အကုန်လုံးဆွံ့အသွားခြင်း
Vol. 10 Ch. 136
တိုက်ရိုက်ထုတ်လွင့်သည့်နေရာတွင်။
"ချီးပဲ အစက ငါကြည့်စရာ မရှိလို့ ကြည့်နေတာ။ပြပွဲမှာ ဒီလို အသေးအဖွဲကိစ္စမျိုး ရှိနေမယ်လို့ မထင်ထားမိခဲ့ဘူး"
"ဟားဟား ဒါကအသေးအဖွဲ လား။ဒီလိုမျိုး စင်ပေါ်တက်ပြောဖို့ ဆိုရင် တော်ယုံလူမျိုး မလုပ်ရဲလောက်ဘူးနော်"
"ဒီလူမျိုးတွေက လူသားလို့ တောင်ပြောလို့မရတော့ဘူး။မအလ လိုကောင်မျိုးတွေ"
"ညီအစ်ကိုရေ ၁၀၀ ရာခိုင်နှုန်း ထောက်ခံပါတယ်ဗျာ"
"သူပြောတာ အမှန်ပဲ ကလေးတွေက ၊မျှတစွာ ဆက်ဆံခံရမူ မရှိကြဘူး။ငါ့မှာလည်း လက်တစ်ဖက်ထဲရှိတဲ့ အစ်ကို ဝမ်းကွဲတစ်ယောက်ရှိတယ်။သူ အလုပ်လုပ်တာမှာ အရမ်းကျွမ်းကျင်တာပဲ။သူတို့က ခြေလက်လေးချောင်းရှိတဲ့ လူတွေထက် ဘယ်နေရာမှ မနိမ့်ကျဘူး။တစ်ခါတစ်လေ ငါတို့ထက်တောင် သာသေးတယ်"
"ဒီငနဲ ရူးနေပြီလား။အဖွဲ့အစည်းက ပြသနာ ဖြစ်မှာစိုးလို့ ဖယ်ထားတာ နေမှာပေါ့ဟ။ဒီ မသန်စွမ်း လေးတွေက ဘယ်လောက်ထိ ဖျော်ဖြေနိုင်မှာ မလို့လဲ"
"တစ်ယောက်အထက်မှာ တစ်ယောက်ရှိတယ်။မင်းရဲ့ တစ်မိသားစုလုံး သေကြပါစေကွာ"
"အပေါ်တစ်ကြောင်းကျော်ကကောင်ရေ စာကြောင်း တည်ဆောက်ပေးစမ်းပါ။မင်းလုပ်နိုင်လား ဒါမှ မဟုတ် မလုပ်နိုင်ဘူးလား"
"စာကြောင်း အပေါ်နှစ်ကြောင်း ကျော်ကကောင်ရေ။မင်းလုပ်နိုင်လား ဒါမှမဟုတ် မလုပ်နိုင်ဘူးလား..."
"ချီးပဲ 6666 ....."
" + 1"
.......
လင်းဖန်ဟာ ကလေးတွေကို ခေါင်းညိမ့်ကာ ပြောလိုက်သည်။
"မင်းတို့ အကောင်းဆုံးကြိုးစားကြနော်"
ကျန်းတောင်နဲ့ သူ့သူငယ်ချင်းတွေဟာ မျက်ရည်လေးတွေ ဝဲနေကြပါတယ်။သူတို့က အရူးတွေမဟုတ်ပါဘူး။နည်းပြလင်း သူတို့ကို တရားမျှတမူရှာပေးဖို့ အတွက် လူတွေ အများကြီး ကို ရှုပ်ခဲ့ရတယ် ဆိုတာ သူနားလည်ပါတယိ။
သို့ပေမယ့် နည်းပြလင်းဟာတော့ အမြဲတမ်း သူတို့ရှေ့မှာ ပြုံးရွှင်နေပြီး အပူအပင်ကင်းမဲ့ တဲ့ပုံပါပဲ။
သူတို့ဟာ ငိုကြွေးချင်စိတ်ကို ထိန်းချုပ်ထားရပါတယ်။
"နည်းပြလင်း ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နဲ့ တူတူဖျော်ဖြေပေးနိုင်မလား။စင်ပေါ်မှာတစ်ခေါက်လောက် အတူဖျော်ဖြေချင်လို့ပါ"
လင်းဖန် ပြုံးကာ ပြောလိုက်ပါတယိ။
"ကောင်းပြီလေ"
ဒါက နောက်ဆုံးအကြိမ် ဖြစ်နိင်တဲ့အတွက် သူ မငြင်းပယ်တော့ပါဘူး။သူပြပွဲမှာ ကလေးတွေနဲ့ အတူဖျော်ဖြေပြီး သူတို့ရဲ့ ဆန္ဒကို ဖြည့်စည်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လင်းဖန်ဟာ ကလေးတွေနဲ့ အတူနှစ်ယောက်စီ သုံးတန်း တန်းလိုကိပါတယ်။
လင်းဖန် စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ဖျော်ဖြေရမှာ ဒီတစ်ကြိမ်က ပထမဆုံးပါ။စွမ်စုံကျမ်းထဲက ပုံရိပ်တွေဟာ သူ့စိတ်ထဲမှာ အသီးသီး ပေါ်လာခဲ့ပါတယ်။
သူ့ရဲ့ လက်နဲ့ ခြေထောက်တွေဟာ စည်းချက်ညီစွာ လှုပ်ရှားနေခဲ့သည်။
သူလက်ကို မြောက်ကာ ဟိတမဟန်ထုတ်ပြီး လမ်းလျောက်လိုက်ပါသည်။သူ့ရဲ့ အရှိန်အဝါဟာ စင်မြင့်ကို လွမ်းမိုးလာခဲ့ပါတယိ။
ဒါက ကွန်ဖူး အစစ်အမှန်ပါ.....
ဒီလို အရာတွေက မှတ်သားယုံနဲ့ ထုတ်ဖော်နိုင်တာ အဟုတ်ပါဘူး။
ကျားးး
ကလေးတွေဟာ ပြိုင်တူ အော်ဟစ်လိုကိပြီး သရုပ်ပြကွက်ကို လင်းဖန် နဲ့ အတူ စတင်ဖော်ထုတ်လိုက်သည်။
ကျန်းတောင်နဲ့ သူငယ်ချင်းတွေဟာ ဒီပြကွက်တွေကို အချိန်အကြာကြီး မလေ့ကျင့်ခဲ့ရပါဘူး။သူတို့ရဲ့ ပြကွက်တွေ နောက်ကွယ်က အဓိပါယ်ကို နားမလည်ပေမယ့်လည်း သူတို့ရဲ့ သရုပ်ပြကွက်တွေဟာ ချွတ်ယွင်းချက်ရှိမနေခဲ့ပေ။
အဆက်မပြတ်ပြောင်းလဲ နေတဲ့ လှုပ်ရှားမူတွေ ၊ သရုပ်ပြမူတွေက လူအုပ်ကြီးကို တောင် ရင်တဒိတ်ဒိတ် ခုန်နေစေခဲ့ပါတယ်။
တကယ်လို့ ကလေးတွေ ချည်းပဲ ဖျောဖြေရင် ဒီပြကွက်တွေဟာ အမှတ် ၇၀ လောက်ပေးရမှာပါ။သို့ပေမယ့် လင်းဖန် ရဲ့ ဥိီးဆောင်မူအောက်မှာ ပရိတ်သတ်တွေဟာ အံ့သြနေကြပြီး အမှတ်ပြည့်ပေးဖို့ တောင် ဝန်လေးနေမှာ မဟုတ်ပါဘူး။
ပရိတ်သတ်နဲ့ အကြီးအကဲ များဟာ မျက်လုံးတောငိ မမှိတ်နိုင်ကြပဲ ကြည့်နေခဲ့ကြပါတယ်။
ဒီကလေးတွေက အတော်ကို တော်ကြတာပါ။
ဧည့်သည်တော်တွေဟာ လည်း သရုပ်ပြကွက်တွေကို ကြည့်ပြီး အားတွေပါလာခဲ့ကြပါတယ်။ဒါတွေက သူတို့ တစ်ချိန်လုံးမြင်ချင်နေတဲ့ အရာမျိုးတွေပါပဲ။
လူလိမ် ထျန်ဟာလည်း ပြကွက်တွေကို ကြည့်ကာ တကယ်လေးစား နေခဲ့ပါတယ်။
သူ လင်းဖန်နဲ့ မတိုက်ခိုက် ဖူးပေမယ့်လည်း လင်းဖန်သူ့ထက်ပိုပြီး သန်မာတာကို သူမြင်နိုင်ပါတယ်။သို့ပေမယ့် လင်းဖန် သူ့ထက်သာအောင် ဘယ်လိုတွေ လေ့ကျင့်ခဲ့တာလဲ ဆိုတာ သူစဥ်းစား လို့တောင် မရနိုင်တော့ပါဘူး။
ဘယ်လောက်တောင် ဒေါသထွက်ဖို့ ကောင်းလဲ....
လင်းဖန်ရဲ့ ဦးဆောင်မူအောက်မှာ ကလေးတွေဟာ ကြောက်ရွံတဲ့ စိတ်တွေ လုံးဝ မရှိကြတော့ပါဘူး။
သူတို့ စိတ်ထဲမှာတော့ သူတို့လေ့ကျင့်နေကြအခန်းထဲမှာ လေ့ကျင့်နေရသလိုပါပဲ။သူတို့ရဲ့ ဝန်းကျင်မှာ ယုံကြည့်မူအပြည့်ရှိနေတဲ့ အော်ရာတွေ ပြည့်နေခဲ့ကြပါတယ်။
စင်နောက်တွင်။
ဒင်းဒီဟာ ဖျော်ဖြေမူတွေကို သေချာ ကြည့်နေခဲ့ပါတယ်။
ဒီဖျော်ဖြေမူက တကယ်ကောင်းတယိ ဆိုတာ သူဝန်ခံရမှာပါ။သူ့ရဲ့ ကျောင်းသားတွေတောင် ဒီအဆငိ့မှာ မရှိကြပါဘူး။
သူတို့လည်း အကောင်းဆုံး ဖျော်ဖြေနိုင်ကြပေမယ့်လည်း ၊ လင်းဖန် က သူ့တပည့်တွေကို တစ်ခြားလူတွေထက်ပိုကောင်းအောင် သင်ကြားပေးနိုင်ခဲ့တာပါ။
သူတို့ဟာ စွမ်းအင်တွေ ပြည့်ဖြိုးနေကြသည်။လင်းဖန် နဲ့ ကျောင်းသားတွေ ဖျော်ဖြေနေတာတောင်မှာပဲ သူတို့တောင် စိတ်အားထက်သန်မူတွေ ကူးစက်သလို ခံသားကြရပါတယ်။
ဒင်းဒီဟာ လက်ခုတ်တီးကာ ပြောလိုက်သည်။
"တကယ့် ထိပ်တန်းပဲ"
ယွန်ဂေါင်နဲ့ ကျန်တဲ့ သဘာပတိ တွေဟာလည်း သဘောတူစွာ ခေါင်းညိမ့်လိုက်ကြပါတယ်။
ဝမ်ယန်ဂျီဟာတော့ ထိုင်နေခဲ့သည်။သူဟာ လင်းဖန်ရဲ့ ဖျော်ဖြေမူတွေကို မြင်တဲ့ အချိနိမှာ အတော်ကို ဒေါသထွက်နေခဲ့ပါတယ်။ဒါပေမယ့် လက်ရှိအခြေအနေကတော့ အတော်ကို အကူညီ မဲ့စရာပါပဲ။
သူဟာ အခြေအနေကို ဖြေရှင်းဖို့ ဘာမှ မလုပ်နိုင်တော့ပေ။
အချိန်တွေဟာ တဖြည်းဖြည်းကုန်ဆုံးသွားပြီး လှုပ်ရှားမူတွေဟာလည်း ရပ်တန့်သွားခဲ့ပါပြီ။
စင်အောက်မှာရှိတဲ့ လူတွေ အကုန်လုံးဟာ ငြိမ်နေခဲ့သည်။ဆယ် စက္ကနိ့လောက်ကြာပြီး တဲ့အချိန်မှ အကုန်လုံး မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ အားပေးလိုက်ကြပါတယ်။
"ကောင်းတယ် အရမ်းကောင်းတယ်။ငါ ဒီလိုပြပွဲမျိုးကို ကြည့်ချင်နေတာ"
"ဒါကမှ နိုင်ငံရဲ့ ယဥ်ကျေးမူ အစစ်အမှန်ပဲ။အကုန်လုံး ခွန်အားတွေနဲ့ ပြည့်နေပြီး စင်ကို လွမ်းမိုးနိုင်စွမ်းရှိတယ်"
"အရင်ဖျော်ဖြေမူတွေက ဒါနဲ့ယှဥ်ရင် ကလေးအဆင့်ပဲ"
ကလေးတွေဟာ ချွေးတွေရွှဲနေကြပေမယ့်လည်း ပြုံးရွှင်နေကြပါတယ်။ပရိတ်သတ်တွေ မတ်တတ်ရပ်ပြီး အားပေးတဲ့ အချိန်မှာ သူတို့ရဲ့ ပျော်ရွှင်မူတွေကို မဖုံးကွယ်နိုင်ကြပါဘူး။
နိုင်ငံရဲ့ လူသိများတဲ့ တစ်ချို့ ပညာရှငိတွေတောင် မတ်တတ်ရပ်ပြီး ပြုံးကာ လက်ခုတ်တီးနေကြပါတယ်။
ဒုတိယ ဥက္ကဌ ဂေါင်ကတော့ ရှက်ရွံ့စွာ မတ်တတ်ရပ်နေခဲ့ပြီး ဘာလူပ်ရမလဲ ဆိုတာ မသိတော့ပေ။လူတိုင်းဟာ အခုဖျော်ဖြေသွားတာကို အတော်နှစ်သက်နေကြပါတယ်။တစ်ခြား လူတွေ ဖျော်ဖြေတာနဲ့တောငိ မတူကြပါဘူး။
ဒီပြပွဲရဲ့ အဓိကတာဝန်ရှိတဲ့ လူအနေနဲ့ သူ ဒီတစ်ခုကို ဖယ်ရှား ပစ်ခဲ့တာပါ။ဒီနောက်ကွယ်မှာ တစ်ချို့သွေးထိုးမူတွေ ရှိနေတယ် ဆိုတာကတော့ သူကလွှဲပြီး ဘယ်သူမှ မသိကြပါဘူး။
လင်းဖန်ဟာ ကလေးတွေနဲ့ စင်ပေါ်မှာ ရပိပြီး ပြုံးနေကြပါတယ်။ယင်းနောက် သူ ကလေးတွေကို ကြည့်ပြီးပြောလိုကိသည်။
"ကြည့် သူတို့က မင်းတို့အတွက် လက်ခုတ်တီးပေးနေတာ။မင်းတို့အောင်အောင်မြင်မြင်ဖျော်ဖြေပြီး လူတွေ အသိအမှတ်ပြုမူ ရခဲ့ပြီ"
ကျန်းတောင်နဲ့ တစ်ခြားလူတွေဟာ လှပစွာပြုံးပြီး သူတို့ရဲ့ တစ်ဖက်ထဲရှိတဲ့ လက်ကလေးတွေနဲပ မျက်ရည် သုတ်လိုကိကြပါတယ်။
ဒါဟာ အလွန်အမင်း ပျော်ရွှင်ဖို့ကောင်းပြီး သူတို့အရင်က မခံစားခဲ့ရတဲ့ ခံစားမူမျိုးပါပဲ။
နိုင်ငံခြားသားတွေဟာ လည်း ချီးကျူးလိုကိကြသည်။
"မိုက်တယ် ကွန်ဖူးအစစ်အမှန်ဆိုတာ ဒါမျိုးဖြစ်မယ်"
လင်းဖန် မိုက်ကရိုဖုန်းက တဆငိ့ပြောလိုကိပါတယ်။
"ကျေးဇူးပါ"
ယင်းနောက် သူဟာ ကလေးတွေကို ခေါ်ပြီး စင်အောက်ကို ဆင်းသွားလိုက်ပါတယ်။အခုချိန်ကသူတို့ မြင်ကွင်းထဲက ထွက်သွားသင့်တဲ့ အချိန်ပါပဲ။
နိုင်ငံခြားသား တစ်ယောက်ဟာ လှမ်းအော်ပြောလိုက်သည်။
"ခနလေး ၊ တရုတ် ကွန်ဖူးမှာ အတွင်းစွမ်းအင်တွေဆိုတာ အတွင်းအား ကို ပြောတာလား"
ဒီမေးခွန်းအား အကုန်လုံးကို ကြောင်အသွားစေပြီး ဝိုင်းရယ်လိုက်ကြပါတယ်။
အတွင်းစွမ်အင်တွေ က ဘယ်လိုဖြစ်ပြီး အတွင်းအား ဖြစ်နိုင်မှာလဲ။ပြီးတော့ သူတို့လည်း အတွင်းအားက ဘာလဲ ဆိုတာ တစ်ခါမှ မမြင်ဖူးကြပါဘူး။
တကယ်တောင် ရှိလို့လား....
လင်းဖန် ခြေလှမ်းတွေ ရပ်တန့် လိုက်ပြီး ဘယ်လို ပြန်ဖြေရမလဲ မသိတော့ပေ။ယင်းနောက် သူ စင်ပေါ်ကို ပြန်တက်သွားလိုက်ပြီး သစ်သားခုံတစ်ခုကို လက်ဖြင့် အပေါ်ကနေ ဖြည်းဖြည်းလေး ရိုက်လိုက်ပါတယ်။
(စာပေဟောပြောပွဲတွေမှာ စာရေးဆရာဟောပြောတဲ့ ရှေ့မှာ ထားတဲ့ခုံမျိုးထင်တယ်)
ယင်းနောက် သူလက်ကို ပြန်ရုတ်လိုက်ပြီး စင်အောက်ပြန်ဆင်းကာ ပြုံးပြီးကလေးတွေကို ခေါ်သွားလိုကိသည်။
"ဒါက ဘာကို ဆိုလိုတာလဲ......"
နိုင်ငံခြားသားတွေဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။လင်းဖန် ဘာကို ဆိုလိုချင်တာလဲ ဆိုတာ သူတို့ နားမလည်ကြပါဘူး။
လူအုပ်ကြီး ဟာလည်း နားမလည်ကြပေ။
လင်းဖန် ထွက်သွားပြီး တဲ့ နောက်မှာတော့ သစ်သား ခုံဟာ အသံကျယ်လောင်သွားမြည်လာပြီး တစ်စစီ ကွဲကြေသွားခဲ့သည်။
ခန်းမကြီးထဲက လူတွေ အကုန်လုံးဟာ ဆွံ့အသွားခဲ့ကြပါတယ်။
"ဟင်...."
နိုင်ငံခြားသားတွေဟာလည်း မျက်နှာကြီး နီရဲပြီး ကြောင်အသွားကြသည်။
"အတွင်းအား..... ဒါက အတွင်းအား ပဲဖြစ်လိမ့်မယ်"
ကျန်တဲ့ လူတွေဟာလည်း ဆွံ့အနေကြပါတယ်။
ဘယ်လို ဖြစ်နိုင်မှာလဲ...
ဒီခုံက ခိုင်ခံတဲ့ သစ်သားနဲ့ လုပ်ထားတာပါ။လင်းဖန် ဒါကို ရိုက်လိုက်တဲ့ အချိန်မှာ ဘာခွန်အားမှ မပါတာကို လည်း သူတို့ကိုယ်တိုင် မြင်လိုကိကြပါတယ်။
သို့ပေမယ့် ခုံဟာ တစ်စစီ ကျိုးပဲ့ သွားခဲ့ပါပြီ။လူတစ်ယောက် ကြမ်းကြမ်းတမ်းတမ်း ကန်ကျောက်ပြီး၊ တူနဲ့ ရိုက်နှက်ရင်တောင် ဒီလို ဖြစ်နိုင်မှာ မဟုတိပါဘူး။
အဲ့အချိန်မှာ သတင်းထောက်တွေဟာ သူ့တို့မျက်လုံးကိုတောင် သူတို့ မယုံကြည်နိုင်တော့ပေ။
သတင်းထူးပဲ..စောက်ကျိုးနဲ ဒါက သတင်းထူးပဲ...
အကုနိလုံးက စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။