်ပျော်တော့မယ်"

........

ဒုတိယ ဥက္ကဌ ဂေါင်ကတော့ ကြောက်လန့်လွန်းလို့ ချွေးတွေတောငိ ထွက်နေခဲ့ပါတယ်။သူ အကြီးအကဲတွေကို ရှင်းပြချင်ပေမယ့်လည်း ဘာပြောရမလဲတောင် မသိတော့ပါဘူး။

ဒီလိုဖြစ်လာမယ်မှန်းသာ သိရင် သူလက်တွေ ခြေတွေ ကျိုးမယ်ဆိုရင်တောင် ဒီကောင်လေး ကို စင်ပေါ်မရောက်အောင် ဖမ်းဆွဲထားမှာပါ။

ဒီ ငနဲက ဘာကို မှမကြောက်ပါဘူး။အစကတော့ ပရိတ်သတ်ထဲမှာ တကယ့်အကောင်ကြီးတွေပါလို့ ဒီကောင် ဘာမှမလုပ်ရဲဘူးလို့ သူထင်ထားခဲ့တာပါ။

အခုတော့.....

စင်ပေါ်တွင် လင်းဖန်ဟာ အနည်းငယ် သေသပ်အောင် ပြင်ဆင်လိုက်ပြီး မိုက်ကရိုဖုန်းကို သူ့ပါးစပ် နားမှာ ထားလိုက်ပါတယ်။

"လေးစားရပါသော ဧည့်သည်တော်တွေ ၊ အကြီးအကဲတွေ အားလုံးပဲ မဂ်လာပါလို့ အရင်ပြောပါရစေ။ကျွန်တော်က တော့ ရှန်ဟိုင်း ကိုယ်ခံပညာ ကျောင်းရဲ့ စွမ်းအားရှစ်မျိုး လက်သီးသိုင်း သဘာပတိ ပါ။ကျွန်တော် အစကတော့ ဒီလို လုပ်ဖို့ ဆန္ဒမရှိပါဘူး။ဒါပေမယ့် ကျွန်တော် ရဲ့ကျောင်းသားတွေအတွက် ကျွန်တော် ဒီ စင်ပေါ်ကို ရောက်နေပါပြီ။ကောင်လေးတွေ စင်ပေါ်ကို လာခဲ့"

ကျန်းတောင်း နဲ့ သူငယ်ချင်းတွေဟာတော့ အလွန်အမင်း ကြောက်ရွံ့နေခဲ့ပါတယ်။သူတို့ လင်းဖန်ရဲ့ ခေါ်သံကို ကြားတဲ့ အချိန်မှာ လမ်းလျောက်ပြီး စင်ပေါ်ကို လျောက်သွားခဲ့ကြပါသည်။

လူအုပ်ကြီးဟာတော့ ကလေးတွေကို ကြည့်ကာ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်နေခဲ့ကြပါတယ်။

သတင်းထောက်တွေလည်း တီးတိုးပြောနေကြသည်။

"သူက မာစတာ လင်းမလား။တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ သဘာပတိလေ။လွန်ခဲ့တဲ့ နှစ်ရက်ကမှ သတင်းထဲပါလာသေးတယ်"

"သူနဲ့ အဖွဲ့အစည်းနဲ့ ပြသနာ ဖြစ်နေတာက အင်တာနက်ပေါ်မှာတော့ အတော်ရေပန်းစားနေတယ်"

"ချီးပဲ သူလား။သူ ဘာလိုချင်ပြန်ပြီလဲ မသိဘူး။တစ်ခုခု ထပ်ဖြစ်ခါနီးနေပြီ"

သတင်းထောက်တွေအတွက်ကတော့ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစိပုဒ်ကို တွေ့လိုက်ကြပါပြီ။

ပရိတ်သတ်တွေကတော့ လင်းဖန် ကလေးတွေနဲ့ ဘာတွေ ပြောဦးမလဲ ဆိုတာ စိတ်ဝင်စားနေခဲ့ပါတယ်။

သူတို့မှာ ဘာလို့ လက်တစ်ဖက်စီပဲ ရှိကြတာလဲ?

လင်းဖန်ဟာ သူ့နောက်က ကလေး ခြောက်ယောက်ကို ကြည့်ပြီး ပရိတ်သတ်တွေကို ပြုံးပြလိုက်ပါတယ်။

"ကျွန်တော် ဒီနေ့ စင်ပေါ်ကို တက်လာတဲ့ ကိစ္စက တစ်ချို့လူတွေကိုတော့ မပျော်မရွှင်ဖြစ်စေပါလိမ့်မယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်က သူတို့ စီစဥ်သလို မလိုက်နာပဲ ပြသနာရှာ သလို ဖြစ်နေခဲ့လိုလေ။ဒါပေမယ့် ကျွန်တော် ပြောချင်တာက ကျွန်တော် ဘာမှ မကြောက်ဘူး ဆိုတာပါပဲ။ဒီနေ့ ဗီအိုင်ပီ ဧည့်သည်တွေ ရှိနေတာတောင် ကျွနိတော် ပြောစရာ ရှိတာကို ပြောရဦးမှာပါ"

ယင်းနောက် သူဟာ အကြီးအကဲတွေနဲ့ ဧည့်သည်တွေကို ခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုကိပါတယ်။

"အကြီးအကဲ တွေနားလည်မယ်လို့ မျှော်လင့်ပါတယ်"

ဧည့်သည်တွေကတော့ သူဘာပြောချင်နေတာလဲ ဆိုတာ အတော်စိတ်ဝင်စားနေခဲ့သည်။

ဒုတိယဥက္ကဌ ဂေါင် နှလုံးခုန်နေတာကတော့ သူ့ရင်ဘတ်ထဲကတေ ထွကိကျတော့မယ့် အတိုင်းပါပဲ။ကြည့်ရတာတော့ ဒါက သူ့အတွက်ကမ္ဘာကြီးရဲ့ အဆုံးကို ရောက်နေသလိုပါပဲ။

"ချစ်လှစွာသော ပရိတ်သတ်များ ၊ ဧည့်သည်တော့များနဲ့ ၊ အကြီးအကဲများခင်ဗျာ။ကျွန်တော် နောက်မှာ ရှိနေတဲ့ ကလေးတွေဟာ ချို့တဲ့စွာ မွေးဖွားလာကြရတာပါ။တစ်ချို့လူတွေက သူတို့တွေဟာ ဘာမှ အသုံးမဝင်တဲ့ မသန်မစွမ်းတွေလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။လူအများစုကတော့ စာနာသနားကြမှာပါ။ဒါပေမယ့် ကျွန်တော် ပြောချင်တာက သူတို့ဟာ စာနာမူကော သနားမူကော မလိုအပ်ကြပါဘူး။သူတို့ လိုအပ်တာက သူတို့ကို မျှတစွာ ဆက်ဆံပေးဖို့ပါ"

"အစကတော့ သူတို့ သရုပ်ပြပွဲမှာ ပါဝင်ရမယ် ဆိုပြီး အားကြိုးမာန်တက်ကျိုးစား ခဲ့ကြပါတယ်။ဒါပေမယ့် လူကြီးတွေက ကျွန်တော့်ကို အမြင်မကြည် တာနဲ့ပဲ ကလေးတွေကို ပါဝင်ခွင့် စာရင်းကနေ ဖယ်ထုတ်ခဲ့ကြတယ်လေ။ဒီလူတွေ ညဘက်ကောင်းကောင် အိပ်ပျော်နိုင်ကြလားတော့ ကျွန်တော် မသိပါဘူး။ဒါပေမယ့် သူတို့ နောင်တတရားတွေနဲ့ ပြည့်နေဖို့ကျွန်တော်မျှော်လင့်ပါတယ်။သူတို့ကို လာရှုပ်တဲ့ လူတွေကို သူတို့က အာဏာသုံးပြီး နိပ်ကွပ်တတ်ကြတယ်လေ။ကလေးတွေအတွက်ကတော့ သူတို့ကို မကြောက်ရွံ့ကြပဲ လေးစားတဲ့ လူဟာ သူတို့အတွက် ကျေးဇူးတင်စရာ ကောင်းတဲ့ လူပါပဲ။အခု ဒီမှာရောက်နေကြတဲ့ ဧည့်သည် တစ်ယောက်ချင်း စီတိုင်းကို ဒီကလေးတွေကို အခွင့်အရေးပပေးဖို့ ကျွန်တော် တောင်းပန်ပါရစေ"

"ကျေးဇူး တင်ပါတယ်။ ကျွန်တော်ပြောစရာ ရှိတာ ပြောပြီးသွားပါပြီ"

,....

ယင်းနောက် လူအုပ်ကြီးဟာ တိတ်ဆိတ်သွားခဲ့သည်။သူတို့ လင်းဖန်ရဲ့ စကားကို ခံစားသွားရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သတင်းထောက်တွေလည်း အံ့သြနေကြပါတယ်။တစ်စုံတစ်ယောက်က ဒီလို စကားတွေကို တစ်ထိုင်တည်း ပြောသွားလိမ့်မယ် ဆိုတာ သူတို့ယုံကြည်မယုံကြည်နိုင်ကြပေ။

တစ်ချို့လူတွေ...

ဒီလူဟာ နာမည်တွေကို ထုတ်မပြောပေမယ့်လည်း ဘယ်သူတွေကို ရည်ညွှန်းသွားလဲ ဆိုတာ သူတို့ သဘောပေါက်ကြပါတယ်။

ကြောက်ရွံ့တာ...

လေးစားမူ...

ကျေးဇူးတင်စရာ ကောင်းတဲ့လူ...

ဒီလူဒါတွေကို တစ်ထိုင်တည်းပြောသွားတာလား...

ဒုတိယ ဥက္ကဌ ဂေါင်ကတော့ လင်းဖန်ကို သတ်ချင်လောက်အောင်ကို ဒေါသထွက်နေခဲ့ပါပြီ။သူလည်း လင်းဖန် တစ်ထိုင်ထဲ ဒီလောက်အထိပြောနိုင် လိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။

သူနောက်ဆက်တွဲတွေကို မစဥ်းစားတော့ဘူးလား....

စင်နောက်တွင်။

ဝမ်ယန်ဂျီဟာ ကြောင်အနေခဲ့ပါတယ်။ယင်းနောက် သူဟာ စတင်ဆဲဆိုလိုက်သည်။

"ယီးပဲ.... မအိမ်လုံးသေချင်နေပြီ ထင်တယ်"

ဒင်ဒီးနဲ့ တစ်ခြား သဘာပတိတွေကတော့ ဒါတွေဟာ သူတို့ကြောင့် ဖြစ်ရသလို​မျိုး ခေါင်းငုံးထားကြပါတယ်။

အကြီးအကဲ တွေ ၊ ဗီအိုင်ပီ တွေကတော့ ဒုတိယ ဥက္ကဌ ဂေါင်ကို အဓိပါယ်ပါပါ စိုက်ကြည့်လိုက်ကြပါတယ်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ကြောက်ရွံ့မူကြောင့် ချွေးတွေ ထွင်လာခဲ့သည်။သူ ရှင်းပြချင်ပေမယ့် လည်း အကြီးအကဲတွေကြည့်ရတာ သူ့စကားကို နားထောင်လို စိတ်မရှိကြပါဘူး။

သူတို့ဟာ စင်ပေါ်က လင်းဖန် ကိုသာ ကြည့်ပြီး ပြောလိုက်ပါတယ်။

"ကျေးဇူးပြုပြီး ကလေးတွေ ဖျော်ဖြေကြပါစေ"

လင်းဖန်ပြုံးပြီး ပြန်ပြောလိုက်သည်။

"ကျေးဇူးပါ"

All Chapters